05/06/2026
[English translation in the comment]
ကမ္ဘာကြီးကတော့ အချက်ပြနေပါပြီ။ ရာသီဥတုတွေဖောက်ပြန်လာတယ်။ အပူချိန်တွေ တရိပ်ရိပ်နဲ့ပိုတက်လာတယ်။ သစ်တောတွေပြုန်းတီးကုန်တယ်။ ဒါတွေကိုဖြေရှင်းဖို့ အချိန်တွေက သိပ်မကျန်တော့ပါဘူး။
ဒီ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုပြဿနာတွေကို ဖြေရှင်းနိုင်တဲ့ နည်းလမ်းတွေထဲက ဆိုလာစွမ်းအင်ကို အစားထိုးသုံးစွဲခြင်းဟာ လက်လှမ်းအမှီဆုံး နည်းလမ်းတစ်ခုဖြစ်ပါတယ်။
ဆိုလာစွမ်းအင်စနစ်တစ်ခုဟာ ပတ်ဝန်းကျင်အပေါ်ကို အကျိုးသက်ရောက်မှုများစွာရှိပါတယ်။
-လောင်စာမလို၊ ဓာတ်ငွေ့ထုတ်လွှတ်မှုမရှိ၊ ဆူညံသံမပါဘဲ လျှပ်စစ်ဓာတ်အားရရှိနိုင်တယ်။
-ဒီဇယ်မီးစက်တွေကို အစားထိုးနိုင်တယ်။
-လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုက်နဲ့ မီးခိုးတွေကို လျှော့ချနိုင်တယ်။
-အိမ်တွင်းလေညစ်ညမ်းမှုလျော့ပါးသွားစေတယ်။
-လျှပ်စစ်မီးမရတဲ့ ဝေလံခေါင်ဖျားဒေသတွေမှာ မီးအလင်းနဲ့ -လျှပ်စစ်ဓာတ်အားရရှိဖို့ ထင်း၊ မီးသွေးလိုအပ်မှုတွေကို နည်းပါးအောင်ကူညီပေးနိုင်တယ််။ တစ်နည်းအားဖြင့် သစ်တောပြုန်းတီးမှုကိုလည်း သိသိသာသာ လျှော့ချပေးနိုင်တယ်။
-နှစ်ပေါင်းများစွာ နေအလင်းရောင်ရှိရုံနဲ့ ရေရှည်လျှပ်စစ်မီးလိုအပ်ချက်တွေကို ဖြေရှင်းပေးနိုင်တယ်။
မြန်မာနိုင်ငံမှာ လျှပ်စစ်မီးမရရှိတဲ့ ဒေသအများစုဟာ ဒီဇယ် ဓာတ်ဆီသုံး မီးစက်တွေကို မှီခိုနေရဆဲပါပဲ။ ဆိုလာစွမ်းအင်ပြောင်းလဲမှုဟာ ရေရှည်မှာကုန်ကျစရိတ်များစွာသက်သာစေမယ်၊ သဘာဝပတ်ဝန်းကျင်ကိုလည်း ကူညီရာရောက်မှာဖြစ်ပါတယ်။
၂၀၁၈ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ မီးပညာဟာ ဆိုလာစွမ်းအင် ပညာရှင် အယောက် ၈၀၀ ကို လေ့ကျင့်သင်ကြားပေးနိုင်ခဲ့ပြီး လူ ၇၅၀၀ ကျော်အတွက် ဆိုလာစွမ်းအင်အခြေခံတဲ့ လျှပ်စစ်မီးရရှိအောင် ကူညီပေးနိုင်ခဲ့ပြီးဖြစ်ပါတယ်။ ဒီစနစ်တွေ ရေရှည်မပျက်မစီးဘဲ ဆက်လက်လည်ပတ်နိုင်ဖို့ ဒေသခံတွေကို လေ့ကျင့်ပေးခြင်းနဲ့ နည်းပညာစွမ်းရည်ခြင်းတွေကို ဆက်လက်လုပ်ဆောင်နေပါတယ်။
ဒီနေ့ ဇွန်လ ၅ ရက်နေ့မှာ ကျရောက်တဲ့ သဘာဝပတ်ဝန်းကျင် အထိမ်းအမှတ်နေ့မှာ မီးပညာအနေနဲ့ ဆိုလာစွမ်းအင်ကို လက်လှမ်းမီရရှိနိုင်ဖို့ ရေရှည်ထိန်းသိမ်းပေးနိုင်တဲ့ ပညာရှင်တွေကို လေ့ကျင့်ပေးဖို့ ဆက်လက်ကြိုးစားသွားမယ်လို့ ထပ်မံဆန္ဒပြုလိုပါတယ်။