Forbes Marshall Myanmar

Call Directions Website Contact the business

Forbes Marshall Myanmar Steam and Instrumentation Solutions for Every Industry Application.

We would like to invite Myanmar Customers to Join us at Boiler India 2026 to discuss tailored thermal efficiency, steam...
07/10/2026

We would like to invite Myanmar Customers to Join us at Boiler India 2026 to discuss tailored thermal efficiency, steam system optimisation, and asset uptime with our experts!

Learn more: https://zurl.co/d6asM

📍 Venue: Stall No: A1, Hall A, CIDCO Exhibition and Convention Centre, Navi Mumbai

📅 Date: 8–10 October, 2026

10/09/2026

ဒီတပတ်မှာတော့ Steam Operated Pump Trap ရဲ့ working principle လေး မျှဝေပေးလိုက်ပါတယ် 💁‍♂️💁‍♀️

Stall Condition ကြောင့် Process Efficiency ကျဆင်းနေပါသလား?

Steam system တွေမှာ Condensate ကို ထိရောက်စွာ မဖယ်ရှားနိုင်တဲ့အခါ Stall Condition ဖြစ်ပေါ်နိုင်ပြီး Energy Consumption တိုးလာခြင်း၊ Process Efficiency ကျဆင်းခြင်း၊ Productivity နှင့် Product Quality ထိခိုက်ခြင်းတို့ ဖြစ်ပေါ်နိုင်ပါတယ်။

ဒီလိုအခြေအနေတွေအတွက် Forbes Marshall Steam Operated Pump Trap (SOPT) က ယုံကြည်စိတ်ချရတဲ့ solution တစ်ခုဖြစ်ပါတယ်။

✅ Trapping Mode နှင့် Pumping Mode နှစ်မျိုးစလုံးဖြင့် လုပ်ဆောင်နိုင်ခြင်း
✅ Process Condition အလိုက် Mode ကို အလိုအလျောက် ပြောင်းလဲပေးနိုင်ခြင်း
✅ Condensate Flow Rate နှင့် Stall Load အမျိုးမျိုးကို ကိုင်တွယ်နိုင်ခြင်း
✅ Process Efficiency နှင့် Product Quality ကို ထိန်းသိမ်းပေးနိုင်ခြင်း

Stall Condition ကို ထိရောက်စွာ ဖြေရှင်းပြီး သင့် Steam System ရဲ့ Performance ကို မြှင့်တင်လိုက်ပါ။

Forbes Marshall Steam Operated Pump Trap — Efficient Condensate Evacuation, Reliable Process Performance.

⚙️ ပျက်စီးနေတဲ့ Steam Trap တွေက သင့်စက်ရုံရဲ့ လည်ပတ်မှုအမြတ်အစွန်းတွေကို မသိမသာ ဆုံးရှုံးစေနေပါသလား။ 💡စနစ်တကျ စီမံခန့်ခွ...
19/08/2026

⚙️ ပျက်စီးနေတဲ့ Steam Trap တွေက သင့်စက်ရုံရဲ့ လည်ပတ်မှုအမြတ်အစွန်းတွေကို မသိမသာ ဆုံးရှုံးစေနေပါသလား။ 💡

စနစ်တကျ စီမံခန့်ခွဲမှုမရှိတဲ့ Steam System တစ်ခုမှာ Steam Trap ပျက်စီးမှုနှုန်းဟာ 15% ကနေ 30% အထိ အလွယ်တကူ ရောက်ရှိသွားနိုင်ပါတယ်။

ဒါဟာ တန်ဖိုးရှိလှတဲ့ Boiler Fuel (လောင်စာ) တွေကို လေလွင့်ပြုန်းတီးစေရုံတင်မကဘဲ -
❌ ထုတ်လုပ်မှု လုပ်ငန်းစဉ်ရဲ့ စိတ်ချယုံကြည်ရမှုကို ထိခိုက်စေခြင်း
❌ Batch Time (ထုတ်လုပ်မှုအချိန်) တွေကို ပိုမိုကြာမြင့်စေခြင်း
❌ ပြင်းထန်တဲ့ Water Hammer အန္တရာယ်တွေကို ဖြစ်ပေါ်စေခြင်း စတဲ့ ဆိုးကျိုးတွေကိုပါ ဖြစ်ပေါ်စေပါတယ်။

ပြဿနာတက်မှ လိုက်ရှင်းတဲ့ ပြုပြင်ထိန်းသိမ်းမှုမျိုး မဟုတ်ဘဲ၊ ထိရောက်ပြီး စနစ်တကျ ကြိုတင်ကာကွယ်တဲ့ Proactive Maintenance ချဉ်းကပ်မှုကသာ စက်ရုံအတွက် အမှန်တကယ် လိုအပ်တဲ့ အဖြေတစ်ခု ဖြစ်ပါတယ်။

🛠️ အဆင့် (၄) ဆင့်ပါဝင်သော Steam Trap Management Roadmap

1️⃣ Steam Trap Database ပြုစုခြင်း
စက်ရုံအတွင်းရှိ Steam Trap အားလုံး၏ တည်နေရာနှင့် အချက်အလက်များကို စနစ်တကျ မှတ်တမ်းတင် စာရင်းပြုစုခြင်း။

2️⃣ Audit နှင့် ကြံ့ခိုင်မှု စစ်ဆေးခြင်း
Steam Trap များ၏ လက်ရှိ လုပ်ဆောင်ချက်နှင့် အခြေအနေကို စနစ်တကျ စစ်ဆေးဆန်းစစ်ခြင်း။

3️⃣ အမျိုးအစားခွဲခြားခြင်းနှင့် ဆုံးရှုံးမှု တွက်ချက်ခြင်း
လုပ်ဆောင်ချက် အခြေအနေပေါ်မူတည်၍ ခွဲခြားပြီး Steam လေလွင့်မှုနှင့် ကုန်ကျစရိတ် ဆုံးရှုံးမှုများကို တွက်ချက်ခြင်း။

4️⃣ ပြုပြင်ခြင်း၊ SOP ကျင့်သုံးခြင်းနှင့် လေ့ကျင့်သင်တန်းပေးခြင်း
ပျက်စီးနေသည်များကို ပြုပြင်/လဲလှယ်ခြင်း၊ SOPs များ စနစ်တကျ ချမှတ်ခြင်းနှင့် ရေရှည်စွမ်းဆောင်ရည် ထိန်းသိမ်းနိုင်ရန် စက်ရုံဝန်ထမ်းများကို လေ့ကျင့်သင်တန်းပေးခြင်း။

📞 သင့်စက်ရုံရဲ့ Steam System စွမ်းဆောင်ရည်ကို မြှင့်တင်ပြီး ကုန်ကျစရိတ်တွေကို လျှော့ချချင်တယ်ဆိုရင် ယနေ့ပဲ 09-797021116, 797021118, 797021119 ကို ဆက်သွယ်စုံစမ်းလိုက်ပါ။

မင်္ဂလာပါ ခင်ဗျာ 🧑‍🏭👩‍🏭ဒီတစ်ခါမှာတော့ Forbes Marshall ၏ latest model ဖြစ်တဲ့ Cx 2000 Online Wastewater monitoring System...
10/08/2026

မင်္ဂလာပါ ခင်ဗျာ 🧑‍🏭👩‍🏭
ဒီတစ်ခါမှာတော့ Forbes Marshall ၏ latest model ဖြစ်တဲ့ Cx 2000 Online Wastewater monitoring System လေးအကြောင်း မျှဝေပေးလိုက်ပါတယ် 💁🏻‍♂️💁🏼‍♀️

လူကြီးမင်းတို့ စက်ရုံကထွက်တဲ့ စွန့်ပစ်ရေ (Waste Water) တွေကို ပုံမှန်လိုမျိုး Sample ယူ၊ Lab ကိုပို့ပြီး စစ်ဆေးနေရတုန်းပဲလား❓ Lab က အဖြေထွက်ဖို့ စောင့်ရတဲ့အတွက် အချိန်တွေကုန်သလို၊ တကယ်လို့ သတ်မှတ်ချက်ထက် ကျော်လွန်နေရင်လည်း အချိန်မီမသိနိုင်တဲ့အတွက် စိုးရိမ်ရတဲ့ ပြဿနာတွေ ရှိနေမှာပါ။

အခုဆိုရင်တော့ ဒီအခက်အခဲအားလုံးကို Forbes Marshall ရဲ့ Latest Model ဖြစ်တဲ့ Cx 2000 Online Wastewater Monitoring System က အကောင်းဆုံး ဖြေရှင်းပေးနိုင်ပါပြီ။ ✨
💡 Cx 2000 ရဲ့ ထူးခြားတဲ့ အားသာချက်များ
* Real-Time Data tracking: Lab ကို သွားစရာမလိုဘဲ သတ်မှတ်ထားတဲ့ Check point ကနေ စွန့်ပစ်ရေရဲ့ အခြေအနေကို တိုက်ရိုက်တိုင်းတာပေးမှာဖြစ်ပြီး Real data တွေကို မိမိတို့ရဲ့ Laptop, Computer ဒါမှမဟုတ် Smart Phone ထဲကနေ တခါတည်း အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်ပါတယ်။
* Smart Alarm System: အလိုအလျောက် သတိပေးစနစ် (Alarm System) ပါဝင်တဲ့အတွက် စွန့်ပစ်ရေရဲ့ Quality ကိုလဲ သိရှိနိုင်ပြီး Government norms အရ ကိုက်ညီမှု ရှိ၊မရှိ ကိုလဲ ပြန်လည်စိစစ်နိုင်ပါတယ်။

ဒီလို ခေတ်မီပြီး တိကျတဲ့ Online Wastewater Monitoring System ကို အခုဆိုရင် မြန်မာနိုင်ငံက နာမည်ကြီး စက်ရုံ၊ အလုပ်ရုံ အတော်များများမှာလည်း ယုံကြည်စိတ်ချစွာ တပ်ဆင်အသုံးပြုနေကြပြီ ဖြစ်ပါတယ်။ 🇲🇲
သင့်စက်ရုံရဲ့ လုပ်ငန်းခွင် ပိုမိုမြန်ဆန် စမတ်ကျလာဖို့နဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှု စံနှုန်းတွေ ပြည့်မီဖို့အတွက် Cx 2000 က အသင့်တော်ဆုံး ရွေးချယ်မှုပါပဲ။
📥 Forbes Marshall Cx 2000 စနစ်နဲ့ ပတ်သက်ပြီး အသေးစိတ် စုံစမ်းမေးမြန်းလိုပါက Page Chat Box ကနေတဆင့် ဖြစ်စေ၊ အောက်ပါဖုန်းနံပါတ်များမှ တဆင့် ဆက်သွယ်စုံစမ်းနိုင်ပါပြီခင်ဗျာ။

09797021116
09797021118
09797021119

ဝါဆို လပြည့်နေ့ - ဓမ္မစကြာ အခါတော်နေ့ ဝါတွင်းကာလလေးမှာ ဘေးရန်အပေါင်း ကင်းဝေးပြီး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပါစေ 🙏🙏🙏  #ဝါဆ...
29/07/2026

ဝါဆို လပြည့်နေ့ - ဓမ္မစကြာ အခါတော်နေ့

ဝါတွင်းကာလလေးမှာ ဘေးရန်အပေါင်း ကင်းဝေးပြီး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပါစေ 🙏🙏🙏


#ဝါဆိုလပြည့်နေ့

15/07/2026

မင်္ဂလာပါ ခင်ဗျာ 🧑‍🏭👩‍🏭
ဒီတစ်ခါမှာတော့ Forbes Marshall ၏ latest model ဖြစ်တဲ့ Cx 2000 Online Wastewater monitoring System လေးအကြောင်း မျှဝေပေးလိုက်ပါတယ် 💁🏻‍♂️💁🏼‍♀️

လူကြီးမင်းတို့ စက်ရုံကထွက်တဲ့ စွန့်ပစ်ရေ (Waste Water) တွေကို ပုံမှန်လိုမျိုး Sample ယူ၊ Lab ကိုပို့ပြီး စစ်ဆေးနေရတုန်းပဲလား❓ Lab က အဖြေထွက်ဖို့ စောင့်ရတဲ့အတွက် အချိန်တွေကုန်သလို၊ တကယ်လို့ သတ်မှတ်ချက်ထက် ကျော်လွန်နေရင်လည်း အချိန်မီမသိနိုင်တဲ့အတွက် စိုးရိမ်ရတဲ့ ပြဿနာတွေ ရှိနေမှာပါ။

အခုဆိုရင်တော့ ဒီအခက်အခဲအားလုံးကို Forbes Marshall ရဲ့ Latest Model ဖြစ်တဲ့ Cx 2000 Online Wastewater Monitoring System က အကောင်းဆုံး ဖြေရှင်းပေးနိုင်ပါပြီ။ ✨
💡 Cx 2000 ရဲ့ ထူးခြားတဲ့ အားသာချက်များ
* Real-Time Data tracking: Lab ကို သွားစရာမလိုဘဲ သတ်မှတ်ထားတဲ့ Check point ကနေ စွန့်ပစ်ရေရဲ့ အခြေအနေကို တိုက်ရိုက်တိုင်းတာပေးမှာဖြစ်ပြီး Real data တွေကို မိမိတို့ရဲ့ Laptop, Computer ဒါမှမဟုတ် Smart Phone ထဲကနေ တခါတည်း အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်ပါတယ်။
* Smart Alarm System: အလိုအလျောက် သတိပေးစနစ် (Alarm System) ပါဝင်တဲ့အတွက် စွန့်ပစ်ရေရဲ့ Quality ကိုလဲ သိရှိနိုင်ပြီး Government norms အရ ကိုက်ညီမှု ရှိ၊မရှိ ကိုလဲ ပြန်လည်စိစစ်နိုင်ပါတယ်။

ဒီလို ခေတ်မီပြီး တိကျတဲ့ Online Wastewater Monitoring System ကို အခုဆိုရင် မြန်မာနိုင်ငံက နာမည်ကြီး စက်ရုံ၊ အလုပ်ရုံ အတော်များများမှာလည်း ယုံကြည်စိတ်ချစွာ တပ်ဆင်အသုံးပြုနေကြပြီ ဖြစ်ပါတယ်။ 🇲🇲
သင့်စက်ရုံရဲ့ လုပ်ငန်းခွင် ပိုမိုမြန်ဆန် စမတ်ကျလာဖို့နဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှု စံနှုန်းတွေ ပြည့်မီဖို့အတွက် Cx 2000 က အသင့်တော်ဆုံး ရွေးချယ်မှုပါပဲ။
📥 Forbes Marshall Cx 2000 စနစ်နဲ့ ပတ်သက်ပြီး အသေးစိတ် စုံစမ်းမေးမြန်းလိုပါက Page Chat Box ကနေတဆင့် ဖြစ်စေ၊ အောက်ပါဖုန်းနံပါတ်များမှ တဆင့် ဆက်သွယ်စုံစမ်းနိုင်ပါပြီခင်ဗျာ။

09797021116
09797021118
09797021119

အားလုံးဘဲ မင်္ဂလာပါ ခင်ဗျာ 🙋‍♂️🙋‍♀️စက်ရုံ၊ အလုပ်ရုံတွေမှာ လျှပ်စစ်မီး (Electricity) ကို စနစ်တကျ မီတာတိုင်းတာပြီး အလေအလွင...
18/06/2026

အားလုံးဘဲ မင်္ဂလာပါ ခင်ဗျာ 🙋‍♂️🙋‍♀️

စက်ရုံ၊ အလုပ်ရုံတွေမှာ လျှပ်စစ်မီး (Electricity) ကို စနစ်တကျ မီတာတိုင်းတာပြီး အလေအလွင့် မရှိအောင် ထိန်းချုပ်ကြသလိုပဲ... တကယ်တော့ ရေ (Water) 💦, Diesel ⛽️နဲ့ ရေနွေးငွေ့ (Steam) ♨️ကလည်း စက်ရုံရဲ့ အဓိက ကုန်ကျစရိတ်ဖြစ်တဲ့အတွက် အမြဲတမ်း တိုင်းတာ စစ်ဆေးနေဖို့ လိုအပ်ပါတယ် 📏📋

ကိုယ့်စက်ရုံမှာ တစ်လ ဒါမှမဟုတ် တစ်နှစ်ကို Water, Diesel နဲ့ Steam ဘယ်လောက် ပမာဏ သုံးစွဲနေလဲဆိုတာကို တိတိကျကျ သိထားမှသာ
✅ အသုံးများနေလား၊ နည်းနေလားဆိုတာ ဝေဖန်ဆန်းစစ်နိုင်မယ်။
✅ ကိုယ့်စက်ရုံရဲ့ ထုတ်လုပ်မှုနှုန်း (Production Output) နဲ့ ကုန်ကျစရိတ် ကိုက်ညီရဲ့လားဆိုတာ တွက်ချက်နိုင်မယ်။
✅ ပိုက်လိုင်းတွေထဲမှာ ယိုစိမ့်မှု (Leakage) နဲ့ အလေအလွင့် (Losses) ရှိနေရင် ချက်ချင်း သိရှိပြီး ပြင်ဆင်နိုင်မယ်။

ဒါကြောင့် စက်ရုံတိုင်းမှာ မရှိမဖြစ် တပ်ဆင်ထားသင့်တာကတော့ ကမ္ဘာကျော် Brand တစ်ခုဖြစ်တဲ့ **Forbes Marshall** ရဲ့ **Steam & Water Flow Meters** တွေပဲ ဖြစ်ပါတယ်။
Forbes Marshall ကနေ စက်ရုံတစ်ခုချင်းစီရဲ့ လိုအပ်ချက်၊ ပိုက်လိုင်း အတိုင်းအတာနဲ့ လုပ်ငန်းခွင် အခြေအနေအလိုက် အကောင်းဆုံး ရွေးချယ်နိုင်မယ့် Flow Meter အမျိုးအစားပေါင်းများစွာကို ထုတ်လုပ်ပေးထားပါတယ်

ကုန်ကျစရိတ်တွေကို အမှန်တကယ် လျှော့ချပြီး အလေအလွင့်မရှိတဲ့ (Efficient) ဖြစ်တဲ့ စက်ရုံတစ်ခုအဖြစ် လည်ပတ်နိုင်ဖို့ Forbes Marshall Flow Meters တွေကို အခုပဲ စနစ်တကျ ရွေးချယ်တပ်ဆင်လိုက်ပါ။
💡 *Forbes Marshall Flow Meters အမျိုးအစားများနှင့် စက်ရုံပိုက်လိုင်းအလိုက် အသင့်တော်ဆုံး ဖြစ်မယ့် Setup ကို အသေးစိတ် စုံစမ်းမေးမြန်းလိုပါက Chat Box (or) အောက်ပါ ဖုန်းနံပါတ်များမှ တဆင့် ဆက်သွယ်နိုင်ပါတယ်

09797021116
09797021118
09797021119

30/05/2026

Flash Jet Pump Working Principle အလုပ်လုပ်ပုံနှင့် အကျိုးကျေးဇူးများ ⚙️♨️

အားလုံးပဲ မင်္ဂလာပါခင်ဗျာ 🙏
ဒီတစ်ပတ်မှာတော့ ကျွန်တော်တို့ Forbes Marshall ရဲ့ Global Patent ရရှိထားသော Product တစ်ခုဖြစ်တဲ့ Flash Jet Pump ၏ Working Principle (အလုပ်လုပ်ပုံ) ကို ဝေမျှပေးလိုက်ပါတယ်💁🏻‍♂️

💡 Flash Jet Pump ကြောင့် ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိနိုင်မလဲ?

လောင်စာဆီကုန်ကျစရိတ် 5% အထိ သက်သာစေခြင်း (Fuel Saving):
မှန်ကန်သော Mechanical type - Flash and Condensate Recovery စနစ်ကြောင့် Flash steam များ လေလွင့်ဆုံးရှုံးမှုမရှိဘဲ Recovery ပြန်ယူပေးနိုင်ပါတယ်။ ဒါ့အပြင် Feed Water Tank ရဲ့ Temperature ကိုလည်း 60°C ဝန်းကျင်မှ 90°C နှင့်အထက်သို့ အမြဲရှိနေအောင် မြှင့်တင်ပေးနိုင်တဲ့အတွက် Fuel saving 5% ထိ သိသိသာသာ သက်သာစေမှာဖြစ်ပါတယ်။

Boiler သက်တမ်းကို ပိုမိုရှည်ကြာစေခြင်း (Boiler Protection):
Feed Water Tank ရဲ့ အပူချိန် 90°C နှင့်အထက် အမြဲရှိနေခြင်းကြောင့် Tank အတွင်း Oxygen ပျော်ဝင်မှု မရှိတော့သလောက် နည်းပါးသွားပါတယ်။ ထို့ကြောင့် Boiler တွင် ဖြစ်တတ်သော Thermal shock ဖြစ်ခြင်းနှင့် Corrosion (သံချေးတက်ခြင်း) ပြဿနာများကို လုံးဝကင်းဝေးစေပြီး သက်တမ်းကို ပိုမိုရှည်ကြာစေပါတယ်။

🛠️ Forbes Marshall Myanmar ရဲ့ ဝန်ဆောင်မှုများ

ကျွန်တော်တို့ Forbes Marshall Myanmar အနေနဲ့ Steam System နှင့် Control Instrumentation ပိုင်းတွင်-
Technical Consultation (အကြံပေးခြင်း)
Products Supply & Installation (ပစ္စည်းပံ့ပိုးခြင်းနှင့် တပ်ဆင်ခြင်း)
Commissioning & Supervision (စမ်းသပ်လည်ပတ်ခြင်းနှင့် ကြီးကြပ်ခြင်း)
Monthly After Sales Service (လစဉ်အာမခံဝန်ဆောင်မှုများ) ကို စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိပါသည်။

လူကြီးမင်းတို့ စက်ရုံ၊ အလုပ်ရုံများရှိ Utility တစ်ခုဖြစ်တဲ့ Steam System ကို သုံးစွဲမှု အသက်သာဆုံးနှင့် Process Efficiency အကောင်းဆုံးဖြစ်စေဖို့အတွက် Forbes Marshall, Myanmar မှ ကျွမ်းကျင်ပညာရှင်များက အမြဲတမ်း အကောင်းဆုံးဝန်ဆောင်မှု ပေးနေပါတယ်ခင်ဗျာ။

📈 Steam System နဲ့ ပတ်သက်လာရင် ယုံကြည်စိတ်ချရဆုံးနဲ့ အကောင်းဆုံး ရလဒ်အတွက် Forbes Marshall Myanmar ကို အခုပဲ ရွေးချယ်လိုက်ပါ။
☎️ အသေးစိတ် ဆက်သွယ်စုံစမ်းလိုပါက -
📞 09 797021116
📞 09 797021118
📞 09 797021119

22/05/2026

🏭 Forbes Marshall ရဲ့ Compact Module Thermodynamic Trap: အလုပ်လုပ်ပုံနှင့် အားသာချက်များ ⚙️

အားလုံးပဲ မင်္ဂလာပါ ခင်ဗျာ 🙏
ဒီအပတ်မှာတော့ Forbes Marshall ရဲ့ Globally Patented Product ဖြစ်တဲ့ Compact Module Thermodynamics Trap ရဲ့ ထူးခြားတဲ့ အလုပ်လုပ်ပုံ Working Principle နဲ့ စက်ရုံတွေအတွက် ဘာလို့ ရွေးချယ်သင့်လဲဆိုတာကို မျှဝေပေးလိုက်ပါတယ် 💁🏼‍♀️✨

ပုံမှန် Traditional Thermodynamics Traps တွေ တပ်ဆင်မယ်ဆိုရင် Inlet/Outlet/Bypass Valve တွေအပြင် အခြား Pipeline Accessories တွေ အများကြီး လိုအပ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ Advanced Technology သုံး **Compact Module** မှာတော့ အားလုံးကို **All-in-One Build-in** စနစ်နဲ့ တစ်ပါတည်း ထည့်သွင်းတည်ဆောက်ထားပါတယ် 💯

🌟 Compact Module ရဲ့ ထူးခြားတဲ့ အားသာချက်များ
1️⃣ တပ်ဆင်ရ လွယ်ကူခြင်းနှင့် Heat Loss သက်သာခြင်း
Inlet, Outlet, Bypass အပြင် Strainer, Trap Vent နဲ့ Test Valve များပါ Build-in ပါဝင်လို့ Welding Joints တွေနဲ့ Accessories လိုအပ်ချက်တွေကို လျှော့ချပေးပါတယ်။ Surface Area နည်းသွားတဲ့အတွက် Heat Loss (အပူဆုံးရှုံးမှု) ကိုလည်း အနည်းဆုံးဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

2️⃣Leakage အကင်းဆုံး Design:
Compact & Robust Construction ဖြစ်ပြီး၊ Leakage Proof Class 6 (အမြင့်ဆုံးအဆင့်) ရှိတဲ့ **Piston Type Isolation Valve (Glandless & Zero Inline Leakage)** ကို အသုံးပြုထားပါတယ်။

3️⃣အပိုပစ္စည်းစရိတ် သက်သာခြင်း (Spares Saving): Maintenance လုပ်တဲ့အခါ Replaceable Internal Parts အနေနဲ့ Seat နဲ့ Disc ပဲ လိုအပ်တာကြောင့် စက်ရုံရဲ့ Spares Cost ကို သိသိသာသာ လျှော့ချပေးမှာပါ။

4️⃣ဆူညံသံနှင့် ပွန်းစားမှု သက်သာခြင်း : Operation လုပ်ဆောင်နေချိန်မှာ ဆူညံသံ (Noise) နဲ့ ပွန်းစားမှု (Erosion) ဒဏ်ကို သက်သာစေဖို့ Diffuser ပါဝင်ပြီးသား ဖြစ်ပါတယ်။

💵 စက်ရုံအတွက် ရေရှည်အကျိုးအမြတ် (Cost of Ownership)
သာမန် Traditional Trap တွေထက် လုပ်ဆောင်နိုင်စွမ်း ပိုမိုကောင်းမွန်ပြီး၊ ရေရှည်မှာ Operation Cost နဲ့ Maintenance Cost တွေကို အများကြီး သက်သာစေမှာပါ။ Total Cost of Ownership ကို ပြန်တွက်ချက်ကြည့်မယ်ဆိုရင် လူကြီးမင်းတို့ စက်ရုံအတွက် အကျိုးအမြတ် အများဆုံး ဖြစ်စေမယ့် ရွေးချယ်မှုတစ်ခု ဖြစ်မှာ အသေအချာပါပဲ 👍🏭

☎️ အသေးစိတ် စုံစမ်းမေးမြန်းလိုပါက အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်နိုင်ပါသည်။**
* 📞 09 797 021 116
* 📞 09 797 021 118
* 📞 09 797 021 119

20/05/2026

အားလုံးဘဲ မင်္ဂလာပါ ခင်ဗျာ 🙏

ဒီကနေ့မှာတော့ ကျွန်တော်တို့ Forbes Marshall Single Or***ce Float Trap ၏ အလုပ်လုပ်ပုံလေးများကို မျှဝေပေးလိုက်တယ် ခင်ဗျာ 🏭💁🏻‍♂️💁🏼‍♀️

တဆက်တည်းမှာဘဲ Float Trap အသုံးပြုခြင်းကြောင့် ရရှိလာနိုင်သည့် ကောင်းကျိုးလေးများကိုလဲ မျှဝေပေးလိုက်ပါတယ် 💯💯

Process Equipment Condensate Outlet မှာရှိတဲ့ Steam Trap များအသုံးပြုရာတွင် Condensate များကို ထိရောက်မှု အရှိဆုံးထုတ်ပေးနိုင်ပြီး Steam Consumption ကိုလည်း သက်သာချင်ပါက Float Trap အမျိုးအစား ကို ရွေးချယ် အသုံးပြုရမည် ဖြစ်ပါသည် ✅✅

Process Equipment များဖြစ်တဲ့ Heat Exchanger , ဒါမှမဟုတ် Steam Jacket တွေက Steam သုံးတဲ့တလျှောက် Condensate လည်း တောက်လျှောက် ထွက်နေမှာဖြစ်တဲ့အတွက် ပုံမှန် Thermodynamics Trap များထက် Float Trap များသည် Condensate များကို ဖြစ်ဖြစ်ချင်းမှာပင် ပိုမို၍ ထုတ်နိုင်ပါသည် 💦💦

Condensate များ ဖြစ်ဖြစ်ချင်း ချက်ချင်း/ဆက်တိုက် ထုတ်ပေးနိုင်မှသာလျှင် Process Equipment များတွင် မလိုလားအပ်သော Condensate များ အောင်းခြင်းမှ ကင်းဝေးမည် ဖြစ်ပါသည် ❌❌

‼️Process Equipment များတွင် Condensate များ အောင်းနေပါက

1️⃣အပူကူးစီးမှုနှုန်းကို များစွာ လျော့ကျစေပြီး ထုတ်လုပ်မှု အချိန် ပိုကြာခြင်း၊
2️⃣လိုအပ်သော အပူချိန် မရသောကြောင့် Product Quality ထိခိုက်ခြင်း (သို့) တသမတ်တည်း မဖြစ်ခြင်း၊
3️⃣Steam Consumption ပိုများခြင်း
4️⃣Water Hammer ဖြစ်ခြင်းကြောင့် Equipment များ ခဏ ခဏ ပျက်ခြင်းနှင့် သက်တမ်း တိုခြင်း

များ ဖြစ်ပေါ်စေနိုင်ပါသည် ‼️

Condensate များကို ချက်ချင်း/ဆက်တိုက် ထုတ်ပေးနိုင်သော Float Trap များကို Size မှန်မှန်ကန်ကန်ရွေးချယ်ပြီး အသုံးပြုပါက Inverted Bucket Trap များထက် 10-12% (သို့မဟုတ်)
Thermodynamic Trap များထက် 18-20% အထိ Steam Consumption ပိုမို သက်သာစေပါလိမ့်မည်ဖြစ်ပါသည် ♨️♨️💰

☎️ လူကြီးမင်းတို့ အနေဖြင့် Boiler နှင့် Steam အကြောင်းအရာများကို အသေးစိတ်သိရှိလိုပါက အောက်ပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်နိုင်ပါသည်။

09797021116
09797021118
09797021119

Address

Bo Min Yaung Housing
Yangon
11421

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00

Telephone

+959797021116

Alerts

Be the first to know and let us send you an email when Forbes Marshall Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Forbes Marshall Myanmar:

Shortcuts

Share