08/01/2024
မင်္ဂလာပါခင်ဗျာ။
ကျွန်တော်တို့ရဲ့ WYNN Consultants Group မှ လက်ရှိကြီးကြပ်စစ်ဆေးပေးနေတဲ့ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ နှင်းဥယျာဥ် (Snow Garden) အိမ်ရာရှိ project လေးရဲ့ မြေညီထပ်အား အုတ်စီခြင်းနှင့် Roof slab အား သံဆင်ခြင်းလုပ်ငန်းဆောင်ရွက်ပုံများဖြစ်ပါတယ်။ အဆိုပါ project တွင် ကန်ထရိုက်နှင့် ချုပ်ဆိုသော စာချုပ်များအား ဖတ်ရှု၍ လိုအပ်သည်များအား ပြင်ဆင်ပေးခြင်း၊ ကန်ထရိုက်တာမှ တင်ပြသော Structural Drawing မှာ အဆောက်အဦးကြံ့ခိုင်မှုအတွက် လုံလောက်မှုမရှိသည်ကို တွေ့ရှိရသဖြင့် Structural Consultants ထံသို့ ပုံစံအပ်နှံစေခြင်း၊ Payroll များအား ခွဲဝေပေးခြင်း၊ စာချုပ်ပါ စံချိန်စံညွှန်းများနှင့်အညီ ပစ္စည်းအရည်အသွေးများအား စစ်ဆေးပေးခြင်း၊ Construction procedure အလိုက် အဆင့်ဆင့်စစ်ဆေးပေးကာ Inspection Passed ဖြစ်ကြောင်း ထောက်ခံချက်များ ထုတ်ပေးခြင်းတို့ကို တာဝန်ယူစစ်ဆေးလုပ်ဆောင်ပေးလျက်ရှိပါတယ်။
လူကြီးမင်းတို့၏ နေထိုင်ရာအဆောက်အအုံ တည်ဆောက်မည်ဆိုပါက ဆောက်လုပ်ရေးအတွေ့အကြုံရင့် မှတ်ပုံတင်အင်ဂျင်နီယာများဖြင့် ဖွဲ့စည်းတည်ထောင်ထားသော ကျွန်တော်တို့ရဲ့ WYNN Consultants Group အား ယုံကြည်စွာဖြင့် သတိရလိုက်ပါခင်ဗျာ။ စုံစမ်းမေးမြန်းလိုပါက 09-453711770 နှင့် 09-5123634 ဖုန်းနံပါတ်များကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။
မိတ်ဟောင်းမိတ်သစ် လူကြီးမင်းများအားလုံး မင်္ဂလာရှိသော နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း...။ 🤗🤗🤗