Myo Gabar Kyaw

Myo Gabar Kyaw Science, Technology & Engineering

26/10/2022
အိမ်တစ်လုံး ဆောက်တော့မယ်ဆိုရင် သိထားသင့်တဲ့အချက်များ 🏡🏘အိမ်တစ်လုံးဆောက်ဖို့ဆိုက ကိုယ်စိတ်ကူးထားတဲ့ အတွေးတွေအတိုင်း တကယ်ဖ...
29/01/2021

အိမ်တစ်လုံး ဆောက်တော့မယ်ဆိုရင် သိထားသင့်တဲ့အချက်များ 🏡🏘

အိမ်တစ်လုံးဆောက်ဖို့ဆိုက ကိုယ်စိတ်ကူးထားတဲ့ အတွေးတွေအတိုင်း တကယ်ဖြစ်လာဖို့ဆိုတာ ခဲရင်းလှပါတယ်။ 🤔🤔 ကိုယ်စဉ်းစားထားတဲ့အတိုင်း လက်တွေ့မှာအကောင်အထည်ဖော်နိုင်ဖို့ဆိုရင် ဘာအချက်တွေကို အဓိကထားပြီး လုပ်ဆောင်ဖို့ လိုမလဲဆိုတာကို ဒီနေ့မှာ ကျွန်တော်တို့ Myo Gabar Kyaw Page ကနေ မျှဝေပေးချင်ပါတယ်။ 😉😉😍

✅ ပထမဦးဆုံးအနေနဲ့ အရေးအကြီးဆုံးအချက်က ကိုယ်ငွေဘယ်လောက် သုံးမှာလဲဆိုတာကို စဉ်းစားဖို့လိုပါတယ်။ 🤗🤩 အိမ်ဆောက်တော့မယ်ဆိုရင် အိမ်အတွက် Design၊ အိမ်အတွင်းအပြင် အလှဆင်ဖို့ Decoration၊ အခန်းဖွဲ့ဖို့ ကုန်ကျစရိတ် စတဲ့ အသေးအဖွဲကအစ ကုန်ကျနိုင်တာ မှန်သမျှကို စာရင်းတွက်ချက်ထားဖို့ လိုပါတယ်။ 💯✔

✅ ဒုတိယအချက်အနေနဲ့ကတော့ ကိုယ်အိမ်ဆောက်တဲ့အခါမှာသုံးမယ့် ပစ္စည်းတွေကို သေချာရွေးချယ်သင့်ပါတယ်။🤔🤔 ဈေးအရမ်းကြီးတာကိုလည်း မသုံးသင့်သလို အရမ်းနည်းသွားရင်လည်း မကောင်းပါဘူး။ 💯✔ ကိုယ့်အိမ်လေးကို ကိုယ်လို ပုံဖော်မလဲဆိုတာကို သေသေချာချာလေး စဉ်းစားပြီးတော့ တည်ဆောက်သင့်ပါတယ်။

✅ တတိယအချက်အနေနဲ့ သဘာဝအတိုင်းရနိုင်တဲ့ အလင်းရောင်တွေနဲ့ ကိုယ့်အိမ်လေးကို တည်ဆောက်ပါ။
အိမ်ရဲ့ ပြတင်းပေါက် တံခါးပေါက်တွေကို နေရောင်နဲ့ မျက်နှာမူပြီး တည်ဆောက်ထားမယ်ဆိုရင် နေ့လည်နေ့ခင်းတွေမှာ လျှပ်စစ်မှ’ကိုချွေတာနိုင်ပြီး သဘာဝ လေနဲ့ အလင်းရောင်ကို ကောင်းကောင်းရပါလိမ့်မယ်။ ဒီလိုပုံစံမျိုး ဧည့်ခန်း၊ အိပ်ခန်း၊ မီးဖိုခန်းမျိုးကို ဖွဲ့တဲ့အခါမှာလည်း ထည့်ပြီးစဉ်းစားသင့်ပါတယ်။ 🤗🤗🤩 🤩

✅ နောက်ဆုံးအနေနဲ့ကတော့ ကိုယ့်ရဲ့အိမ်ကို ဆောက်လို့ပြီးခါနီးအချိန်ကြရင် ကိုယ့်အနေနဲ့ ပြန်လည်ပြင်ဆင်ချင်တာတွေ၊ ထပ်ဖြည့်ချင်တာတွေကို ဆောက်လုပ်တဲ့သူကို ပြောပြဖို့လိုပါတယ်။🤗🤗 ပြန်လည်စစ်ဆေးပြီး ပြောဖို့ကို အားမနာပါနဲ့။ 🤷‍♂️🤷‍♂️
ကဲ ဒီအချက်လေးတွေအတိုင်း လိုက်လုပ်မယ်ဆိုရင်တော့ အိမ်လေးက သင်စိတ်ကူးရင်ထားသလိုမျိုးလေး နေချင်စရာအိမ်လေးလို ဖြစ်သွားမှာ ဖြစ်ပါတယ်။ 😉💯✔

အခုလိုမျိုး ဗဟုသုတရစေမယ့် အကြောင်းအရာတွေ အမြဲမျှဝေပေးနေတာမို့လို့.... ကျွန်တော်တို့ရဲ့ Myo Gabar Kyaw Page ကို Like & Share လေးလုပ်ထားဖို့လဲ မမေ့ကြနဲ့နော်။ 😉😍❤️

🏡 အနွေးထွေးဆုံးနဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ ပြည့်နှပ်နေတဲ့ ကိုယ်ရဲ့နေထိုင်ရာအိမ်လေးကို အကောင်းဆုံး၊ အလှဆုံးဖြစ်အောင် တည်ဆော...
26/01/2021

🏡 အနွေးထွေးဆုံးနဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ ပြည့်နှပ်နေတဲ့ ကိုယ်ရဲ့နေထိုင်ရာအိမ်လေးကို အကောင်းဆုံး၊ အလှဆုံးဖြစ်အောင် တည်ဆောက်ထားတယ်ဆိုတာလဲ လောက နိဗ္ဗာန်ပါပဲ…….😍💯✔
🏡 လောက နိဗ္ဗာန်လို လှပပြီးနေချင်စရာ အိမ်ကလေးဖြစ်လာဖို့ ကျွန်တော်တို့ Myo Gabar Kyaw Construction က တာဝန်ယူတည်ဆောက်ပေးထားခဲ့တာပဲပါ။ 👷👷❤️
အဆောက်အဦးတည်နေရာလေးကတော့ 👉 တောင်ဒဂုံ ၊ လှော်ကားလမ်း၊ (၅၇) ရပ်ကွက် မှာရှိတဲ့ ၁၈ပေx ၅၁ ပေ မြေပေါ်မှာ ဆောက်လုပ်ပေးနေတဲ့ (၃) ထပ်တိုက်လေးကို ဆောက်လုပ်ပြီးစီးခဲ့တာပဲဖြစ်ပါတယ် ခင်ဗျာ။ 🏘🏘

အိမ်ပုံစံလေးကို အသေးစိတ်ကြည့်ချင်တယ်ဆိုရင်တော့ .. 👉 https://www.facebook.com/137488156921587/videos/2813580742244179/ ဒီ video link လေးမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်ခင်ဗျ။

🏡 သင်နေထိုင်တဲ့ အိမ်က သင်ဘယ်သူလဲဆိုတာကို ပြောပြပေးနေတဲ့အတွက် သင့်အိမ်လေးကို အလှဆုံးတည်ဆောက်ဖို့ ကျွန်တော်တို့ Myo Gabar Kyaw လေးကို လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။ 🙆‍♂️🤝😍

ဆက်သွယ်စုံစမ်းချင်တယ်ဆိုရင်တော့ .....
📧 Email: [email protected] နဲ့
☎ 09420116937, 09 429404445,0943031259 ကို ဆက်သွယ်နိုင်သလို
🏬 No.(177),First Floor, West Horse Race Course Road, Bahan Tsp, Yangon. မှာလည်း လာရောက်မေးမြန်းနိုင်ပါတယ်ခင်ဗျ။

24/01/2021

အားလုံးမျှော်နေကြတဲ့....
Myo Gabar Kyaw Construction မှတာဝန်ယူတည်ဆောက်ထားတဲ့ (၃) ထပ်တိုက် အဆောက်အဦးနဲ့
မိတ်ဆက်ပေးပါရစေခင်ဗျ။🙆🏻‍♂️😍 🏢

🏢 အဆောက်အဦးလေးရဲ့ တည်နေရာလေးကတော့...
တောင်ဒဂုံ ၊ လှော်ကားလမ်း၊ (၅၇) ရပ်ကွက် မှာရှိတဲ့ ၁၈ပေx ၅၁ ပေ မြေပေါ်မှာ ဆောက်လုပ်ပေးနေတဲ့ (၃) ထပ်တိုက် အဆောက်အဦးပဲ ဖြစ်ပါတယ်... 😍💘

💰 တန်ဖိုးကတော့ သိန်း ၁၅၀၀ ဖြစ်ပါတယ်ခင်ဗျ...

🏢 အဆောက်အဦး ပုံစံလေးကတော့...
☑ မြေညီနေရာလေးက Hall Type လေးမှာ ရေချိုးခန်း၊ အိမ်သာ (၁) ခန်းပါမယ်...
☑ ပထမထပ်လေးကတော့ ရုံးခန်း ပုံစံလေးပါ။...
☑ အပေါ်ထပ်လေးမှာတော့ အိပ်ခန်း (၁)ခန်း ၊ ရေချိုးခန်းနဲ့ အိမ်သာ (၁) ခန်း၊ မီးဖိုချောင် (၁)ခန်း လေးနဲ့
☑ အပေါ်ဆုံးမှာ Pent House လေးလည်း ပါသေးတယ်ခင်ဗျ...

အပြောနဲ့တင်မဟုတ်ဘဲ တကယ့်လက်တွေ့မှာရော ဘယ်လိုမျိုး Design လေးနဲ့ ခန့်ညားလှပစွာ တည်ဆောက်ထားလဲဆိုတာကို သိချင်တယ်ဆိုရင်တော့ Video လေးကို အခုပဲဖွင့်ကြည့်လိုက်ရအောင် 😉😉👇👇......

ဒီနေ့မှာတော့ အိမ်ကျဉ်းကျဉ်းလေးတွေကို ကျယ်သယောင်ဖြစ်အောင် တည်ဆောက်တဲ့အခါမှာ အသုံးဝင်မယ့်အချက်လေးတွေကို ပြောပြပေးချင်ပါတယ်...
21/01/2021

ဒီနေ့မှာတော့ အိမ်ကျဉ်းကျဉ်းလေးတွေကို ကျယ်သယောင်ဖြစ်အောင် တည်ဆောက်တဲ့အခါမှာ အသုံးဝင်မယ့်အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။ 😉👌🤩
ကိုယ့်အိမ်လေးကို တည်ဆောက်တဲ့အခါကြရင်လည်း ဒီအချက်လေးတွေကို သုံးကြည့်ပါနော်။ 😉🙆‍♂️

1⃣ အိမ်ထဲက အခန်းအပြင်အဆင်ကို အဖြူရောင် သုံးပါ။
နရံအရောင်တွေ၊ ပရိဘောဂတွေ၊ ခန်းဆီးလိုက်ကာအရောင်လေးတွေကို အဖြူရောင်သုံးတာက အခန်းကို ပိုပြီးကျယ်သယောင်ဖြစ်သွားစေပါတယ်။

2⃣ နရံမှာမှန်တွေနဲ့ တပ်ဆင်ထားပါ။
မှန်တွေက အလင်းပြန်တဲ့အတွက် အခန်းကို လင်းပြီး ကြည့်လိုက်တာနဲ့ ကျယ်သွားမှာပါ။

3⃣ ပရိဘောဂကို သေချာရွေးချယ်ပါ။
အိမ်တိုင်းမှာ ပရိဘောဂက လိုအပ်တယ်ဆိုပေမယ့်လည်း ကိုယ့် အိမ်ခန်းက ကျဉ်းနေတယ်ဆိုရင်တော့ အများကြီးမထားသင့်တော့ပါဘူး။အခန်းမှာ ရှိသင့်တာထက် ပိုကြီးတဲ့ ပရိဘောဂတွေကို မသုံးမိဖို့တော့ သတိထားသင့်ပါတယ်။

အခုလိုမျိုး ဗဟုသုတ ရစေမယ့် အကြောင်းအရာတွေ အမြဲမျှဝေပေးနေတာမို့လို့ ကျွန်တော်တို့ရဲ့ Myo Gabar Kyaw Page ကို Like & Share လေးလုပ်ထားဖို့လဲ မမေ့ကြနဲ့နော်။ 🙆‍♂️😉❤️

ဆက်သွယ်စုံစမ်းချင်တယ်ဆိုရင်တော့
📧 Email: [email protected] နဲ့
☎ 09420116937, 09 429404445,0943031259 ကို ဆက်သွယ်နိုင်သလို
🏢 No.(177),First Floor, West Horse Race Course Road, Bahan Tsp, Yangon. မှာလည်း လာရောက်မေးမြန်းနိုင်ပါတယ်ခင်ဗျ။

အိမ်လာလည်သူတိုင်းကြွေသွားစေရအောင် ဒီဇိုင်းလေးလန်းချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ Myo Gabar Kyaw Construction နဲ့ သာလက်တွ...
19/01/2021

အိမ်လာလည်သူတိုင်းကြွေသွားစေရအောင် ဒီဇိုင်းလေးလန်းချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ Myo Gabar Kyaw Construction နဲ့ သာလက်တွဲလိုက်ပါဗျ....🤝😉😍
ကျွန်တော်တို့ရဲ့ Myo Gabar Kyaw ဟာ အထပ်မြင့် အဆောက်အအုံတွေ၊ လုံချင်းအိမ်တွေ၊ ဟိုတယ်တွေ၊ စက်ရုံတွေ၊ ဆိုင်ခန်းတွေ၊ ကွန်ဒို အထိ ဝန်ဆောင်မှုပေးနေတဲ့ Company ဖြစ်ပါတယ်။ 🙆‍♂️🤩💯✔
🏡 အခုလည်း ကျွန်တော်တို့ ဆောက်လုပ်ပြီးစီးခဲ့တဲ့ အဆောက်အဦးလေးကတော့... အမှတ် ၄၀၉/B ဇေယျာခေမာလမ်း မရန်းကုန်းမြို့နယ် ရန်ကုန်မြို့မှာ တည်ရှိတဲ့ ၂၅ပေx၅၀ပေ ပေါ်မှာ ဆောက်လုပ်ပေးခဲ့တဲ့ (၂) ထပ်ခွဲ တိုက် အဆောက်အဦးလေးဖြစ်ပါတယ်ခင်ဗျ။ 🤩
⚠ တခြားအဆောက်အဦးတွေနဲ့ မတူတဲ့ ထူးခြားချက်ကတော့ လှေကားတတ်တဲ့ နံရံလေးတွေးမှာ ပန်းပုအရုပ်လေးတွေနဲ့ အလှဆင်ပေးထားတာပဲဖြစ်ပါတယ်။ 🤩
ကဲဒါဆို ကျွန်တော်တို့ အဆောက်အဦးရဲ့ ဖွဲ့စည်းပုံလေးကို ကြည့်လိုက်ကြရအောင် ....
🔺မြေညီထပ် အခန်းမှာဆိုရင်
- ကားပါကင်
- ဧည့်ခန်း
- ထမင်းစားခန်း
- မီးဖိုချောင် (အိမ်ရှင်မတွေ အကြိုက်ဖြစ်အောင် အကျယ်ကြီး) နဲ့
- ရေချိုးခန်းအိမ်သာ စတဲ့ နေရာတွေကို တည်ဆောက်ထားပါတယ်ခင်ဗျ။

🔺 ဒုတိယထပ်မှာ ဆိုရင်လည်း
- ဘုရားခန်း
- ဧည့်ခန်း
- Master Bedroom (၂)ခန်း
- မီးဖိုချောင်
Penthouse နဲ့ ဝရံတာကျယ်ကျယ် (၁)ခု စတဲ့ ပြီးပြည့်စုံစွာ ဆောက်လုပ်ထားတဲ့ အဆောက်အဦးလေးတစ်ခုပါပဲ ခင်ဗျာ...🏡
မြင်သူတိုင်းကြိုက်တဲ့ အိမ်လေးကို တည်ဆောက်ချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့ Myo Gabar Kyaw ကို သာ သတိရလိုက်ပါ။ 🤝😉😍

ဆက်သွယ်စုံစမ်းချင်တယ်ဆိုရင်တော့
📧 Email: [email protected] နဲ့
☎ 09420116937, 09 429404445,0943031259 ကို ဆက်သွယ်နိုင်သလို
🏢 No.(177),First Floor, West Horse Race Course Road, Bahan Tsp, Yangon. မှာလည်း လာရောက်မေးမြန်းနိုင်ပါတယ်ခင်ဗျ။

🏠 အိမ်လှလှလေးတွေကို စိတ်ကူးယဉ်ကြမယ်………ကိုယ်ပိုင်ဆိုင်ချင်တဲ့ အရာကို မရသေးတဲ့အချိန်မှာ လူတိုင်းက စိတ်ကူးယဉ်တတ်ကြပါတယ်။ 🤔 ...
15/01/2021

🏠 အိမ်လှလှလေးတွေကို စိတ်ကူးယဉ်ကြမယ်………

ကိုယ်ပိုင်ဆိုင်ချင်တဲ့ အရာကို မရသေးတဲ့အချိန်မှာ လူတိုင်းက စိတ်ကူးယဉ်တတ်ကြပါတယ်။ 🤔 စိတ်ကူးယဉ်တယ်ဆိုတာ အရမ်းကောင်းတဲ့အရာတစ်ခုပါ၊ ပိုက်ဆံလဲမကုန်သလို စိတ်ထဲရှိတာကို တွေးနေရတာလဲ ချိုမြိန်စရာ ကောင်းလှပါတယ်။ 😍

🏠 လှတဲ့အိမ်လေးတွေ၊ မြင်ရတဲ့အခါမှာ ‘လိုချင်လိုက်တာ၊ ဒီလိုအိမ်မျိုးမှာနေချင်လိုက်တာ’ ဆိုပြီး တွေးဖူးကြမှာပါ။😉 အိမ်လှလှလေးတွေကို ကျွန်တော်တို့ လက်တွေ့မပိုင်ဆိုင်သေးပေမယ့် စိတ်ကူးထဲမှာတော့ ပိုင်ဆိုင်နိုင်ပါပြီ။😍

🏠 ကိုယ်ကလုံးချင်းအိမ်လေးတွေကို သဘောကျတဲ့သူဆိုရင်တော့ နှစ်ထပ်တိုက်ကလေးတွေလောက်ဆိုရင်တော့ တစ်မိသားစုအတွက် ကောင်းကောင်းနေထိုင်လို့ရနိုင်ပါတယ်။ အိမ်ရဲ့ နေရာအကျယ်မှာ အိမ်လုံးအပြင်၊ ကားပါကင်၊ ခြံဝင်းလျှောက်လမ်း တို့ကိုလည်း ထည့်သွင်းသင့်ပါတယ်။ 😱💯✔️

🏠 အမိုးချွန်းချွန်းအိမ်လေးတွေ၊ အမိုးခုံးအိမ်ကလေးတွေ၊ မီးခိုးခေါင်းတိုင်ဖောက်ထားတဲ့ အိမ်ကလေးတွေ၊ လသာဆောင်၊ ပြတင်းမှန် ပေါက်ကလေးတွေ ထည့်သွင်းဖောက်ပေးထားတဲ့ တွဲဆောင်လေး တွေ ထည့်ဆောက်ထားတဲ့ အိမ်ကလေးတွေကို စိတ်ကူးယဉ်ကြည့်မယ်ဆိုရင်ပဲ တော်တော်ကို နှစ်သက်စရာကောင်းနေပါပြီ ။ 😉😍❤️

🏠 တချို့က အိမ်တစ်လုံးတည်း ထီးထီးကြီးတည်ဆောက်တတ်ကြပေမယ့် 🤔 တချို့ကလည်း အဆောင်ကလေးတွေ၊ တွဲဆောင်လေးတွေ စသဖြင့်နဲ့လည်း တည်ဆောက်တတ်ကြပါတယ်။ အခုနောက်ပိုင်း မှာတော့ ခေတ်ဆန်တဲ့ နေအိမ်ဒီဇိုင်းတွေကလည်း ဆန်းပြားလှပနေပါပြီ။ 😍😍

🏠 အိမ်ရဲ့အပြင်ဘက် အဝင်အဝမှာလည်း ကားပါကင်နဲ့ ခြံဝင်းလေးကိုလည်း အိမ်နဲ့လိုက်ဖက်ညီအောင် ပြင်ဆင်ပြီးထည့်လို့ရပါသေးတယ်။ 🏡 အိမ်လေးတွေမှာ ကားပါကင်တွေ၊ ခြံဝင်းလေးတွေနဲ့ လျှောက်လမ်းပြင်ဆင်မှုကလည်း အိမ်ရဲ့အလှကို တစ်စိတ်တစ်ပိုင်းပံ့ပိုးပေးပါတယ်။ 😍 ရောင်စုံပန်းပင်လေးတွေ၊ မြက်ခင်းပြင်လေး၊ ဥယျာဉ်ငယ်လေး၊ ကားပါကင်၊ လျှောက်လမ်းလှလှကလေး၊ ခြံစည်းရိုးတိုင်ကလေးတွေ၊ မီးလုံးဆိုင်း၊ အလင်းမီးတိုင်ကလေးတွေ၊ အဝင်လျှောက်လမ်း လှလှကလေးတွေ စသဖြင့် စိတ်ကူးယဉ် အိမ်လေးမှာ ထည့်သွင်းပြီး ပြင်ဆင်ဆောက်လုပ်နိုင်ပါသေးတယ်။ 😉😍❤️

အခုလိုမျိုး ဗဟုသုတရစေမယ့် အကြောင်းအရာတွေ အမြဲမျှဝေပေးနေတာမို့လို့.... ကျွန်တော်တို့ရဲ့ Myo Gabar Kyaw Page ကို Like & Share လေးလုပ်ထားဖို့လဲ မမေ့ကြနဲ့နော်။ 😉😍❤️

ဒီနေ့မှာ ကျရောက်တဲ့ ကရင်နှစ်သစ်ကူးနေ့ကို ဂုဏ်ယူစွာနဲ့ ကြိုဆိုလိုက်ပါတယ်။ 🎉😍🙆‍♀️ကရင်နှစ်သစ်ကူးနေ့မှာ မြန်မာပြည်သူ၊ပြည်သား...
12/01/2021

ဒီနေ့မှာ ကျရောက်တဲ့ ကရင်နှစ်သစ်ကူးနေ့ကို ဂုဏ်ယူစွာနဲ့ ကြိုဆိုလိုက်ပါတယ်။ 🎉😍🙆‍♀️

ကရင်နှစ်သစ်ကူးနေ့မှာ မြန်မာပြည်သူ၊ပြည်သားအားလုံး ပျော်ရွှင်စရာအချိန်ကောင်းလေးတွေ ပိုင်ဆိုင်နိုင်ကြပါစေလို့ .... ကျွန်တော်တို့ Myo Kabar Kyaw မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျ။ ❤️🙏

Ralph Waldo Emerson.  ပြောသလို ……..မေတ္တာတွေ စေတနာတွေနဲ့ တည်ဆောက်ထားတဲ့ Home ကို လိုချင်တယ်ဆိုရင်တော့ Myo Kabar Kyaw နဲ့...
11/01/2021

Ralph Waldo Emerson. ပြောသလို ……..

မေတ္တာတွေ စေတနာတွေနဲ့ တည်ဆောက်ထားတဲ့ Home ကို လိုချင်တယ်ဆိုရင်တော့

Myo Kabar Kyaw နဲ့ လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင်😍😱💯✔️

နှစ်သစ်မှာ အိမ်အသစ်လေးနဲ့လန်းဖို့ Myo Kabar Kyaw နဲ့ လက်တွဲလိုက်ပါ။ 😉😍🤝၂၀၂၁ နှစ်သစ်မှာ စိတ်သစ်၊ လူသစ်၊ အားအင်အပြည့်တွေနဲ...
09/01/2021

နှစ်သစ်မှာ အိမ်အသစ်လေးနဲ့လန်းဖို့ Myo Kabar Kyaw နဲ့ လက်တွဲလိုက်ပါ။ 😉😍🤝

၂၀၂၁ နှစ်သစ်မှာ စိတ်သစ်၊ လူသစ်၊ အားအင်အပြည့်တွေနဲ့ Life style အပြောင်းအလဲတွေကို စတင်ဖို့ အချိန်ရောက်ပါပြီ။
❗ ကိုယ်ပိုင်အိမ်နေရာအခန်း
❗ ကိုယ့်လုပ်ငန်း
❗ ကိုယ့်ဆိုင်ခန်း စတဲ့ ကိုယ်ပိုင် အချိန်ကုန်ဆုံးမှု အများဆုံးရှိတယ့်နေရာလေးတွေကို နှစ်သစ်မှာ အဆန်းသစ်ဆုံးလေးနဲ့ နေချင်တယ်ဆိုရင် ……….
အထပ်မြင့် အဆောက်အအုံတွေ၊ လုံချင်းအိမ်တွေ၊ ဟိုတယ်တွေ၊ စက်ရုံတွေ၊ ဆိုင်ခန်းတွေ၊ ကွန်ဒို အထိ ဝန်ဆောင်မှုပေးနေတဲ့ Company ဖြစ်တဲ့ ကျွန်တော်တို့ရဲ့ Myo Kabar Kyaw Construction နဲ့ လက်တွဲဖို့ ဖိတ်ခေါ်ချင်ပါတယ် ခင်ဗျ။ 🤩🤩

ကျွန်တော်တို့ Myo Gabar Kyaw Construction မှာ...
👷‍♂ ဆောက်လုပ်ရေး ကျွမ်းကျင် Engineer တွေကိုယ်တိုင် အချိန်ပြည့် ရှိနေတာမို့ ဒီဇိုင်းပုံစံ စိတ်ချစွာ အပ်နှံနိုင်ပါတယ်...
👷‍♂ ဆောက်လုပ်ပြီးစီးတဲ့ အဆောက်အဦးရဲ့ Quality ကိုလည်း တစ်နှစ်တိတိ အာမခံပေးတဲ့ Construction တစ်ခုပါ...
👷‍♂အိမ်၊ တိုက်ခန်း၊ မြေ စတာတွေကိုလည်း ဘဏ်ချိတ်စနစ်နဲ့ အရစ်ကျ ဝယ်ယူနိုင်တဲ့ Service လည်းရှိတော့ အရမ်းကို အဆင်ပြေတာပေါ့....

ကဲ... မိတ်ဆွေ
✔ ကိုယ်ပိုင်တဲ့ မြေကွက်ပေါ် မှာ စိတ်ကူးထားတဲ့ အဆောက်အဦးဆောက်မလား...
✔ ဘဏ်ချိတ်ပြီး အရစ်ကျနဲ့ ဝယ်ဖို့လား...

စိတ်ချယုံကြည်ရတဲ့ Construction ကိုရှာနေတယ်ဆိုရင်တော့ တွေးတောမနေပါနဲ့...😉😉
ကျွန်တော်တို့ရဲ့ Myo Gabar Kyaw Construction ကိုသာ လှမ်းခဲ့ပါတော့လို့ ဖိတ်ခေါ်လိုက်ပါတယ်နော်... 🙆‍♂️
ကိုယ့်မိတ်ဆွေတွေလည်း ဝန်ဆောင်မှုကောင်းပြီး အာမခံချက် အပြည့်ပေးတဲ့ Construction ဆို Myo Gabar Kyaw Construction ရှိတဲ့အကြောင်း Share ပေးလိုက်ပါဦးနော်...
🏡 No.(177),First Floor,West Horse Race Course Road, Bahan Tsp, Yangon.
📞 09420116937, 09 429404445,0943031256
📧 Email: [email protected]

တစ်နေ့ကျရင် သင်ပိုင်ဆိုင်ချင်တဲ့ အိမ်လေးက ဘယ်လိုအိမ်မျိုးလေးလဲ ❓❓📌 Luxury ဆန်ဆန် အိမ်အကြီးကြီးလား❓📌 Condo လို တိုက်မျိုး...
06/01/2021

တစ်နေ့ကျရင် သင်ပိုင်ဆိုင်ချင်တဲ့ အိမ်လေးက ဘယ်လိုအိမ်မျိုးလေးလဲ ❓❓

📌 Luxury ဆန်ဆန် အိမ်အကြီးကြီးလား❓

📌 Condo လို တိုက်မျိုးလား❓

သင့်ရဲ့ စိတ်ကူးလေးကို Comment လေးမှာ မျှဝေပေးသွားကြပါဦး။ 😍👇✍️

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ၏ ဇန်နဝါရီလ (၄) ရက်နေ့ ၂၀၂၁ ခုနှစ်တွင် ကျရောက်သော မမေ့နိုင်စရာ (၇၃)ကြိမ်မြောက် လွတ်လပ်ရေးန...
04/01/2021

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ၏ ဇန်နဝါရီလ (၄) ရက်နေ့ ၂၀၂၁ ခုနှစ်တွင် ကျရောက်သော မမေ့နိုင်စရာ (၇၃)ကြိမ်မြောက် လွတ်လပ်ရေးနေ့ကို သတိရလေးစားခြင်းများစွာဖြင့် "Myo Gabar Kyaw Construction " မှ ဝမ်းမြောက်ဝမ်းသာဂုဏ်ပြုကြိုဆိုလိုက်ပါတယ်ခင်ဗျာ... 🇲🇲

Address

Number 43 (4th Floor) 94th Street
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Alerts

Be the first to know and let us send you an email when Myo Gabar Kyaw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myo Gabar Kyaw:

Share