Vintage Value

Vintage Value Customer is first.

12/01/2024

ကြွေပြားလန်ကျိုးခြင်းကွာထွက်ခြင်းဆိုတာဘာလဲ ?

လူကြီးမင်းတို့၏နေအိမ်ကြမ်းခင်းမူလနေရာမှ ကပ်ထားသော ကြေပြားများကြွတက်လာခြင်းနှင့် ကြွေပြားတခုနှင့် တခုကြားတွန်ကန်မှုဖြစ်ပေါ်ခြင်းစသည်တို့ကြောင့် ကြွေပြားခုံးကြွကွာထွက်ခြင်းကို ဖြစ်ပေါ်စေသည်။
ထိုကဲသို့ဖြစ်ပေါ်ခြင်းကြောင့် လန်ကျိုးသော ကြွေပြားပြဿနာမဆွဲဘဲလန်တက်သောကြွေပြားပြဿနာ (သို့) ခုံးကြွကောက် ကြွေပြားပြဿနာဆိုပီး ခေါ်တွင်စပြုလာကြသည်။ကြွေပြားခုံးကြွခြင်းပြဿနာကိုကြွေပြား အမျိုးအစားမျိုးစုံတွင် တွေ့မြင်ရတတ်သည်။
ဥပမာ-ကြွေပြား,ပိုစီလင်းကြွေပြား အမျိုးအစားနှင့် မြေသားကြွေပြားအမျိုးအစား။ကြွေပြားကပ်နေစဉ်အတွင်းစနစ်တကျ ဂရုစိုက်ခဲ့ပါက ထိုကဲသို့ပြဿနာ မဖြစ်ပွားနိုင်ပေ။ပြီးပြည့်စုံပီး ကြွေပြားကပ်ထားသော အောက်ကြမ်းခင်းမှ ကြွေပြားများခုံးကြွကွာထွက်လာခြင်းမှာ အပူချိန်ပြောင်းလဲခြင်း၊ကြွေပြားကပ်သည့်နည်းစနစ် မှားယွင်းခြင်းနှင့် အမျိုးမျိုးသော အကျိုးသက်ရောက်မှုများကြောင့်ပင် ဖြစ်သည်။
ကြွေပြားလန်ကျိုးခြင်းကွာထွက်ခြင်းကို ဖြစ်ပေါ်စေနိုင်သော အကြောင်းပြချက်များ
ကြွေပြားလန်ထခြင်းကျွတ်ထွက်ခြင်းကို ဖြစ်ပေါ်စေနိုင်သော အကြောင်းပြချက်များမှာ
အောက်ပါအတိုင်းဖြစ်ပါသည်။

၁။ ကြွေပြားကပ်ကော် အသုံးမပြုခြင်း။
ကြွေပြားများတပ်ဆင်ရာတွင် ကြွေပြားကပ်ကော် အသုံးမပြုပါကကြွေပြားများကွာထွက်ခြင်းကို ဖြစ်ပေါ်စေနိုင်သည်။

၂။ အရည်အသွေးမကောင်းမွန်သော ကြွေပြားကပ်ကော် အသုံးပြုခြင်း။
ကြွေပြားကပ်ထားသော ကြမ်းခင်းကို နေရောင်ခြည်တိုက်ရိုက်ထိတွေခြင်း နှင့် အရည်အသွေးမကောင်းမွန်သော ကြွေပြားကပ်ကော်ကို အသုံးပြုမိခြင်းတို့ကြောင့် ကြွေပြားခုံးကြွလန်ကျိုးခြင်း စသည့် ပြဿနာများ ဖြစ်ပေါ်လာသည်။ နေရောင်ခြည်တိုက်ရိုက်ထိတွေခြင်း တို့ကြောင့် ကြွေပြားခုံးကြွမှု ဖြစ်ပေါ်လာပီး ကြွေပြားကပ်ကော် ဆွဲကပ်အားမကောင်းမွန်ခြင်းကြောင့် ကြွေပြားကွာထွက်ခြင်းစသည့် ပြဿနာများဖြစ်ပေါ်လာရသည်။

၃။ မှားယွင်းသော ကြွေပြားတပ်ဆင်ခြင်းနည်းလမ်း အသုံးပြုခြင်း။
အရွယ်အစားကြီးကြွေပြား(သို့) ဆိုဒ်လွန် ကြွေပြားကြီးများတပ်ဆင်ရာတွင် ဘီသံလက်ဖြင့် ခင်းကျင်းသည့် နည်းလမ်းသည်သာလျှင် ကြွေပြားမျက်နှာပြင် နှင့် ကြွေပြားကပ်ကော်ကြားကောင်းမွန်သော ဆွဲကပ်အားကို ရရှိစေသည်။ ကြွေပြားကပ်ပီးပါကလည်း သစ်သားတူ ရာဘာတူတို့ဖြင့် ညင်သာစွာ ထုရိုက်ခြင်းသည်လည်း ကော်သားနှင့် ထိတွေ့စေရန်အထောက်အကူပြုပေးသည်။

၄။ သင့်တော်သော ကြွေပြားနှာလိုင်းမထားရှိခြင်း။
ကြွေပြားနှာလိုင်းမထားခြင်း (သို့) မှားယွင်းသော နှာလိုင်းကြားတုန်ခါမှု
မမှန်ကန်သောကြွေပြားကပ်ခြင်းကြောင့် ဖြစ်ပေါ်သည့် ကြွေပြားနှာလိုင်းကြား တုန်ခါမှုကြောင့်လဲကြွေပြားကွာထွက်ခြင်းစသည့် ပြဿနာမျာ ဖြစ်ပေါ်နိုင်သည် ။

၅။ ကြွေပြားကပ်မည့် မျက်နှာပြင်ဧရိယာအား စနစ်တကျ သန့်ရှင်းရေးမပြုလုပ်ခြင်း
ကြွေပြားမကပ်မှီ ကွန်ကရစ်မျက်နှာပြင်အား သန့်ရှင်းရေစနစ်တကျ မပြုလုပ်သောကြောင့် ကောင်းမွန်သော ဆွဲကပ်အားကို မဖြစ်ပေါ်စေနိုင်ပေ။ ယင်းကဲ့သို့ ပြုလုပ်ခဲ့ခြင်းတို့ကြောင့် ကြွေပြားကွာထွက်ခြင်းစသည့် ပြဿနာများ ဖြစ်ပေါ်လာရသည် ။

၆။ ကွန်ကရစ် ကြမ်းခင်းမျက်နှာပြင်ကျုံ့ဆန့်မှုဖြစ်ပေါ်ခြင်း။
ကြွေပြားသည် ရေစိမ့်ဝင်နိုင်သောကုန်စည်ဖြစ်သည့်အားလျော်စွာ တခါတရံ ရေငွေ့အားလွန်စွာစုပ်မှုတို့ကြောင့် ကြွေပြားသား ဖောင်းပွခြင်းဖြစ်ပေါ်စေနိုင်သည်။ထိုသို့ ပြန့်ကားမှုဖြစ်ပေါ်ခြင်းကြောင့် ရေ့ငွေဖိအားသည်တွန်းကန်ပီး ကြွေပြားအားကျွတ်ထွက်စေမှုကို ဖြစ်ပေါ်စေသည်။ထိုကြောင့်ကြွေပြားကွာထွက်စေခြင်း ပြဿနာ အစပြုလာသည်။ထိုဖြစ်စဉ်ကိုကြွေပြားကွာထွက်ခြင် ပြဿနာဟုခေါ်သည်။

၇။ အောက်ကြမ်းခင်း လယ်ဗယ်မညီညာမှု မရှိခြင်း။
အောက်ကြမ်းခင်း လယ်ဗယ်မညီညာမှုသည်လည်းကြွေပြားကွာထွက်ခြင်း၏ အကြောင်းတရားတမျိုးပင်ဖြစ်ပါသည်။ လယ်ဗယ်မညီညာမှုသည် ကြွေပြားနှင့် ကြမ်းခင်းမျက်နှာပြင်ကြား ကြွေပြားကပ်ကော်သား (သို့) မဆလာသားတို့၏ ဆွဲအားကို တသတ်မတ်ထဲ မဖြစ်ပေါ်စေနိုင်ပေ။ထိုကြောင့်မကောင်းမွန်သော မညီညာသော ကြွေပြားကွာထွက်ခြင်းကို ဦးတည်ဖြစ်ပေါ်စေနိုင်ပါသည်။

၈။ အဘယ်ကြောင့် ကြွေပြားကွာထွက်ခြင်းပြဿနာကို နှစ်အနည်းငယ်ကြာမှသာ ဖြစ်ပွားရသနည်း??
ကြွေပြားကွာထွက်ခြင်းပြဿနာဖြစ်ရခြင်း အဓိကအကြောင်းအရင်း၃ခုမှာ
၁။ဘိလပ်မြေသဲရော မဆလာဖြင့် အလွန်ထူသောမဆလာထု ဖြင့် ကြွေပြားကပ်ခင်းကျင်းခြင်းမှ အက်ကွဲကြောင်းဖြစ်ပေါ်ခြင်း။
၂။အရည်အသွေနိမ့်သော ကြွေပြားကပ်ကော် အသုံးပြုခြင်းတို့ကြောင့် ဆွဲကပ်အားနည်းပါမှုဖြစ်ပွားခြင်း။
၃။အခြားသော ကျယ်ပြန့်သော ပြန်ပ အားကြွေပြား ပေါ် သို့သက်ရောက်ခြင်း။(အပူ,အစိုဓါတ် စုပ်ယူမှုနှင့် အခြား)
ကြွေပြားဆွဲကပ်အားမကောင်းမွန်ပါကလည်းအလွယ်တကူကွာထွက်နိုင်သည်။ကောင်းမွန်သောဆွဲကပ်အားရှိပြန်ပါကလည်း မှာယွန်းသောနှာကြောင်းလိုင်းသည် ကြွေပြားဆွဲကပ်အားယုတ်လျော့စေရန် တွန်းကန်ပေးသည်။အတိုချုပ်ပြောမည်ဆိုပါက ကြွေပြားတပ်ဆင်းသည့် အခါတိုင်း သင့်တင့်မျှတသော နှာလိုင်းအကျယ် ထားပေးရမည်။ကြွေပြားနှင့် မျက်နှာပြင် တွန်ကန်အားမဖြစ်ပေါ်စေရန် ကျုံ့ဆန့်မှုမဖြစ်ပေါ်စေသည်အထူး ဒီဇိုင်းများဖြင့် စနစ်တကျ ကပ်ခြင်းသည် ကြွေပြားများအားသက်တမ်းတခု ကြာမြင့်သည့်အထိ ကောင်းမွန်စွာ စေနေနိုင်မှာပဲဖြစ်ပါသည်။

အနှစ်ချုပ်အားဖြင့်အထက်ဖော်ပြပါ အကြောင်းအရာများသည် ကြွေပြားလန်ကျိုးခြင်း ကွာထွက်ခြင်းတို့ဖြစ်ပေါ်စေနိုင်သည့် အကြောင်းအရာ အချို့သာ ဖြစ်သည်။လူကြီးမင်းတို့အနေဖြင့် လုပ်သမားပိုင်းဆိုင်ရာအပိုင်းဖြစ်သည့် အသုံးပြုသည့် ကိရိယာ,ကြမ်းခင်းအခြေအနေ, အလုပ်သမားကျွမ်းကျင်မှု စသည့် အချက်အလက်များကို လဲထည့်သွင်းစဉ်းစားစေချင်ပါသည်။

မူရင်းရေးသားသူအား crd ပေးပါသည်။

06/01/2024

ဘိလပ်မြေတွက်နည်း နှင့် အုတ်စီခြင်း ခန့်မှန်းကုန်ကျမည့်စာရင်း


ဘိလပ်မြေ အုတ်သဲကျောက် ဘယ်လောက်ကုန်မလဲ မေးတတ်လို့ အကြမ်းတွက်လို့ရအောင်ပါ။


မြန်မာပြည် ဆောက်လုပ်ရေးမှာ ကျင်းနဲ့ ပြောကြပါတယ်။ကုဗကျင်းနဲ စကွဲယားကျင်း ဆိုပြီးရှိပါတယ်။ကုဗကျင်းက အလျား အနံ အမြင့် ၃ ခု မြှောက်တာပါ။၃ ခုမြှောက်လို့ ၁၀၀ ရရင် ၁ ကျင်းပါ။၅၀ ဆို ကျင်းဝက် ၂၅ ဆို ကျင်းတစ်မတ် စသဖြင့်ပါ။


ကုဗကျင်းကို ၉ လက်မနဲ့အထက် အုတ်စီခြင်းတို့ ကွန်ကရစ်လောင်းခြင်းတို့ မြေကြီးတူးခြင်းတို့မှာ အများဆုံးသုံးပါတယ်။ရှိသမှ ျ အလျားအနံအမြင့်တွေ လိုက်မြှောက် ပေါင်းလိုက်ရင် ကုဗကျင်းထွက်လာပါပြီ။ြေကြီး၁ ကျင်းဆို ၁၀ပေပတ်လည် ၁ ပေ အနက် ရှိရပါမယ်။


1:3:6 အချိုး ကွန်ကရစ် ဘိလပ်မြေ ၁၃ အိတ်ခန့် သဲကျင်းဝက် ကျောက် ၁ ကျင်း


1:2:4 အချိုး ကွန်ကရစ် ဘိလပ်မြေ ၁၈ အိတ်ကျော်ခန့် သဲကျင်းဝက် ကျောက် ၁ ကျင်း


1: 1-1/2 အချိုး ကွန်ကရစ် ဘိလပ်မြေ ၂၅ အိတ်ခန့် သဲကျင်းဝက် ကျောက်၁ ကျင်းအုတ်ဖိနပ်တွေမှာ အသုံးများတဲ့ ၉ လက်မအထက် အုတ်စီခြင်း ကုဗတစ်ကျင်းဆို ၁၃၅၀ လုံးဘိလပ်မြေကတော့ သုံးတဲ့အချိုးမှာမူတည်ပါတယ်။


အများသုံးတဲ့ 1:4 အချိုးဆို ဘိလပ်မြေ ၆ အိတ်နီးပါး။သဲ ၂၈ ကျင်းတစ်မတ် သာသာလောက်။စကွဲယားကျင်း အလျားနဲ့ အနံ ပဲမြှောက်ပြီး ၁၀၀ ဆို ၁ ကျင်း။၄လက်မခွဲ အုတ်စီခြင်း ဆေးသုတ်ခြင်းတို့ အမိူးမိုးခြင်းတို့ ကြွေပြားကပ်ခြင်းတို့မှာ သုံးပါတယ်။


နံရံတွေမှာ အသုံးများတဲ့ ၄.၅ လက်မ အုတ်စီခြင်း မှာ အုတ် ၅၅၀ လုံး1:4 အချိုး ဘိလပ်မြေ 2.7 အိတ် သဲ .11 ကျင်းသံချောင်းတစ်ချောင်းဟာ ဆိုက်မှန်ပါက ပေ ၄၀ ၁၂ မီတာရှိရပါတယ်။သို့ပေမယ့် ၃၉ပေ ၆ လက်မလောက်ဆို မှန်တယ်ပြောရပါမယ်။ဘာမားဖြစ်ကတော့ အတိအကျပြောလို့ မရပါဘူး။


တစ်တန်မှာရှိရမယ့် အချောင်းရေက


- 10 မီလီ ၃မူး ( ၃/၈) မှာ ပေ၄၀ အရှည် ၁၃၅ ချောင်း


- ၁၂ မီလီ ၅မူး ( 1/2) မှာ ၈၈ ချောင်း


- ၁၆ မီလီ ၆မူး ( 5/8) မှာ ၅၃ ချောင်း


- ၂၀ မီလီ ၃မတ် (3/4) မှာ ၃၃ ချောင်း


- ၂၅ မီလီ ကျပ်လုံးမှာ (1) မှာ ၂၁ ချောင်းရှိပါတယ်။


ဘိလပ်မြေ ၁ အိတ်ဟာ ၅၀ ကီလိုလေးပြီး အိတ်၂၀ ဟာ ၁ တန်ပါ။သံချောင်းတွေဆက်ဖို့လိုရင် တိုင်တွေမှာ အနည်းဆုံး အဆ ၄၀ ထပ်မိနေစေ ရပါမယ်။ထုပ်တွေ ယက်မတွေမှာတော့ အဆ ၆၂ လောက်ထိသုံးတတ်ပါတယ်။ခိုချင်ရင်တော့ ၅၀ဆလောက် ဆို ရလောက်ပါတယ်။


အခုနောက်ပိုင်း မီတာနဲ့သုံးလာပါတယ်။ဆက်သွယ်ချက်က၁မီတာ 1M မှာ ၃ ပေ ၃ လက်မ ၃ မူးရှိပါတယ်။လက်သမားနဲ့ ယှဉ်ပြောလို့ရတဲ့အခေါ်ပါ။


1 M မီတာ= 3.281 ပေ


1 လက်မ= 25.4 mm မီလီမီတာ1 ( 1m X 1m) မီတာ စကွဲယား= 10.78 ပေစကွဲယား


ကွန်ကရစ် 1 (1mX 1mX 1m) မီတာကျု = 35.32 ကုဗပေ Cuftရေကန်တစ်ခု ရေဂါလံ ဘယ်လောက်ရှိလဲတွက်ချင်ရင်၁ကုဗပေမှာ ၆.၂၄ ဂါလံရှိပါတယ်။


အလျား အနံ အမြင့် တစ်ပေစီရှိတဲ့ ပုံးတစ်လုံးဟာ ရေ ၆.၂၄ ဂါလံဆန့်ပါတယ်။


ဒါကြောင့် ၆ပေအလျား ၄ ပေအနံ ၃ ပေ အမြင့်ရှိတဲ့ရေကန်ဟာ6 X 4 X 3 X 6.24=449.28ရေ ၄၅၀ ဂါလံဆန့်ပါတယ်။ရေတစ်ဂါလံ ၁၀ ပေါင်လေးလို့ ၄၅၀၀ ပေါင်လေးပါတယ်။၂၂၄၀ ပေါင် ၁ တန်လေးလို့ ၂ တန်လောက် အလေးချိန်ရှိပါမယ်။


ရေကန်ကို အပေါ်မှာ ထားရင် dead load ဝန်သေ ၂ တန်ကို ခံနိုင်အောင် သံချောင်း ကော်လံတိုင် ဆိုဒ် ကို သုံးရပါမယ်။တွက်တတ်လားမေးရင်တော့မသိပါဘူး။1 ဂါလံမှာ ၄.၅၄၆ လီတာရှိပါတယ်။ အခုနောက်ပိုင်း စတီးရေတိုင်ကီတွေက လီတာနဲ့ ပြထားတတ်လို့ ပြန်တွက်ကြည့်လို့ရပါလိမ့်မယ်။


သစ်တစ်တန်ဟာ၁လက်မပတ်လည် မှာ( 1 X 1) မှာ ၇၂၀၀ ပေ အရှည်ရှိရပါမယ်။၂X၁ နှစ်တစ် တစ်တန်ဟာ ( 7200÷2= 3600 ပေအရှည်)3 X 2 တစ်တန် ( 7200÷6=1200 ပေအရှည်)စသဖြင့် တွက်ယူကြည့်ပါ။


အုတ်စီခြင်း ခန်.မှန်းကုန်ကျမည့်စာရင်း


လေးလက်မခွဲ ဆယ်ပေပတ်လည် အုတ်စီခြင်းလုပ်ငန်း ၁၀၀ စတုရန်းပေ


- အုတ် ၄၀၀ လုံး


- ဘိလပ်မြေ ၃ အိတ်


- မြစ်သဲ ၁၀ ကုဗပေ


၉ လက်မအုတ်စီခြင်းလုပ်ငန်း ၁၀၀ စတုရန်းပေ နှုန်း


- အုတ် ၇၅၀ လုံး


- ဘိလပ်မြေ ၅.၅ အိတ်


- မြစ်သဲ ၁၀ ကုဗပေ


၁:၂:၄ ကွန်ကရစ် တစ်ကျင်နှုန်း


- ဘိလပ်မြေ ၁၉ အိတ်


- မြစ်သဲ ၄၉ ကုဗပေ


- မြစ်ကျောက်စရစ် ၉၂ ကုဗပေ


၁:၃:၆ ကွန်ကရစ် တစ်ကျင်နှုန်း


- ဘိလပ်မြေ ၁၃ အိတ်


- မြစ်သဲ ၄၆ ကုဗပေ


- မြစ်သဲကျောက်စရစ် ၉၆ ကုဗပေ


မှတ်ချက်။ ။ ၁ ကုဗပေ = အလျား ၁ ပေ x အနံ ၁ ပေ x အမြင့် ၁ ပေ ။


သဲတစ်ကျင်း = အလျား ၁၀ ပေ x အနံ ၁၀ ပေ x အမြင့် ၁ ပေ = ၁၀၀ စတုရန်းပေ


သဲတစ်ကျင်း = ၁၀၀ ကုဗပေ။


06/01/2024

Sealer ဆိုတာဘာလဲ.... ဘာကြောင့်သုတ်ရတာလဲ

Sealer အကြောင်းကို ဗဟုသုတအနေနဲ့ပြောပြချင်ပါတယ်။
Sealer ဆိုတာ ဆေးသုတ်မယ့်မျက်နှာပြင် Substrate နှင့် Topcoat ရဲ့ကြား Bonding Effect အဖြစ်ဆောင်ရွက်ပေးတဲ့ Layer တခုပါ။
Sealer ကိုသုံးစွဲခြင်းကြောင့်ငွေကြေးအနည်းငယ်ပိုကုန်ကျသော်လည်း ဆေးသားတာရှည်ခံခြင်း၊ အစွန်းအထင်းအညစ်အကြေးများကို ဖုံးအုပ်ပေးခြင်း၊ ဆံချည်မျှင်ကဲ့သို့ အက်ကြောင်းများကို ဖုံးအုပ်ပေးခြင်း ဆေးသားအရောင်တောက်ပခြင်း၊ကျင်းအရေအတွက် ပိုရရှိစေခြင်း(သာမန်မျက်နှာပြင်မှာဆေးသုတ်မယ်ဆို မျက်နှာပြင်က ဆေးသားစုပ်ယူခြင်းကြောင့် ဆေးပိုကုန်ကျနိုင်ပြီး Sealer သုံးခြင်းကြောင့် ဆေးသားမျက်နှာပြင်ဧရိယာ ပိုကျယ်ကျယ်ပြန့်ပြန့်သုံးလို့ရပါတယ်)၊ Moisture ရေငွေ့ နှင့် ဘိလပ်မြေဓာတုပစ္စည်းများကြောင့်ဖြစ်နိုင်မည့် Efflorescence ဆေးသားများတွန့်ခြင်း၊ အဖြူ​အစင်းကြောင်းများနှင့်ကွက်ခြင်းများကိုကာကွယ်ပေးနိုင်ခြင်း စတဲ့အကျိုးကျေးဇူးများရှိခြင်းကြောင့် ကုန်ကျမယ့်ငွေထက် ပြန်ရရှိမယ့်အကျိုးကျေးဇူးပိုများပါတယ်။
Sealer ၂မျိုး၂စားရှိပါတယ်။ Water Base Sealer (ရေဆေး) နဲ့ Solvent Base Sealer (ဆီဆေး) တို့ဖြစ်ပါတယ်။
ကျနော်တို့မြန်မာပြည်ရာသီဥတုအနေနဲ့က သာမန်မျက်နှာပြင်အမျိုးအစားများအတွက် Water Base Sealer ကလုံလောက်ပြီး၊ Moisture များတဲ့ မျက်နှာပြင် (သို့မဟုတ်) Chalking များတဲ့မျက်နှာပြင်မျိုးအတွက်တော့ Solvent Base Sealer ကပိုပြီးသင့်တော်ပါတယ်။
ဆေးမသုတ်ခင် ဆီလာခံပေးဖို့လိုအပ်ပါတယ်

လူကြီးမင်းရဲ့ အိမ်မှာကောင်းမွန်တဲ့ဆေးသားရရှိဖို့ဆို
ဆီလာ (သို့) primer ခံဖို့မဖြစ်မနေလိုအပ်ပါတယ်

ဆီလာခံခြင်းကြောင့်
▪️အစိုဓာတ် ကိုကာကွယ်ပေးခြင်း
▪️alkali ခေါ် ထုံးဓာတ်ဖြစ်ပေါ်မှုကို ကာကွယ်ပေးခြင်း
▪️ဆေးသားဆွဲမြဲခြင်း စတဲ့အားသာချက်တွေ ရရှိမှာပဲဖြစ်ပါတယ်

နံရံကြမ်းကို ဆေးစမသုတ်ခင် အရင်ဆုံး

သန့်ရှင်းရေးလုပ် ခံဆေးချုပ်

ခံဆေးခြောက်သွေ့အောင်ထားပြီးမှ

ပတ်တီးရိုက် ကော်ပတ်တိုက် ခံဆေးပြန်ချုပ်ပြီးမှ ဆေးသုတ်ခြင်းက ဆေးနဲ့ပတ်တီးသားကို ပိုမို၍ ဆွဲကပ်အားကောင်းစေပါတယ် ခင်ဗျာ

ဆေးသုတ်ခြင်းမှာ ပစ္စည်းကွာလတီအရည်အသွေး ကောင်းဖို့လိုအပ်သလို

နည်းစနစ်မှန်ကန်ဖို့လည်း အဓိက လိုအပ်ပါတယ် ခင်ဗျာ

20/12/2023

'' သစ်တန်တွက်နည်း "

သစ်သားတွေက ၁ တန်မှာ 50 cuft (cubic feet) ရှိပါတယ်။ အထူက ၁ ပေ၊ ဗျက်က ၁ ပေ နဲ့ အရှည်က ပေ ၅၀ ဆိုရင် သစ် ၁ တန် ပဲဖြစ်ပါတယ်။
1’ x 1’ x 50’ = 50 cuft = 1 ton

နောက်တစ်ခုက လက်မနဲ့ ပြောရင်တော့ 7,200 Rft ပဲဖြစ်ပါတယ်။ ၁ ပေ မှာ ၁၂ လက်မ ရှိပါတယ်။
12" x 12" x 50' = 144" x 50' = 7200 Rft က ၁ တန်ပဲဖြစ်ပါတယ်။ သူကတော့ ၁ လက်မ ပတ်လည်ရဲ့ အရှည်ပဲ ဖြစ်ပါတယ်။

ဥပမာ - 3"x 1" သစ်သားကို တွက်ပြပါမယ်။
3"x 1" သစ်သားကို 12 ft ရှည်တဲ့ သစ်သားအချောင်း 100၊ နောက်ထပ် 18 ft ရှည်တဲ့ သစ်သားချောင်းက 200 ဝယ်ကြမယ်ဆိုပါစို့။ သူတို့ကို သစ် ဘယ်နှစ်တန် ရလဲလို့ တွက်ကြည့်ရအောင်နော်။

စုစုပေါင်း အရှည် = (12' x 100) + (18' x 200)
= 4800 Rft

ပြီးတော့ သစ်တန်တွက်မယ်ဆိုရင် လိုချင်တဲ့ လက်မနဲ့ မြှောက်ပေးပါ့မယ်။ ခုနက 4800 Rft ကို 3"x 1" နဲ့ ထပ်မြှောက်ပေးပါ။

စုစုပေါင်းသစ်တန် = 4800 x 3 x 1
= 14,400 Rft

1 ton - 7200 Rft = 14400 ÷ 7200
= 2 ton ရပါတယ်။

တစ်နည်းအားဖြင့် အလွယ်မှတ်ချင်ရင်တော့

သစ်တန်တွက်နည်း = (လိုချင်တဲ့ သစ်သား အရှည် x လိုချင်တဲ့ သစ်သား size) ÷ 7200 Rft

မူရင်းပိုင်ရှင်အား လေးစားစွာCredit ပေးပါတယ်ခင်ဗျာ။

20/12/2023

# ထည့်တာဘာအတွက်လဲ

တချို့ပန်းရံတွေဟာ အဆောက်အဦထဲမှာ DPC ဘာကြောင့်ထည့်တယ်ဆိုတာ မသိကြပါဘူး။ အတွေ့အကြုံများတဲ့ ပန်းရံ စီနီယာကြီးများသာသိကြတယ်။

အရင်ခေတ် RC ပေါ်ကာစက အဆောက်အဦများမှာ ground beam (မြေအောက်ရက္မ)များသာထည့်ပြီး plinth beam (ကြမ်းခင်းရက္မ)များကို ထည့်လေ့မရှိကြဘူး။

အဲဒီအဆောက်အဦမျိုးတွေ ပတ်ပတ်လည်မှာ ၉" အုတ်ရိုး မြေထိမ်းနံရံနဲ့ အဆောက်အဦခန်းဆီး (partition) ရှိတဲ့ နံရံအောက်တွေမှာလည်း ၉" မြေထိန်းနံရံတွေ တည်ဆောက်ကြတယ်။

မြေထိန်းနံရံများ level (သတ်မှတ်အမြင့်)ရပြီဆိုရင် မြေကြီးအပေါ် အနည်းဆုံး ၆"ကနေ ၉" ထိ ၉" အုတ်ရိုးအပေါ်မှာ damp proof course (DPC) ဆိုတာကို ထည့်ပေးရတယ်။

ဒီအလွှာဘာကြောင့်ထည့်ရသလဲဆိုရင် မြေကြီးအောက်မှာရှိတဲ့ရေကို မြေထိန်းနံရံအုတ်များက စုပ်ယူတယ်။

အဲဒီစုပ်ယူတဲ့ရေများကို အဆောက်အဦရဲ့ အုတ်နံရံများက စုပ်မယူနိုင်အောင် အဲဒီအလွှာက တားထားပေးတယ်။ ဒါကြောင့်ဒါကို `စိုထိုင်းမှုတားလွှာ´လို့ခေါ်တယ်။

အဲဒီခေတ်က အဆောက်အဦတွေမှာ DPC မပါဘဲ နံရံတက်ရင် မိုးအခါမှာ နံရံအောက်ခြေများ အမြဲစိုစွတ်နေတာတွေ့ရလိမ့်မယ်။

သုတ်ထားတဲ့ဆေးများမကြာခဏကွာကျတယ်။ အဆောက်အဦထဲခြဝင်တယ်။ အတွင်းပစ္စည်းများ အမြဲစိုထိုင်းနေပြီး မှိုတက်တယ်။

အထူးသဖြင့် အုတ်ညှပ်အဆောက်အဦ (bricked knogged wall) တွေမှာ ပိုဖြစ်လေ့ရှိတယ်။ အခုခေတ်မှာတော့ အဆောက်အဦတိုင်းလိုလိုမှာ plinth beam များပါရှိနေလို့ သီးသန့် DPC ထည့်ဖို့မလိုတော့ပါဘူး။

ဒါပေမယ့် အဆောက်အဦရဲ့မြေညီထပ်ကြမ်းခင်းကို လောင်းတဲ့အခါ ၁း၃း၆ ဘိလပ်မြေအချိုးနဲ့ ၄.၅" အောက်ခံကိုအရင်လောင်းပြီးမှ အပေါ်က ၁း၂း၄ ဘိလပ်မြေအချိုးနဲ့ ၁.၅"ထု လောင်းခြင်းဟာ DPC လောင်းခြင်းပဲဖြစ်တယ်။

ဒါကိုပန်းရံများရဲ့အခေါ် `တော်ပင်´လောင်းတယ်လို့လည်းခေါ်တယ်။

ဒါပေမယ့် site တွေထဲမှာ ပြတင်းပေါက်ရဲ့ကျည်းဘောင်အောက်မှာ သံချောင်းထည့်ပြီးလောင်းရတဲ့ ထုပ်ကို ပန်းရံအများစုက DPC လို့ခေါ်နေကြတယ်။

ဒါဟာ DPC ရဲ့သဘောကိုမသိလို့ ခေါ်နေကြတယ်။ တကယ်တော့DPC ဆိုတာ သဘာဝမြေကြီး (natural ground level)အထက် ၆" ခန့်နဲ့ ၉" ခန့်မှာသာရှိတယ်။

စောစောက ပြတင်းကျည်းဘောင်အောက် မှာလောင်းထားတဲ့ထုပ်ကို stiffener လို့ခေါ်တယ်။

သူ့ကိုထည့်ရတဲ့ရည်ရွယ်ချက်က နံရံတက်တဲ့ ၄.၅" အုတ်ရိုး တောင့်တင်းအောင် ထည့်ခြင်းဖြစ်တယ်။ ဒါကို မြန်မာလို `နံရံထုပ်´လို့ ခေါ်နိုင်တယ်။ DPC တော့မခေါ်ရပါဘူး။

နိုင်ငံတကာမှာ DPC အလွှာကို ကတ္တရာပြားအလိပ်အဖြစ် သုံးကြတယ်။

မြန်မာနိုင်ငံမှာတော့ ၁း၂း၄ ဘိလပ်မြေအချိုးကို impermo မှုန့်ကို ဘိလပ်မြေရဲ့ ၂%ထည့်ပြီး ၁.၅"ထုလောင်းကြတယ်။

အခုခေတ်မှာ water-proofing solution (ဓာတုဆေးရည်)များကို သုံးလာကြတယ်။

06/12/2023

ပေါ်လစ်အကြောင်း သိကောင်းစရာ 📌
*************************

ပထမဆုံးအနေနဲ့ ပေါ်လစ်ပုံးတွေရဲ့ အောက်ခြေက စာတွေရေးထားတာကိုကြည့်ပါ။ အမျိုးအစားတူမှသာ အသုံးပြုရတာ လွယ်ကူမှာ ဖြစ်ပါတယ်။

နိုင်ငံခြားပေါလစ်ဆေးတွေမှာတော့ လုပ်ငန်း (၃) ရပ်ရှိတယ်လို့ လေ့လာမိပါတယ်။

1️⃣ ဖီလာ (Filler)

ဖီလာကတော့ အရောင်အတွက်ဖြစ်ပြီးတော့ အရောင်‌အတော်များများ ရှိတတ်ပါတယ်။ သူ့ကို အသုံးပြုမယ်ဆိုရင် သင်နာ (Thinner) နဲ့ ဖျော်ရပါတယ်။

2️⃣ ဆီလာ (Sealer)

ဆီလာမှာလည်း အများကြီး သိဖို့တော့ မလိုပါဘူး လေးမျိုးလောက် သိထားရင်ကို အဆင်ပြေနေပါပြီ။

(၁) NC ဆီလာ နဲ့ PC ဆီလာ
=====================

ဒီနှစ်မျိုးကတော့ အသုံးပြုပုံနဲ့ ဆေးအာနိသင် သိပ်မကွဲလှပါဘူး။

NC/PC ၁ဆ+သင်နာ၂ဆ
ဒီအချိုးအတိုင်း ဖျော်စပ်သုတ်ရပါတယ်။

ဒါမှ သစ်ကြော ပိတ်တာ မပိတ်တာကို သုတ်ကြည့်ရင်းနဲ့ သိနိုင်မှာပါ။ အရည်အသွေး နည်းနည်းနိမ့်တဲ့ ဆီလာထဲမှာ ပါပါတယ်။

(၂) AC ဆီလာ
==========

AC ဆီလာကတော့ အက်စစ်ပါတဲ့ ဆီလာအကြည်ဖြစ်ပါတယ်။ ရုပ်ထွက်ကောင်းတယ်၊ ကြည်လင်တယ်၊ ရှင်းသန့်တယ်၊ အလယ်အလတ် တန်းစား
ဆီလာ လို့သိထားရင်ရပါတယ်။

AC ဆီလာမှာတော့ ဟာဒနာ ပါဝင်လာပါတယ်။ ဟာဒနာဆိုတာကတော့ ခြောက်သွေ့မြန်‌စေတဲ့ ဆေးဖြစ်ပါတယ်။ ဆီလာတွေက သူပါမှသာ ခြောက်သွေ့မှာဖြစ်ပါတယ်။

ဒါပေမယ့် ဒီမှာ အချိုးအစား အများကြီး မသုံးထားပါဘူး။ AC ဆီလာ ၁၀ဆ+ ACဟာဒနာ ၁ဆ + AC သင်နာ ၅ ဆ ပေါင်းစပ်ဖျော်ရပါတယ်။ သုံးမျိုးပေါင်း ဆီလာတွေပါ။ ပရိဘောဂအတွက် အသုံးပြုတာပိုအဆင်ပြေပါတယ်။

(၃)PU ဆီလာ
==========
PU ဆီလာက‌ သစ်ဆီအများဆုံး ပါဝင်တဲ့ ဆီလာဖြစ်ပါတယ်။ ဆီလာသား နည်းနည်းနောက်တယ်၊ အိတယ်၊ ချောမွေ့တယ်၊ ပြောင်တင်းတယ်။

ဆီလာတွေထဲ အမြင့် စာရင်းဝင်သလို
ကြမ်းခင်းပိုင်း၊ လှေခါးပိုင်းလို အနင်းပိုင်းတွေအတွက် သင့်တော်ပါတယ်။
ဈေးလည်း မြင့်ပါတယ်။ ဆေးအချိုးအစားမှာ ဟာဒနာ အသုံးပြု့မှုပိုများလာပါတယ်။

PU ဆီလာ ၁၀ဆ+PU ဟာဒနာ၅ဆ+PU သင်နာ ၅ဆ သုံးမျိုးပေါင်းစပ် ဖျော်သုတ်ရပါတယ်။

3️⃣ Lacquer နဲ့ Topcoat

တတိယ လုပ်ငန်း ဖြစ်တဲ့ ... Lacquer နဲ့ Topcoat ရဲ့ တူမလိုလိုနဲ့ မတူတဲ့ အကြောင်းလေးကို ပြောပြပေးပါမယ်။

Lacquer ‌လိုက်ကာ တွေဟာ NC/PC (ဆီလာ) နဲ့ မျိုးနွယ် နေသလိုရှိပါတယ်။

သူ့ကို သင်နာ နဲ့ ပေါင်းစပ် ပြီး နှစ်မျိုးထဲ သုံးလာတာ တွေ့ရပါတယ်။ 2k တစ်ချို့မှာ ဟာဒနာပါတယ်။ UT လို့ရေထားရင် လက်ဆွဲသုတ်လို့ကောင်းပါတယ်။

ခြောက်ချိန်နှေးတယ်၊ သင်နာ အမျိုးအစားရွေးတယ်၊ ကြည်လင်တယ်၊ အသန့်ကြိုက်တယ်၊ ရုပ်ထွက်ကောင်းတယ်၊ %ရာခိုင်နုန်းနဲ့ပြောရင် 90%လောက် ထိကြည်လင်တယ်၊ ပြောင်တယ်။

T အမျိုးအစားတွေကတော့ စုတ်ဆွဲအား သိပ်မကောင်းချင်ဘူး၊ ခြောက်သွေ့မြန်တယ်၊ သင်နာ အချိုး လိုက်ကာနဲ့ ဆတူလောက်ထိ သုံးခွင့်ရှိတယ်။ 80% နှုန်း လောက်ထိပြောင်လက်ပါတယ်။

ဒီအမျိုးအစားထဲမှာ အမှိန်တွေ လာတတ်ပါတယ်။
အမှိန်လိုက်ကာတွေက ပိုပြီးဆေးပျစ်တယ် သင်နာအချိုးပိုသုံးရတတ်ပါတယ်။
ဒါတွေကတော့ Lacquer လိုက်ကာ အပိုင်းဖြစ်ပါတယ်။

Topcoat ကို‌တော့ ဆီလာတွေနဲ့ သီးသန့် တွဲဖက်အသုံးပြုရတဲ့ လိုက်ကာများလို့ပဲ နားလည်ထားပါတယ်။

NC /PC topcoat
AC / Topcoat
PU / Topcoat
စသဖြင့် မူလ ဆီလာတွေရဲ့ ဆေးအချိုး
အစားအတိုင်း အသုံးပြု့ပေးရမှာဖြစ်ပါတယ်။

နိုင်ငံခြားပေါ်လစ်ရဲ့ အခြေခံအချက်အားလုံးက အတူတူပဲမို့ ဒီနည်းအတိုင်း ဖျော်စပ် အသုံးပြုလို့ ရပါတယ်။


Crd:Original Uploader

R ကြီးလို ရယ်တတ်ချင်လိုက်တာ။(6.9.2020)ညကလွှင့်တဲ့The Voice Blind Audition မှာပြိုင်ပွဲဝင်တယောက်က (ညှို့တတ်သောပင်လယ်ဆွဲငင...
16/01/2023

R ကြီးလို ရယ်တတ်ချင်လိုက်တာ။

(6.9.2020)ညကလွှင့်တဲ့The Voice Blind Audition မှာ
ပြိုင်ပွဲဝင်တယောက်က (ညှို့တတ်သောပင်လယ်
ဆွဲငင်သောလမင်း)သီချင်းနဲ့ လာပြိုင်သွားတယ်။
ဒွေး ရုပ်ရှင်ကားမှာ အဲဒီသီချင်းကိုပဲ R ဇာနည် နဲ့ မီးမီးခဲ ဆိုတဲ့အခါ
အတော်လေး ပေါက်ခဲ့ပါတယ်။အိပ်မက်ဆုံရာမှာ
အဲဒီသီချင်းကိုပဲ အောင်ထက်က ပြန်ဆိုခဲ့ဖူးပြီး
အားပေးမှုရလို့ ခဏခဏ ပြန်ဆိုခဲ့တယ်။

ပြိုင်ပွဲဝင်က သီချင်းဆိုပြီးတာနဲ့နီနီခင်ဇော်က
ဒွန့်ဒွန့်လူးပြီး (အဲဒါ အောင်ထက်သီချင်း) လို့
ထအော်တော့တာပဲ။ ပြိုင်ပွဲဝင်က (ကျွန်တော်
အောင်ထက်ရဲ့ပရိသတ်ပါ)လို့ အရင်ပြောပြီး
( ဒါပေမယ့်...ဒါပေမယ့်) နဲ့ စကားလက်စကို
မဆုံးရသေးဘူး (အောင်ထက်ကို ကြိုက်တယ်
မဟုတ်လား...အောင်ထက် ခရေဇီမို့လား) နဲ့
ဇွတ်တွေ စကားဖြတ်ပြောတော့ ပြိုင်ပွဲဝင်က
R ဇာနည်ကို အားတုံ့အားနာဖြစ်နေပုံရတယ်။
သူ့ရဲ့ body language ကြည့်ရင် သိပါတယ်။

အဲဒါနဲ့တင် မပြီးသေးဘူး။ သူ့ဘာသူနေရှာတဲ့
အောင်ထက်ကို ချက်ချင်းဖုန်းဆက်ပြီး (အကို အကို့သီချင်းနဲ့လာပြိုင်နေတယ်)ဆိုပြီး ဆပ်စလူးတွေ ထပြတော့ ဘေးမှာ ငုတ်တုပ်ကြီးထိုင်
နေတဲ့ R ဇာနည်က အေးဆေးပဲ ပြုံးနေတယ်။
Coach ၃ ယောက်လုံး ဖုန်းထဲက(အောင်ထက်
မင်းသီချင်း...မင်းသီချင်း...)နဲ့အလုအယက်ကို
credit တွေပေးကြတော့ R ကြီးက တခွန်းပဲ
ဝင်ပြောတယ် (ညီလေး ကိုဇာနည်လဲပါတယ်
နော်)တဲ့။Coach အဖြစ်ရွေးဖို့ သူ့ကို ထောက်ခံပေးပါဆိုတဲ့ သဘောပဲ ဝင်ပြောတယ်။

အမှန်တော့အောင်ထက်လည်း အဲဒီသီချင်းကို
ပိုင်ပိုင်နိုင်နိုင် ဆိုထားတဲ့ အဆိုတော်အနေနဲ့
credit ရသင့်ပါတယ်။ coach ၄ ယောက်ထဲမှာ
R ဇာနည်မပါဘူးဆိုရင်တော့ အောင်ထက်ကိုပဲ
အခုလို ဝိုင်းဂုဏ်ပြုနေတာက ပြဿနာမရှိဘူး။
အခုတော့အဲဒီသီချင်းကိုပဲ အောင်ထက် လူမွှေး
မပြောင်ခင်ဘဝကတည်းက လူသိများအောင်
သီဆိုထားတဲ့အဆိုတော်က ဘေးမှာငုတ်တုပ်ကြီး
ထိုင်နေတာကိုတောင် နည်းနည်းလေးမှ အသိ
အမှတ်မပြုတာကြီးက အတော်ရုပ်ပေါက်ပါတယ်။အနည်းဆုံး(ဟုတ်တယ်နော် ဒီသီချင်းလေးကို
ကိုဇာနည်လည်း ဆိုခဲ့ဖူးတယ် အောင်ထက်လည်း
ဆိုထားတယ်)လို့ ပြောမိရင် မြေမျိုမှာစိုးလို့လား
မသိဘူး။R ကြီး ဆိုထားမှန်း တကယ်မသိကြဘူး
ဆိုရင်တော့ ပိုပြီးရုပ်ပေါက်သွားပါပြီ။

ပြိုင်ပွဲဝင်က သူ့အတွက် coach ကို ရွေးတဲ့အခါ
သူ့ဘေးမှာ အောင်တထက်တည်း ထက်နေတဲ့
သုံးယောက်လုံးကို အရေးမလုပ်ဘဲ R ကြီးကိုပဲ
ရွေးသွားတယ်။ ရွေးသွားတာတောင် R ကြီးရဲ့
သီချင်းလေးဆိုပြပြီးရွေးသွားတာ။နည်းနည်းမှ
ဒွိဟဖြစ်မနေဘူး။သူ့စိတ်ထဲမှာ R ကြီးကိုရွေးဖို့
ရည်ရွယ်ဆုံးဖြတ်ပြီးသားဆိုတာ အသိသာကြီး။
အဲဒီလိုရွေးတော့ R ကြီးက ရယ်ပြန်ပါတယ်။

လက်တွေ့ဘဝမှာလည်း R ကြီးလို အဖြစ်မျိုး
ကြုံဖူးကြလိမ့်မယ် ထင်တယ်။ကိုယ်ကတော့
တစုံတရာကို စွမ်းဆောင်ခဲ့တယ်၊ တခုခု လုပ်
ပေးခဲ့တယ်၊ ပေးဆပ်ခဲ့တယ်၊ဒါပေမယ့် ကိုယ့်
ကို နည်းနည်းလေးမှ အသိအမှတ်မပြုဘူး။
သောက်ဖက်မလုပ်ဘူးပေါ့လေ။ကိုယ် လုပ်ခဲ့
တယ်ဆိုတာ မသိလို့လား၊ သိလျက်ကြီးနဲ့ကို
ဉပက္ခာပြုတာလား တခုခုပေါ့။ကိုယ် မဟုတ်
တဲ့အခြားလူကိုမှ ဂုဏ်တွေ စွတ်ဖော်ပေးကြ၊
ချီးမွမ်းပြကြတာမျိုးတွေ ကြုံဖူးကြပါမယ်။

လုပ်ငန်းခွင်မှာရော၊relationshipတခုမှာရော၊
အသိုင်းအဝိုင်းတခုမှာရော R ကြီး အခု ကြုံရ
သလိုမျိုး ကြုံဖူးကြမယ်။ အတော်ခံစားရခက်
မယ့်အခြေအနေပဲ။ R ကြီးကတော့ အေးဆေး
ပါပဲ။ ( ဒီသီချင်း ငါလည်း ဆိုခဲ့ဖူးတယ်လေ)လို့
အရှက်မရှိ ထပြောမနေပါဘူး။ထိုင်ရာကမထပဲ
သောက်တလွဲဖြစ်စဉ်တခုလုံးကို ပြုံးပြုံးလေးပဲ
ထိုင်ကြည့်နေတယ်။မချိပြုံး ပြုံးတာမဟုတ်ဘူး။
ပေါ့ပါ့ပါးပါးပဲ ပြုံးနေတာနော်။အသိအမှတ်မပြု
ခံရလို့ ကျွဲမြီးတိုမနေဘဲ အဲလိုပြုံးပြီးကြည့်နေ
လိုက်တာကမှ ပိုအရသာရှိမှာ သေချာတယ်။

ကိုယ် ဘာလုပ်ခဲ့တယ်၊ ကိုယ့်သမိုင်းက ဘာလဲစောက်ခွက်က အမြဲပြောင်နေတော့
စိတ်တိုပြလည်း ဘယ်သူမှ မကြောက်ကြတော့ဘူး
ဆိုတာ လူတယောက်(သို့မဟုတ်)လူနည်းစုက
ဆုံးဖြတ်မပေးနိုင်ပါဘူး။သူများပါးစပ်အဖျားမှာ
လမ်းအဆုံးမခံဘဲ ကိုယ့်အဆင့်ကိုယ်သိ၊ ကိုယ့်
သမိုင်းကိုယ်ရေးပြီး R ကြီးလို ပြုံးရယ်နေလိုက်
တာက ရင့်ကျက်ခြင်းလို့ ခေါ်ထိုက်ပါတယ်။
တချို့အမှန်တရားတွေက ငြိမ်သက်နေလိုက်ရင်
ပိုလှပပါတယ်။

Respect, အကစားစိတ်ဓာတ်, တို့နဲ့ ချစ်စရာစိတ် တို့ကို တစ်ပြိုင်ထဲ ရင်ထဲထိအောင် ခံစားလိုက်ရတယ် ☺️☺️☺️
14/01/2023

Respect, အကစားစိတ်ဓာတ်, တို့နဲ့

ချစ်စရာစိတ် တို့ကို တစ်ပြိုင်ထဲ ရင်ထဲထိအောင် ခံစား

လိုက်ရတယ် ☺️☺️☺️

Address

Phaung Taw Oo Pagoda Road
Yangon

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 12:00

Telephone

+959799464828

Website

Alerts

Be the first to know and let us send you an email when Vintage Value posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Vintage Value:

Share