WMT Construction Group

WMT Construction Group Building, Decoration & Maintenance Services

ထွေရာလေးပါးလုပ်ငန်းငယ်လေးများ
18/01/2026

ထွေရာလေးပါးလုပ်ငန်းငယ်လေးများ

 # Project ရန်ပြေ ၂၂ လမ်း သာကေတ # အိမ်ဆောက်ချင်သူများ အတွက် # ဆက်သွယ်ရန် 09770570170  Home. Your Dream. Your Desire.
10/01/2026

# Project ရန်ပြေ ၂၂ လမ်း သာကေတ
# အိမ်ဆောက်ချင်သူများ အတွက်
# ဆက်သွယ်ရန် 09770570170
Home. Your Dream. Your Desire.

Constructoin 22 Street Project Work #အိမ်ဆောက်ချင်သူများအတွက် Home. Your Dream. Your Desire.

 # စိုက်ပျိုးရေး ၃ လမ်းအရှေ့ဒဂုံ Project # အိမ်ဆောက်ချင်သူများ အတွက် # Your Home. Your Dream. Your Desire.
10/01/2026

# စိုက်ပျိုးရေး ၃ လမ်း
အရှေ့ဒဂုံ Project
# အိမ်ဆောက်ချင်သူများ အတွက်
# Your Home. Your Dream. Your Desire.

90 likes, 5 comments. “ Construction Home.Your Dream.Your Desire.”

  Pearl #အိမ်ဆောက်ချင်သူများအတွက်  Home. Your Dream. Your Desire.
10/01/2026

Pearl
#အိမ်ဆောက်ချင်သူများအတွက်
Home. Your Dream. Your Desire.

Yangon Memory Hotpot ProjectSouth Okkalarအိမ်ဆောက်ချင်သူများအတွက် WMT Construction GroupYour Home. Your Dream. Your Desi...
02/01/2026

Yangon Memory Hotpot Project
South Okkalar
အိမ်ဆောက်ချင်သူများအတွက် WMT Construction Group
Your Home. Your Dream. Your Desire.

Check out Soe’s video.

ပြီးတာတော့ ကြာပေါ့ အလုပ်များကြလို့မတင်ဖြစ်တာခုတောင်သွားရင်းလာရင်တင်လိုက်တာ၊အရသာကောင်း၊ ဆက်ဆံရေးကောင်း၊ ပိုင်ရှင်သဘောကောင...
06/09/2025

ပြီးတာတော့ ကြာပေါ့ အလုပ်များကြလို့မတင်ဖြစ်တာခုတောင်သွားရင်းလာရင်တင်လိုက်တာ၊အရသာကောင်း၊ ဆက်ဆံရေးကောင်း၊ ပိုင်ရှင်သဘောကောင်း၊ ပြီးတော့အဆောက်ဦးလက်ရာလဲကောင်းပေါ့ဗျာ၊၊ အဆောက်ဦးအတွက်ဆို ဘယ်လိုဘဲလာလာ ဆောက်ပြီးသားဘဲ နော်။

WMT Construction Group ဆောက်လုပ်နေတဲ့ Hot pot ဆိုင်လေးပြီးစီးမှု လက်စသပ်နေပါပြီ။
27/05/2025

WMT Construction Group ဆောက်လုပ်နေတဲ့ Hot pot ဆိုင်လေးပြီးစီးမှု လက်စသပ်နေပါပြီ။

Hot pot ဆိုင် ဆောက်လုပ်မှု
25/02/2025

Hot pot ဆိုင် ဆောက်လုပ်မှု

ရွှေတောင်မြို့နယ်  မြို့မရွာ ဓမ္မာရုံပြီးစီမှု
25/02/2025

ရွှေတောင်မြို့နယ် မြို့မရွာ ဓမ္မာရုံပြီးစီမှု

အိမ်ဆောက်ရင်ကြိုတွေးထားရမယ့်အကြောင်းအရာ▪အိမ်မဆောက်ခင်မှာ...အိမ်ရှင်တွေ စုံစမ်းလေ့ရှိတဲ့ ပုံစံက...နီးစပ်ရာမိတ်ဆွေတွေဆီမှာ...
04/02/2025

အိမ်ဆောက်ရင်ကြိုတွေးထားရမယ့်အကြောင်းအရာ

▪အိမ်မဆောက်ခင်မှာ...
အိမ်ရှင်တွေ စုံစမ်းလေ့ရှိတဲ့ ပုံစံက...
နီးစပ်ရာမိတ်ဆွေတွေဆီမှာ စပ်မိစပ်ရာ မေးမြန်းကြသလို...
တချို့ကလည်း FB ပေါ်က ဆောက်လုပ်ရေး လုပ်ငန်း ဂရု တွေမှာ မေးမြန်းလေ့ရှိကြပါတယ်။

▪အပြင်မှာ အိမ်ဆောက်ထားတဲ့ မိတ်ဆွေတေဆီကို ဆောက်ထားတဲ့ အိမ် အကျယ်အဝန်းနဲ့ အထပ်ကို ဖြစ်စေ၊

ဆောက်ထားတဲ့ အိမ်ကို ကိုယ်တိုင်သွားကြည့် ထားပီးမှ "ဘယ်လောက် ကုန်ကျလဲ" မေးပီး...
မိမိဆောက်ချင်တဲ့ အကျယ်အဝန်း၊
အထပ်ကို ပြန်ချိန်ကြည့်ရင်း...
▪ကိုယ်ဆောက်ချင်တဲ့ ပုံစံ ဆိုရင် ဘယ်လောက်လောက် ကုန်နိုင်မလဲဆိုပီး
ရှေ့က ဆောက်ထားတဲ့ အိမ်ရဲ့ ကုန်ကျ စရိတ်နဲ့ နှိုင်းယှဉ် ခန့်မှန်းတာမျိုးက...

ကုန်ကျစရိတ် အနည်းငယ် နီးစပ်မှု ရှိပါမယ်။

#သို့ပေမယ့်.
ခေတ်စားနေသော.. PAE ဆိုသည့် နှုန်းထားတခုဖြင့် ကုန်ကျ စရိတ် ခန့်မှန်းမှု လုပ်မယ်ဆိုရင်....

ကုန်ကျ စရိတ်က နီးစပ်မှု မရှိနိုင်ပါဘူး။

ဉပမာ ရှင်းပြရရင်...

ပေ ၄၀ ပတ်လည် (40'×40') တစ်ထပ်အိမ်ကို PAE 40000၊45000၊ 50000 စသဖြင့်
အမျိုးမျိုး ကွဲပြားနိုင်ပါတယ်...

ဖြစ်လေ့ မေးလေ့ ရှိတာက...
အိမ်ပုံစံလည်း တူတယ်
အထပ်လည်းတူတယ် ဧရိယာလည်းတူပေမယ့် ...

တချို့က သိန်း၃၀၀ နဲ့ ဆောက်ကြသလို
တချို့က ၄၀၀ ၊ ၅၀၀ စသဖြင့်ပေါ့ဗျာ

"ဘာလို့ စျေးနှုန်း ကုန်ကျစရိတ်တေ မတူလဲ"

#ပထမဆုံးက...
▪အကြမ်းထည်မှာပဲ...
အဆောက်ဉီး အမျိုးအစား(RC လား Steel structure လား) အိမ်အတွင်းက ခန်းဖွဲ့ပုံစံနဲ့ အရေအတွက် ၊ (foundation depth) မြေဝင် အုတ်မြစ် အနက်(အုတ်မြစ်အနက်နဲ့ အမျိုးအစားမှာလည်း RCအတွက် မြေဝင်အနက်နဲ့ steel structureအတွက်ဆိုပြီး
မတူညီပါဘူး)

ဲကွဲပြားမှုပေါ် မူတည်ပီး...အောက်ခံခုံမှာပဲ
ကုန်ကျစရိတ် စပီး မတူညီပါ...

တိုင်(column)၊ ဘင်း(beam) နဲ့ နံရံ (wall)၊
ခေါင်မိုး(roof)မှာလည်း(ဆလပ်မိုးလား သွပ်မိုးလားအပေါ်မူတည်ပီး)
ကုန်ကျစရိတ် မတူညီနိုင်ပါ။

#ဒုတိယအနေနဲ့က....

▪အချောပိုင်း(finishing work)

ပြတင်းပေါက်တပ်တာက စပြောပါမယ်

ပြတင်းမှာ သစ်သား၊ UPVC ၊ မော်ဒန် အလူမီနီယံ စသဖြင့် ရွေးချယ်စရာတွေ ရှိပါတယ်

အဝေးကကြည့်ရင် ပုံစံချင်း တူသလိုလိုရှိပီး
ကုန်ကျ စရိတ်မတူတာက အဲ့လို အသုံးပြုတဲ့ ပစ္စည်းအမျိုးအစားပေါ်
မူတည်သွားတာပါ။

(ယခုလက်ရှိမှာဆို UPVC ပြတင်းပေါက်ရဲ့ ကုန်ကျစရိတ်ထက် မော်ဒန် အလူမီနီယံ ပြတင်းရဲ့ ကုန်ကျစရိတ်က၃ဆနီးပါး ရှိပါတယ်။သစ်သားဆိုရင်တော့...ပိုမှာပါ)

အိပ်ခန်း တံခါးတေမှာ ဆိုလည်း အဲ့လိုပါပဲ

တန်ဖိုးသင့် ready made steel တံခါးက
7'×3' တပေါက်ကို ၂သိန်းခွဲလောက်နဲ့ ရနိုင်ပေမယ့် သစ်သားဘောင်ကျွန်းတံခါးရွက် သုံးရင်တော့ စရိတ်က ၂ဆ ရှိနေပါပီ

လျှပ်စစ်ပိုင်းမှာလည်း နံရံပေါ်က ကြိုးပြေးရင် သက်သာပေမယ့် ကြိုးပျောက်
နံရံထဲ မြုပ်ရင်တော့ ကုန်ကျ စရိတ် ကွာခြားမှာပါ သုံးမယ့် မီးလုံးတေကအစ အာမခံပါတာတပ်ခြင်း မတပ်ခြင်း စသဖြင့်ပေါ့ဗျာ
(အချို့အိမ်တေမှာ အပ် ဖမ်းတာတေ မိုးကြိုးလွှဲတေပါ ပါပါတယ်)

နောက် ကြွေပြား နဲ့ ပါကေးဗျာ
ပါကေး နောက်မှပြောမယ်

"ရေမီးဆေးကြွေပြားအပီး" ဆိုတဲ့
အသုံးအနှုန်းချင်း တူပေမယ့်

ကြွေပြားမှာပဲ တရုတ်ပြား၊ ယိုးဒယားပြား
၁'ချပ်လား ၂'ချပ်လား
အဲ့လို ကွာပါသေးတယ် (၁'ချပ်က ၁၀၀၀ ကျော်ပဲ ရှိပေမယ့် ၂'ချပ်က ၈၀၀၀ ကျော် ရှိပါတယ်)

▪ဆေးပိုင်းမှာလည်း....
ပတ်တီး (coating)အရေတွက် ၁ကြိမ်လား ၂ကြိမ်လား...
အရောင် (color)မှာရော ၂ကြိမ်လား ၃ကြိမ်လား..

သုံးမယ့် သုတ်ဆေးကရော...
United၊Orient၊Premier စသဖြင့် ရှိပါတယ်
(United ၁၈လီတာ တပုံးက ၇၀၀၀၀ဝန်းကျင်ရှိပေမယ့် Orientဆို
၁၅၀၀၀၀ ဝန်းကျင်၊ Premierဆို
၂၆၀၀၀၀ဝန်းကျင် ရှိတာမျိုးပါ) (ဆေးသုတ်ခလည်း မတူပါ)

ဆေးသုတ်အပီး ခြင်းတူပေမယ့်
Quality နဲ့ ကုန်ကျစရိတ် မတူပါ။

အထက်ကပြောပြခဲ့တဲ့....
အသုံးပြုမယ့်ပစ္စည်း အမျိုးအစားမတူညီရာကနေ.... မတူညီတဲ့ ပစ္စည်းအမယ်တေ
ပေါင်းလိုက်တော့...
စုစုပေါင်းကုန်ကျစရိတ်မှာပါ..ကွာခြားသွားပါတယ်။

🔹အဲ့တော့....
အိမ်ပုံစံတူတယ်... အထပ်တူတယ်
ဧရိယာတူတယ် "တချို့က သိန်း ၃၀၀နဲ့ ဆောက်နိုင်ပီး တချို့က မဆောက်နိုင်ဘူး"
"ဘာလို့လဲ ဘာကွာလို့လဲ" ဆိုတဲ့ အမေးတေအတွက်....
ဖြေရှင်းပေးလိုက်ပါတယ်

မြေပြင်ကိုတော့မရောက်သေး၊ ပုံဆွဲ လို့တော့လက်စ တော့မယ်၊ WMT ရဲ့ကြိုးစားနေတဲ့ Drawing အပိုင်းလေးပါ။
17/01/2025

မြေပြင်ကိုတော့မရောက်သေး၊ ပုံဆွဲ လို့တော့လက်စ တော့မယ်၊ WMT ရဲ့ကြိုးစားနေတဲ့ Drawing အပိုင်းလေးပါ။

🙏🏻🙏🏻🙏🏻 နှစ်သစ်ကူး ဆုတောင်းစာ 🙏🏻🙏🏻🙏🏻မိမိတို့၏  ရင်းနှီးရပါသော မိတ်ဆွေများနှင့် လုပ်ဖော်ကိုင်ဘက် ညီအကို မောင်နှမများ ခင်ဗျ...
01/01/2025

🙏🏻🙏🏻🙏🏻 နှစ်သစ်ကူး ဆုတောင်းစာ 🙏🏻🙏🏻🙏🏻

မိမိတို့၏ ရင်းနှီးရပါသော မိတ်ဆွေများနှင့် လုပ်ဖော်ကိုင်ဘက် ညီအကို မောင်နှမများ ခင်ဗျာ . .

၂၀၂၄ နှစ်ဟာ မိမိတို့ရဲ့ အသိုင်းအဝိုင်းအတွက် အရေးပါသော နှစ်တစ်နှစ်ဖြစ်ခဲ့ပြီး ကျွန်ုပ်တို့၏ WMT Construction Group အား ယုံကြည် စိတ်ချစွာ အတူလက်တွဲပေးမှုကြောင့် သည်အချိန်အခါတွင် ကျွန်ုပ်တို့ ကျေးဇူးအထူးတင်လျှက်ရှိပါသည်။
၂၀၂၅ နှစ်သစ်တွင်—
✅ သင်၏ စီးပွားရေးအောင်မြင်မှုတွေ ပိုမိုတိုးတက်ပြီး၊
✅ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ရရှိကြမည်ဖြစ်ပြီး၊
✅ ကျွန်ုပ်တို့၏ဝန်ဆောင်မှုများသည် သင်၏စီးပွားရေးခရီးလမ်းတွင် ယုံကြည်စိတ်ချစွာ ဆက်လက်ထောက်ပံ့ပေးနိုင်စေဖို့ အားလုံးကြိုးစားပါမည်။
နောက်ထပ် စိတ်အားထက်သန်မှုများနဲ့ အတူ မိမိတို့ရဲ့ အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုဟာ ၂၀၂၅ တွင် ပိုမိုခိုင်မာသည့် အောင်မြင်မှုတွေ သယ်ဆောင်လာပြီး နှစ်သစ်မှာ အောင်မြင်မှုများ၊ ကျန်းမာမှုနှင့် သာယာချမ်းသာမှုများ ဖြင့် ကြိုဆိုကြပါစို့!

သင့်ရဲ့ ယုံကြည်မှုကို ကျွန်ုပ်တို့အနေဖြင့် တန်ဖိုးထားလျှက် . . .







Address

No. 784, Eainda 8th Street, TaTaLin Jade Qtr, Northokkalapa Tsp
Yangon
11031

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 05:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when WMT Construction Group posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share