Mother's Son Construction Co.,Ltd

Mother's Son Construction Co.,Ltd Construction

Mother's Son Construction  Co.,Ltd. မှမြောက်ဒဂုံ (37)ရပ်ကွက် မန္တလေးလမ်းနှင့် သုခမိန် လမ်းထောင့်ရှိ နေအိမ်လေးမှာ ရေမြောင...
08/05/2026

Mother's Son Construction Co.,Ltd. မှမြောက်ဒဂုံ (37)ရပ်ကွက် မန္တလေးလမ်းနှင့် သုခမိန် လမ်းထောင့်ရှိ နေအိမ်လေးမှာ ရေမြောင်း ပြုလုပ်ခြင်း၊ မျက်နှာစာ အလှဆလပ်လောင်းခြင်းနှင့် ခြံစည်းရိုး ချောခြင်းလုပ်ငန်းလေး စတင်နေပါပြီ။

🙏🙏လုပ်ငန်းအပ်နှံပေးသော🙏🙏 အကို နဲ့ အမ ကိုလည်း ကျေးဇူး အထူးတင်ရှိပါသည်။
Contact>>>09789299093(Viber)
>>>09985853287

14/03/2026

Mother's Son Construction
နှင့် လက်တွဲလုပ်ဆောင်ရန်
နေ့စား ပန်းရံဆရာ =(10)
နေ့စား လူကြမ်း =(10)
လိုအပ်နေပါတယ်။
ငွေနေ့ရှင်းပါ။
09985853287

တစ်ထပ်​ကြိုက်တဲ့ အိမ်ရှင်များအတွက် Designs လေး ရပါပြီနော်👷👷👷👷👷ယခု  အိမ်လေးဟာဆိုရင်   (18'×40')RC တစ်ထပ်သွပ်မိုးအဆောက်အဦ...
29/01/2026

တစ်ထပ်​ကြိုက်တဲ့ အိမ်ရှင်များအတွက် Designs လေး ရပါပြီနော်👷👷👷👷👷

ယခု အိမ်လေးဟာဆိုရင် (18'×40')RC တစ်ထပ်သွပ်မိုးအဆောက်အဦးကို (820)သိန်းဖြင့်
ကျွန်တော်တို့ Mother's Son Construction Co.,Ltd မှ တာဝန်ယူတည်ဆောက်ပေးနေပါပြီ ခင်ဗျ။

👷👷👷ပါဝင်မယ့်အခန်းဖွဲ့စည်းမှု့များမှာ....
> မာစတာ အိပ်ခန်း (၁) ခန်း
> ရိုးရိုးအိပ်ခန်း (၁)ခန်း
> ဘုရားခန်း (၁) ခန်း
> ဧည့်ခန်း (၁) ခန်း
> မီးဖို + ထမင်းစားခန်း (၁) ခန်း
> ရေချိုးခန်း (၁) ခန်း
> ဘိုထိုင် (၁) ခန်း စသည်တို့ပါဝင်ပါတယ်ခင်ဗျာ

ယနေ့ချိန်ခါမှစ၍ ဝင်ငွေတွေတိုးပါစေ
လိုတိုင်းတတိုင်း ရကြပါစေသော်ဝ်....🙏🙏🙏

☎☎09789299093
☎☎09985853287

🚪 ဆီဆေးတွက်နည်း​သံထည်နဲ့ သစ်သားတွေကို အရောင်တင်ဖို့ ဆီဆေးသုတ်တော့မယ်ဆိုရင် အောက်ပါအဆင့်အတိုင်း တွက်ချက်ကြည့်ရအောင်။​အဆင့...
28/01/2026

🚪 ဆီဆေးတွက်နည်း

​သံထည်နဲ့ သစ်သားတွေကို အရောင်တင်ဖို့ ဆီဆေးသုတ်တော့မယ်ဆိုရင် အောက်ပါအဆင့်အတိုင်း တွက်ချက်ကြည့်ရအောင်။

​အဆင့် (၁) - ဧရိယာအကျယ်အဝန်း တိုင်းတာခြင်း
​ဆီဆေးကို တံခါးတွေ၊ သံပန်းတွေမှာ အသုံးများတဲ့အတွက် တွက်ရလွယ်အောင် နမူနာအချိုးအစားလေးတွေ မှတ်ထားနိုင်ပါတယ်။
​သစ်သားတံခါး (တစ်ချပ်): အရှေ့အနောက် နှစ်ဖက်လုံးသုတ်မယ်ဆိုရင် ဧရိယာ ၃၅ မှ ၄၀ စတုရန်းပေ ခန့် ရှိပါတယ်။
​ပြတင်းပေါက်သံတိုင် (သံပန်း): အပေါက်တွေပါတဲ့အတွက် တွက်ရခက်ပေမဲ့ ပုံမှန်ပြတင်းပေါက် တစ်ချပ်စာ သံပန်းဆိုရင် ၁၅ မှ ၂၀ စတုရန်းပေ ခန့် တွက်ချက်နိုင်ပါတယ်။
​အဆင့် (၂) - ဆီဆေး ၁ ဂါလံရဲ့ သုတ်နိုင်စွမ်း (Coverage)
​ဆီဆေးဟာ ရေဆေးထက် ဆေးသားပိုပျစ်ပြီး ဧရိယာပိုကျယ်ကျယ် သုတ်နိုင်လေ့ရှိပါတယ်။
​ဆီဆေး ၁ ဂါလံ = ၄၀၀ မှ ၄၅၀ စတုရန်းပေ ခန့် (တစ်ထပ်သုတ်လျှင်)။
​အဆင့် (၃) - ဆေးပုံးအရေအတွက် တွက်ချက်ခြင်း
​ဆေးပုံးအရေအတွက် = (သုတ်မည့်ဧရိယာ x ၂ ထပ်) ÷ ၄၀၀

​(ဆီဆေးကို အလှပဆုံးဖြစ်အောင် ပုံမှန်အားဖြင့် ၂ ထပ် သုတ်ကြပါတယ်။)
​ဥပမာ တွက်ချက်ပုံ:
အိမ်က သစ်သားတံခါး (၅) ချပ်ကို ဆီးဆေးသုတ်မယ်ဆိုရင် -
၁။ တံခါး ၅ ချပ် x ၄၀ စတုရန်းပေ = ၂၀၀ စတုရန်းပေ
၂။ နှစ်ထပ်သုတ်မှာ ဖြစ်တဲ့အတွက် ၂၀၀ x ၂ = ၄၀၀ စတုရန်းပေ
၃။ ဆေး ၁ ဂါလံဟာ ၄၀၀ စတုရန်းပေ သုတ်နိုင်တဲ့အတွက် ဆေး ၁ ဂါလံပုံး (၁) ပုံး ဝယ်ရပါမယ်။

​🧪 ဆီဆေးကို ဘာနဲ့ရောရမလဲ?
​ဆီးဆေးဟာ ရေနဲ့ရောလို့မရပါဘူး။ သူ့အတွက် သီးသန့်ထုတ်ထားတဲ့ သံချေးတက်ဆန့်ကျင်ဆေး (Thinner) ဒါမှမဟုတ် တာပင်တိုင်ဆီ (Turpentine) နဲ့ ရောရပါတယ်။
​ရောစပ်ရမယ့် အချိုးအစား: ဆေးပမာဏရဲ့ ၁၀% မှ ၁၅% ဝန်းကျင်သာ ရောရပါမယ်။
​၁ ဂါလံပုံးအတွက်: Thinner (သို့) တာပင်တိုင်ဆီ ၀.၄ လီတာ (နို့ဆီဘူး ၂ ဘူးခွဲခန့်) ခန့်သာ ရောစပ်ပါ။

​💡 ဆီဆေးသုတ်ရာတွင် သိထားသင့်သည့် အချက်များ
​မျက်နှာပြင်ပြင်ဆင်မှု: သံထည်ဆိုရင် သံချေးအရင်ခြစ်ပါ၊ သစ်သားဆိုရင် စက္ကူပတ် (Sandpaper) နဲ့ အရင်ချောအောင် တိုက်ပါ။
​အောက်ခံဆေး (Undercoat): သံထည်ဆိုရင် Red Oxide (သံချေးတက်ကာကွယ်ဆေး) ကို အောက်ခံအရင်သုတ်ပေးမှ ဆေးသားပိုခိုင်ပါတယ်။
​ခြောက်သွေ့ချိန်: ဆီဆေးဟာ ရေဆေးထက် ခြောက်ချိန်ပိုကြာပါတယ်။ ပုံမှန်အားဖြင့် တစ်ထပ်နဲ့တစ်ထပ်ကြား ၆ နာရီမှ ၈ နာရီ ခန့် ကြာအောင် ထားသင့်ပါတယ်။

​ ဆီဆေးတွက်နည်းနှင့်တကွသုံးစွဲပုံပါပြောပြပေးထားလို့အားလုံးအတွက်အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ရှင့်...တခြားသူများလည်းသိရှိအောင်လို့လည်းမျှဝေပေးစေချင်ပါတယ်...
တခြားသိချင်တဲ့အကြောင်းအရာများလည်းမန့်ခဲ့ပေးနိုင်ပါတယ်...

Mother's Son Construction Co.,Ltd
☎☎09789299093
☎☎09985853287

🙏🙏🙏လူကြီးမင်းတို့ရဲ့ အိမ်လုံခြုံမှု့အတွက်မဖြစ်မနေ လုပ်ထားရမယ့် ခြံစည်းရိုးလေးတွေကို ဒီဇိုင်း အမျိုးမျိုးနဲ့ တာဝန်ယူတည်ဆေ...
27/01/2026

🙏🙏🙏လူကြီးမင်းတို့ရဲ့ အိမ်လုံခြုံမှု့အတွက်မဖြစ်မနေ လုပ်ထားရမယ့် ခြံစည်းရိုးလေးတွေကို ဒီဇိုင်း အမျိုးမျိုးနဲ့ တာဝန်ယူတည်ဆောက်ပေးနေပါတယ်။ မိမိ ကြိုက်နှစ်ရာ ဒီဇိုင်းများကို လာရောက်အပ်နှံ ပြီး ညိှနှိုင်းဖို့ရာ အသင့်ရှိနေပါပြီ။

🏨🏦🏨 အိမ်ဆောက်မလား❓

🚧🚧ခြံစည်းရိုးသီးသန့်ပဲလုပ်မလား❓

💝♊ ရေမြောင်းပြုလုပ်ချင်ပါသလား❓

မိမိပြုလုပ်မည့် ကိစ္စအဝဝကို ကျွန်တော်တို့ Mother's Son Construction Co.,Ltd မှ သင့်တင့်မျှတသော စျေးနှုန်းဖြင့် ဆောင်ရွက်ပေးနေပါပြီ ခင်ဗျ။
👉👉Page Messenger or Contact Ph.No
>>>>>>>>>>>>>>>>

❝အုတ်စီနည်း (၃) မျိုး❞ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေမှာ လက်တွေ့ လုပ်ကိုင်နေကြတဲ့ သူတွေနဲ့ လေ့လာနေသူများ အတွက် အမှန်တကယ် အသ...
26/01/2026

❝အုတ်စီနည်း (၃) မျိုး❞

ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေမှာ လက်တွေ့ လုပ်ကိုင်နေကြတဲ့ သူတွေနဲ့ လေ့လာနေသူများ အတွက် အမှန်တကယ် အသုံးဝင်စေမဲ့ အုတ်စီနည်း (၃) မျိုးကိုပြန်လည် ဝေမျှပေးလိုက်ပါတယ်ရှင့်

🧱🧱 𝟗'' လက်မ အုတ်ရိုးစီရာတွင်
(𝟏𝟎×𝟏𝟎) ပတ်လည် တစ်ကျင်း
အုတ်အလုံးရေ = 𝟏𝟎𝟒𝟎 ခဲ
အလျား = 𝟐𝟔 ခဲ, အနံ = 𝟒𝟗 ခဲ
𝟐𝟔×𝟒𝟎 = 𝟏𝟎𝟒𝟎 ခဲ ကုန်မည်ဖြစ်ပါသည်။

🧱 🧱 𝟒'' လက်မခွဲ အုတ်စီရာတွင်
(𝟏𝟎×𝟏𝟎) ပတ်လည် တစ်ကျင်း
အလျား = 𝟏𝟑ခဲ 𝟓မူး, အနံ (မြင့်) 𝟒𝟎 ခဲ
𝟏𝟑/𝟓×𝟒𝟎 = 𝟓𝟒𝟎 ကုန်မည်ဖြစ်ပါသည်။

(အုတ်တစ်လုံးကို တစ်ကျပ်လို့ သဘောထားပါ၊ တစ်ကျပ်ရဲ့ နှစ်ပိုင်းတစ်ပိုင်းကို 𝟓မူးဟု သတ်မှတ်ပါသည်)

🧱 🧱 𝟗'' လက်မအုတ် ရိုးနစ်ကျင်းစီရာတွင်
ဘိလပ်မြေ 𝟏×𝟒 အချိုး (𝟔) အိတ် ကုန်မည်ဖြစ်ပါသည်။

🧱 🧱 𝟒''လက်မခွဲ တစ်ကျင်း အုတ်စီရာတွင်
𝟏×𝟒 အချိုး ဘိလပ်မြေ နှစ်အိပ်၊ နှစ်အိပ်တစ်ပိုင်း ကုန်မည်ဖြစ်ပါသည်။

🧱 🧱 𝟗'' လက်မအုတ် ရိုးစီရာတွင် အလွှားမထက်ရအောင် စုံ၊ မ ခွဲခြားစီတတ်ဖို့လိုပါတယ်။

🧱 🧱 𝟑-𝟓-𝟕-𝟗 မ ဂဏန်း များတွင် ဒမ်စီပြီး သွားရပါမည် ဖြစ်ပါသည်။

🧱 🧱 𝟐-𝟒-𝟔-𝟖 စုံ ဂဏန်း များတွင် အကွက်ဖော်ပြီးစီးသွားရပါမည်ဖြစ်ပါသည်။

🧱 🧱 အုတ်များကြားတွင် မဆလာ (𝟓) မူး ပုံမှန်ရှိရမည်ဖြစ်ပါသည်၊ ထိုမှသာလျှင် ခိုင်ခန့်ပြီး သေသပ်မူရှိမည် ဖြစ်ပါသည်။

🧱 🧱 အုတ်စီရာတွင် ဂျပန်ကွက် အုတ်စီနည်းနှင့် တရုတ်ကွက်အုတ်စီနည်းဟူ၍ အကွက်ရိုက်နည်း နှစ်မျိုးခွဲခြားထားပါသေးတယ်။

🧱 🧱 ဂျပန် ကွက်မှာ အလျား (𝟐) ခဲ အနံ (𝟐) ခဲ ဖြင့် ပုံမှန် သွားရမည် ဖြစ်ပါသည်။

🧱 🧱 တရုတ်ကွက်မှာ အလျား (𝟐) ခဲ အနံ (𝟏) ခဲဖြစ်ပါတယ်။

(ပိုခိုင်ခံ့တဲ့ ပုံစံကို လိုချင်တယ်ဆိုရင်တော့ ဂျပန်ကွက်ဖြင့် အုတ်စီရမည်ဖြစ်ပါသည်)

လူကြီးမင်းတို့ အတွက် ဒီ 𝐏𝐨𝐬𝐭 လေးက အမှန်တကယ် အကျိုးရှိစေလိမ့်မယ်လို့ မျှော်လင့်ပါတယ်နော် ☺️☺️☺️
Mother's Son Construction Co.,Ltd
☎☎09789299093
☎☎09985853287
😍😍😍😍😍

Mother's Son Construction Co.,Ltd  မှ ပေ(20×60)  မြေနေရာ ပေါ်မှာ (17×40)ပေ RC 2 Storyed ကို သိန်း(1580)ဖြင့် နေအိမ်လှလှလ...
25/01/2026

Mother's Son Construction Co.,Ltd မှ ပေ(20×60) မြေနေရာ ပေါ်မှာ
(17×40)ပေ RC 2 Storyed ကို
သိန်း(1580)ဖြင့် နေအိမ်လှလှလေးတွေကို တာဝန်ယူ တည်ဆောက်ပေးနေပါပြီ ခင်ဗျ။

ပါဝင်မည့် ခန်းဖွဲ့လေးတွေကတော့
ဘုရားခန်း - ဧည့်ခန်း - အိပ်ခန်း - မီးဖိုခန်း - အိမ်သာ / ရေချိုးခန်း တို့ဖြင့်ပါဝင်ဖွဲ့စည်း ထားပြီး ရေ ၊ မီး ၊ ဆေး အပြီးအစီး အသင့်နေရုံဖြင့် တာဝန်ယူတည်ဆောက်ပေးသွား မှာဖြစ်တဲ့အပြင်

ပါဝင်အသုံးပြုမည့်ပစ္စည်းများ
=================
🏠🏠🏠 အိမ်အဝင်တံခါးမကြီးနှင့်အိပ်ခန်းတံခါးများကိုပျဉ်းကတိုးကျည်းဘောင် ကျွန်းတံခါးများ တပ်ဆင်ပေးခြင်း။

🏠🏠🏠 အိမ်ပြတင်းပေါက်များကို (PVC) တံခါးများတပ်ဆင်ပေးခြင်း။

🏠🏠🏠 ဧည့်ခန်းနှင့်အိပ်ခန်းများကို ကြွေပြားများခင်းပေးခြင်း။

🏠🏠🏠 မီးဖိုခန်းအခင်းများကို ကြွေပြားများခင်းကျင်းပေးခြင်း။

🏠🏠🏠 အိမ်သာရေချိုးခန်းအခင်းနှင့်နံရံအမြင့် 6' ပေထိကြွေပြားများကပ်ပေးပြီး ဘိုထိုင် ၊ ဘေစင် ၊ ရှာဝါတပ်ဆင်ပေးခြင်း။

🏠🏠🏠 1000 liter ရေတိုင်ကီထည့်ပေးခြင်း။

🏠🏠🏠 မီးဖိုခုံပြုလုပ်ပေးခြင်း။

🏠🏠🏠 ပလာစတာဘုတ်+ဂျက်ဆင်ဘုတ်ဖြင့်မျက်နှာကျက်တပ်ဆင်ပေးခြင်း။

🏠🏠🏠 ရေလိုင်းများကိုနံရံအမြုပ်&အကပ်ပြုလုပ်ပေးခြင်း။

🏠🏠🏠 လျှပ်စစ်မီး ဆော့ကပ်များ တပ်ဆင်ထားပေးခြင်း။

🏠🏠🏠 နံရံများကိုပတ်တီး 2 ကုပ်၊ဆီလာ ခံဆေး 1 ကုပ် ၊ ကာလာ 2 ကုပ်ပြုလုပ်ပေးပါသည်။

အထက်ပါဝင်ပစ္စည်းများကို အိမ်ရှင်စိတ်ကြိုက်ညှိနှိုင်းပြောင်းလဲပေးပါသည်။

အသေးစိတ်အချက်အလက်များကိုဆွေးနွေးတိုင်ပင်အကြံပေးချင်/ မေးမြန်းချင်ပါက 𝗽𝗮𝗴𝗲 𝗺𝗲𝘀𝘀𝗲𝗻𝗴𝗲𝗿 မှ ဆက်သွယ်နိုင်သလိုအောက်ပါဖုန်းနံပါတ်ကိုလဲစုံစမ်းမေးမြန်းနိုင်ပါတယ်။

ဆက်သွယ်ရန်
⬇️⬇️⬇️⬇️⬇️⬇️

📲 09789299093 (𝚅𝚒𝚋𝚎𝚛 / 𝚆𝚑𝚊𝚝𝚜𝙰𝚙𝚙)
📲 09985853287

🙏🙏🙏မင်္ဂလာပါ🙏🙏🙏👉👉  လူကြီးမင်းတို့၏ အဖိုးတန်လှသော မြေကွက်များကို တန်ဖိုးပိုမိုမြင့်မားစေရန်နှင့် ပိုမိုလုံခြုံ စိတ်ချမှု၊...
24/01/2026

🙏🙏🙏မင်္ဂလာပါ🙏🙏🙏
👉👉 လူကြီးမင်းတို့၏ အဖိုးတန်လှသော မြေကွက်များကို တန်ဖိုးပိုမိုမြင့်မားစေရန်နှင့် ပိုမိုလုံခြုံ စိတ်ချမှု၊ကျူးကျော်ဝင်ရောက်မှုများမှ ကာကွယ်နိုင်ရန်
ကျနော်တို့ Mother's Son Construction Co.,Ltd မှလှပသော ခြံစည်းရိုးဒီဇိုင်းများဖြင့် ပုံဖော်ပံ့ပိုးပေးလျက်ရှိပါတယ် ခင်ဗျ။
👉👉RC Column နဲ့လား❓
👉👉 Brick Column နဲ့လား❓
👉👉Hollow သံပန်းအလှနဲ့လား❓
👉👉Sreel အလှဆင် ဒီဇိုင်းလေး နဲ့လား❓

➡➡➡ လူကြီးမင်းတို့၏ စိတ်တိုင်းကျအတိုင်း အသက်သာဆုံးစျေးနှုန်းများဖြင့်Mother's Son Construction Co.,Ltd မှပြုလုပ်ပေးနေပါတယ် ခင်ဗျ။
Page Messenger or We Chat or Viber
☎☎☎99789299093
☎☎☎09985853287

🙏ဗုဒ္ဓံ 🙏ဓမ္မံ 🙏သံဃံ သိန်း(680) ရှိရုံနဲ့ အိမ်လှလှလေးတစ်လုံးပိုင်ဆိုင်နိုင်ပါပြီးဗျမင်္ဂလာရှိသောနေ့လေးမှာ အိမ်ဒီဇိုင်းလှ...
24/01/2026

🙏ဗုဒ္ဓံ 🙏ဓမ္မံ 🙏သံဃံ
သိန်း(680) ရှိရုံနဲ့ အိမ်လှလှလေးတစ်လုံးပိုင်ဆိုင်နိုင်ပါပြီးဗျ
မင်္ဂလာရှိသောနေ့လေးမှာ အိမ်ဒီဇိုင်းလှလှလေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျ

🤞🤞 အိမ်ဒီဇိုင်းလှလှလေး ကြိုက်နှစ်သက်သော မိတ်ဆွေ လူကြီးမင်းများအတွက်..

ကျွန်တော်တို့ Mother's Son Construction Co.,Ltd မှ လူကြီးမင်းများ၏ စိတ်ကူးယဥ် အိမ်မက်လေးကို အကောင်အထည်နိုင်ဖော်ရန်အိမ်လှလှလေးနဲ့ မိတ်ဆက်ပေးပါရစေ👉👉👉👉
လူကြီးမင်း၏(20×60)မြေပေါ်မှာဆောက်လို့ရမယ့်အိမ်လေးပါဗျ

အိမ်အကျယ်ဝန်း(17×40)ပေအကျယ်ဝန်းလေးပါဗျ

မှတ်ချက်။ ။အိပ်ခန်းများအား တိုင်ပင်ဆွေးနွေးနိုင်ပါတယ်

Design and Planများကိုလည်း အင်ဂျင်နီယာနှင့် အိမ်ရှင်သဘောကျ ညှိနိူင်းဆွဲပေးပါ
တယ်ဗျ****Engineering Teamရှိပါတယ်ဗျ****
ရေ မီး ဆေး မျက်နှာကျက် ကြွေပြားခင်း အပြီးအစီး လူအသင့်နေရုံလေးကိုမှ............

Rc Type သိန်း(680)တိတိ

ကျသင့်ပါမည်
မှတ်ချက်။ ။အဆောက်ဦးများကို လူကြီးမင်းများရဲ့ခြံကွက်ပေါ်မူတည်ပြီး ချုံ့နိုင် ချဲ့နိုင်ပါတယ်ဗျ
ပါဝင်မှု
အိပ်ခန်း (အခန်းဖွဲ့များ တိုင်ပင်ဆွေးနွေးနိုင်)
(Living Room- Kitchen+ Dinning Room)
ရေ
မီး
ဆေး ( ပတ်တီး 2 ကုပ် ရှီလာ 1 ကုပ် ဆေး2ကုပ်)( ဆေးရောင်များကို အိမ်ရှင်စိတ်တိုင်းကျ အရောင်ရွေးပေးလို့ရပါမည်)
မျက်နှာကြက် ( ဒီဇိုင်းဆန်းလေးများ)
အောက်ကြမ်းခင်း ( ကြွေပြား)
Maindoor (ကျွန်းသစ်)
အိပ်ခန်းတံခါး (ကျွန်းသစ်)
ပြတင်းပေါက် (pvc)
အိမ်သာရေချိုးခန်း (ဘိုထိုင်၊ရေဗန်း ၊ နံရံ5 ပေကြွေပြားကပ်ပေးခြင်း
မှတ်ချက် ။ ။ ထည့်ဝင်ပစ္စည်းများ စာချုပ်တွင်ထည့်သွင်းချုပ်ဆိုပြီး တိုင်ပင်ဆွေးနွေးနိုင် ပါသည်)
ငွေပေးချေမှု
မိတ်ဆွေအနေနဲ့လုပ်ငန်းအပ်နှံရာတွင်လဲ ငွေပေးချေမှုကို အဆင်ပြေစေနိုင်ရန် ကျွန်​ေတာ်တို့ဘက်အား (9) ရစ်ခွဲပီးပေးဆောင်နိုင်ပါတယ်ဗျ

ငွေပေးချေမှု (9) ရစ်

စာချုပ်သည်နေ့ 5%

လူရောက် ပစ္စည်း ချမည့်နေ့ 25%

ဖောင်ဒေးရှင်း ပြီသည့်နေ့ 10%

တိုင်ထောင် စသည့်နေ့ 10%

အုတ်စီစသည့်နေ့ 10%

အချောစဝင်သည့်နေ့ 10%

အမိုး စသည့်နေ့ 10%

ရေမီးဆေး စဝင်သည့်နေ့ 15%

အိမ်ရှင် ကိုအိမ်အပ်သည်နေ့ 5%

စာချုပ်ချုပ်ဆိုမှုမှာလဲ ပါဝင်ပစ္စည်းများ ၊ ဆောက်လုပ်ချိန် များကိုလဲ ထည့်သွင်းချုပ်ဆိုသွားမှာဖြစ်ပြီး စာချုပ်ပါအတိုင်းအတိအကျအသုံးပြုပေးသွားမှာပါဗျ
အသေးစိတ်အချက်အလက်တွေကိုဆွေးနွေးတိုင်ပင်အကြံပေးချင်ပါက page messenger မှ ဆက်သွယ်နိုင်သလိုအောက်ပါဖုန်းနံပါတ်ကိုလဲစုံစမ်းမေးမြန်းနိုင်ပါတယ်
ဆက်သွယ်ရန်
>>>>>>>>>>
☎☎09789299093
☎☎0985853287

လူကြီးမင်း၏ စိတ်ကူးအိမ်မက်များကို ဖန်တီးပေးနိုင်ရန် အမြဲကြိုးစားလျက်ပါ ခင်ဗျ။
crd 🙏🙏🙏

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Mother's Son Construction Co.,Ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share