Advansia Agroscience Myanmar

Directions Website Contact the business

Advansia Agroscience Myanmar Advansia Agroscience Co.,Ltd
သင့်တော်သောဈေးနှုန်း နိုင်ငံတကာအရည်အသွေးမှီဆေး

Building No.(5),3F,Parami Road,(16) Ward,Hlaing Township, Yangon, Myanmar, 11051

👩‍🌾တောင်သူဦးကြီးများနှင့်အတူ လက်တွဲညီညီ ရှေ့ဆက်မယ့် Advansia Agroscience 🚜🌱🌽🌾သီးနှံတွေ အောင်မြင်ဖြစ်ထွန်းဖို့ဆိုတာ အချိန...
17/10/2026

👩‍🌾တောင်သူဦးကြီးများနှင့်အတူ လက်တွဲညီညီ ရှေ့ဆက်မယ့် Advansia Agroscience 🚜🌱
🌽🌾သီးနှံတွေ အောင်မြင်ဖြစ်ထွန်းဖို့ဆိုတာ အချိန်ကိုက် ကာကွယ်နှိမ်နင်းနိုင်မှုက အဓိကကျပါတယ်။💯
✨ဒါကြောင့်မို့ Advansia Agroscience Co.,Ltd မှ ဝန်ထမ်းများက တောင်သူဦးကြီးများရဲ့ စိုက်ခင်းများသို့ ကိုယ်တိုင်ကွင်းဆင်းပြီး ကျရောက်တတ်သော ပိုးမွှားရောဂါများအတွက် ထိရောက်မယ့် ဆေးများကို လမ်းညွှန်ဆွေးနွေးပေးလျက် ရှိပါတယ်။
🍀နည်းပညာပေး ဆွေးနွေးပွဲများမှသည် စိုက်ခင်းထဲက လက်တွေ့ပြဿနာများအထိ တောင်သူဦးကြီးများနှင့်အတူ နီးကပ်စွာ အတူလက်တွဲ ဆောင်ရွက်ပေးလျက်ရှိပါတယ်။
☺️ကုန်ပစ္စည်းအကြောင်းအသေးစိတ်သိရှိလိုပါက ကျွန်မတို့ Advansia Agroscience Co.,Ltd ရဲ့ Website https://advansiaagroscience.com တွင်ဝင်ရောက်လေ့လာနိုင်ပါတယ်ရှင့်။။ 🫶
🙏🙏😍 တောင်သူဦးကြီးများအားလုံး ကျန်းမာရွှင်လန်းပြီး သီးနှံများလည်း ဈေးကောင်းရကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ရှင့်။🙏🙏


😉စုပ်စားပိုးများတွေ ကျနေပြီဆိုတာနဲ့ Advansia ကိုသာ သတိရလိုက်ပါဗျို့....🌶️ အမီကို ၁၀၀ အီးစီ (Amiko 100 EC)  -ထိသေ၊ စားသေန...
16/10/2026

😉စုပ်စားပိုးများတွေ ကျနေပြီဆိုတာနဲ့ Advansia ကိုသာ သတိရလိုက်ပါဗျို့....

🌶️ အမီကို ၁၀၀ အီးစီ (Amiko 100 EC) -ထိသေ၊ စားသေနှင့် ထိုးဖောက်စိမ့်ဝင်နိုင်သော အာနိသင်ရှိပြီး ဖျက်ပိုးများကို ဥအဆင့်မှစတင်ကာ နှိမ်နင်းပေးပါတယ်။

🌼 အဆီတာ ၂၀၀ အက်စ်အယ် (Aceta 200 SL)- ပင်လုံးပြန့်၊ ထိသေ၊စားသေနှင့် ထိုးဖောက်စိမ့်ဝင်နိုင်သော အာနိသင်ရှိပီး ဖျက်ပိုး၏ အာရုံကြော အင်္ဂါအစိတ်အပိုင်းများကို နှောင့်ယှက်ဖျက်ဆီးပေးပါတယ်။

🍅 အတာမစ် ၄၅ ဒဗလျူပီ (Atamit 45 WP) - ထိသေ၊ စားသေနှင့် ပင်လုံးပြန့်အာနိသင်ရှိပြီး အပင်အတွင်းသို့ ထိုးဖောက်စိမ့်ဝင်ပျံ့နှံ့ကာ ဆေးအာနိသင် တာရှည်ခံပြီး ဆေးနှင့်ထိမိလျှင် လျင်မြန်စွာ ပြုတ်ကျသေစေနိုင်ပါတယ်။

🧅 အကိုဆူ ၁၀၀ အက်စ်စီ (Akosu 100 SC)- ထိသေ၊ စားသေအပြင် ထိုးဖောက်စိမ့်ဝင်နိုင်သောအာနိသင်ရှိတဲ့အတွက် ကိုက်ဖြတ်စားပိုးများသာမက မွှားပင့်ကူအပါအဝင် စုပ်စားပိုးများကို ကောင်းစွာထိန်းချုပ်နိုင်ပြီး ဆေးတာရှည်ခံထိရောက်မှုရှိပါတယ်။

🌿 **ကုန်ပစ္စည်းအရည်အသွေး** ကောင်းမွန်ခြင်းကို ရလဒ်များအား ကြည့်ရှုခြင်းဖြင့် အတည်ပြုနိုင်ပြီး၊ သင့်လျော်သော စျေးနှုန်းနှင့် နိုင်ငံတကာ အရည်အသွေး မှီဆေးများကို ကျွန်မတို့ Advansia Agroscience Co.,Ltd မှ ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါတယ်ရှင့်။။ 🍁

🥰 ကုန်ပစ္စည်းများအကြောင်း အသေးစိတ်သိရှိလို့ပါကလည်း ကျွန်မတို့ Advansia Agroscience Co.,Ltd ရဲ့ Website https://advansiaagroscience.com/ တွင်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်ရှင့်။။ 🫶




#စိုက်ပျိုးရေး
#တောင်သူများ

15/10/2026

🍃 ကွမ်းစိုက်တောင်သူဦးကြီးတို့ သိထားသင့်တဲ့ မေးခွန်းတစ်ခု!
🌧️ မိုးများပြီး စိုထိုင်းဆမြင့်မားတဲ့အချိန်မှာ ကွမ်းစိုက်ခင်းတွေမှာ ရောဂါပြဿနာတွေ ဖြစ်ပွားလာနိုင်ပါတယ်။
ဒါကြောင့် ကွမ်းစိုက်ခင်းတွေမှာ ရောဂါမဖြစ်ပွားခင် ဘယ်လိုကြိုတင်ကာကွယ်သင့်လဲ? 🤔
ဒီတစ်ခေါက်မှာတော့ ကွမ်းစိုက်တောင်သူဦးကြီးတွေအတွက် သိထားသင့်တဲ့ ရောဂါကြိုတင်ကာကွယ်နည်းများနဲ့ သင့်လျော်တဲ့ ဆေးအသုံးပြုနည်းများကို ကျွန်မတို့ရဲ့ မန်နေဂျာကြီးက မျှဝေဆွေးနွေးပေးထားပါတယ်ရှင့်။ 🎥🌱
💬 ဦးကြီးတို့ရေ… ဗီဒီယိုထဲမှာ ဖော်ပြထားတဲ့ ဆေးတွေကို အသုံးပြုဖူးကြပါသလား?
အသုံးပြုဖူးတယ်ဆိုရင် ဘယ်လိုအတွေ့အကြုံတွေ ရှိခဲ့လဲဆိုတာ Comment မှာ မျှဝေပေးခဲ့ပါဦးနော်။ ❤️
🙏 တောင်သူဦးကြီးများအားလုံး သီးနှံအောင်မြင်ပြီး စိုက်ပျိုးရေးလုပ်ငန်းများ အဆင်ပြေကြပါစေကြောင်း Advansia Agroscience မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင့်။ 💚



#စိုက်ပျိုးရေး

🎉 စောင့်မျှော်နေကြတဲ့ ပစ္စည်းအသစ်လေးကို မိတ်ဆက်ပေးလိုက်ပါပြီရှင့်....🐛 အဘီဆက်  ၅၀ အက်စ်ပီ (ABISAK 50 SP)🌿 ထွင်းဖောက်စိမ့...
14/10/2026

🎉 စောင့်မျှော်နေကြတဲ့ ပစ္စည်းအသစ်လေးကို မိတ်ဆက်ပေးလိုက်ပါပြီရှင့်....

🐛 အဘီဆက် ၅၀ အက်စ်ပီ (ABISAK 50 SP)
🌿 ထွင်းဖောက်စိမ့်ဝင်မှု အမြင့်ဆုံး အစွမ်းထက် ပိုးသတ်ဆေး!🍃

🍅 ခရမ်းချဉ်စိုက်ခင်း၊ ဂန္ဓာမာပန်းခင်းနဲ့ အခြားသီးနှံစိုက်ခင်းတွေမှာ ရွက်ထွင်းပိုးတွေကြောင့် စိတ်ညစ်နေရတဲ့ ဦးကြီးတို့အတွက်... 💪 ရွက်ထွင်းပိုးတွေကို ထိရောက်စွာ နှိမ်နင်းနိုင်ဖို့ အဘီဆက် ၅၀ အက်စ်ပီ ရှိနေပါပြီနော်....

✨ အဘီဆက် ၅၀ အက်စ်ပီ မှာ
🔬 Active Ingredient – Thiocyclam Hydrogen Oxalate ပါဝင်လို့ ပိုးမွှားတွေရဲ့ အာရုံကြောစနစ်ကို ထိခိုက်စေတဲ့နည်းလမ်းနဲ့ အာနိသင်သက်ရောက်စေပြီး ဆေးထိတွေ့ခြင်း၊ ဆေးထိထားတဲ့ အပင်အစိတ်အပိုင်းကို စားသုံးခြင်းတို့မှတစ်ဆင့် ပိုးမွှားတွေကို နှိမ်နင်းပေးနိုင်ပါတယ်။ ပိုးတွေရဲ့ အစာစားသုံးမှုကိုလည်း လျော့နည်းစေပြီး နောက်ဆုံးမှာ သေဆုံးစေနိုင်ပါတယ်။

🎯 နှိမ်နင်းနိုင်သော ပိုးမွှားမျာ:
ရွက်ထွင်းပိုး၊ စိန်ကွက်ဖလံ၊ ခေါင်ညွှန့်ထိုးပိုး ၊ သီးလုံးဖောက်ပိုး၊ ငမြှောင်တောင်၊ သီးတောင့်ထိုးပိုး၊ ပင်စည်ထိုးပိုး၊ ယင်ဖြူ၊ ဖြုတ်၊ ပျ၊ လှေးပိုး၊ စသည်တို့တွင် အသုံးပြုနိုင်ပါတယ်။

🍅 အသုံးပြုနိုင်သောသီးနှံများ
မတ်ပဲ၊ ပဲတီစိမ်း၊ ငရုတ်၊ ခရမ်းချဉ်၊ ဂန္ဓာမာပန်း၊ စပါး၊ ခရမ်းသီး၊ ဂေါ်ဖီထုတ် စသောသီးနှံများတွင်ကျရောက်သော ဖျက်ပိုးများအတွက် အသုံးပြုနိုင်ပါတယ်။

💦 သုံးစွဲရန် နှုန်းထား
ရေ၂၀လီတာဆေးဖျန်းပုံး(၁)ပုံးကို ၂၀-၃၀ ဂရမ် နှုန်းထားဖြင့် တစ်ဧက ကို ၁၀၀-၁၅၀ ဂရမ် ( ၅ ) ပုံးနှုန်း အသုံးပြုနိုင်ပါတယ်ရှင့်။

🙏တောင်သူဦးကြီးများအားလုံး ကျန်းမာရွှင်လန်းကြပါစေရှင့်...💚





📣  မင်္ဂလာပါ တောင်သူဦးကြီးတို့ရှင့်....🍀  Advansia မှာ ပစ္စည်းအသစ်လေး ရောက်ရှိလို့လာပါပြီနော်! 🎉🌱🤔 အခုတစ်ခေါက် အသစ်တင်သွ...
13/10/2026

📣 မင်္ဂလာပါ တောင်သူဦးကြီးတို့ရှင့်....

🍀 Advansia မှာ ပစ္စည်းအသစ်လေး ရောက်ရှိလို့လာပါပြီနော်! 🎉🌱

🤔 အခုတစ်ခေါက် အသစ်တင်သွင်းလာတဲ့ ပစ္စည်းလေးက ဘာဖြစ်မလဲ❓

🐛 ပိုးသတ်ဆေးလား? 🍃 မှိုသတ်ဆေးလား?

✨ ဦးကြီးတို့ရဲ့ ခန့်မှန်းချက်လေးတွေကို Comment မှာ ရေးပေးခဲ့ကြပါဦးနော်။ 💬

🌏 Advansia Agroscience Co., Ltd. အနေဖြင့် မလေးရှားနိုင်ငံမှ တင်သွင်းလာသော၊ နိုင်ငံတကာအရည်အသွေးစံနှုန်းများနှင့် ကိုက်ညီသည့် ပိုးသတ်ဆေး၊ မှိုသတ်ဆေးနှင့် ရွက်ဖျန်းမြေဩဇာများကို သင့်တော်သော ဈေးနှုန်းများဖြင့် တောင်သူဦးကြီးများထံ ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါတယ်။ 🌿 🤝

📌 ပစ္စည်းအသစ်လေးရဲ့ အဖြေကို သိချင်ရင် Page ကို ဆက်လက်စောင့်ကြည့်ပေးကြပါဦးနော်! ❤️

💷 သင့်တော်သောဈေးနှုန်း နိုင်ငံတကာအရည်အသွေးမှီဆေး Advansia 💚



🦋 ပဲစိုက်ခင်းများတွင် ဆိုးရွားစွာကျရောက်ဖျက်စီးတတ်သော ပွင့်ထွေးပိုးနှင့် ငမြှောင်တောင် အတွက် အကောင်းဆုံးဆေး အမြူရွန်😎🐛 အ...
12/10/2026

🦋 ပဲစိုက်ခင်းများတွင် ဆိုးရွားစွာကျရောက်ဖျက်စီးတတ်သော ပွင့်ထွေးပိုးနှင့် ငမြှောင်တောင် အတွက် အကောင်းဆုံးဆေး အမြူရွန်😎

🐛 အမြူရွန် ၇၀ အီးစီ မှာ Emmamectin Benzoate + Hexaflumuron တို့ပါဝင်လို့ ပိုးကောင်များ၏ အစာစားနှုန်းကိုလျော့ချပေးပြီး ဘဝစက်ဝန်းကို ပြက်တောက်အောင် ဆောင်ရွက်ပေးခြင်းဖြင့် ထိရောက်စွာ နှိမ်နင်းပေးပါတယ်။

🐞 အထူးသဖြင့် ပဲစိုက်ခင်းတွင် ကျရောက်တတ်သော ငမြှောင်တောင်၊ သီးလုံးဖောက်၊ ပွင့်ထွေးပိုးများအပြင် သီးနှံမျိုးစုံတွင် ကျရောက်တတ်သော လိပ်ပြာဖလံမျိုးနွယ်များနှင့် ကျိုင်းမျိုးနွယ်များ) ၊စပါးဆစ်ပိုး များအတွက်လည်း ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ပါတယ်။

💦 နှုန်းထားလေးးကတော့ ရေ (၂၀) လီတာဝင် ဆေးဖျန်းပုံးတစ်ပုံးလျှင် ဆေးရည် (၂၀) စီစီထည့်ပြီး တစ်ဧကလျှင် (၁၀၀) စီစီနှုန်းဖြင့် (၅) ပုံးအသုံးပြုနိုင်ပါသည်။

🙏 **Advansia Agroscience Co.,Ltd** မိသားစုမှ တောင်သူဦးကြီးများအားလုံး ကျန်းမာရွှင်လန်းကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 🙏




#ပဲစိုက်တောင်သူများ
#တောင်သူဦးကြီးများအတွက်

Advansia Agroscience Co.,Ltd မှ အောက်ဖော်ပြပါ ကွင်းဆင်းဝန်ထမ်း(1)ဦး အမြန်ခန့်ထားရန် လိုအပ်လျက်ရှိပါသည်။✨စိတ်ဝင်စားသူများ...
12/10/2026

Advansia Agroscience Co.,Ltd မှ အောက်ဖော်ပြပါ ကွင်းဆင်းဝန်ထမ်း(1)ဦး အမြန်ခန့်ထားရန် လိုအပ်လျက်ရှိပါသည်။✨
စိတ်ဝင်စားသူများသည် [email protected] သို့မဟုတ် Viber 09 254138284 or 09428313235 သို့ ***မိမိလျှောက်ထားလိုသော နေရာဒေသအား ဖော်ပြကာ CVForm & Certificate များကို *** 23 Oct 2026 (သောကြာနေ့) နောက်ဆုံးထား ပေးပို့လျှောက်ထားနိုင်ပါသည်။




#မှော်ဘီ
゚viralシ
#စိုက်ပျိုးရေး

08/10/2026

🌡️ စူပါအယ်နီညိုကြောင့် စုပ်စားပိုးတွေ ဆိုးဆိုးရွားရွား ကျရောက်လာနိုင်ရင် ဘာလုပ်ကြမလဲ? 🐜

🌡️စူပါအယ်နီညိုကြောင့် အပူချိန်နဲ့ ရာသီဥတုအခြေအနေတွေ ပြောင်းလဲလာတဲ့အခါ စုပ်စားပိုးတွေ ပိုမိုကျရောက်လာနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ 🌱

ဒါကြောင့် ဖြစ်လာနိုင်တဲ့ ပိုးမွှားပြဿနာတွေကို ကြိုတင်သိရှိပြီး လိုအပ်သလို ကြိုတင်ကာကွယ်ထားဖို့ အရေးကြီးပါတယ်။ 🛡️

👉 ဒီဗီဒီယိုထဲမှာတော့ စုပ်စားပိုးတွေ ကျရောက်လာတဲ့အခါ အသုံးပြုနိုင်တဲ့ ဆေးတွေကို အလွယ်တကူ သိရှိနိုင်အောင် ပြောပြပေးထားပါတယ်။

ဒါနဲ့ ဦးကြီးတို့ရော... 👨‍🌾
📌 အခုဗီဒီယိုထဲမှာ ပြောပြခဲ့တဲ့ ဆေးတွေကို သိကြပါသလား?
📌 အသုံးပြုဖူးတယ်ဆိုရင် ဘယ်သီးနှံမှာ အသုံးပြုဖူးလဲ?

💬 Comment မှာ ပြောပြပေးခဲ့ကြပါဦးနော်။ 💚

🙏 တောင်သူဦးကြီးများအားလုံး ကျန်းမာရွှင်လန်းပြီး သီးနှံများလည်း အထွက်ကောင်း၊ ဈေးကောင်းများ ရရှိနိုင်ကြပါစေရှင့်။ 🌾✨



🌱 ပဲစိုက်ပျိုးရာသီမှာ အပင်ကောင်းဖို့ ဘာတွေလိုအပ်လဲ? 🫘🌱မျိုးစေ့ချစိုက်ပျိုးချိန်ကစပြီး ပန်းပွင့်၊ အသီးတင်၊ အစေ့ပြည့်ပြီး ...
06/10/2026

🌱 ပဲစိုက်ပျိုးရာသီမှာ အပင်ကောင်းဖို့ ဘာတွေလိုအပ်လဲ? 🫘

🌱မျိုးစေ့ချစိုက်ပျိုးချိန်ကစပြီး ပန်းပွင့်၊ အသီးတင်၊ အစေ့ပြည့်ပြီး ရိတ်သိမ်းချိန်အထိ ပဲသီးနှံရဲ့ အဆင့်တိုင်းမှာ လိုအပ်တဲ့ အာဟာရဓာတ်၊ ပိုးမွှားနဲ့ ရောဂါကာကွယ်မှု တွေက မတူညီနိုင်ပါဘူးရှင့်...။

🌱 အပင်ငယ်စဉ် – အမြစ်ကောင်း၊ အပင်ကြီးထွားမှုကောင်းဖို့၊
🌼 ပန်းပွင့်ချိန် – ပန်းပွင့်အားကောင်းပြီး အသီးတင်ကောင်းဖို့၊
🫘 အသီးတင်ချိန် – အသီးအရေအတွက်နဲ့ အစေ့ဖြည့်တင်းမှုကောင်းဖို့၊
✨ ရိတ်သိမ်းချိန် – အရည်အသွေးကောင်း၊ အထွက်နှုန်းကောင်းရရှိဖို့၊

🫘 အဆင့်တိုင်းကို ပိုးမွှားရောဂါများကို စနစ်တကျဂရုစိုက်ပြီး ပိုမို ကောင်းမွန်တဲ့ရလဒ်ကို ရယူလိုက်ပါ။ 🌱

💚 Advansia နှင့်အတူ ပဲခင်းကောင်းကောင်း၊ အထွက်ကောင်းကောင်း ရယူလိုက် ကြပါစို့။ ❤️✨

တောင်သူဦးကြီးများအားလုံး ကျန်းမာရွှင်လန်းကြပါစေရှင့်.....🙏🙏🙏

゚viralシ

🌱 တောင်သူဦးကြီးများအတွက် သတင်းကောင်း 🎉✨ကျေးဇူးရှင် တောင်သူဦးကြီးတို့ ယုံကြည်စိတ်ချစွာ အသုံးပြုနေကြတဲ့ Advansia ရဲ့ နိုင်...
05/10/2026

🌱 တောင်သူဦးကြီးများအတွက် သတင်းကောင်း 🎉

✨ကျေးဇူးရှင် တောင်သူဦးကြီးတို့ ယုံကြည်စိတ်ချစွာ အသုံးပြုနေကြတဲ့ Advansia ရဲ့ နိုင်ငံတကာအရည်အသွေးမှီ ပိုးသတ်ဆေး၊ မှိုသတ်ဆေးများ ရောက်ရှိလာပါပြီရှင့်။ 💚

ဦးကြီးတို့အကြိုက်.....

စုပ်စားပိုးများကို ထိရောက်စွာ ကာကွယ်ထိန်းချုပ်ပေးနိုင်တဲ့ #အမီကို၊ #အကိုဆူ ၊ ဖြုတ်အတွက် အထူးကောင်းမွန်သော #အကတ် ပိုးသတ်ဆေး အစရှိသည် တို့အပြင်

မှိုရောဂါများကို ကြိုတင်ကာကွယ်ခြင်းနှင့် ထိန်းချုပ်ကုသခြင်း အတွက် အသုံးပြုနိုင်တဲ့ #အပီလီယို၊ #အဘာဒို စတဲ့ ဆေးများလည်း ထပ်မံရောက်ရှိလာပါပြီ။ 🌿

ဒါကြောင့် ဦးကြီးတို့အနေနဲ့ မကြာခင်မှာ Advansia ရဲ့ အရည်အသွေးမှီထုတ်ကုန်များကို ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်တော့မှာဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်ရှင့်။ 📣

💙 Advansia ရဲ့ ထုတ်ကုန်များကို ယုံကြည်စိတ်ချစွာ ရွေးချယ်အသုံးပြုပေးကြတဲ့ တောင်သူဦးကြီးများအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါတယ်ရှင့်။

💚 Advansia – သင့်တော်သောဈေးနှုန်း နိုင်ငံတကာအရည်အသွေးမှီဆေး 🌱




Address

Building No. (5), 3F, Parami Road, (16) Ward, Hlaing Township
Yangon
11051

Alerts

Be the first to know and let us send you an email when Advansia Agroscience Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Advansia Agroscience Myanmar:

Shortcuts

Share