21/05/2023
Interior Decoration ပုံစံနှင့် အယူအဆများ (အပိုင်း - ၃) - Rustic Style နှင့် France Country Style များအကြောင်း
ဒီနေ့မှာ Romantic House Decoration & Construction Co.,ltd ရဲ့ မိတ်ဆွေများ၊ Customer များအတွက် ရေးလက်စ Decoration Styles လေးတွေ အကြောင်း ဆက်လက်ရေးသားတင်ပြသွားပါရစေ။
Rustic Style Decoration
Outdoor မှာ တွေ့မြင်ရတဲ့အရာလေးတွေကို Inspiration ယူပြီး ပြင်ဆင်ထားတာမျိုးလေးပါ။ ဒီလိုအိမ်တွင်းပြင်ဆင်မှုလေးဟာ လယ်တောအိမ်လေး တလုံးလို၊ စက်မှုခေတ်က အိမ်လေးတလုံးလို မြင်တွေ့ခံစားနိုင်မှာ ဖြစ်ပါတယ်။ သစ်သားအကြမ်းထည်တွေ၊ အထူးတလည် ပြင်ဆင်ထားပုံမရတဲ့ ကျောက်တုံးနဲ့ သားရေသားတွေ၊ သံချေးတက်နေသလိုပုံစံနဲ့ အရောင်တွေ အသုံးပြုပြီး အမြင်ဆန်း အသွင်ဆန်းတွေ စီမံဖန်တီးထားတဲ့ပုံစံလေးတွေပေါ့။
ဒီလိုပုံစံလေးတွေကို လူအတော်များများ သဘောကျလေ့ရှိပါတယ်။ အများနဲ့မတူတဲ့ ရဿမျိုးလေးတွေရလို့ပါ။ Rustic Style မှာဆိုရင် သက်တောင့်သက်သာခံစားရမယ်၊ သဘာဝနဲ့ နီးစပ်တဲ့ပြင်ဆင်မှုဖြစ်တာကြောင့် စိတ်အေးချမ်းမှုနဲ့ ကြည်လင်သွားမှုကို ခံစားရစေနိုင်ပါတယ်။ ဒီလို Rustic Style ပြင်ဆင်တော့မယ်ဆိုရင် သစ်သား၊ ကျောက်တုံး၊ ပိတ်ဖျင် (ကန့်လန့်ကာ၊ ဆိုဖာခင်း) စတာတွေရဲ့ အရောင်အသွေး ရွေးချယ်မှု အရေးးကြီးပါတယ်။
အဓိကအရေးအကြီးဆုံးအချက်က ဒီလိုစတိုင်မှာ Straight lines တွေ မသုံးမိဖို့ပါပဲ။ Rustic Style မှာ Straight Lines တွေက လုံးဝဘောင်မဝင်ပါဘူး။ စာအရမ်းရှည်မှာစိုးလို့ Straight Lines ဆိုတာဘာလဲ အသေးစိတ်မရှင်းပြတော့ပါဘူးနော်။ ကျွမ်းကျင်တဲ့ Interior Designer တွေ သိပြီးသားဖြစ်မှာပါ။
နောက်တချက်သတိထားရမှာက အထက်မှာ ဖော်ပြခဲ့တဲ့ Raw Materials (ကျောက်တုံး၊ သစ်သားအကြမ်းထည်) စတာတွေအပြင် အခြား furniture တွေအကုန်လုံးက သူ့ရည်ရွယ်ချက်နဲ့သူ နေရာချဖို့လိုပါတယ်။ ရုတ်တရက်ကြည့်လိုက်ရင် အခန်းတခုထဲ တွေ့ကရာ ပစ္စည်းတွေ စုပုံပြီး ထည့်ထားသလို ထင်ရနိုင်ပေမယ့် သူ့နေရာနဲ့သူ Balance ထိန်းသွားတဲ့အတွက် မျက်စိပသာဒ ရှိပြီး လှပတင့်တယ်နေပါမယ်။ ဒါဟာ Rustic Style ရဲ့ အရသာပါပဲ။
French Country Style
ဒီစတိုင်မျိုးကျတော့ အထက်မှာ ဖော်ပြပေးခဲ့တဲ့ Rustic Style ကို မွမ်းမံထားတဲ့စတိုင်မျိုးပါ။ ပြင်သစ်နိုင်ငံရဲ့ ကျေးရွာဘက်ကနေအိမ်လေးတွေရဲ့ စတိုင်တွေကို Inspired ယူထားတဲ့ ပြင်ဆင်မှုမျိုးပါ။ ပြင်သစ်နိုင်ငံဟာ ရှေးယခင်တည်းက ယဉ်ကျေးမှုအဆင့်တန်းအရမ်းမြင့်မားတဲ့နိုင်ငံတခုပါ။ ဒါ့ကြောင့်လဲ ခုဖော်ပြပေးနေတဲ့ စတိုင်မျိုးကို တကမ္ဘာလုံးက နှစ်သက်ပြီး popular ဖြစ်နေကြတာပါပဲ။ ဒီစတိုင်ကို သူများနဲ့ကွဲပြားခြားနားစေတဲ့အချက်၊ သူ့ရဲ့ Distinct Characteristic က သုံးချက်ပဲရှိပါတယ်။ Softly patterned fabrics in muted colors ပါပဲ။ အနုလက်ရာမြောက်ပြီး အရောင်ဖျော့တဲ့ အထည်တွေ အသုံးပြုခြင်းပါပဲ။
French Country Style ပြင်ဆင်မှုမျိုးလေးနဲ့ဆိုရင် ပြင်သစ်ရဲ့ နာမည်ကျော်ဝိုင်တွေ ထုတ်လုပ်နေတဲ့ ကျေးရွာအိမ်လေးတခုကိုရောက်သွားသလိုမျိုး၊ အဲ့လိုခေတ်ကို ပြန်ခံစားလိုက်မိတာလိုမျိုး ခံစားရစေမှာပါ။ တဆက်တည်းမှာပဲ သန့်ရှင်းသပ်ရပ်မှု၊ နွေးထွေးပျူငှာမှု၊ အထက်တန်းစားဆန်ဆန် ခမ်းနားမှုများကိုလဲ ခံစားရရှိစေမှာပါ။