Agro Power

Agro Power Agrochemicals Distribution Company Agro Chemical

အေပီသက်ြန်
21/04/2026

အေပီသက်ြန်

25/12/2025

🎄ခရစ်စမတ် အချိန်အခါလေးမှာ
မိသားစုညီအကိုမောင်နှမတွေနဲ့အတူ
ပျော်ရွှင်ပါစေလို့ အက်ဂရိိုပါဝါမိသားစု
ဆုတောင်းပေးလိုက်ပါတယ်နော််....🎄

#တောင်သူ့အားထားအက်ဂရိုပါဝါစွမ်းအား

🌕🪔"‌တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါ‌တော်နေ့)" 🪔🌕"တန်ဆောင်မုန်းလပြည့်နေ့" ရက်မြတ်မှစ၍ ကျေးဇူးရှင် တောင်သူဦးကြီးများနှင့...
04/11/2025

🌕🪔"‌တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါ‌တော်နေ့)" 🪔🌕

"တန်ဆောင်မုန်းလပြည့်နေ့" ရက်မြတ်မှစ၍ ကျေးဇူးရှင် တောင်သူဦးကြီးများနှင့် မြန်မာပြည်သူပြည်သားအပေါင်း တရား ဘာဝနာ ပွားများရင်း ကောင်းမှုကုသိုလ်များ ပြုလုပ်ကာ ကျန်းမာ၊ ချမ်းသာ၊ ဘေးဘယာဝေးပါစေကြောင်း "အက်ဂရိုပါဝါ" ကုမ္ပဏီမိသားစု မှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။🙏🙏🙏

(အက်ဂရိုပါဝါ ကုမ္ပဏီလီမိတက်)
#တောင်သူအားထားအက်ဂရိုပါဝါစွမ်းအား

Vacancy Announcement ‼️အက်ဂရိုပါဝါမှ ဝန်ထမ်းအလုပ်ခေါ်စာကွင်းဆင်းဝန်ထမ်း(၄)ဦးအသေးစိတ်ကိုအောက်တွင်ဖတ်ရှုနိုင်ပါသည်။Viber မ...
10/10/2025

Vacancy Announcement ‼️
အက်ဂရိုပါဝါမှ ဝန်ထမ်းအလုပ်ခေါ်စာ

ကွင်းဆင်းဝန်ထမ်း(၄)ဦး

အသေးစိတ်ကိုအောက်တွင်ဖတ်ရှုနိုင်ပါသည်။

Viber မှလည်း cv form တင်နိုင်ပါသည်။
Viber no - 09765451108
❗️ရုံးချိန်အတွင်းသာဆက်သွယ်ပေးပါရန်❗️

#တောင်သူအားထားအက်ဂရိုပါဝါစွမ်းအား

🌕🪔🕯️🌷"သီတင်းကျွတ်လပြည့်နေ့”(အဘိဓမ္မာအခါတော်နေ့)"သီတင်းကျွတ်လပြည့်နေ့” ရက်မြတ်မှစ၍ ကျေးဇူးရှင် တောင်သူဦးကြီးများနှင့် မြန...
05/10/2025

🌕🪔🕯️🌷"သီတင်းကျွတ်လပြည့်နေ့”
(အဘိဓမ္မာအခါတော်နေ့)

"သီတင်းကျွတ်လပြည့်နေ့” ရက်မြတ်မှစ၍ ကျေးဇူးရှင် တောင်သူဦးကြီးများနှင့် မြန်မာပြည်သူပြည်သားအပေါင်း တရား ဘာဝနာ ပွားများရင်း ကောင်းမှုကုသိုလ်များ ပြုလုပ်ကာ ကျန်းမာ၊ ချမ်းသာ၊ ဘေးဘယာဝေးပါစေကြောင်း "အက်ဂရိုပါဝါ" ကုမ္ပဏီမိသားစု မှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။🙏🙏🙏

(အက်ဂရိုပါဝါ ကုမ္ပဏီလီမိတက်)
#တောင်သူအားထားအက်ဂရိုပါဝါစွမ်းအား

🌧️🌱မိုးရွာရင် မှိုလာမယ် ဒါပေမဲ့ စိတ်မပူပါနဲ့ 👍တော့ပ်-ဖိုရမ် ကိုသာဆောင်ထားပါ👍💫Dimethomorph 50% WP🌱ထိသေနှင့် ပင်လုံးပြန့်အ...
26/09/2025

🌧️🌱မိုးရွာရင် မှိုလာမယ် ဒါပေမဲ့ စိတ်မပူပါနဲ့ 👍တော့ပ်-ဖိုရမ် ကိုသာဆောင်ထားပါ👍

💫Dimethomorph 50% WP

🌱ထိသေနှင့် ပင်လုံးပြန့်အာနိသင်ရှိခြင်း ။
🌱ဆေးထိသည့်နေရာမှ တခြားတဖက်သို့စိမ့်ဝင်နိုင်သော (translaminar action)ရှိသည်။
🌱 တခြားမှိုသတ်ဆေးယဉ်ပါးမှုကြောင့် နှိမ်နင်းရခက်ခဲတဲ့ ဖရဲ၊သခွား၊စပျစ်၊ကြက်သွန်-ဒေါင်းနီးမှိုရောဂါများ၊ အာလူး၊ခရမ်းချဉ်-လောင်မဲရောဂါ၊ ကွမ်း-ဒင်္ဂါးကွက်ရောဂါ၊ ရွက်ပုပ်ရောဂါ၊
🌱 ဆေးရွက်ကြီး-ပင်ခြေမဲရောဂါ၊ထိပုပ်၊အမြစ်ပုပ်ရောဂါများကို ကြိုတင်ကာကွယ်ဆေး အဖြစ်အသုံးပြုနိုင်သည်။

📌 ရေ(၂၀) လီတာဝင် ဆေးဖျန်းပုံး(၁)ပုံးလျှင် ဆေးရည်(၃၀-၅၀) ဂရမ် ထည့်ပြီး တစ်ဧကလျှင် (၅) ပုံး အသုံးပြုနိုင်ပါသည်။

မှတ်ချက်။ ။(ဇက်ပါဝါ(သို့)ဂျပန်ဒါကိုနေး)မှိုသတ်ဆေးနှင့်ရောစပ်ပက်ဖျန်းလျှင်ဆေးအာနိသင် ပိုမိုကြာရှည်ခံ၍ ထိရောက်မှုမြန်ဆန်သည်။

(အက်ဂရိုပါဝါ ကုမ္ပဏီလီမိတက်)
#တောင်သူအားထားအက်ဂရိုပါဝါစွမ်းအား #
#တော့ပ်-ဖိုရမ်

🌾စပါးခင်းထဲက ဖြုတ်တွေကို နှိမ်နင်းနိုင်တဲ့ 🎉အက်(စ်)ဖိုက်တာ🎉🚨ဖျက်ဆီးမှုလက္ခဏာ👉 စပါးရွက်များသည် အရွက်၏ ထိပ်မှ အလယ်တစ်လျှော...
29/08/2025

🌾စပါးခင်းထဲက ဖြုတ်တွေကို နှိမ်နင်းနိုင်တဲ့
🎉အက်(စ်)ဖိုက်တာ🎉
🚨ဖျက်ဆီးမှုလက္ခဏာ
👉 စပါးရွက်များသည် အရွက်၏ ထိပ်မှ အလယ်တစ်လျှောက် အဝါရောင်သို့ ပြောင်းသွားကာ တဖြေးဖြေး ခြောက်သွားပါသည်။
👉 ဤသည်မှာ ဖြုတ်ညိုပိုးကြောင့် ဖြစ်ပွားသော ဖြုတ်လောင်နာများ ဖြစ်ပါသည်။
👉 အကွက်လိုက် စတင်ဖြစ်ပေါ်သော်လည်း ပျံ့ပွားမှု မြန်ဆန်ပြီး သေဆုံးသွားသော အပင်မှ ဘေးချင်းကပ်အပင်သို့ ကူးရာတွင်လည်း အလွန်မြန်ဆန်လှပါသည်။
👉 ပိုး၏ စစ်ထုတ်ရည်များကြောင့် ကြပ်ခိုးမှိုများကို ပိုးကျထားသော နေရာ၏ အောက်ခြေနားတွင် တွေ့ရတတ်ပါသည်။
⚡️ဓာတုနည်းဖြင့် ကာကွယ်နှိမ်နင်းနည်း
🔰 အေပီမှ ဖြုတ်အထူးဆေး- အက်(စ်)ဖိုက်တာ (Pymetrozine 50% + Nitenpyram 20%) အား
✅ရေ(၂၀)လီတာဝင် ဆေးဖျန်းပုံး(၁)ပုံးတွင် ဆေးမှုန့်(၇-၁၂)ဂရမ်နှုန်းဖြင့် တစ်ဧကလျှင်(၅)ပုံးအသုံးပြုနိုင်သည်။
📌သဘာဝနည်းဖြင့် ကာကွယ်နှိမ်နင်းနည်း
၁။စပါးပျိုးခင်းများအား ပိုက်ကွန်များဖြင့် ကာ၍ ပိုးများအား ဖယ်ရှားပစ်ပါ။
၂။ပိုးကျရောက်မှု ကနဦးအစတွင် စပါးခင်းအား ရေတစ်ရက်ခန့်လွှမ်းပေးခြင်းဖြင့် ပိုးများအား လျှော့နည်းသွားစေပါသည်။
၃။ပိုးကျမှု ဆိုးဝါးလာသည့်အချိန်တွင် စပါးခင်းအတွင်း ရေ ၃-၄ရက်ခန့် ထုတ်ပေးရပါမည်။
၄။ပေါင်းပင်များကို လယ်ကွင်းအတွင်းနှင့် လယ်ကွင်းပတ်လည်နေရာများတွင် မရှိစေရန် ဖယ်ရှားရှင်းလင်းပါ။
၅။ပိုးများကို ပျိုးခင်းအတွင်း နေ့စဉ် ရှာဖွေ ရှင်းလင်းရမည်ဖြစ်ပြီး စပါးခင်း နှင့် ရေမျက်နှာပြင်များပေါ်တွင်မူ အပတ်စဉ် ရှာဖွေ ရှင်းလင်းပါ။

(အက်ဂရိုပါဝါ ကုမ္ပဏီလီမိတက်)
#တောင်သူအားထားအက်ဂရိုပါဝါစွမ်းအား #
#အက်(စ်)ဖိုက်တာ

🌾“စပါးဘက်တီးရီးယား ရွက်ခြောက်ရောဂါ”📌ရောဂါလက္ခဏာများ👉ဤရောဂါသည် ရေကြီးခြင်း၊ ရေသွင်းရေထုတ် မမှန်ကန်ခြင်းတို့ကြောင့် စပါးပင...
27/08/2025

🌾“စပါးဘက်တီးရီးယား ရွက်ခြောက်ရောဂါ”
📌ရောဂါလက္ခဏာများ
👉ဤရောဂါသည် ရေကြီးခြင်း၊ ရေသွင်းရေထုတ် မမှန်ကန်ခြင်းတို့ကြောင့် စပါးပင် သက်တမ်းတစ်လျှောက် ဖြစ်တတ်တဲ့ ရောဂါဖြစ်သည်။
🌾အပင်ငယ်စဉ်တွင် စပါးပင် အောက်ရွက်၏ ရွက်ဖျားရွက်နားတွေမှာ သေးငယ်သော ရေစိုနာကွက် စတင်ဖြစ်ပေါ်လာကာ အရွက်ဝါ၍ ခြောက်လာပြီး တစ်ပင်လုံး ညှိုးသေသွားတတ်ပါသည်။
🌾ပင်ပွားစီးချိန်တွင် ရောဂါကွက်သည် အဝါရောင် (သို့) ရေစိုနာ စိမ်းပြာရောင် ဖြစ်ပြီး အနားမညီတဲ့ လှိုင်းတွန့်ပုံရှိတတ်ပါသည်။
‼️ရောဂါရအပိုင်းမှ ပယင်းရောင် အလုံးလေးများကဲ့သို့ ဘက်တီးရီးယား စိမ့်ထုတ်ရည်များကိုလည်း နံနက်စောစော နေမထွက်မီတွင် တွေ့ရတတ်ပါသည်။

📌ဓာတုနည်းဖြင့် ကာကွယ်နှိမ်နင်းနည်း
🎉အေပီမှထုတ်သော အထူးအစွမ်းထက်ဆေး “ဒဗလယ် ကာဆူ” ကိုအသုံးပြုနိုင်ပါသည်။
💁🏻‍♀️သာမန် ကာဆူဂါမိုင်ဆင်ဆေးများထက် ရာခိုင်နှုန်း ၂ ဆ ပါဝင်သောကြောင့် ပိုမို အစွမ်းထက်ပါသည်။
⚡️ပါဝင် အစွမ်းရှိပစ္စည်း - Kasugamycin 4 % WP
📌ရေ(၂၀)လီတာဝင် ဆေးဖျန်းပုံး(၁)ပုံးတွင် ဆေးမှုန့် (၄၀-၆၀ ဂရမ်) – တစ်ဧကလျှင် (၂၀၀ - ၃၀၀) ဂရမ်နှုန်းဖြင့် တစ်ဧကလျှင်(၅) ပုံးအသုံးပြုနိုင်သည်။
✅သဘာဝနည်းဖြင့် ကာကွယ်နှိမ်နင်းနည်းများ
👉 ရေပေးဝေသည့် မြောင်းများကို သန့်ရှင်းအောင် ထားပါ။
👉 စပါးရွက်များတွင် ထိခိုက်ရှနာများ ဖြစ်စေတတ်သော ကျိုင်းကောင်များကို လျှော့ချရန် မြက်နှင့် ပေါင်းပင်များကို လယ်ကွင်းအတွင်း မရှိစေရန် ဂရုစိုက်ပါ။
👉 ရောဂါဖြစ်ပွားသော အပိုင်းမှ ရေများကို ကျန်းမာသော အပိုင်းသို့ မစီးပါစေနှင့်။
👉 ရောဂါကျထားသော အပင်အစိတ်အပိုင်းများအား ဖယ်ရှားကာ လယ်ကွက်နှင့် မီတာဝက်ခန့် ဝေးသည့်နေရာတွင် မီးရှို့ဖျက်စီးပစ် ပါ။
(အက်ဂရိုပါဝါကုမ္ပဏီလီမိတက်)
တောင်သူ့အားထားအက်ဂရိုပါဝါစွမ်းအား
#ဒဗလယ် ကာဆူ

🌾🌱 မြေချဉ်ခိုက် မြေပြင်လိုက် အေပီဒိုလိုမိုက် 🎉💁🏻‍♀️စျေးသင့်သော ထုံးကျောက်၊ မဖောက်ထုံး၊ဖောက်ထုံး တို့တွင် ကယ်လ်ဆီယမ်ဓာတ်သ...
25/08/2025

🌾🌱 မြေချဉ်ခိုက် မြေပြင်လိုက် အေပီဒိုလိုမိုက် 🎉
💁🏻‍♀️စျေးသင့်သော ထုံးကျောက်၊ မဖောက်ထုံး၊ဖောက်ထုံး တို့တွင် ကယ်လ်ဆီယမ်ဓာတ်သာ ပါရှိပြီး အပင်အတွက်လိုအပ်သော ဆာလ်ဖာဓာတ်နှင့် မဂ္ဂနီစီယမ်ဓာတ်မပါရှိပါ။
💁🏻‍♀️၎င်းတို့ကို စိုက်ပျိုးမြေထဲ ထည့်သွင်းသောအခါ မြေကြီးထဲ ဓာတ်ပြိုကွဲမှု နှင့် ရေပျော်စွမ်းအား လည်းကြာမြင့်လှပါတယ်။
💁🏻‍♀️၄င်းပြဿနာများမှ ကင်းဝေးစေရန် အေပီ- ဒိုလိုမိုက် ကိုဆောင်ထားတော့နော်။👌
🎉 အေပီ-ဒိုလိုမိုက်တွင် ( ကယ်လ်ဆီယမ် (Ca) : 22 % , မဂ္ဂနီစီယမ် (Mg) : 13, ဆာလ်ဖာ (S) : 3% )ပါဝင်ပါသည်။
✅ မြေချဉ်ငန်ဓာတ် (pH) တက်လာစေခြင်း၊
✅ အပွင့်၊ အသီးဝင်ချိန်တွင်ဖျန်းပေးခြင်းဖြင့် အပွင့်၊ အသီးကြွေမှုကို လျော့ကျ၍ အသီးတင်စေခြင်း၊
✅ မဂ္ဂနီစီယမ် ဓာတ်ကို ကြိုက်သော အပင်များအတွက် အထူးသင့်တော်ခြင်း၊(ဥပမာ - ပြောင်း၊ ဘရိုကိုလီ (ဂေါ်ဖီ စိမ်း)၊ ဆလပ်၊ ပန်းဂေါ်ဖီ၊ နှင်းဆီ၊ ငရုပ်၊ အာလူး၊ သကြားမုံလာ (Sugar beet)၊ ပဲမျိုးစုံ )
✅ တစ်ချို့သော ဖျက်ပိုးများ နှင့် ဘတ်တီးရီးရောဂါများကို သက်သာ စေနိုင်ခြင်း။
(မှတ်ချက် - ဘတ်တီးရီးယား ပင်ညိုး ရောဂါများ ၊ ပင်စည်ထိုးပိုး များအတွက် အာနိသင်မရှိပါ။)
📌အသုံးပြုရမည့်အချိန်
✅ သီးနှံများတွင် မစိုက်ပျိုးမီ မြေခံမြေသြဇာအဖြစ် ကြဲပက် အသုံးပြုနိုင်ခြင်း၊
✅ စိုက်ဘောင်/စိုက်ကြောင်းများတွင်လည်း ထည့်သွင်းအသုံးပြုနိုင်ခြင်း၊

📌 အသုံးပြုရမည့်နှုန်းထား
✅ အေပီ- ဒိုလိုမိုက်- တစ်ဧကလျှင် (၂၅) ကီလိုဂရမ်(၂-၄)အိတ်ထိ အသုံးပြုနိုင်သည်။

(အက်ဂရိုပါဝါကုမ္ပဏီလီမိတက်)
တောင်သူ့အားထားအက်ဂရိုပါဝါစွမ်းအား
#အေပီ- ဒိုလိုမိုက်

🌾🌱စိုက်ပျိုးရေးသုံး ထုံးအမျိုးအစားများ👉စိုက်ပျိုးမြေ ပြုပြင် ပစ္စည်းများ (Soil Amendments) အနေဖြင့် အသုံးပြုလျှက်ရှိသော ...
23/08/2025

🌾🌱စိုက်ပျိုးရေးသုံး ထုံးအမျိုးအစားများ

👉စိုက်ပျိုးမြေ ပြုပြင် ပစ္စည်းများ (Soil Amendments) အနေဖြင့် အသုံးပြုလျှက်ရှိသော အရာများစွာရှိပေသည်။ ထိုအရာများ မှာ မြေဆွေးအမျိုးမျိုး, သစ်စိမ်းမြေဆွေး, ထင်း နှင့် ဝါး မီးသွေး, ပြာ, အီးအမ် ဘိုကာချီ, ကြက်ချေး, နွားချေးစသော ဩဂဲနစ် သက်ရှိရုပ်ကြွင်း ပစ္စည်းများသာမက, ကျောက်မှုန့်၊ ထုံးမှုန့် စသည့် မြေကျောက်သား မှ ရရှိသည့် သတ္တုတွင်းထွတ် များကိုလဲ သုံးလျှက်ရှိကြပါသည်။ စိုက်ပျိုးမြေ ပြုပြင် ပစ္စည်းများ (Soil Amendments) ကို အပင်အဟာရဓာတ် ရရှိစေရန် မြေဩဇာအနေဖြင့်, မြေသား အရည်အသွေးကောင်းစေရန်, မြေဆောင် ပိုး နှင့် ရောဂါများကိုလျော့ချရန် စသည်ဖြင့် အကြောင်းအမျိုးမျိုး နဲ့ သုံးကြပါသည်။

သို့ရာတွင်မည်သည့် မြေပြင် မြေခံ ပစ္စည်းကို မည်သည့် နေရာတွင် သုံးရမည်ကို သိရှိရန်လိုအပ်ပါသည်။ ပုံမှာန် အားဖြင့် ဩဂဲနစ် သက်ရှိရုပ်ကြွင်း ပစ္စည်းများက ပြသနာမရှိ လှသော်လည်း၊ သတ္တုတွင်းထွတ်များကိုတော့ မှန်ကန်စွာသုံးသင့်ပါသည်။ ရှေးဦးစွာ စိုက်ပျိုးရေးတွင် သုံးလေ့ရှိသော သတ္တုတွင်းထွတ်များ - ဒိုလိုမိုက် (Dolomite), ထုံး (Lime) နှင့် ကျောက်မှုန့် (Gypsum) တို့ကို အကြောင်းကို လေ့လာကြည့်ကြ ပါစို့။

◻️ထုံး (Lime) - ဩဂဲနစ် မဟုတ်သော ကယ်လ်ဆီယမ် ပါဝင်သည့် ဓာတ်ပေါင်း တစ်ခု, ထို ဓာတ်ပေါင်း သည် အယ်ကာလိုင်း ဖြစ်သည်။
(ချဉ်ငန်ကိန်း - pH တန်ဖိုးအားဖြင့် မြင့်သည်)။

◻️ဒိုလိုမိုက် (Dolomite) - ထုံး အမျိုးအစားတစ်ခုဖြစ်သည်။
ကျောက်မှုန့် (Gypsum) ထုံး အမျိုးအစားတစ်ခုဖြစ်သည်။

◻️ထုံး ကို အမျိုးအစားခွဲရာတွင် ပုံပါ ဇယား အတိုင်းတွေ့ရှိရပါမည်။

🌾🌱စိုက်ပျိုးရေးတွင် အသုံးချခြင်း

▫️◻️◽ ထုံးကျောက် (Calcium Carbonate)
ကို မြေချဉ်ငန်ဓာတ် တန်ဖိုး (pH) တက်လာစေရန် သုံးပါသည်၊ တစ်ချို့သော မှိုရောဂါများ နှင့် ဘတ်တီးရီးယား များ ကိုလျော့ချ ရန်လဲသုံးပါသည်။

✅ကောင်းကျိုးများမှာ - မြေချဉ်ငန်ကိန်း (pH) ကို တက်စေ သည်၊ ထို့အတွက် အများလို အဟာရ ဓာတ်များ ( N, P, K) တို့ကို အက်ဆစ်မြေ - မြေချဉ်ငန်ကိန်း (low pH) နိမ့်သောမြေများတွင် ရရှိစေနိုင်သည်။ ကယ်ဆီယမ် အဟာရဓာတ် ရရှိစေသည်၊ အက်ဆစ်မြေ - မြေချဉ်ငန်ကိန်း (low pH) နိမ့်သောမြေများတွင် ရေစိမ့်ဝင် စီးဆင်းမှုကိုအားပေးသည်။ ဈေး သက်သာသည်။

📌နှုန်းထား - တစ်ဧက ကို ၁ တန် ခန့် - မြေချဉ်ငန်ကိန်း (pH) ၁ ယူနစ် တက်ရန် ဥပမာ pH 4 မှ 5 ဖြစ်ရန် တစ်ဧက ကို ၂ တန်ခန့် ထည့် အနဲဆုံး ထည့်ရမည်။

‼️ဆိုးကျိုးများမှာ - မြေချဉ်ငန်ကိန်း (Soil pH) ကိုသိ ရှိရန် လိုအပ်သည်။ ထုံး ကို မြေချဉ်ငန်ကိန်း (pH – 6) အောက်မြေများတွင် သုံးရပါမည်။ မြေချဉ်ငန်ကိန်း (pH – 6) အထက် မြေများတွင် သုံးမိပါက - အပင်များလောင်နိုင်၍ အဟာရစုပ် ယူရာတွင် အဟန့်အတားဖြစ်စေနိုင်သည်။ မြေအတွင်းထဲနှံ့စပ်အောင် ရောက်ရှိရန် လုပ်ရကိုင်ရ ဝန်ကြီးမားသည်။ ထုံး၏ လုပ်ဆောင်ချက်မှာ နှေးကွေးသည်၊ အာဏိသင် ရရန် အနဲဆုံး ၂ လ မှ ၆ လ လောက့်စောင့်ရသည်။ ရေတွင်ပျော်ဝင်မှုအားနဲသည်၊ ရေရှည်တွင် ပမာဏ များစွာ (ထုံး ပမာဏ ၄ တန် ကို တစ်ဧက တွင် ၂ နှစ်အတွင်း) ထက်ပို သုံးလျှင် မြေကျပ်ခြင်း၊ ထုံးလွှာဖြစ်ပေါ်၍ ရေစီးဆင်းမှု မကောင်းခြင်းများ ကိုဖြစ်စေသည်။ ပင်ရေ စိမ့်ထွတ်ခြင်း Plasmolysis ဖြစ်၍ အပင်ကြီးထွားမှုကို ဆိုးဝါးစွာ ထိ့ခိုက်နိုင်သည်။

⬛ ဒိုလိုမိုက် (Dolomite) ⬛
အား မြေချဉ်ငန်ဓာတ် တန်ဖိုး (pH) တက်လာစေရန် အတွက်ကော ကယ်ဆီယမ် အဟာရဓာတ် နှင့် မဂ္ဂနီစီယမ် ၂ မျိုး ရရန် အတွက် ပါသုံးသည်။

✅ကောင်းကျိုးများ - ကယ်ဆီယမ် အဟာရဓာတ် နှင့် မဂ္ဂနီစီယမ် အပင်အဟာရ ဓာတ် ၂ မျိုးပါရှိသည်၊ ထို့အတွက် မဂ္ဂနီစီယမ် ဓာတ်ကို ကြိုက်သော အပင်များအတွက် အထူးသင့်တော်သည်၊ ဥပမာ - ပြောင်း၊ ဘရိုကိုလီ (ဂေါ်ဖီ စိမ်း)၊ ဆလပ်၊ ပန်းဂေါ်ဖီ၊ နှင်းဆီ၊ ငရုပ်၊ အာလူး၊ သကြားမုံလာ (Sugar beet)၊ ပဲမျိုးစုံ
တစ်ချို့သော ဖျက်ပိုးများ နှင့် ဘတ်တီးရီးရောဂါများကို သက်သာ စေနိုင်သည်။

မှတ်ချက် - ဘတ်တီးရီးယား ပင်ညိုး ရောဂါများ ၊ ပင်စည်ထိုးပိုး များအတွက် အချည်းနီးပါပဲ၊ အာနိသင် မရှိ၊
📌နှုန်းထား - တစ်ဧက ကို ၁ တန် ခန့် - မြေချဉ်ငန်ကိန်း (pH) အပေါ်မူတည်၍ ထည့်ရမည်။ မြေချဉ်ငန်ကိန်း (pH) ၄ နဲ့ ၅ အတွင်း ရှိပါက တစ်ဧက ကို ၃၀ ကီလို ခန့်၊ (pH) ၅.၁ နဲ့ ၆ အတွင်း ရှိပါက တစ်ဧက ကို ၁၅ ကီလို ခန့် ထည့်ရမည်။

‼️ဆိုးကျိုးများမှာ - သာမာန်ထုံး ထက် တစ်ယူနစ် ကုန်ကျစားရိတ် ပိုများပါသည်၊ မြေချဉ်ငန်ကိန်း (Soil pH) ကိုသိ ရှိရန် လိုအပ်သည်။ ဒိုလိုမိုက် ကို မြေချဉ်ငန်ကိန်း (pH – 7) အောက်မြေများတွင် သုံးရပါမည်။ အကယ်၍ မြေချဉ်ငန်ကိန်း (pH – 7) အထက် မြေများတွင် သုံးမိပါက - အပင်များ လောင်နိုင်ပြီး ဆိုးဝါး ပါက သေနိုင်သည်။ အပင်များ တက်မလာဘဲ ပုစေသော မဂ္ဂနီစီယမ် အဆိပ်သင့်မှု ဖြစ်စေနိုင်၍ မဂ္ဂနီစီယမ်လိုသော မြေတွင်သာ သုံးရင် ပိုသင့်တော်ပါသည်။
🌱အပင်အတွက် အာနိသင်ပြရန် အချိန်စောင့်ရသည်၊ ရေမှာပျော်ဝင်ရန်ခက်သဖြင့်ဖြစ်ပါသည်။ အနဲဆုံး ၂ - ၃ လ စောင့်ရသည်။

⬜ ကျောက်မှုန့်/ လချေးမှုန့် (Gypsum) ⬜
သည် ရေပျော်စွမ်းအား မြင့်မားသည်၊ ထို့အတွက် မြေချဉ်ငန်ဓာတ် တန်ဖိုး (pH) မည်သည့်အနေအထားတွင်မဆို အသုံးပြုရန် အဆင်ပြေသည်။

✅အကျိုးကျေးဇူးများ အနေဖြင့် - ကယ်လ်ဆီယမ် နှင့် ဆာလ်ဖာ အဟာရဓာတ် ရရှိစေခြင်း၊ စပါးစိုက်မြေများတွင် ရေအနေထိုင်တာများ သောကြောင့် အဆိပ်ဓာတ်များ စုဝေးလာခြင်း နှင့် ဇင့်ဓာတ် ချို့တဲ့မှု ကို ပြုပြင်ထိန်းညိ့ပေးခြင်း၊ စိုက်ပျိုးရေအတွင်း အပင်တွက် အန္တရာယ်ဖြစ်စေမည့် ဓာတ်ဆားများကို လျော့ချပေးခြင်း၊ ပူပြင်း ခြောက်သွေ့သော ဒေသများတွင် ရေထိန်းစွမ်းအား နှင့် ရေအသုံးချစွမ်းအား ကိုမြင့်တင်ပေးခြင်း၊ မြေဆွေး နှင့် တိရိစ္ဆာန်အညစ်အကြေးအဆွေး စသော ဩဂဲနစ်ပစ္စည်းများ နှင့်တွဲ၍ သုံးသော် မြေဆီလွှာ ၏ သစ်ဆွေးဓာတ်ကို မြင့်တက်စေခြင်း၊ ကြပ်နေသော မြေသားများ အတွင်း လေဝင်မှု နှင့် ရေ စီးဆင်းမှုကို အားပေးခြင်း၊ မြေဆီလွှာတိုက်စားမှုကိုလျော့ချပေးခြင်း စသော အချက်များကြောင့် သုံးနိုင်ပါသည်။ မြေပဲတွင် အထွက်နှုန်းကို သိသာစွာတိုး စေနိုင်သည်။ ဆာလ်ဖာ ကြိုက်သော ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဆီမုန့်ညှင်း၊ နှမ်း၊ ဆီအုန်း၊ နေကြာ စသော ဆီထွတ် သီးနှံ့များ၊ ခရမ်း ချဉ်။
မှတ်ချက် - ကျောက်မှုန့်/ လချေးမှုန့် သည် ရွံ့စေးမြေကို ဖွယ်လာအောင် ရုပ်ပိုင်းဆိုင်ရာ (Physical properties) အရ မပြုပြင်ပေးပါ။ ထယ်ရေးမကောင်းခြင်း၊ မြေအတွင်း ကျောက်လွှာ အမာခံနေခြင်း စသော ထုထည် ကြီးမားသည် ပြသနာများကိုလဲ မဖြေရှင်းပေးနိုင်ပါ။

📌နှုန်းထား - တစ်ဧက ကို ၁ တန် ခန့် - မြေချဉ်ငန်ကိန်း (pH) ၁ ယူနစ် လျော့စေရန် ဥပမာ pH 9 မှ 8 ဖြစ်ရန် တစ်ဧက ကို ၃ တန်ခန့် ထည့် အနဲဆုံး ထည့်ရမည်။ ရေ စိမ့်ဝင် စီးဆင်းမှုကောင်းရန် နှင့် အဆိပ်အတောက်များကို ဖြေရှင်းရန် တစ် ဧက ၆၀ ပိဿာ - (၁၀၀ ကီလို) ခန့် ထည့်ရမည်။

‼️ဆိုးကျိုးများ - ဈေးများသည်။ မြေချဉ်ငန်ဓာတ် တန်ဖိုး (pH) တက်လာစေရန် အတွက် သိသာသော ထိ့ ရောက်မှု မရှိပါ။ ပိုတက်ဆီယမ် အဟာရ ဓာတ်ကို မြေအတွင်းတွင် ပိုချို့ တဲ့စေသည်။

👉အနှစ်ချုပ်
ထုံး၊ ကျောက်မှုန့်၊ ဒိုလိုမိုက် အားလုံး တို့သည် တန်ဆေး လွန်ဘေး ဖြစ်ပါသည်၊ အစကတည်းက မြေမချဉ်အောင် သတိထား လုပ်ဆောင်ပါ၊ မြေချဉ် ၍ ကုစားဖို့ရန် ရေရှည်အတွက် အချိန်ပေးရပါသည်။

စိုက်ပျိုးရေး အသိကြွယ်စေရန် ရည်ရွယ်၍
မှ
ဖုန်းမာန်တိုး

ကျမ်းကိုးများ - https://socratic.org/questions/how-do-you-calculate-the-percentage-of-calcium-in-calcium-carbonate-caco-3
https://www.dpi.nsw.gov.au/agriculture/soils/guides/soil-acidity/best-lime
https://www.fertilesoilsolutions.com/uncategorized/comparing-agricultural-gypsum-with-limestone-and-dolomite/

Iowa State University, USA,

Gardening Australia,

The Agriculture and Food Development Authority (Teagasc), Ireland.

🎉ထုတ်ပိုးမှုဒီဇိုင်းပြောင်းလဲခြင်း🎉🔰အက်ဂရိုပါဝါကုမ္ပဏီမှ ဖြန့်ဖြူးသော “တော့ပ်-စကိုး” ကို စစ်မှန်ကောင်းမွန်သော မူလအရည်အသွ...
08/08/2025

🎉ထုတ်ပိုးမှုဒီဇိုင်းပြောင်းလဲခြင်း🎉

🔰အက်ဂရိုပါဝါကုမ္ပဏီမှ ဖြန့်ဖြူးသော “တော့ပ်-စကိုး” ကို စစ်မှန်ကောင်းမွန်သော မူလအရည်အသွေး လုံးဝလုံးဝ ပြောင်းလဲခြင်းမရှိဘဲ သေသပ်လှပပြီး ဆန်းသစ်သောထုတ်ပိုးမှု ဒီဇိုင်းဖြင့် ပြောင်းလဲထုတ်လုပ်လိုက်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင်……🎉

(အက်ဂရိုပါဝါကုမ္ပဏီလီမိတက်)
တောင်သူ့အားထားအက်ဂရိုပါဝါစွမ်းအား

" 19 July မမေ့နိုင် "" အာဇာနည်နေ့ တို့မမေ့ "=================(၇၈)နှစ်မြောက် အာဇာနည်နေ့အား အက်ဂရိုပါဝါကုမ္ပဏီမိသားစုမှ ရိ...
19/07/2025

" 19 July မမေ့နိုင် "
" အာဇာနည်နေ့ တို့မမေ့ "
=================
(၇၈)နှစ်မြောက် အာဇာနည်နေ့အား အက်ဂရိုပါဝါကုမ္ပဏီမိသားစုမှ ရိုသေလေးစားစွာဖြင့် ဂါရဝပြုအပ်ပါသည်။

#အက်ဂရိုပါဝါကုမ္ပဏီ လီမိတက်
#တောင်သူအားထားအက်ဂရိုပါဝါစွမ်းအား

Address

No 567/Thumana Street, 16/4 Qtr, Thingangyun Tsp
Yangon
11071

Opening Hours

Monday 09:00 - 17:30
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 12:00

Alerts

Be the first to know and let us send you an email when Agro Power posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Agro Power:

Share