TREES - Think Renewable Energy & Environmental Sustainability

TREES - Think Renewable Energy & Environmental Sustainability Sharing the Knowledge about Environmental and Green Energy to save the Earth.

TREESသည္ ျမန္မာႏိုင္ငံ အစိမ္းေရာင္ စြမ္းအင္ႏွင့္ ပတ္ဝန္းက်င္က႑ဖြံ႔ျဖဳိးေရးအတြက္ ရည္ရြယ္ပါသည္။ ေက်ာင္းသားမ်ားအတြက္ ပညာရပ္ပိုင္းဆိုင္ရာမ်ား မွ်ေဝသြားပါမည္။

ရခိုင်ဆင်များအား ထိန်းသိမ်းကာကွယ်နိုင်ခြင်း မရှိပါက ဆယ်စုနှစ်တစ်ခုအတွင်း ပျောက်ကွယ်နိုင်....
17/10/2020

ရခိုင်ဆင်များအား ထိန်းသိမ်းကာကွယ်နိုင်ခြင်း မရှိပါက ဆယ်စုနှစ်တစ်ခုအတွင်း ပျောက်ကွယ်နိုင်....


အခ်ိန္မီ ထိန္းသိမ္းျခင္းမ႐ွိပါက ရာစုႏွစ္တစ္ခုအတြင္း ရခိုင္ဆင္မ်ားေပ်ာက္ကြယ္ႏိုင္

သက္ပိုင္ | DMG
ေအာက္တိုဘာ ၁၇ ၊ စစ္ေတြ

ရခိုင္ျပည္နယ္တြင္ ရာဂဏန္းခန္႔သာက်န္႐ွိေတာ့သည့္ ေတာဆင္႐ိုင္းမ်ားကို တာဝန္႐ွိသူမ်ားအေနျဖင့္ စနစ္ တက် ထိမ္းသိမ္းမႈမ်ားမလုပ္ပါက ရာစုႏွစ္တစ္ခုအတြင္း ယင္းဆင္မ်ား မ်ိဳးတံုးေပ်ာက္ကြယ္သြားႏိုင္ေၾကာင္း သစ္ေတာပညာ႐ွင္မ်ားက သတိေပးေျပာဆိုလိုက္သည္။

ယခင္က ဆင္အေကာင္ေရ ေထာင္ႏွင့္ခ်ီကာ႐ွိခဲ့သည့္ ရခိုင္ျပည္နယ္၌ လက္႐ွိအခ်ိန္တြင္ အေကာင္ေရ ၄၀၀ ဝန္းက်င္ခန္႔သာ႐ွိႏိုင္ၿပီး အေရးေပၚထိန္းသိမ္းေစာင့္ေ႐ွာက္မႈ လိုအပ္ေနေၾကာင္း သစ္ေတာဦးစီးဌာန၊ ျမန္မာ့ သစ္ထုတ္လုပ္ငန္းမွ လက္ေထာက္အေထြေထြမန္ေနဂ်ာ ေဒါက္တာေဇာ္မင္းဦးကဆိုသည္။

“အရင္တုန္းက ႐ွမ္းျပည္မွာဆင္႐ွိခဲ့တယ္။ ဒါေပမယ့္ အခုမ႐ွိေတာ့ဘူး။ အရင္တုန္းက ေကာလင္းတို႔၊ ကသာတို႔ ဖက္မွာ႐ွိတယ္ အခုမ႐ွိေတာ့ဘူး။ ဒါေၾကာင့္ လက္႐ွိ ဆင္႐ွိေနတဲ့ေဒသေတြျဖစ္တဲ့ ရခိုင္တို႔၊ ဧရာဝတီတို႔၊ ပဲခူး တို႔လို ေနရာေတြမွာ ထိန္းသိမ္းမႈေတြ လုပ္ေဆာင္သင့္ေနပါၿပီ” ဟု သူကေျပာသည္။

ဆင္မ်ား အေကာင္ေရေလ်ာ့က်လာရသည့္အခ်က္မွာ သစ္ေတာမ်ားျပဳန္းတီးမႈေၾကာင့္ စားက်က္ေျမမ်ား က်ဥ္းေျမာင္းလာျခင္းႏွင့္ လူတို႔၏အမဲလိုက္ျခင္းတို႔ေၾကာင့္ျဖစ္ေၾကာင္း၊ ဆင္မ်ားမ႐ွိေတာ့ပါက သဘာဝ ေဂဟစနစ္အတြက္ မ်ားစြာထိခိုက္မႈမ်ား႐ွိႏိုင္ေၾကာင္း ရန္ကုန္တိရစာၦန္ဥယ်ာဥ္မွ တိရစာၦန္ဆရာဝန္ ေဒါက္တာျမင့္သိန္းက ဆိုသည္။

“ဆင္ေတြကို အေကာင္းဆံုးဥယ်ာဥ္မွဴးႀကီးဆိုၿပီး တင္စားၾကတာေတြ႐ွိတယ္။ ဘာလို႔လဲဆိုေတာ့ သူတို႔ဟာ တေန႔ကို ေဘာလံုးကြင္းေလးကြင္းစာေလာက္ သြားတတ္ၾကတယ္။ သူတို႔သြားတဲ့ ေနရာေတြမွာ အပင္ေတြကို တက္ေနတဲ့ၿခံဳေတြက အလိုလို႐ွင္းၿပီးသားျဖစ္သြားတယ္။ ေနာက္ၿပီး သူက အပင္မ်ိဳးစံုစားေတာ့ သူတို႔စြန္႔ပစ္ လိုက္တဲ့ မစင္ကတစ္ဆင့္ အပင္မ်ိဳးေစ့ေတြ ေနရာစံုမွာေပါက္ႏိုင္တာေပါ့၊ ဒါတင္မကဘူး သူတို႔သြားတဲ့ ေနရာေတြမွာ ေျမနိမ့္ဝင္သြားၿပီး ေရစီးေၾကာင္းေလးေတြလည္း ျဖစ္ႏိုင္တာေပါ့”ဟု ေဒါက္တာျမင့္သိန္းက ႐ွင္းျပသည္။

၂၀၁၀ ခုႏွစ္ ဆင္ျဖဴေတာ္႐ွာစဥ္က ေကာက္ယူခဲ့ေသာ စာရင္းမ်ားအရ ရခိုင္ျပည္နယ္ေျမာက္ပိုင္းေဒသျဖစ္သည့္ ေမယုေတာင္တန္းေပၚတြင္ ဆင္ေကာင္ေရ ၃၁၆ ေကာင္ႏွင့္ သစ္ထုတ္လုပ္ေရးလုပ္ငန္းမ်ား႐ွိသည့္ သံတြဲခ႐ိုင္ အတြင္းတြင္ ၁၅ ေကာင္ခန္႔သာ႐ွိေတာ့ေၾကာင္း ျမန္မာ့သစ္လုပ္ငန္း၊ သစ္ထုတ္ေရးဌာနမွ လက္ေထာက္ မန္ေနဂ်ာ ေဒါက္တာစံလင္းက ေျပာသည္။

“ရခိုင္ေဒသကဆင္ေတြမွာ ဆင္ျဖဴေတာ္ေသြးရွိတဲ့ ဆင္မ်ိဳးစိတ္ေတြရွိေနတယ္။ ဆင္ဆိုတာ ႏိုင္ငံေတာ္ရတနာတစ္ ပါးျဖစ္တဲ့အတြက္ ဒီလိုေဒသကဆင္ေတြကို စနစ္တက် ထိန္းသိမ္းမႈေတြ လုပ္ကိုလုပ္သင့္ပါတယ္” ဟု ၄င္းက ႐ွင္းျပသည္။

လက္႐ွိတြင္ ရခိုင္႐ိုးမ ဆင္ေဘးမဲ့ေတာဧရိယာတြင္ သစ္ေတာဦးစီးဌာနႏွင့္ ပူးေပါင္းလုပ္ေဆာင္ေနသည့္ ဝန္းက်င္သားငွက္အဖြဲ႕(ျမန္မာႏိုင္ငံအစီစဥ္)(WCS)အေနျဖင့္ ေတာဆင္႐ိုင္းထိမ္းသိမ္းရာတြင္ ျပည္သူမ်ားမွ ပူးေပါင္းေဆာင္႐ြက္မႈ အားေကာင္းေသာ္လည္း ေဘးမဲ့ေတာဧရိယာ ဧကေပါင္း ၃ သိန္း ၃ ေသာင္းေက်ာ္ကို လူဦးေရ ၃၀ ျဖင့္သာ ထိန္းသိမ္းေရးလုပ္ငန္းမ်ား ေဆာင္ရြက္ရသည့္အတြက္ အခက္ခဲအနည္းငယ္ရွိေၾကာင္း WCSအဖြဲ႕၏ ရခိုင္ေဒသ(Site)မန္ေနဂ်ာ ကိုထက္အာကာေအာင္ကဆိုသည္။

ရခိုင္ေဒသ၏ေတာဆင္႐ိုင္းအမ်ားစုတည္႐ွိရာ ရခိုင္ေျမာက္ပိုင္းတြင္ထိမ္းသိမ္းမႈလုပ္ေဆာင္မည့္ကိစၥႏွင့္ ပတ္သက္၍ “ဘူးသီးေတာင္၊ ေမာင္ေတာဘက္မွာေတာ့ နယ္ေျမလုံၿခဳံေရးအေျခအေနအရ ထိန္းသိမ္းေရး လုပ္ငန္းေတြလုပ္ဖို႔ အခက္အခဲ႐ွိတဲ့အတြက္ ေလာေလာဆယ္ေတာ့ အစီအစဥ္မ႐ွိေသးပါဘူး။ ဒါေပမယ့္အဲဒီ ေဒသေတြဟာ ေတာဆင္႐ိုင္းေတြသာမက အျခား႐ွားပါးေတာ႐ိုင္းတိရစၧာန္ေတြ ေတာ္ေတာ္မ်ားမ်ား ႐ွိေန ေသးတဲ့အတြက္ ျမန္မာႏိုင္ငံရဲ႕အဓိက ဇီဝမ်ိဳးစုံမ်ိဳးကြဲက်က္စားရာ ေနရာ (Key Biodiversity Area)မ်ားအျဖစ္ သတ္မွတ္ထားတဲ့ ေနရာေတြပါ။ အမွန္တကယ္ ထိန္းသိမ္းသင့္တဲ့ ေနရာေတြပါ” ဟု သူကဆိုသည္။

သို႔ေသာ္ နယ္ေျမလံုၿခံဳေရးအေျခအေနအရ ထိန္းသိမ္းေရးလုပ္ငန္း ေဆာင္႐ြက္ေနသည့္ သစ္ေတာဦးစီးဌာန ဝန္ထမ္းမ်ားႏွင့္ အစိုးရမဟုတ္သည့္ ႏိုင္ငံတကာအဖြဲ႕အစည္း(INGO)မ်ားအေနျဖင့္ အဆိုပါဧရိယာမ်ားတြင္ ေျမျပင္ကြင္းဆင္းကာ ေတာဆင္႐ိုင္းထိန္းသိမ္းေရးလုပ္ငန္းမ်ား ထိထိေရာက္ေရာက္ အေကာင္အထည္ ေဖာ္ရန္မွာ လက္႐ွိအခ်ိန္တြင္ စိန္ေခၚမႈႀကီးတစ္ရပ္အျဖစ္႐ွိေနေၾကာင္း ကိုထက္အာကာေအာင္က ဆိုသည္။

လြန္ခဲ့သည့္ ႏွစ္ ၇၀ ခန္႔က ျမန္မာႏိုင္ငံတြင္ ေတာဆင္႐ိုင္းအေကာင္ေရ ၉၀၀၀ ခန္႔ေနထိုင္ခဲ့ၿပီး လက္႐ွိ အခ်ိန္တြင္ အေကာင္ေရ ၂၀၀၀ ပင္မျပည့္ေတာ့ေၾကာင္းႏွင့္ ၿပီးခဲ့သည့္ ၂၀၁၇ ခုႏွစ္အတြင္းက တစ္ပတ္လွ်င္ ဆင္တစ္ေကာင္ႏႈန္းျဖင့္ အသတ္ခံရမႈမ်ား႐ွိခဲ့ေၾကာင္း ကမၻာလံုးဆိုင္ရာသဘာဝပတ္ဝန္းက်င္ ရန္ပံုေငြအဖြဲ႕ (WWF–Myanmar)အဖြဲ႕မွသိရသည္။

{Unicode}

အချိန်မီ ထိန်းသိမ်းခြင်းမရှိပါက ရာစုနှစ်တစ်ခုအတွင်း ရခိုင်ဆင်များပျောက်ကွယ်နိုင်

သက်ပိုင် | DMG
အောက်တိုဘာ ၁၇ ၊ စစ်တွေ

ရခိုင်ပြည်နယ်တွင် ရာဂဏန်းခန့်သာကျန်ရှိတော့သည့် တောဆင်ရိုင်းများကို တာဝန်ရှိသူများအနေဖြင့် စနစ် တကျ ထိမ်းသိမ်းမှုများမလုပ်ပါက ရာစုနှစ်တစ်ခုအတွင်း ယင်းဆင်များ မျိုးတုံးပျောက်ကွယ်သွားနိုင်ကြောင်း သစ်တောပညာရှင်များက သတိပေးပြောဆိုလိုက်သည်။

ယခင်က ဆင်အကောင်ရေ ထောင်နှင့်ချီကာရှိခဲ့သည့် ရခိုင်ပြည်နယ်၌ လက်ရှိအချိန်တွင် အကောင်ရေ ၄၀၀ ဝန်းကျင်ခန့်သာရှိနိုင်ပြီး အရေးပေါ်ထိန်းသိမ်းစောင့်ရှောက်မှု လိုအပ်နေကြောင်း သစ်တောဦးစီးဌာန၊ မြန်မာ့ သစ်ထုတ်လုပ်ငန်းမှ လက်ထောက်အထွေထွေမန်နေဂျာ ဒေါက်တာဇော်မင်းဦးကဆိုသည်။

“အရင်တုန်းက ရှမ်းပြည်မှာဆင်ရှိခဲ့တယ်။ ဒါပေမယ့် အခုမရှိတော့ဘူး။ အရင်တုန်းက ကောလင်းတို့၊ ကသာတို့ ဖက်မှာရှိတယ် အခုမရှိတော့ဘူး။ ဒါကြောင့် လက်ရှိ ဆင်ရှိနေတဲ့ဒေသတွေဖြစ်တဲ့ ရခိုင်တို့၊ ဧရာဝတီတို့၊ ပဲခူး တို့လို နေရာတွေမှာ ထိန်းသိမ်းမှုတွေ လုပ်ဆောင်သင့်နေပါပြီ” ဟု သူကပြောသည်။

ဆင်များ အကောင်ရေလျော့ကျလာရသည့်အချက်မှာ သစ်တောများပြုန်းတီးမှုကြောင့် စားကျက်မြေများ ကျဉ်းမြောင်းလာခြင်းနှင့် လူတို့၏အမဲလိုက်ခြင်းတို့ကြောင့်ဖြစ်ကြောင်း၊ ဆင်များမရှိတော့ပါက သဘာဝ ဂေဟစနစ်အတွက် များစွာထိခိုက်မှုများရှိနိုင်ကြောင်း ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှ တိရစ္ဆာန်ဆရာဝန် ဒေါက်တာမြင့်သိန်းက ဆိုသည်။

“ဆင်တွေကို အကောင်းဆုံးဥယျာဉ်မှူးကြီးဆိုပြီး တင်စားကြတာတွေရှိတယ်။ ဘာလို့လဲဆိုတော့ သူတို့ဟာ တနေ့ကို ဘောလုံးကွင်းလေးကွင်းစာလောက် သွားတတ်ကြတယ်။ သူတို့သွားတဲ့ နေရာတွေမှာ အပင်တွေကို တက်နေတဲ့ခြုံတွေက အလိုလိုရှင်းပြီးသားဖြစ်သွားတယ်။ နောက်ပြီး သူက အပင်မျိုးစုံစားတော့ သူတို့စွန့်ပစ် လိုက်တဲ့ မစင်ကတစ်ဆင့် အပင်မျိုးစေ့တွေ နေရာစုံမှာပေါက်နိုင်တာပေါ့၊ ဒါတင်မကဘူး သူတို့သွားတဲ့ နေရာတွေမှာ မြေနိမ့်ဝင်သွားပြီး ရေစီးကြောင်းလေးတွေလည်း ဖြစ်နိုင်တာပေါ့”ဟု ဒေါက်တာမြင့်သိန်းက ရှင်းပြသည်။

၂၀၁၀ ခုနှစ် ဆင်ဖြူတော်ရှာစဉ်က ကောက်ယူခဲ့သော စာရင်းများအရ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသဖြစ်သည့် မေယုတောင်တန်းပေါ်တွင် ဆင်ကောင်ရေ ၃၁၆ ကောင်နှင့် သစ်ထုတ်လုပ်ရေးလုပ်ငန်းများရှိသည့် သံတွဲခရိုင် အတွင်းတွင် ၁၅ ကောင်ခန့်သာရှိတော့ကြောင်း မြန်မာ့သစ်လုပ်ငန်း၊ သစ်ထုတ်ရေးဌာနမှ လက်ထောက် မန်နေဂျာ ဒေါက်တာစံလင်းက ပြောသည်။

“ရခိုင်ဒေသကဆင်တွေမှာ ဆင်ဖြူတော်သွေးရှိတဲ့ ဆင်မျိုးစိတ်တွေရှိနေတယ်။ ဆင်ဆိုတာ နိုင်ငံတော်ရတနာတစ် ပါးဖြစ်တဲ့အတွက် ဒီလိုဒေသကဆင်တွေကို စနစ်တကျ ထိန်းသိမ်းမှုတွေ လုပ်ကိုလုပ်သင့်ပါတယ်” ဟု ၄င်းက ရှင်းပြသည်။

လက်ရှိတွင် ရခိုင်ရိုးမ ဆင်ဘေးမဲ့တောဧရိယာတွင် သစ်တောဦးစီးဌာနနှင့် ပူးပေါင်းလုပ်ဆောင်နေသည့် ဝန်းကျင်သားငှက်အဖွဲ့(မြန်မာနိုင်ငံအစီစဉ်)(WCS)အနေဖြင့် တောဆင်ရိုင်းထိမ်းသိမ်းရာတွင် ပြည်သူများမှ ပူးပေါင်းဆောင်ရွက်မှု အားကောင်းသော်လည်း ဘေးမဲ့တောဧရိယာ ဧကပေါင်း ၃ သိန်း ၃ သောင်းကျော်ကို လူဦးရေ ၃၀ ဖြင့်သာ ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရသည့်အတွက် အခက်ခဲအနည်းငယ်ရှိကြောင်း WCSအဖွဲ့၏ ရခိုင်ဒေသ(Site)မန်နေဂျာ ကိုထက်အာကာအောင်ကဆိုသည်။

ရခိုင်ဒေသ၏တောဆင်ရိုင်းအများစုတည်ရှိရာ ရခိုင်မြောက်ပိုင်းတွင်ထိမ်းသိမ်းမှုလုပ်ဆောင်မည့်ကိစ္စနှင့် ပတ်သက်၍ “ဘူးသီးတောင်၊ မောင်တောဘက်မှာတော့ နယ်မြေလုံခြုံရေးအခြေအနေအရ ထိန်းသိမ်းရေး လုပ်ငန်းတွေလုပ်ဖို့ အခက်အခဲရှိတဲ့အတွက် လောလောဆယ်တော့ အစီအစဉ်မရှိသေးပါဘူး။ ဒါပေမယ့်အဲဒီ ဒေသတွေဟာ တောဆင်ရိုင်းတွေသာမက အခြားရှားပါးတောရိုင်းတိရစ္ဆာန်တွေ တော်တော်များများ ရှိနေ သေးတဲ့အတွက် မြန်မာနိုင်ငံရဲ့အဓိက ဇီဝမျိုးစုံမျိုးကွဲကျက်စားရာ နေရာ (Key Biodiversity Area)များအဖြစ် သတ်မှတ်ထားတဲ့ နေရာတွေပါ။ အမှန်တကယ် ထိန်းသိမ်းသင့်တဲ့ နေရာတွေပါ” ဟု သူကဆိုသည်။

သို့သော် နယ်မြေလုံခြုံရေးအခြေအနေအရ ထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်နေသည့် သစ်တောဦးစီးဌာန ဝန်ထမ်းများနှင့် အစိုးရမဟုတ်သည့် နိုင်ငံတကာအဖွဲ့အစည်း(INGO)များအနေဖြင့် အဆိုပါဧရိယာများတွင် မြေပြင်ကွင်းဆင်းကာ တောဆင်ရိုင်းထိန်းသိမ်းရေးလုပ်ငန်းများ ထိထိရောက်ရောက် အကောင်အထည် ဖော်ရန်မှာ လက်ရှိအချိန်တွင် စိန်ခေါ်မှုကြီးတစ်ရပ်အဖြစ်ရှိနေကြောင်း ကိုထက်အာကာအောင်က ဆိုသည်။

လွန်ခဲ့သည့် နှစ် ၇၀ ခန့်က မြန်မာနိုင်ငံတွင် တောဆင်ရိုင်းအကောင်ရေ ၉၀၀၀ ခန့်နေထိုင်ခဲ့ပြီး လက်ရှိ အချိန်တွင် အကောင်ရေ ၂၀၀၀ ပင်မပြည့်တော့ကြောင်းနှင့် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်အတွင်းက တစ်ပတ်လျှင် ဆင်တစ်ကောင်နှုန်းဖြင့် အသတ်ခံရမှုများရှိခဲ့ကြောင်း ကမ္ဘာလုံးဆိုင်ရာသဘာဝပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့ (WWF–Myanmar)အဖွဲ့မှသိရသည်။

https://www.dmgburmese.com/%E1%80%9E%E1%80%90%E1%80%84%E1%80%B9%E1%80%B8/save-elephant.html

Mermaids' tears တဲ့ နာမည္ကေတာ့ လွမွလွေနာ္.....ေရသူမေလးေတြရဲ႕ မ်က္ရည္စက္ေတြလို႔ေတာင္ တင္စားေခၚေဝၚရတဲ့ ငါးဥနဲ႔ခပ္ဆင္ဆင္ ပံ...
17/08/2020

Mermaids' tears တဲ့ နာမည္ကေတာ့ လွမွလွေနာ္.....
ေရသူမေလးေတြရဲ႕ မ်က္ရည္စက္ေတြလို႔ေတာင္ တင္စားေခၚေဝၚရတဲ့ ငါးဥနဲ႔ခပ္ဆင္ဆင္ ပံုသ႑ာန္တူတဲ့ ဒီအလံုးေလးေတြက ဘာေတြမ်ားလဲ?

Nurdles လို႔ ေယဘုယ်အေခၚရိွတဲ့ ဒီအလံုးေလးေတြက ေသးငယ္ ေပါ့ပါးၿပီး ေရမွာေပါေလာေပၚႏိုင္တဲ့ အစြမ္းအစရိွပါတယ္။ ဒီလိုေသးၿပီးေပါ့လို႔လည္း အလြယ္တကူလြင့္စင္ႏိုင္ ေရထဲအလြယ္တကူေမ်ာပါႏိုင္တာေၾကာင့္ ေခ်ာင္းေတြေျမာင္းေတြကတစ္ဆင့္ သမုဒၵရာထဲထိ သယ္ေဆာင္သြားႏိုင္တာပါ။

Oceanography နဲ႔ ပတ္သက္လို႔ ေပၚျပဴလာအျဖစ္ဆံုး ဒုကၡအေပးႏိုင္ဆံုး microplastic pollution က တျခားေတာ့မဟုတ္ပါဘူး။ ဒီ nurdles (Mermaids' tears) ေတြဟာ Plastic လုပ္တဲ့ ကုန္ၾကမ္းပစၥည္းတစ္ခုျဖစ္လို႔ တိုက္႐ိုက္စြန္႔ပစ္မိသလို သမုဒၵရာထဲက ပလတ္စတစ္အမိႈက္ေတြ photodegrade ျဖစ္တဲ့အခါမွာ (Plastic က biodegrade ဇီဝနည္းနဲ႔ေခ်ဖ်က္လို႔မရတဲ့ပစၥည္းျဖစ္ၿပီး အဲ့အစား ေနေရာင္ျခည္နွင့္ ​ေလေျကာင္႔ ျပိဳကြဲျခင္းကို photodegrade လို႔ ေခၚသည္။) ၿပိဳကြဲထြက္လာတာလည္း ျဖစ္တတ္ပါတယ္။ သူတို႔ခ်ည္းမေနပဲ တျခားဓာတုပစၥည္းေတြနဲ႔ေပါင္းမိၿပီး Toxic Powerhouse ႀကီးလည္း ျဖစ္ႏိုင္ပါေသးတယ္ေနာ္။

အဆိုးဆံုးကေတာ့ ပံုထဲကအတိုင္း ၾကည္လင္ေတာက္ပခ်စ္စဖြယ္ျဖစ္ၿပီး ငါးဥေလးေတြနဲ႔ ခပ္ဆင္ဆင္မို႔ ေရေနသတၱဝါေလးေတြ စားမိရာကေန အစာကြင္းဆက္ထဲကို ဝင္ေရာက္လာတာပါပဲ။ သူတို႔မွာ အဲ့ဒါေတြျပည့္ေနလို႔ စားေနက်အရာေတြ မစားႏိုင္ေတာ့ပဲ ေသတဲ့အထိျဖစ္ရသလို အဆင့္ဆင့္နဲ႔ လူေတြဆီမွာလည္း မေရာက္ေသးဘူးလို႔ မေျပာႏိုင္ဘူး။ Mermaids' tears ဆိုတဲ့ စကားလံုးအလွအပေလး ​ေနာက္မွာ sad story အႀကီးစားႀကီး ရိွတယ္လို႔သာ မွတ္ပါေလ။
နားထဲမွာ ခင္ေမာင္တိုးရဲ႕ 'ပုလဲေလးေတြဆိုတာ ကမာေကာင္ေလးေတြရဲ႕ မ်က္ရည္ပဲ ခင္' ဆိုတာေလး ၾကားေယာင္ရင္း ေရသူမေလးေတြရဲ႕ မ်က္ရည္ Nurdle ေတြအေၾကာင္း တစ္ေစ့တစ္ေစာင္းပါ..........



03/07/2020

ကျား (သို့) ဘယ်တောရိုင်းတိရစ္ဆာန်ကို မဆို လှောင်အိမ်ထဲမှာ မွေးထားပြီး လိုအပ်တဲ့ ပစ္စည်း အပြည့်အစုံနဲ့ အမြောက်အများ မွေးမြူထားတာက သူတို့ကို ကယ်တင်နိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းလို့ သင်ထင်ကောင်းထင်နိုင်ပါတယ်။

မွေးမြူထားခံရသူ နဲ့ တောတွင်းနေရသူ အကြောင်းဆက်လက်ဖတ်ရှုပြီးတော့ ဘယ်အချက်တွေကြောင့် သူတို့အတွက် ကောင်းတယ်၊ မကောင်းဘူးဆိုတာကို လေ့လာကြည့်လိုက်ပါ။

You might think that keeping tigers or any wildlife in cages and mass breeding them in facilities might be the only way to continue their survival.
Stay tuned for CAPTIVE VS. WILD to find out why that's NOT true.

Myanmar's 21 Designated Ecotourism SitesSource: MYANMAR Ecotourism Policy and Management Strategy 2015 - 2025ဧရိယာအကြီးဆ...
03/07/2020

Myanmar's 21 Designated Ecotourism Sites
Source: MYANMAR Ecotourism Policy and Management Strategy 2015 - 2025

ဧရိယာအကြီးဆုံးက ဟူးကောင်းချိုင့်ဝှမ်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောဖြစ်ပြီး ကာကွယ်ထားတဲ့ဧရိယာအများဆုံးရှိတဲ့ တိုင်း/ပြည်နယ်က ကချင်ပြည်နယ်ဖြစ်ပါတယ် (4 total Protected areas)

လိုအပ်လာခဲ့သည်ရှိသော် 🔔🔔🔔ရှေ့တန်းကသူတွေအတွက် နောက်တန်းကနေ ကိုယ့်အိမ်မှာနေရင်း တဖက်တလမ်းက ကူညီချင်တဲ့သူတွေ လုပ်ပေးလို့ရအေ...
29/03/2020

လိုအပ်လာခဲ့သည်ရှိသော်
🔔🔔🔔
ရှေ့တန်းကသူတွေအတွက် နောက်တန်းကနေ ကိုယ့်အိမ်မှာနေရင်း တဖက်တလမ်းက ကူညီချင်တဲ့သူတွေ လုပ်ပေးလို့ရအောင်ပါ

နည်းလမ်း ၂ ကလူတိုင်းအလွယ်တကူလုပ်နိုင်ပါတယ်

original pdf file link :
https://bit.ly/2WBjxM2

Covid19 Precaution Handbook မြန်မာဘာသာပြန်ဆိုထားတဲ့ စာအုပ်ပါ။မူရင်းထုတ်ဝေ ရေးသားပြုစုသူများနှင့် ဘာသာပြန်ဆိုသူများအား ကျ...
26/03/2020

Covid19 Precaution Handbook မြန်မာဘာသာပြန်ဆိုထားတဲ့ စာအုပ်ပါ။

မူရင်းထုတ်ဝေ ရေးသားပြုစုသူများနှင့် ဘာသာပြန်ဆိုသူများအား ကျေးဇူးတင်ပါသည်။

Address

Yangon
11011

Alerts

Be the first to know and let us send you an email when TREES - Think Renewable Energy & Environmental Sustainability posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to TREES - Think Renewable Energy & Environmental Sustainability:

Share