29/09/2026
🎉🎉 (၉)နှစ်တိုင်ခဲ့ပါပြီ 🎉🎉
September 27, 2026
🎉
မင်္ဂလာရှိသော ဒီနေ့ရက်လေးမှာ
မိတ်ဆွေများအားလုံး မင်္ဂလာအပေါင်း ခညောင်းပြီး
စီးပွားရေးလုပ်ငန်းများ ဒီထက်မက တိုးတက်အောင်မြင်ပါစေကြောင်း ရင်ထဲကနေ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျာ 🙏
၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့မှာ
Heavy Machinery Rental & Sale Service ဖြင့် စတင်ခဲ့တဲ့ ကျွန်တော်ရဲ့ လုပ်ငန်းခရီးဟာ
၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလမှ စတင်ပြီး
Japan-Used Machinery Sales Service ကို ထပ်မံတိုးချဲ့ ပူးတွဲလုပ်ကိုင်ခဲ့ပါတယ်
၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့မှာတော့
Ko Thura – Parts & Lubricants Shop ကို ပါ ထပ်မံတိုးချဲ့ဖွင့်လှစ်ခဲ့ပြီး တစ်နိုင်ငံလုံးအနှံ့က
ကျွန်တော့်ရဲ့ Loyal Customers မိတ်ဆွေကြီးများရဲ့
နွေးထွေးစွာ အားပေးမှုကြောင့် ပိုမိုဝမ်းမြောက်ပီတိဖြစ်ခဲ့ရပါတယ်
ထို့နောက် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ရက်နေ့ မှစတင်ပြီး Ko Thura – After Sales Service ကိုပါ ထပ်မံတိုးချဲ့ကာ နိုင်ငံအနှံ့က Customer/Client များရဲ့ အခက်အခဲများကို One Stop Service ပေးနိုင်ရန် အထူးအလေးထား ဖြေရှင်းဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်
ဒီနေ့အချိန်မှာတော့
💁♂️ Japan-Used Machinery Sales
💁♂️ Parts & Lubricants Shop
💁♂️ After Sales Services တို့ဟာ
Auspicious Laddie Group ရဲ့ လုပ်ငန်းခရီးကို အတူတကွ ဆက်လက်ပုံဖော်ပေးနေကြပါတယ်
၉ နှစ်ဆိုတာ နှစ်တွေကို ရေတွက်လာခဲ့တာသက်သက် မဟုတ်ပါဘူး
အခက်အခဲတွေကို ဖြတ်ကျော်ခဲ့ရတဲ့နှစ်တွေ၊
အမှားတွေကနေ သင်ယူခဲ့ရတဲ့နှစ်တွေ၊
ပိုကောင်းအောင် ပြန်လည်တည်ဆောက်ခဲ့ရတဲ့နှစ်တွေ၊ ကိုယ့်ရဲ့ ရပ်တည်ချက်ကို မပျောက်စေဘဲ ဆက်လျှောက်ခဲ့ရတဲ့နှစ်တွေပါ
ဒီ ၉ နှစ်တာလုံးမှာ
မေတ္တာ၊ စေတနာ၊ ကိုယ်ချင်းစာတရားကို ရှေ့ထားပြီး ပွင့်လင်းမြင်သာမှုနဲ့အတူ WIN-WIN Theory ကို ကျွန်တော်ရဲ့ အခြေခံမူအဖြစ် အစဉ်တစိုက် လက်ကိုင်ထား ကျင့်သုံးခဲ့ပါတယ်
တစ်နေ့ပြီးတစ်နေ့ ..
တစ်နှစ်ပြီးတစ်နှစ် .. ရရှိလာခဲ့တဲ့
Customer Feedback ကောင်းတွေဟာလည်း
ကျွန်တော့်အတွက် အဓိကအားအင်တစ်ခုဖြစ်စေခဲ့ပါတယ် 🏆
ကျွန်တော် အမြဲပြောဖြစ်တဲ့စကားတစ်ခွန်းရှိပါတယ်
“ယုံကြည်မှုဆိုတာ စကားလုံးလှလှလေးတွေသုံးပြီး တည်ဆောက်လို့ရနိုင်တာ မဟုတ်ပါဘူး ..
တစ်နေ့ပြီး တစ်နေ့၊ တစ်နှစ်ပြီး တစ်နှစ်
ကိုယ့်ရဲ့ လုပ်ရပ်တွေနဲ့ သက်သေပြရင်း
တည်ဆောက်ရတာမျိုးပါ ”
ဒီနေ့ Auspicious Laddie Groupရဲ့ ၉ နှစ်တာခရီးမှာ ရရှိထားတဲ့ ယုံကြည်မှုတွေဟာ
စကားလုံးတွေနဲ့ ရခဲ့တာမဟုတ်ဘဲ
၉ နှစ်တာကာလအတွင်း အလုပ်နဲ့ သက်သေပြခဲ့ရင်း တည်ဆောက်လာခဲ့တဲ့ တန်ဖိုးရှိတဲ့ အမွေအနှစ်တွေပါ
ဒီ ၉ နှစ်တာကာလအတွင်း
Japan Used Machinery Sales လုပ်ငန်းနဲ့ပတ်သက်ပြီး ယုံကြည်မှုအပြည့်နဲ့ နွေးထွေးစွာ အတူလက်တွဲ ဆောင်ရွက်ခွင့်ပေးခဲ့ကြတဲ့ လုပ်ငန်းရှင်အကိုတော်များကို အထူးပင် ကျေးဇူးတင်ရှိပါတယ်
မြန်မာနိုင်ငံတဝှမ်း အနယ်နယ်အရပ်ရပ်ကနေ
“ကိုသူရ” ဆိုပြီး ယုံကြည်စိတ်ချစွာ လာရောက်ဝယ်ယူအားပေးကြသူများ၊
လူကိုယ်တိုင် မလာရောက်နိုင်ပေမယ့် ယုံကြည်မှုနဲ့ နယ်ဝေးကနေ မှာယူအားပေးသူများ၊
စက်မရောက်သေးခင်ကတည်းက ကြိုပွိုင့်၊ စရံငွေ ပေးပြီး မှာယူအားပေးသူများ၊
ဘာပဲလိုလို “ကိုသူရရေ…” ဆိုပြီး အစဉ်အမြဲ သတိရပေးကြတဲ့ Loyal Customers ကြီးများ၊
Special Clients များအားလုံးကို
ရင်ထဲကနေ အထူးပင် ကျေးဇူးတင်ရှိပါတယ် 🙏❤️
ဒီနေ့ ကျွန်တော့်ရပ်တည်နေတဲ့နေရာဟာ
ကျွန်တော်တစ်ယောက်တည်းရဲ့ ကြိုးစားမှုနဲ့ ရောက်လာခဲ့တာမဟုတ်ပါဘူး
ယုံကြည်ပေးခဲ့သူတိုင်းရဲ့ ပါဝင်မှုနဲ့ တည်ဆောက်လာခဲ့တာပါ
ယုံကြည်ပေးခဲ့သူတိုင်းရဲ့အားနဲ့ ဒီလိုတန်ဖိုးရှိတဲ့ အမွေအနှစ်ကောင်းတွေ ဖန်တီးလာနိုင်ခဲ့တာပါ
KTR – Parts & Lubricants Shop အနေဖြင့်လည်း နယ်ဘယ်လောက်ဝေးဝေး၊ မိုင်ဘယ်လောက်ခြားခြား “ကိုသူရရေ…” ဆိုပြီး အမြဲသတိတရနဲ့ မှာယူအားပေးကြသူများ၊ အိမ်တိုင်ရာရောက် လာရောက်အားပေးကြသူများ အားလုံး(အားလုံး)ကိုလည်း
အထူးပင် ကျေးဇူးတင်ရှိပါတယ်
ဆိုင်လုပ်ငန်းအဖြစ် စတင်တည်ထောင်ခဲ့ချိန်ကစပြီး
အစစအရာရာ ကူညီဖေးမပေးခဲ့ကြပြီး
အတူတကွ တည်ဆောက်ခွင့်ပေးခဲ့ကြတဲ့
Customerမိတ်ဆွေတစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုလည်း ရင်ထဲမှ အမြဲမှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ်
ထို့အပြင် စက်အရံပစ္စည်းများကို
တစ်ဦးတည်း သိန်းထောင်ကျော်ဖိုး Offer ပေးပြီး
တစ်ခါတည်း ကျသင့်ငွေကို ကြိုတင်ပေးချေကာ
ယုံကြည်စိတ်ချမှုအပြည့်ဖြင့် မှာယူအားပေးခဲ့တဲ့
ချစ်ခင်လေးစားရပါသော လုပ်ငန်းရှင်အကို ကိုလည်း ရင်ထဲမှ အမြဲထာဝရ ကျေးဇူးတင်ရှိရပါကြောင်း ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါတယ်
ဒီနေ့ ၉ နှစ်ပြည့်ခြင်းဟာ ခရီးဆုံးမဟုတ်ပါဘူး
နောက်ထပ် ပိုကောင်းတဲ့အရာတွေကို
ပိုခိုင်မာတဲ့အခြေခံတွေနဲ့ ဆက်လက်တည်ဆောက်ဖို့
အခန်းကဏ္ဍသစ်တစ်ခု စတင်ဖွင့်လှစ်လိုက်ခြင်းပါ
မနေ့ကထက် ပိုကောင်းတဲ့ Product ..
ဒီနေ့ထက် ပိုကောင်းတဲ့ Service ..
နောင်နှစ်များစွာတိုင် ပိုမိုခိုင်မာတဲ့ Trust ..
ဒါတွေကို ရိုးသားမှု၊ စိတ်ရင်းစေတနာ၊ တာဝန်ယူမှု တွေနဲ့ ဆက်လက်တည်ဆောက်သွားပါအုံးမယ်
နောင်နှစ်ပေါင်းများစွာတိုင်အောင်
WIN-WIN Theory ကို ဆက်လက်လက်ကိုင်ထားပြီး မိမိလုပ်ငန်းများနှင့် Customer/Client များအပေါ် စိတ်ရင်းစေတနာအမှန်ဖြင့် အထူးအလေးထား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လေးစားစွာ အသိပေးအပ်ပါတယ်ခင်ဗျာ
ဒီ ၉ နှစ်တာခရီးမှာ
ကျွန်တော်နဲ့အတူ ရှိပေးခဲ့ကြတဲ့ မိတ်ဟောင်း/မိတ်သစ် Customer, Client, Partner များအားလုံးကို ရင်ထဲကနေ အထူးပင်ကျေးဇူးတင်ပါတယ် ❤️
အားလုံးပဲ ဘေးဘယာကင်းရှင်းပြီး
စီးပွားရေးလုပ်ငန်းများ ဒီထက်မက ပိုမိုတိုးတက်အောင်မြင်ကြပါစေကြောင်း ရင်ထဲက ဆန္ဒအမှန်ဖြင့် ဆုမွန်ကောင်းတောင်းအပ်ပါတယ် 🙏🙏🙏
Ko Thura (Founder)
AUSPICIOUS LADDIE GROUP