22/07/2026
Outdoor Unit တွေ အများကြီးကို တစ်နေရာတည်း စုတပ်တဲ့အခါ ဘာတွေ သတိထားရမလဲ?
အဲကွန်းတစ်လုံး၊ နှစ်လုံး တပ်တာ ပြဿနာမရှိပေမဲ့... စက်တွေ ဆယ်ဂဏန်းလောက်ကို တစ်နေရာတည်း စုတပ်ရပြီဆိုရင် "အပူစွန့်ထုတ်မှု (Heat Dissipation)" က အရမ်းအရေးကြီးလာပါပြီ။
ဒီနေ့ပြထားတဲ့ ပုံတွေကတော့ နေပြည်တော်က Hall ခန်းကျယ်ကြီးတစ်ခုမှာ GENERAL 3HP Split Type အလုံး (၁၈) လုံးကို Fresh 9 က သွားရောက်တပ်ဆင်ပေးခဲ့တဲ့ ပုံရိပ်တွေပါ။
ပုံမှာကြည့်လိုက်ရင် Outdoor Unit အလုံး (၂၀) နီးပါးကို အပြင်ဘက်မှာ အစီအရီ တပ်ဆင်ထားတာ တွေ့ရပါမယ်။ ဒီလိုတပ်ဆင်တဲ့အခါ -
✅ စက်တစ်ခုနဲ့တစ်ခု ကြားမှာ လေဝင်လေထွက်ကောင်းအောင် လုံလောက်တဲ့ အကွာအဝေး (Spacing) ထားပေးရပါတယ်။
✅ ရေပိုက်နဲ့ ဆက်သွယ်တန်းထားတဲ့ ပိုက်လိုင်းတွေကို ရှုပ်ယှက်ခတ်မနေအောင် စနစ်တကျ နေရာချရပါတယ်။
ဒါမှသာ စက်တွေ အပူမလွန်ကဲဘဲ အအေးဓာတ် အပြည့်အဝရမှာဖြစ်ပြီး နောင်တစ်ချိန် Maintenance ပြုလုပ်တဲ့အခါမှာလည်း လွယ်ကူမှာ ဖြစ်ပါတယ်။
အခုလို လုပ်ငန်းသုံး Project အကြီးကြီးတွေကို ယုံကြည်စိတ်ချစွာ အပ်နှံပေးတဲ့ နေပြည်တော်က Customer ကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။ ရုံးခန်း၊ စက်ရုံ၊ Hall ခန်းကြီးတွေအတွက် စနစ်ကျတဲ့ Aircon Installation လိုအပ်ရင် Fresh 9 ကို ဆက်သွယ်နိုင်ပါပြီ။
📲 09-455677988