10/05/2024
အင်ယာ မပါပဲ အိမ်ဆောက်မယ်ဆိုရင် RC Beam Size တွေ ဘယ်လိုထားမလဲ မေးတဲ့သူတွက်ကော ဗဟုသုတ အဖြစ်ကော ပြောပြပေးပါ့မယ်။
#ပထမနည်း သူက Beam span 1' ရှည်တိုင်း 1 လက်မ တိုးသော နည်းဖြစ်ပါတယ်။ ဥပမာ Beam span က 10' ရှိမယ် ဆိုကြပါစို့ ၊ Beam depth သည် 10လက်မ ရှိရပါ့မယ်တဲ့။ Beam အရှည် 12ပေ ဆိုရင် 12 လက်မထု ၊ 15' ဆို 15 လက်မထု 18' ဆို 18" ထုပေါ့။ 9×12, 9×15, 9×18 ဒါမျိုးပေါ့။
နောက်တစ်နည်းကလဲ မှတ်ရတာ လွယ်ပါတယ် ။ သူက Beam span ရဲ့ 8% (or) 10% ကို Beamရဲ့ depth ထားရမယ်တဲ့ ။ Beam span 10ပေ ရှိတယ် ဆိုကြပါစို့ ။ 10' ဆိုတော့ လက်မ 120 ရှိပါတယ်။ 120ရဲ့ 8% ဟာ 9.6 ရှိတဲ့တွက် Beam depth ဟာ 9.6 လက်မ ထားရမယ်လို့ ဆိုလိုတာပါ ။ ဒါက Normal အနေအထားပါ ။ ငလျှင်တွက် ဘာတို့ ညာတို့တွက် ပိုလိုချင်ရင် 10% ယူပါ ။ 10' ရဲ့ 10% ဟာ 1' ဖြစ်တဲ့တွက် Beam ဟာ 1ပေ ထု ဖြစ်ရပါ့မယ် ။
နောက်ဆုံးနည်းကတော့ Structure Engineer တွေ မပေါ်ခင်က နည်းပါ ။ ဒါကိုတော့ ပယ်ပါ ။ ဗဟုသုတ ဖြစ် ထည့်ပြောပေးပါ့မယ် ။ သူက Beam span ကို 15 နဲ့ စားသောနည်းပါ ။ Beam အရှည် 15ပေ ရှိတယ် ဆိုကြပါစို့ 15နဲ့ စားသော် 1 ပေ ရပါတယ် ၊ ဒါက Beam ထုပါတဲ့ ။ ဒါကတော့ ပုဂံ A.C.I ပေါ့ 😁။
မေးတဲ့သူတွက်ကော ၊ ရမ်းတုတ်တွေကော မဖြစ်သင့်တာ မဖြစ်အောင်လို့ ဆရာတွေ သင်ကြားသမျှကို ပြန်လည် sharing လုပ်ခြင်းပါ ။
အဓိက တော့ အိမ်တစ်လုံး ဆောက်မယ်ဆို Structure Engineer တွေကို အပ်တာ နောင်ရေးတွက် စိတ်အချရဆုံးပါပဲ။ ကိုယ်တွေမသိသေးတာတွေ သူတို့က သိနေပါတယ်။
အိမ် ဆိုသည်မှာ