17/04/2025
နှစ်သစ်အလှူအဖြစ် လစဉ် 15 ရက်နေ့တိုင်း ဝိနည်းညီဘုရားသားတော် 89 ပါးအား ဆွမ်းကပ်နေကျ စာသင်တိုက်ကိုဘဲ နှစ်ဆန်းတရက်နေ့ညနေမှာ
ကြံရည်အအေးကပ်လှူခွင့်ရပါတယ်။
လှူခွင့်ရတာကိုဘဲ ပီတိဖြစ်လှပီရယ်။
ညနေပိုင်းဘုရား၀တ်ပြုပီးချိန် ဘုရားသားတော်တွေကို သံပုရာအအေးတို့ မန်ကျည်းအအေးတို့ဘဲကပ်နေကျလို့သိရတယ်။ ကြံရည်အအေးကျ ကထိကထများတော့ မကပ်ဖြစ်ဘူးဆိုလို့ ကြံရောင်းတဲ့သူပါ
ရအောင်စီစဉ်ပီး ကပ်ချင်တဲ့ကြံရည်ရအောင် ကပ်လှူခွင့်ရခဲ့တယ်။ ကူညီကျသူများအထူးကျေးဇူးတင်ပါတယ်။
ရဲ့အလှူဟာ EEG ရဲ့ ကာစတန်မာများအားလုံးရဲ့အလှူပါပဲ။
ထပ်တူထပ်မျှ ကုသိုလ်တွေရရှိကျပါစေ။