SHWE KWAN PWINT CO.,LTD.

SHWE KWAN PWINT CO.,LTD. Engineering Service,Metal Fabricator Construction Company.

27/03/2025

နိုင်ဟံသာတို့၊ KNU က ငချွတ်သား စောတောနီးတို့က တပ်မတော်ဆိုတာ နိုင်ငံရေးက ထွက်ရမယ်လို့ ရဲရဲတောက်ဆိုသတဲ့။

မြန်မာ့နိုင်ငံရေးသမိုင်းမှာ တပ်မတော်က ဦးဆောင်ပြီး နိုင်ငံရေး လုပ်ခဲ့တာ မရှိခဲ့ဘူး။ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် နိုင်ငံရေး လုပ်ချင်တဲ့အခါ ယူနီဖောင်းချွတ်ပြီး တပ်မတော်ကို သီးသန့်ပုံစံမျိုး ထားခဲ့တယ်။

လွတ်လပ်ရေးရပြီး ၄၈ ကနေ ၅၈ ခုနှစ်အထိက ဒီနိုင်ငံရေးသမားတွေ ကျပ်မပြည့် ၊ အာဏာလု ကွဲပြားကြရာကနေပဲ တပ်မတော်က ဝင်ထိမ်းခဲ့ရတာ မဟုတ်ဘူးလား။ လွတ်လပ်ရေးရပြီး မကြာခင်မှာပဲ နိုင်ငံရေးပါတီဖြစ်တဲ့ ဗကပ က ပထမဆုံး တောခိုသွားခဲ့တာ မဟုတ်ဘူးလား။ KNDO ဆိုတဲ့ ကရင် လက်နက်ကိုင်တပ်ဖွဲ့က ပထမဆုံး နယ်မြေသိမ်း စစ်ပွဲတွေ ဆင်နွှဲခဲ့ကြတာ မဟုတ်ဘူးလား။ နိုင်ငံရေး ဘန်းပြပြီး မြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့လို့ ပြင်ဦးလွင်၊ မန္တလေး၊ ဧရာဝတီတိုင်းက မြို့ရွာ တော်တော်များများမှာ အကြောင်းမဲ့ လူသတ်ခဲ့ကြတာကလည်း ကရင် လက်နက်ကိုင်တပ် KNDO မဟုတ်ဘူးလား။ တခါတည်း ဆက်စပ်လို့ မေးရရင် မင်းတို့ ကရင် KNDO က ဖြူးမှာ လူ ၂ ထောင်ကျော် သတ်သွားတာကရော တော်လှန်ရေးလို့ ပြောဦးမလား။ မုတ္တမမှာ တက္ကသိုလ်ကျောင်းသူတွေကို ဖမ်းပြီး တရုတ်ဆီ ရောင်းစားခဲ့တဲ့ သမိုင်းကြောင်းတွေကိုရော ပြန်လှန်ပေးရဦးမလား။

ဖဆပလ နှစ်ခြမ်းကွဲတယ်။ ဗကပ နုတ်ထွက်ပြီး လက်နက်ကိုင်တယ်။ အလံနီ၊ အလံ ဖြူတွေ ထပ်ကွဲတယ်။ ဆိုရှယ်လစ် နှစ်ခြမ်းကွဲတယ်။ KNDO ဇောင်းကြွတယ်။ ရခိုင်ပုကန်သူတွေက ရခိုင်မြို့ရွာတွေသိမ်းထားတယ်။ မူဂျာဟစ်တွေ လည်း ရှိနေတယ်။ ကူမင်တန်အရေးပေါ်လာတယ်။ SEATO နဲ့အပြိုင် ရှမ်းတွေက ခွဲထွက်ခွင့်တောင်းလာကြတယ်။ တနိုင်ငံလုံးမှာ အစိုးရထိန်းချုပ်နိုင်တာ ရန်ကုန်တမြို့ပဲ ကျန်တော့လို့ ရန်ကုန်အစိုးရလို့ သမုတ်ခံရတာ ဟာသ မဟုတ်ဘူး ငါ့လူတို့။ ဒီအနေအထားကနေ တပ်မတော်က တပြည်လုံးကို ပြန်ပြီး တည်ငြိမ်အောင် ထိန်းသိမ်းလာခဲ့ရတာ။ မင်းတို့ ခုလို နေနိုင်ဖို့ ၆၂ ကနေ ၉၀ ကျော်အထိ တပ်မတော်က တိုက်ပွဲပေါင်းများစွာ၊ အသက်သွေးချွေးပေါင်းများစွာ စတေးပြီး တိုက်ယူထားခဲ့တာ မမေ့လေနဲ့။

၈၈ အရေးအခင်းဆိုတာ တပါတီစနစ်ကို မကြိုက်တော့လို့၊ ဆိုရှယ်လစ်ဟာ လူထုကြပ်တည်းမှုကို ဖြစ်စေလို့၊ နည်းမျိုးစုံနဲ့ ဂယ်ပေါက်ရှာနေတဲ့ လူထုက ကျောင်းသား အရေးအခင်း၊ ဦးသန့်အရေးအခင်းတို့နဲ့ ထိပ်တိုက်တွေ့ခဲ့တာ ဆန်းမှမဆန်းဘဲ။ ၃ လအတွင်း ပါတီစုံ ရွေးကောက်ပွဲ လုပ်ပေးပါ့မယ်လို့ ပြောတာတောင် တစည ပဲ နိုင်မယ်ဆိုပြီး ယူဆလို့ အစိုးရ ချက်ချင်းဆင်းဖို့ပဲ အားထုတ်ခဲ့ကြတာက နောက်ကွယ်က လက်မဲ‌ကြီးတွေ ရှိတာ ထင်ရှားမနေဘူးလား။ ၈၈ မှာ ဒီလောက်မင်းမဲ့စရိုက်ဆန်ဆန် သတ်ဖြတ်ကြ၊ ဂိုဒေါင်ဖောက်နေကြတဲ့ အခင်းအကျင်းကို တပ်မတော်ကမှ ဝင်မထိမ်းရင် ဘယ်သူတွေက ထိန်းကြမလဲ။

ကဲ တပ်မတော်က နိုင်ငံရေးက ထွက်ပါပြီတဲ့။ မင်းတို့ EAO တွေကရော ဘယ်ချိန် လက်နက်စွန့်ပါမယ်လို့ လူထုကို ကတိပေးဖူးရဲလို့လဲ။ ဆိတ်ခေါင်းချိတ်ပြီး ခွေးသား မရောင်းနဲ့ ငါ့ကောင်တို့။ မြန်မာပြည်မှာ လက်နက်ကိုင်အစုအဖွဲ့ပေါင်း ရာနဲ့ချီ ရှိတဲ့အနေအထားကို တပ်မတော်က နှစ်ပေါင်းများစွာ ကြုံတွေ့ခဲ့ပြီးပြီ။ လူမိုက်စကား ပြောရင် မင်းတို့ ဗိုက်ထဲ အူဘယ်နှစ်ခွေ ရှိတယ်ဆိုတာကအစ တပ်မတော်က သိတယ်။ အံတို နေပြီ။ လာလည်း မလုပ်နဲ့။ လုပ်လို့လည်း မရဘူး။

(နရီမိုး)

❤ Awesome ! One life ends another begins 💕
06/12/2021

❤ Awesome ! One life ends another begins 💕

18/08/2020
Water - Cement Ratio Helpfull Info👌
19/03/2020

Water - Cement Ratio
Helpfull Info👌

17/02/2020
28/12/2017

Address

Yangon

Website

Alerts

Be the first to know and let us send you an email when SHWE KWAN PWINT CO.,LTD. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share