KHIT SAN EAIN

KHIT SAN EAIN Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from KHIT SAN EAIN, Construction Company, Yangon.

Learn about the formation of the corner.
31/03/2025

Learn about the formation of the corner.

 ေးချင်းဖြင့်ကူညီပါကိုယ့်အခန်းထဲ ပြန်ရောက်တဲ့အခါ ဟုတ်ဟုတ်/ မဟုတ်ဟုတ် ဒါလေးတွေ စစ်ကြည့်ပြီး ကိုယ်ဘာဆက်လုပ်ရမယ် အကြမ်းဖျင်...
31/03/2025

ေးချင်းဖြင့်ကူညီပါ

ကိုယ့်အခန်းထဲ ပြန်ရောက်တဲ့အခါ ဟုတ်ဟုတ်/ မဟုတ်ဟုတ် ဒါလေးတွေ စစ်ကြည့်ပြီး ကိုယ်ဘာဆက်လုပ်ရမယ် အကြမ်းဖျင်းသိနိုင်ပါတယ်။

"ငလျင်လှုပ်ပြီးပေါ်လာတဲ့ နံရံအက်ကြောင်းတွေရဲ့ အန္တရာယ်"

ငလျင်ကြောင့် အက်ကြောင်းတွေ ပေါ်လာခဲ့ရင် အက်ကြောင်းပုံစံ နဲ့ နံရံအမျိုးအစား ပေါ်မူတည်ပြီး အန္တရာယ်အဆင့်ကို သုံးသပ်နိုင်ပါတယ်။

➡️

𝐋𝐨𝐚𝐝 𝐁𝐞𝐚𝐫𝐢𝐧𝐠 𝐖𝐚𝐥𝐥𝐬 (အရေးကြီးဆုံး)

ဝန်ထမ်းထားတဲ့ နံရံတွေဟာ အဆောက်အအုံ အလေးချိန်ကို ထောက်ပံ့ပေးထားတာမို့ အက်ကြောင်းပေါ်လာရင် အန္တရာယ်ရှိ

Reinforced Concrete Wall ဆိုရင် ...

# ထောင့်ဖြတ်အက်ကြောင်း (X-ပုံစံ)
ငလျင်အားကြောင့် နံရံပြတ်တောက်မှုဖြစ်

# အလျားလိုက်အက်ကြောင်း
အားသက်ရောက်မှုများလို့ နံရံညွန့်ကျမှုဖြစ်

# ထောင့်တွေမှာ ဒေါင်လိုက်အက်ကြောင်း
column + beam အဆက် failure ဖြစ်

Brick-Wall အုတ်နံရံ ဆိုရင် ...

# လှေကားထစ်ပုံစံ အက်ကြောင်း
foundation အခြေခံအုတ်မြစ်ရွေ့လျားမှုကြောင့်ဖြစ်

# နံရံဖောင်းထွက် အလျားလိုက်အက်ကြောင်း
နံရံပြိုကျနိုင်ခြေများ (အရေးပေါ်ပြုပြင်ရန် လိုအပ်)

အထက်ပါ failure ‌များအတွက် အင်ဂျင်နီယာများ အမြန်စစ်ဆေးပြီး ချက်ချင်း reinforce လုပ်ရပါမယ်။

➡️

𝐍𝐨𝐧-𝐋𝐨𝐚𝐝 𝐁𝐞𝐚𝐫𝐢𝐧𝐠 𝐖𝐚𝐥𝐥

အဆောက်အဦအလေးချိန်ကို ထောက်ပံ့ထားခြင်း မရှိတဲ့ နံရံအမျိုးအစား (ဥပမာ - အခန်းဖွဲ့နံရံ) ဖြစ်တာမို့ အန္တရာယ်သိပ်မရှိပေမယ့် စောင့်ကြည့်ဖို့လို

# မျက်နှာကျက် + နံရံ အဆက်မှာ ၆ မီလီမီတာ အထက် အက်ကြောင်း
အမိုးစလပ်ပြားရွေ့လျားမှု (roof displacement) ကြောင့် ဖြစ်

# တံခါး/ ပြတင်းပေါက်ဘေးက အက်ကြောင်း
structure ပိုင်း ရွေ့လျားမှုကြောင့် ဖြစ်

အက်ကြောင်းတွေ ပိုကျယ်လာခြင်းရှိ/ မရှိ စောင့်ကြည့်ရပါမယ်။ တည်ငြိမ်သွားတဲ့အခါ joint compound ဖြင့် ပြုပြင်နိုင်ပါတယ်။

➡️

𝐒𝐡𝐞𝐚𝐫 𝐖𝐚𝐥𝐥𝐬

ငလျင်ဒဏ်ကို ခံနိုင်ရည်ရှိတဲ့ နံရံအမျိုးအစား ဖြစ်ပါတယ်။

# ထောင့်ဖြတ် X-ပုံစံ အက်ကြောင်း
ငလျင်အားကို ခံနိုင်ခဲ့ပေမယ့် အားနည်းသွားနိုင်

# အနားသတ်တွေမှာ ကွန်ကရစ်ကြေမွနေခြင်း
compression failure (အရေးပေါ်ပြုပြင်ရန် လိုအပ်)

အင်ဂျင်နီယာမှ အမြန်စစ်ဆေးဖို့ (assess residual strength) လိုပါတယ်။

➡️

𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 𝐖𝐚𝐥𝐥𝐬 (အရေးကြီး)

# basement နံရံတွေမှာ အလျားလိုက် အက်ကြောင်း
မြေဖိအားကြောင့် / liquefaction damage ဖြစ်

# ရွေ့သွားတဲ့ ဒေါင်လိုက် အက်ကြောင်း
foundation မညီမညာ/ တစ်ခြမ်း နိမ့်ကျခြင်းကြောင့် ဖြစ်

အရေးပေါ် shoring ထောက်ပြီး foundation stabilisation ပြုလုပ်ရပါမယ်။

➡️

စိုးရိမ်ရသော အချက်များ (နံရံအမျိုးအစားမရွေး)

# အက်ကြောင်း တဖြည်းဖြည်းကျယ်လာခြင်း
(ခဲတံနဲ့ အမှတ်အသားပြုထားပါ)

# တံခါး/ ပြတင်းပေါက်တွေ ပိတ်ရခက်လာခြင်း
(အဆောက်အအုံ ရွေ့လျားနေတာကြောင့် ဖြစ်)

# ကွန်ကရစ်ကွာကျပြီး သံမဏိချောင်းများ ပေါ်နေခြင်း
(သံချေးတက်နိုင်ခြေများ)

➡️

စိုးရိမ်စရာမလိုသော အက်ကြောင်းများ

# အခန်းဖွဲ့နံရံမှာ ၃ မီလီမီတာအောက် သေးငယ်တဲ့ အက်ကြောင်းများ

# Non Load Bearing Wall တွေပေါ်က ဒေါင်လိုက်အက်ကြောင်းများ

အားလုံး ဘေးကင်း အဆင်ပြေကြပါစေ...

29/03/2025
😘ယခု လက်ရှိဆောက်လုပ်လျက်ရှိသော အဆောက်အဦးများ👍
29/03/2025

😘ယခု လက်ရှိဆောက်လုပ်လျက်ရှိသော အဆောက်အဦးများ👍

🏠
26/03/2025

🏠

26/03/2025
ဆေးသုတ်ရင် လိုက်ဖက်မဲ့ ကာလာအတွဲလေးတွေပါခင်ဗျာ🎉
06/03/2025

ဆေးသုတ်ရင် လိုက်ဖက်မဲ့ ကာလာအတွဲလေးတွေပါခင်ဗျာ🎉

🏠 အဆောက်အဦး တွက်ချက်မှုအတွက်         အလွယ်မှတ်နည်းလေးတွေပါ။🏠          -----------------------------------------🪙 (1:2:4)...
06/03/2025

🏠 အဆောက်အဦး တွက်ချက်မှုအတွက်
အလွယ်မှတ်နည်းလေးတွေပါ။🏠
-----------------------------------------

🪙 (1:2:4) ကွန်ကရစ် 100 ကုဗပေမှာ
ဘိလပ်မြေ - 18.48 အိတ်ကုန်တယ်
အလုပ်မား - 10ယောက်
ပန်းရံဆရာ - 1ယောက်

🪙(1:3:6 ) ကွန်ကရစ် 100 ကုဗပေမှာ
ဘိလပ်မြေ - 12.85 အိတ်
အလုပ်သမား - 8 ယောက်
ပန်းရံဆရာ - 1ယောက်

📚42.5 Class ဘိလပ်မြေ နဲ့52.5 Class ဘိလပ်မြေ အမျိုးအစားများအလိုက် ဘယ်လိုကွာခြားသလဲ ?📚

▪️ဘိလပ်မြေအမျိုး အစားများကို ယေဘူယျအားဖြင့် 32.5 Class ဘိလပ်မြေ , 42.5 Class ဘိလပ်မြေ နှင့် 52.5 Class ဘိလပ်မြေ ဆိုပြီး အမျိုးအစားအလိုက် သတ်မှတ်ထားပါတယ် ။ မြန်မာနိုင်ငံတွင် 42.5 Class ဘိလပ်မြေ နှင့် 52.5 Class ဘိလပ်မြေကို အများဆုံး အသုံးပြုနေကြပါတယ် ၊

▪️အဆောက်အဦများ၊ လမ်းတံတားများကို ဆောက်လုပ်တဲ့အခါမှာ ဆောက်လုပ်မယ့် အမျိုးအစားအလိုက် 42.5 Class နဲ့ 52.5 Class ဘိလပ်မြေအမျိုးအစားတွေကို လိုအပ်သလို ရွေးချယ်အသုံးပြုသင့်ပုံကို မျှဝေပေးလိုက်ပါတယ်...
🪙42.5 Class ဘိလပ်မြေ
----------------------------------

▪️ 42.5 Class ဘိလပ်မြေ ဆိုသည်မှာ ကွန်ကရစ်လာင်းပြီး(၂၈) ရက်အကြာတွင် Strength Test (ခံနိုင်ဝန်အား) စမ်းသပ်ပါက (6162.5 PSI) Grade 42.5 နှင့်ညီမျှသော ခံနိုင်ဝန်အားကို အပြည့်အဝ ရရှိတဲ့ ဘိလပ်မြေအမျိုးအစားဖြစ်ပါသည်။

▪️42.5 Class ဘိလပ်မြေ ရဲ့ ခံနိုင်ဝန်အားသည် သတ်မှတ်စံချိန်စံညွှန်းအရ စတင်မာခဲချိန်နဲ့ နောက်ဆုံးမာခဲချိန် နှေးတတ်သော သဘာဝရှိပါသည်။

▪️ 42.5 Class ဘိလပ်မြေ ကို အုတ်စီလုပ်ငန်းများ၊ နံရံအချောကိုင်လုပ်ငန်းများ၊ ရိုးရိုးအုတ်တိုက်၊ နံရံကပ်တိုက်များ ၊လုံးချင်းအဆင့်မြင့် အဆောက်အဦများ ဆောက်လုပ်မယ်ဆိုပါက 4 2.5 Class ဘိလပ်မြေကို အသုံးပြုနိုင်ပါသည်။

🪙52.5 Class ဘိလပ်မြေ
----------------------------------

▪️52.5 Class ဘိလပ်မြေ ဆိုသည်မှာ ကွန်ကရစ်လာင်းပြီး(၂၈) ရက်အကြာတွင် Strength Test (ခံနိုင်ဝန်အား) စမ်းသပ်ပါက (7612.5 PSI) Grade 52.5 နှင့်ညီမျှသော ခံနိုင်ဝန်အားကို အပြည့်အဝ ရရှိတဲ့ ဘိလပ်မြေအမျိုးအစားဖြစ်ပါသည်။

▪️ 52.5 Class ဘိလပ်မြေသည် ခံနိုင်ဝန်ကို အချိန်တိုအတွင်းမှာ ရရှိစေနိုင်ပြီး စတင်မာခဲချိန် နှင့် နောက်ဆုံးမာခဲချိန် မြန်သော သဘာဝရှိတဲ့အတွက် ထုထည်ကြီးမားသော လမ်းတံတားများ အဆင့်မြင့် ကွန်ဒိုတိုက်ခန်းများ ၊အထပ်မြင့် အဆောက်အဦများ ဆောက်လုပ်ရာတွင် အသုံးပြုနိုင်ပါသည်။

▪️ရေနှင့်အမြဲထိတွေ့နေသောနေရာများ၊ အစိုဓါတ်များသောနေရာများ၊ ငလျင်ဒဏ်၊ သဘာဝဘေးအန္တရာယ်တို့နှင့် အနီးကပ်ဆုံးနေရာဒေသများတွင်လည်း 52.5 Class ဘိလပ်မြေကိုသာ အသုံးပြုသင့်ပါသည်။💯💯💯
................

👉 သစ်တွက်နည်း တင်ပေးပါပြောလိုတင်ပေးလိုက်တာပါ။👈

🪙သစ်လုံးကို ကုဗပတွက်နည်း> သစ်တန်တွက်နည်း> သစ် ၁ တန် စျေးနှုန်းတွက်နည်း ✍

▪️သစ်လုံးကို ကုဗပနှင့် တန်ဖွဲ့ရာတွင် လက်မကိုတည် ၄ နှင့်စား ရလဒ်သည် အဒု ဗြက် လက်မ ဖြစ်ပါသည် ဒုနှင့် ဗြက် ကိုမြှောက် သစ်လုံ အလျား နှင့် ဆက်မြှောက် ရသောအဖြေ ကိုတည်၍ ၇၂၀၀ နှင့် စားလျှင်
အဖြေသည် သစ်တန်ရ၍ ၁၄၄ နှင့်စားလျှင် ကုဗပေ ရပါသည်။

ဥပမာ.......သစ်လုံပတ် ၆၀လက်မ အရှည် ၃၂ပေ ရှိသောသစ်လုံးကို
တန်ဖွဲ့လိုလျှင်

တွက်နည်း (1)

15×15×32 7200
----------------- ----------
144 144. =50ကုဗေပ

၅၀ ကုဗပေ = ၁ တန်

သစ်တန်တွက်နည်း

( သစ် ၁ တန် = ၁'' × ၁'' ပတ်လည် ၇၂၀၀'ပေ)

သိလိုသော သစ်အရွယ်အစား ဒု နှင့် ဗြက် ကိုမြှောက်၍ ရသော ရလဒ်နှင့် ၇၂၀၀ ကို စားရသော အဖြေသည် သစ် ၁ တန်၏ဖြေဖြစ်သည်။

တွက်နည်း

၄''×၂'' = သစ်တစ်တန် ရှိပေရှည် ကိုသိလိုလျှင်
၄''×၂'' = ၈
၇၂၀၀ = ၉ ၀၀'ပေ
(၄''×၂'') သစ် ၁တန်၌ရှိသော ပေရှည် =၉၀၀ပေ

🟡သစ်တန်တွက်နည်း🟡

▪️ဗျက် ၄''×၂'' ပေရှည် ၂၀ ပေ ၊ ချောင်းရေ ၃၀ ဆိုပါစို့
ဗျက်ရယ် ၊ ဒုရယ် ၊ ပေရှည် ရယ် ၊ ချောင်းရေရယ်မြှောက် ၁၄၄ နဲ့စားရပါမည်။ ရတဲ့အဖြေဟာ ကုဗပေ ပဲရှိသေး၍ သစ် ၁ တန်လျှင် ၅၀ ကုဗပေ ရှိ၍ ၅၀ ဖြင့်စားလျှင် တန်ရလာပါမည်။

ဗျက် × ဒု × ပေရှည် × အချောင်းရေ
၄''×၂''×၂၀'×၃၀÷၁၄၄= ၃၃.၃၃ ကုဗေပ

၃၃.၃၃ ကုဗပ = ၀.၆၆၆ တန်
၅၀ ကုဗပေ. ဆိုပါစို့ =၀.၆၇တန်

🟡အမြန်ဆုံး သစ်စျေးနှုန်းတွက်နည်း🟡

ဥပမာ... သစ် ၁ တန် ၆၅၀,၀၀၀ စျေးဖြင့်
၄''×၂'' လေးနှစ် ၁၈ ပေ တစ်ချောင်းကိုတွက်ကြည့်မယ်
စျေးနှုန်း ကိုတည် ဒသမ သုညသုည နှစ်ငါးဖြစ်
မြှောက်(၆၅၀,၀၀၀×.၀၀၂၅)
ရလဒ်ကိုသစ်ချောင်း၏ ဒု×ဗျက် (၄''×၂'') ရလဒ်ဖြင့်ပြန် မြှောက်လိုက်ပါ။

ဒါဆို ၄''×၂'' လေးနှစ် ၁၈ပေ တစ်ချောင်း၏ တန်ဘိုးရမည်။

၆၅၀,၀၀၀×.၀၀၂၅=၁၆၂၅

၄ × ၂ = × ၈
------------------
၁၃,၀၀၀

လေးနှစ် ၁ ချောင်း တန်ဘိုး = ၁၃,၀၀၀ ks
ဖြစ်သည်။
မည်သည့် ဒု ဗျက် မည်သည့် စျေးနှုန်း မဆိုတွက်ကြည့်နိုင်ပါသည်။📍📍📍

📒လိုအပ်ရင်ကြည့်လို့ရအောင်ပါ၊✍️

✨️သံချောင်းတွက်နည်း✨️

1ချောင်း=12 m=40 ft(39'4'')

10mm = 3/8''= 3မူး = 135 ချောင်း

12mm = 1/2 ''= 5မူး = 88ချောင်း

14mm = 9/16''= 5မူး1ပဲ=70ချောင်း

16mm = 5/8''= 6မူး=53ချောင်း

18mm = 3/4''= 3မတ်=41ချောင်း

20mm = 3/4''= 3မတ် = 33ချောင်း

22mm = 7/8''= 1လက်မမူးတင်း =27ချောင်း

25mm =1ကျပ်လုံး=1''= 21ချောင်း

✨️1 Ton မှာရှိသော အချောင်းရေ✨️

♠️ diameter (mm)
1000/0.006167d²×12m ( or )
13517÷d ÷d (12mm diameter မှလွဲ၍)

♠️ diameter (in)
2204.62/2.67d²×39.37 ft

✨️သံချောင်း( Rebar ) အလေးချိန် တွက်ရန်ပုံသေနည်း✨️

♠️ diameter (mm)
0.006167d²×သံချောင်း အရှည် ( m 😞 Kg)

♠️ diameter (in)
2.67d² × သံချောင်းအရှည် (ft) = Lb

♠️Binding wire

6.5mm--------->8mm coil
1 m=0.26kg---->0.395kg
1ton=3834m--->2531m
1Viss=20´3´´--->13´4´´
Rebar 1Ton = 1000 Kg
Metric ton >>> 2204.62 lb
UK ( long ton ) >>> 2240 lb
US ( short ton ) >>> 2000 lb
Steel unit weight=490 lb per cu ft

ACI code
Main steel = 25 to 32mm
Ties & stirrups=10mm (min)
18 G Binding wire 40 coils
1 Kg =2.2 Lb
1Lb=0.22kg
1 in=25.4 mm
📈​ကျေးဇူးပါခင်ဗျ။📍📍📍

✨️Site တစ်ခု အတွတ် Overhead Tank
အကြောင်းစဉ်းစားရင် ပေါ်လာလို့.
ရေဝင်ဆန့် တွတ်ပုံလေ ချရေးကြည့်တာ ✨️

1 ကုဗပေ = 6.25 ဂါလံ
အလျား×အနံ×အမြင့် = ကုဗပေ

ဥပမာ...
4' × 4' × 2' = 32 ကုဗေပ
32 × 6.25 = 200 ဂါလံ ဝင်ဆန့်မယ်

▪️ လီတာ နဲ့ သိချင်ရင်တော့...

1 ဂါလံ = 3.785 နဲ့ ညီမျှတယ်
200 ဂါလံ ဆိုတော့
200 × 3.785 = 757 လီတာ

ဒါကြောင့် 4 × 4 × 2 ရှိတဲ့ Tank တစ်လုံးမှာ
ဂါလံ 200 (သို့မဟုတ်) လီတာ 757
ဝင်ဆန့် ပါတယ်။

ကျနော်တို့ khit san eain ကနေတာဝန်ယူဆောက်လုပ်သော ၈ ခန်းတွဲ ၅ ထပ်တိုက်ကတော့ မကြာခင်ပြီးဆုံးပါတော့မယ်။ ခေတ်မှိီ ဒီဇိုင်းမျာ...
06/03/2025

ကျနော်တို့ khit san eain ကနေတာဝန်ယူဆောက်လုပ်သော ၈ ခန်းတွဲ ၅ ထပ်တိုက်ကတော့ မကြာခင်ပြီးဆုံးပါတော့မယ်။

ခေတ်မှိီ ဒီဇိုင်းများနဲ့အမြန်ဆုံးစောက်လုပ်မူ့ - သေသပ်လှပသောလက်ရာများ - အသက်သာဆုံးစျေးနူန်းများနဲ့ ဆောက်လုပ်ချင်တယ်ဆိုရင် ကျနော်တို့

ကိုအမြန်ဆုံးဆက်သွယ်လိုက်တော့နော် 🥰

ကြိုးစားမူ့ရဲ့ရလဒ်လေး မကြာခင်ရိပ်သိမ်းရပါတော့မယ်ဗျ ….တစ်နှစ်အတွင်း ၈ ခန်းတွဲ ၅ ထပ်တိုက်လေး ပြီးပါတော့မယ်ဗျ ….ကျနော်တို့ ...
16/12/2024

ကြိုးစားမူ့ရဲ့ရလဒ်လေး မကြာခင်ရိပ်သိမ်းရပါတော့မယ်ဗျ ….

တစ်နှစ်အတွင်း ၈ ခန်းတွဲ ၅ ထပ်တိုက်လေး ပြီးပါတော့မယ်ဗျ ….

ကျနော်တို့ khit San Eain ကတာဝန်ယူမူ့ တာဝန်ခံမူ့ - ကျွမ်းကျင်း သော လေဘာများ - သေချာတိကျသော အင်ဂျင်နီယာ များရဲ့လမ်းညွန်မူ့နှင့်အတူ သက်သာသောစျေးနူန်းများနှင့် လူကြီးမင်းတို့ လိုချင်သော ပုံစံများကို လူကြီးမင်းတို့စိတ်ကြိုင်ဖြစ်သည်ထိ ဆောင်ရွက်ပေးပါသည် ။

အကြမ်းထည်စျေးနူန်းဖြစ်စေ

ရေမီးဆေးအပါ အပြီးအစီးဖြစ်စေအခြားသူများထက်အသက်သာဆုံးစျေးနူန်းများဖြင့် ဆောင်ရွက်ပေးပါသည်။

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959970282817

Website

Alerts

Be the first to know and let us send you an email when KHIT SAN EAIN posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to KHIT SAN EAIN:

Share