AMH Design And Construction

AMH Design And Construction Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from AMH Design And Construction, Construction Company, Yangon.
(2)

❤မဂ်လာပါ❤
ဆောက်လုပ်ရေးနှင့် ပတ်သက်သည့် လုပ်ငန်း
အဆောက်အဦတည်​ဆောက်ခြင်း လုပ်ငန်းများ
စသည့်ကိစွများ ဆောင်ရွက်ပေးပါသည်
ဆောက်လုပ်ရေးဆိုင်ရာ ကိစွများအတွက်
အကြံဉာဏ်တိုင်ပင်ဆွေးနွေးပေးပါသည်

02/09/2026

စူပါဂဲလ်လေး လေပေါ်ကနေ ဆင်းလာပြီနော်....😁😁

ေါ်ရောက်စမ်းကွာ
#အားလုံးကိုချစ်တယ်🫰🫰

02/09/2026

တောင်ဥက္ကလာပဆိုဒ်...
(25-35)ပေ R.C နှစ်ထပ်တိုက် အမိုးSlab...
အရင်စျေး သိန်း(2500)နဲ့ ရေမီးဆေးအပြီးထိ ဆောက်ပေးနေတာဖြစ်ပါတယ်

09400590100(Viber)
ေါ်ရောက်စမ်း
#ဆောက်လုပ်ရေး
#အိမ်အလှလေးများ

02/09/2026

မှော်ဘီအိမ်လေးကို ရောက်ဖို့
ကုန်းတစ်တန် ရေတစ်တန်
စမ်းချောင်းလေးတွေဖြတ်
သဘာဝဝါးပင်လေးတွေနဲ့
သာသာယာယာ အေးချမ်းစွာ နေထိုင်လို့ ရပါပြီ...😬😁

09400590100(Viber)
ေါ်ရောက်စမ်း
#ဆောက်လုပ်ရေး
#အိမ်အလှလေးများ

ကျောက်စျေးတွေ တက်နေလို့...နေရာလွတ်မှာ ပုံထားတာ...နောက်ဆောက်မဲ့ အိမ်ရှင်တွေလဲ...မြေကွက်ကျယ်ကျယ်ဝယ်ပါဗျာ...🤪😛
02/09/2026

ကျောက်စျေးတွေ တက်နေလို့...
နေရာလွတ်မှာ ပုံထားတာ...
နောက်ဆောက်မဲ့ အိမ်ရှင်တွေလဲ...
မြေကွက်ကျယ်ကျယ်ဝယ်ပါဗျာ...🤪😛

တောင်ဒဂုံဆိုဒ်... 09400590100(Viber)
02/09/2026

တောင်ဒဂုံဆိုဒ်...

09400590100(Viber)

မြောက်ဒဂုံဆိုဒ်... 09400590100(Viber)
02/09/2026

မြောက်ဒဂုံဆိုဒ်...

09400590100(Viber)

Mandalay City Development Committe~~~~~~~~~~~~~~~~~~~~~~~~အဆောက်အဦ ဆောက်လုပ်ခွင့်ဆိုင်ရာစည်းမျဥ်းစည်းကမ်းများနှင့် အခြာ...
02/09/2026

Mandalay City Development Committe
~~~~~~~~~~~~~~~~~~~~~~~~
အဆောက်အဦ ဆောက်လုပ်ခွင့်ဆိုင်ရာ
စည်းမျဥ်းစည်းကမ်းများနှင့် အခြားဆောက်လုပ်ခွင့် စည်းမျဥ်းစည်းကမ်းများ

RC (၁)ထပ်/SS (၁)ထပ်မှ RC (၄)ထပ်/SS (၄)ထပ်ဆောက်လုပ်ခွင့်ပြုမိန့်လျှောက်ထားခြင်း

၁။ လျှောက်ထားခွင့်ရှိသူ

- မြေပိုင်ဆိုင်မှု အထောက်အထားခိုင်လုံမှုရှိသူ

- ဉပဒေနှင့်အညီ မြေအသုံးချခွင့်ခိုင်မာစွာ
ရရှိထားသူ

၂။ လျှောက်ထားရမည့်ဌာန - အဆောက်အအုံနှင့်ကုန်ရုံဌာန

၃။ ပူးတွဲတင်ပြရမည့်စာရွက်စာတမ်းများ၊ ပိုင်ဆိုင်မှုအထောက်အထားများ၊ ထောက်ခံ ချက်များ

(က) မြေယာပုံစံ (၁၀၅)မူရင်း (အဆောက်အအုံဆောက်လုပ်မိန့်လျှောက်ထားရန် အတွက် ထုတ်ပေးသည့် တစ်နှစ်အတွင်းရေးကူးထားသောမြေပုံ)

(ခ) မြေပိုင်ဆိုင်မှုအထောက်အထားများ (G.P/S.P ကျမ်းကျိန်ချက်အမွေဆက်ခံ စာချုပ်၊ အရောင်းအဝယ်စာချုပ်၊ တရားရုံးအနိုင်ဒီဂရီ) မိတ္တူများ

(ဂ) လျှောက်ထားသူ၏ မှတ်ပုံတင်မိတ္တူ

(ဃ) လျှောက်ထားသူ၏ အိမ်ထောင်စုဇယားမိတ္တူ

(င) အိမ်ရှင်နှင့်တာဝန်ခံအင်/ယာတို့၏ထွက်ဆိုချက် (၁ စုံ)

(စ) ဘေးပတ်ဝန်းကျင်၏သဘောတူညီချက်နှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ထောက်ခံချက်

(ဆ) အဆောက်အဦပုံစံ A1ဆိုဒ်(၃)စုံနှင့်(Autocad Drawing(၁)စုံ၊ PDF Soft Copy (၁)စုံ)

- Location Plan

- Building Layout Plan

- Floor Plan

- Cross-section
(လှေကားအား ဖြတ်ဆွဲထားသောပုံ)

- Beam, Column and Foundation Plan

- Elevation (Front, Back, side)

- Structure Design Detail

(ဇ) မြေအောက်ထပ်ပါဝင်ပါက မြေတူးခြင်းအစီအစဉ် (Method of Statement Plan နှင့် Section ပုံ

(ဈ) တင်ပြသည့်အဆောက်အဦးပုံစံ(၃)စုံတွင်အိမ်ရှင်၊ လိုင်စင်ရအင်ဂျင်နီယာ၏ လက်မှတ်နှင့်တံဆိပ်တုံးပါရှိရမည်။ လိုင်စင်ကတ်မိတ္တူပါရှိရမည်။

(ည) Septic Tank Design (၃)စုံ (A-3)size

- Plan

- Section

- Design Calculation

- လိုင်စင်ရအင်ဂျင်နီယာ၏ လက်မှတ်နှင့်တံဆိပ်တုံးပါရှိရမည်။လိုင်စင်ကတ်မိတ္တူပါရှိရမည်။

(ဋ) သတင်းစာကြော်ငြာ - (အဆောက်အအုံအမျိုးအစားနှင့်အသုံးပြုရန် ရည်ရွယ်ချက် ပြည့်စုံစွာပါဝင်သော သတင်းစာကြော်ငြာ)

(ဌ) အိမ်ခွန်၊ မြေခွန် ကြွေးကျန်ကင်းရှင်းကြောင်းအခွန်ဌာန၏ထောက်ခံစာ

(ဍ) ကျူးမြေရှိပါက ကျူးမြေပေါ်တွင် မဆောက်လုပ်ကြောင်းဝန်ခံကတိ

(ဎ) မီးသတ်ဦးစီးဌာန၏ထောက်ခံချက်မူရင်း

၄။ စစ်ဆေးဆောင်ရွက်ပုံအဆင့်ဆင့်

အိမ်ဆောက်မိန့်လျှောက်လွှာတွင်ပါရှိသည့် အချက်အလက်များပြည့်စုံပါက အမှုတွဲအားလက်ခံ၍ လိုအပ်သည့်စာရွက်စာတမ်းများပူးတွဲခြင်း
မြို့နယ်အင်ဂျင်နီယာမှ သက်ဆိုင်ရာအကွက်ခံအင်ဂျင်နီယာများသို့ ကွင်းဆင်း စစ်ဆေးရန် အမှုတွဲများအား ချထားပေးပြီး ပြည့်စုံပါကစစ်ဆေးတွက်ချက်ပြီး အဆင့်ဆင့်တင်ပြခြင်း (သို့မဟုတ်) အကွက်တာဝန်ခံအင်ဂျင်နီယာမှ ကွင်းဆင်းစစ်ဆေး၍ ကြိုတင်ဆောက်လုပ် ထားပါက ဒဏ်ကြေးငွေအားတွက်ချက်၍ အဆင့်ဆင့်တင်ပြပြီး ခွင့်ပြုပါက အိမ်ရှင်ထံသို့ ဒဏ်ကြေးငွေပေးဆောင်ရန် အကြောင်းကြားစာပေးပို့ပြီး အိမ်ရှင်မှ ဒဏ်ကြေးငွေ ပေးဆောင်ပြီးပါက အဆင့်ဆင့်တင်ပြခြင်း
ဌာနမှူးမှ ကော်မတီသို့ အဆင့်ဆင့်တင်ပြခွင့်ပြုချက်ရယူခြင်း
ကော်မတီမှခွင့်ပြုသည့်အမှုတွဲများအား ငွေသွင်းရန် လျှောက်ထားသူထံသို့ အကြောင်းကြားခြင်း၊ ငွေသွင်းလက်ခံဆောင်ရွက်ခြင်း၊ ခွင့်ပြုမိန့်ရရှိရေး ဆောင်ရွက်ခြင်းနှင့် ခွင့်ပြုမိန့်ထုတ်ပေးခြင်း
၅။ အတည်ပြုချက်၊ ခွင့်ပြုချက်ရယူခြင်း

RC(၁)ထပ်/SS(၁)ထပ်မှ RC(၃)ထပ်/SS(၃)ထပ်ထိ အဆောက်အဦခွင့်ပြုမိန့်များ အား ကော်မတီဝင်ထိ အတည်ပြုခွင့်ပြုချက်ရယူခြင်း
၆။ ခွင့်ပြုချက်ထုတ်ပေးသည့်အထိ ကြာမြင့်နိုင်သည့်အချိန်ကာလသတ်မှတ်ချက်

သတ်မှတ်စာရွက်စာတမ်းများပြည့်စုံပြီးအချိန်နှင့် တစ်ပြေးညီကွင်းဆင်းစစ်ဆေးခ ပေးသွင်းပြီးသည်အထိ(၃၀ ရက်)၊ အများဆုံးကြာမြင့်နိုင်သည့်ရက်(၆၀ရက်)
၇။ သတ်မှတ်ကာလထက်ကျော်လွန်နိုင်သည့် အကြောင်းအရာများ

အိမ်ရှင်မှ ကွင်းဆင်းစစ်ဆေးခနှင့် စုပုံခွန်ပေးသွင်းရန် နောက်ကျခြင်း
ဘေးပတ်ဝန်းကျင်အိမ်များမှ ကန့်ကွက်ခြင်း
မြေပြင်နှင့်မြေပုံကိုက်ညီမှုမရှိခြင်းအား ပြန်လည်စိစစ်ရခြင်း
မြေပိုင်ဆိုင်မှု အငြင်းပွား၍ ကန့်ကွက်ခြင်း
မြေပိုင်ဆိုင်မှုနှင့်ပတ်သက်၍ တရားရုံးတွင် အမှုမပြီးပြတ်ခြင်း
သက်ဆိုင်ရာမီးသတ်ဦးစီးဌာန၏ စစ်ဆေးပြန်ကြားချက် အချိန်မီမရရှိခြင်း ကြိုဆောက်ထားပါက ကြိုဆောက်ဒဏ်ကြေးမပေးဆောင်ခြင်း

(၅)ထပ်နှင့်အထက်ခွင့်ပြုမိန့်ဆောင်ရွက်ခြင်းအတွက် လုပ်ထုံးလုပ်နည်းများ

၁။ လျှောက်ထားခွင့်ရှိသူ

- မြေပိုင်ဆိုင်မှု အထောက်အထားခိုင်လုံမှုရှိသူ

- ဉပဒေနှင့်အညီ မြေအသုံးချခွင့်ခိုင်မာစွာရရှိထားသူ

၂။ လျှောက်ထားရမည့် ဌာန - အဆောက်အအုံနှင့်ကုန်ရုံဌာန

၃။ ပူးတွဲတင်ပြရမည့်စာရွက်စာတမ်းများ၊ ပိုင်ဆိုင်မှုအထောက်အထားများ၊ ထောက်ခံ ချက်များ

(က) မြေယာပုံစံ(၁၀၅)မူရင်း(အဆောက်အအုံဆောက်လုပ်မိန့်လျှောက်ထားရန် အတွက်ထုတ်ပေးသည့် တစ်နှစ်အတွင်းရေးကူးထားသောမြေပုံ)

(ခ) မြေပိုင်ဆိုင်မှုအထောက်အထားများ (G.P/S.P ကျမ်းကျိန်ချက်အမွေဆက်ခံစာချုပ်၊ အရောင်းအဝယ်စာချုပ်၊ တရားရုံးအနိုင်ဒီဂရီ)မိတ္တူများ

(ဂ) လျှောက်ထားသူ၏ မှတ်ပုံတင်မိတ္တူ

(ဃ) လျှောက်ထားသူ၏ အိမ်ထောင်စုဇယားမိတ္တူ

(င) အိမ်ရှင်နှင့်တာဝန်ခံအင်/ယာတို့၏ထွက်ဆိုချက်(၁ စုံ)

(စ) ဘေးပတ်ဝန်းကျင်၏သဘောတူညီချက်နှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ထောက်ခံချက်

(ဆ) အဆောက်အဦပုံစံA1ဆိုဒ်(၃)စုံနှင့် (Autocad Drawing (၁) စုံ၊ PDF Soft Copy (၁)စုံ)

- Location Plan

- Building Layout Plan

- Floor Plan

- Cross-section (လှေကားအားဖြတ်ဆွဲထားသောပုံ)

- Beam, Column and Foundation Plan

- Elevation (Front, Back, side)

- Structure Design Detail

(ဇ) မြေအောက်ထပ်ပါဝင်ပါက မြေတူးခြင်းအစီအစဉ် (Method of Statement Plan နှင့် Section ပုံ

(ဈ) တင်ပြသည့်အဆောက်အဦးပုံစံ(၃)စုံတွင်အိမ်ရှင်၊ လိုင်စင်ရအင်ဂျင်နီယာ ၏လက်မှတ်နှင့်တံဆိပ်တုံးပါရှိရမည်။ လိုင်စင်ကတ်မိတ္တူပါရှိရမည်။

(ည) Bio Spetic Tank Design (၃)စုံ (A-3)size

- Plan

- Section

- Design Calculation

- လိုင်စင်ရအင်ဂျင်နီယာ၏လက်မှတ်နှင့်တံဆိပ်တုံးပါရှိရမည်။ လိုင်စင်ကတ်မိတ္တူပါရှိရမည်။

(ဋ) Soil Report (၁)စုံ

(ဌ) အဆောက်အဦး၏ Structure Design (ETAB & SAFE (or) Other Software) Soft Copy နှင့် Hard Copy (၁)စုံ

- Structure Designer ၏လက်မှတ်နှင့်တံဆိပ်တုံးပါရှိရမည်။ (MEC၏သတ်မှတ်ချက်အရည်အချင်းနှင့် ကိုက်ညီသူဖြစ်ရမည်။)

(ဍ) အဆောက်အဦး၏ Estimate Hardcopy (၁)စုံ

(ဎ) ကားရပ်နားရန်ဝန်ခံကတိ/ရပ်ကွက်အုပ်ချုပ်ရေးမှူးထောက်ခံချက်

(ဏ) သတင်းစာကြော်ငြာ (အဆောက်အအုံအမျိုးအစားနှင့် အသုံးပြုရန် ရည်ရွယ်ချက်ပြည့်စုံစွာပါဝင် သောသတင်းစာကြော်ငြာ)

(တ) အိမ်ခွန်၊ မြေခွန် ကြွေးကျန်ကင်းရှင်းကြောင်းအခွန်ဌာန၏ထောက်ခံစာ

(ထ) ကျူးမြေရှိပါက ကျူးမြေပေါ်တွင် မဆောက်လုပ်ကြောင်းဝန်ခံကတိ

(ဒ) မီးသတ်ဉီးစီးဌာန၏ထောက်ခံချက်မူရင်း

(ဓ) လျှပ်စစ်ဉီးစီးဌာန၏ထောက်ခံချက်မူရင်း

(န) သန့်ရှင်းရေးဌာန(MCDC)၏ထောက်ခံချက်မူရင်း

၄။ စစ်ဆေးဆောင်ရွက်ပုံအဆင့်ဆင့်

(က) အိမ်ဆောက်မိန့်လျှောက်လွှာတွင်ပါရှိသည့် အချက်အလက်များ ပြည့်စုံပါက အမှုတွဲအားလက်ခံ၍ လိုအပ်သည့်စာရွက်စာတမ်းများ ပူးတွဲခြင်း

(ခ) မြို့နယ်အင်ဂျင်နီယာမှ သက်ဆိုင်ရာအကွက်ခံအင်ဂျင်နီယာများသို့ ကွင်းဆင်း စစ်ဆေးရန် အမှုတွဲများအား ချထားပေးပြီး ပြည့်စုံပါကစစ်ဆေးတွက်ချက်ပြီး အဆင့်ဆင့်တင်ပြခြင်း (သို့မဟုတ်) အကွက်တာဝန်ခံအင်ဂျင်နီယာမှ ကွင်းဆင်းစစ်ဆေး၍ ကြိုတင်ဆောက်လုပ် ထားပါက ဒဏ်ကြေးငွေအားတွက်ချက်၍ အဆင့်ဆင့်တင်ပြပြီး ခွင့်ပြုပါက အိမ်ရှင်ထံသို့ ဒဏ်ကြေးငွေပေးဆောင်ရန် အကြောင်းကြားစာပေးပို့ပြီး အိမ်ရှင်မှ ဒဏ်ကြေးငွေ ပေးဆောင်ပြီးပါက အဆင့်ဆင့်တင်ပြခြင်း

(ဂ) သက်ဆိုင်ရာစစ်ဆေးရေးအဖွဲ့မှ Structure Design တွက်ချက်မှုများအား ပဏာမစစ်ဆေး၍ MESသို့Structure Design များပေးပို့စစ်ဆေးခြင်းနှင့် လိုအပ်ချက်ရှိပါက Designerသို့ အကြောင်းပြန်ကြားခြင်း

(ဃ) Designer မှ လိုအပ်ချက်များအားပြင်ဆင်ပြီး ပြည့်စုံသော အမှုတွဲများအား အထပ်မြင့်အစည်းအဝေးတင်ပြခြင်း

(င) အထပ်မြင့်အစည်းအဝေးမှ ခွင့်ပြုသောအမှုတွဲများအား ကော်မတီသို့ အဆင့်ဆင့် တင်ပြခွင့်ပြုချက်ရယူခြင်း

(စ) ကော်မတီမှခွင့်ပြုသည့်အမှုတွဲများအား ငွေသွင်းရန် လျှောက်ထားသူထံသို့ အကြောင်းကြားခြင်း၊ ငွေသွင်းလက်ခံဆောင်ရွက်ခြင်း၊ ခွင့်ပြုမိန့်ရရှိရေး ဆောင်ရွက်ခြင်းနှင့် ခွင့်ပြုမိန့်ထုတ်ပေးခြင်း

၅။ အတည်ပြုချက်၊ ခွင့်ပြုချက်ရယူခြင်း

(၅)ထပ်နှင့်အထက် အမှုတွဲများအား ကော်မတီထိ အဆင့်ဆင့်တင်ပြ ဆောင်ရွက်ခြင်းနှင့် အတည်ပြုခွင့်ပြုချက်ရယူခြင်း
၆။ ခွင့်ပြုချက်ထုတ်ပေးသည့်အထိ ကြာမြင့်နိုင်သည့်အချိန်ကာလသတ်မှတ်ချက်

သတ်မှတ်စာရွက်စာတမ်းများပြည့်စုံပြီးအချိန်နှင့် တစ်ပြေးညီကွင်းဆင်းစစ်ဆေးခ ပေးသွင်းပြီးသည်အထိ (၇၅ ရက်)၊ အများဆုံးကြာမြင့်နိုင်သည့်ရက် (၁၂၀ ရက်)
၇။ သတ်မှတ်ကာလထက်ကျော်လွန်နိုင်သည့် အကြောင်းအရာများ

အထပ်မြင့်အစည်းအဝေး တစ်လတစ်ကြိမ်
ကျင်းပရန် နှောင့်နှေးခြင်း
MES မှ structure စစ်ဆေးမှုအကြောင်းပြန်ကြားချိန် နောက်ကျခြင်း
structure Designer မှ လိုအပ်ချက်များပူးတွဲရန်နောက်ကျခြင်း
အိမ်ရှင်မှ ကွင်းဆင်းစစ်ဆေးခနှင့် စုပုံခွန်ပေးသွင်းရန် နောက်ကျခြင်း
ဘေးပတ်ဝန်းကျင်အိမ်များမှ ကန့်ကွက်ခြင်း
မြေပြင်နှင့်မြေပုံကိုက်ညီမှုမရှိခြင်းအား ပြန်လည်စိစစ်ရခြင်း
မြေပိုင်ဆိုင်မှု အငြင်းပွား၍ ကန့်ကွက်ခြင်း
မြေပိုင်ဆိုင်မှုနှင့်ပတ်သက်၍ တရားရုံးတွင် အမှုမပြီးပြတ်ခြင်း
သက်ဆိုင်ရာမီးသတ်ဦးစီးဌာန၏ စစ်ဆေးပြန်ကြားချက် အချိန်မီမရရှိခြင်း
ကြိုဆောက်လုပ်ထားခြင်းရှိပါက ဒဏ်ကြေးငွေတောင်းခံခြင်းနှင့် အိမ်ရှင်မှ ဒဏ်ကြေးငွေပေးဆောင်ရန်ပျက်ကွက်ခြင်း/ပေးဆောင်ရန်နောက်ကျခြင်း

#အဆောက်အအုံဖျက်သိမ်း ခွင့်ပြုမိန့်ဆောင်ရွက်ခြင်း

ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းများ၊ ပိုင်ဆိုင်မှုအထောက်အထားများ၊ ထောက်ခံချက်များ

‌ (က) မြေယာပုံစံ (၁၀၅)မူရင်း (အဆောက်အအုံဖျက်သိမ်းမိန့် / အိမ်ဆောက်မိန့် လျှောက်ထားရန်အတွက် ထုတ်ပေးသည့်တစ်နှစ်အတွင်း ရေးကူးထားသောမြေပုံ)

( ခ) မြေပိုင်ဆိုင်မှုအထောက်အထားများ (G.P/S.P ကျမ်းကျိန်ချက်အမွေဆက်ခံစာချုပ်၊ အရောင်းအဝယ်စာချုပ်၊ တရားရုံးအနိုင်ဒီဂရီ) မိတ္တူများ

( ဂ) လျှောက်ထားသူ၏ မှတ်ပုံတင်မိတ္တူ

(ဃ) လျှောက်ထားသူ၏ အိမ်ထောင်စုဇယားမိတ္တူ

( င) ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ အိမ်ရှင်အိမ်ငှား အရှုပ်အရှင်းကင်းရှင်းကြောင်းထောက်ခံချက်

( စ) ဖျက်သိမ်းမည့်အဆောက်အအုံ၏ဓာတ်ပုံ

(ဆ) သတင်းစာကြော်ငြာ(ဖျက်သိမ်းမည့်အဆောက်အအုံအမျိုးအစားပြည့်စုံစွာ ပါဝင်သောသတင်းစာကြော်ငြာ)

အဆောက်အအုံပြင်ဆင်ခွင့်ပြုမိန့်ဆောင်ရွက်ခြင်း

ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းများ၊ ပိုင်ဆိုင်မှုအထောက်အထားများ၊ ထောက်ခံ ချက်များ

‌(က) မြေယာပုံစံ (၁၀၅) မူရင်း (အဆောက်အအုံဆောက်လုပ်မိန့်လျှောက်ထားရန် အတွက် ထုတ်ပေးသည့်တစ်နှစ်အတွင်းရေးကူးထားသောမြေပုံ)

( ခ) မြေပိုင်ဆိုင်မှုအထောက်အထားများ (G.P/S.P)ကျမ်းကျိန်ချက်အမွေဆက်ခံ စာချုပ်၊ အရောင်းအဝယ်စာချုပ်၊ တရားရုံးအနိုင်ဒီဂရီ) မိတ္တူများ

( ဂ) လျှောက်ထားသူ၏မှတ်ပုံတင်မိတ္တူ

(ဃ) လျှောက်ထားသူ၏ အိမ်ထောင်စုဇယားမိတ္တူ

( င) ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ပိုင်ဆိုင်မှုအရှုပ်အရှင်းကင်းရှင်းကြောင်း ထောက်ခံချက်

(စ) ပြင်ဆင်မည့်အဆောက်အအုံ၏ဓါတ်ပုံ

(ဆ) ပြင်ဆင်မည့်အဆောက်အအုံ၏အထပ်အလိုက် Floor တစ်ခုခြင်းစီ၏ Plan ပုံ (A4 Size ၁ စုံ)

( ဇ) မျက်နှာစာပြင်ဆင်မည်ဆိုပါက ပြင်ဆင်မည့် Design ပုံ (A4 Size ၁ စုံ)

အဆောက်အအုံသက်တမ်းတိုး/အသုံးပြုခွင့်ပြုမိန့်ဆောင်ရွက်ခြင်း

ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းများ၊ ပိုင်ဆိုင်မှုအထောက်အထားများ၊ ထောက်ခံ ချက်များ

‌(က) ယခင်အိမ်ဆောက်မိန့်ခွင့်ပြုခဲ့သည့်ခွင့်ပြုမိန့်နှင့်အဆောက်အဦပုံစံပါမိတ္တူ(၁)စုံ

( ခ) လျှောက်ထားသူ၏မှတ်ပုံတင်မိတ္တူ

( ဂ) လျှောက်ထားသူ၏အိမ်ထောင်စုဇယားမိတ္တူ

(ဃ) ရပ်ကွက်အုပ်ချုပ်ရေးမှူး၏အိမ်ဆောက်မိန့်သက်တမ်းတိုး/ အသုံးပြုရန် ထောက်ခံချက်

( င) လက်ရှိမြေကွက်နှင့် အဆောက်အအုံမှတ်တမ်းဓါတ်ပုံ(၂)ပုံ

#ဝင်းခြံကာရံခွင့်ပြုမိန့်ဆောင်ရွက်ခြင်း

ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းများ၊ ပိုင်ဆိုင်မှုအထောက်အထားများ၊ ထောက်ခံ ချက်များ

(က) မြေယာပုံစံ (၁၀၅)မူရင်း (ဝင်းခြံကာရံခွင့်/အိမ်ဆောက်မိန့်လျှောက်ထားရန် အတွက် ထုတ်ပေးသည့် တစ်နှစ်အတွင်းရေးကူးထားသောမြေပုံ)

( ခ) မြေပိုင်ဆိုင်မှုအထောက်အထားများ (G.P/S.P ကျမ်းကျိန်ချက်အမွေဆက်ခံ စာချုပ်၊ အရောင်းအဝယ်စာချုပ်၊ တရားရုံးအနိုင်ဒီဂရီ) မိတ္တူများ

( ဂ) လျှောက်ထားသူ၏ မှတ်ပုံတင်မိတ္တူ

(ဃ) လျှောက်ထားသူ၏ အိမ်ထောင်စုဇယားမိတ္တူ

( င) ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့၏ ထောက်ခံချက်

( စ) ဝင်းခြံပုံစံ A3 ဆိုဒ် ၃စုံ

(ဆ) တင်ပြသည့်ဝင်းခြံပုံစံ(၃)စုံတွင်အိမ်ရှင်၊လိုင်စင်ရအင်ဂျင်နီယာ၏ လက်မှတ်နှင့်တံဆိပ်တုံးပါရှိရမည်။ လိုင်စင်ကတ်မိတ္တူပါရှိရမည်။

( ဇ) သတင်းစာကြော်ငြာ(ကန့်ကွက်ရန်ရှိ/မရှိ)

(ဈ) ကျူးမြေရှိပါက ကျူးမြေပေါ်တွင် မဆောက်လုပ်ကြောင်းဝန်ခံကတိ

မြေစိုက်တာဝါတိုင်/ Roof Top ပေါ်တာဝါတိုင်ထောင်ရန် ခွင့်ပြုမိန့် ဆောင်ရွက်ခြင်း

ပူးတွဲတင်ပြရမည့်စာရွက်စာတမ်းများ၊ပိုင်ဆိုင်မှုအထောက်အထားများ၊ ထောက်ခံ ချက်များ

(က) မြေယာပုံစံ (၁၀၅)မူရင်း (အဆောက်အအုံဆောက်လုပ်မိန့် လျှောက်ထားရန် အတွက် ထုတ်ပေးသည့်တစ်နှစ်အတွင်းရေးကူးထားသောမြေပုံ)

(ခ) မြေပိုင်ဆိုင်မှုအထောက်အထားများ(G.P/S.P ကျမ်းကျိန်ချက် အမွေဆက်ခံ စာချုပ်၊ အရောင်းအဝယ်စာချုပ်၊ တရားရုံးအနိုင်ဒီဂရီ)မိတ္တူများ

(ဂ) လျှောက်ထားသူ၏မှတ်ပုံတင်မိတ္တူ

(ဃ) လျှောက်ထားသူ၏အိမ်ထောင်စုဇယားမိတ္တူ

(င) အသုံးပြုမည့်အောက်ခံအဆောက်အဦသည် structure ခိုင်ခံကြောင်း အင်ဂျင်နီယာနှင့်အိမ်ရှင်ထောက်ခံချက်

(စ) ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ထပ်ဆင့်ထောက်ခံချက်

(ဆ) ဆက်သွယ်ရေးလုပ်ငန်းလိုင်စင်မိတ္တူ

(ဇ) အဆောက်အဦပုံစံ A3 ဆိုဒ်(၃)စုံ

- Location Plan

- Building Layout Plan

- Floor Plan

- Cross-section

- Foundation Plan

- Elevation (Front, Back, side)

- Structure Design Detail

(ဈ) Drawing(၃)စုံတွင်လိုင်စင်ရအင်ဂျင်နီယာ၏လက်မှတ်နှင့်တံဆိပ်တုံးပါရှိရမည်။ လိုင်စင်ကတ်မိတ္တူပါရှိရမည်။

#ယာယီဇာတ်စင်၊ မဏ္ဍပ်များဆောက်လုပ်ခွင့်ဆောင်ရွက်ခြင်း

တင်ပြလျှောက်ထားရမည့်စာရွက်စာတမ်းများ

(က) ဌာနမှူးသို့ လိပ်မူ၍ တင်ပြလျှောက်ထားလိုသည့်အကြောင်းအရာပါဝင်သည့် စာရွက်စာတမ်း

(ခ) လျှောက်ထားသူ၏မှတ်ပုံတင်မိတ္တူ

(ဂ) မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၏ ထောက်ခံချက်

(ဃ) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၏ထောက်ခံချက်

( င) ကျင်းပမည့်ပွဲ၏ဖိတ်စာ

( စ) ဆက်သွယ်ရန် ဖုန်းနံပါတ်နှင့် လိပ်စာအပြည့်အစုံ

(ဆ) မီးသတ်ဦးစီးဌာန၏ထောက်ခံချက်

(ဇ) ရဲစခန်းထောက်ခံချက်

#တိုင်ထောင်/နံရံကပ်ကြော်ငြာစိုက်ထူခွင့်လျှောက်ထားဆောင်ရွက်ခြင်း

ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းများ၊ ထောက်ခံချက်များ

(က) လျှောက်ထားတင်ပြစာ (အမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်)

(ခ) ကြော်ငြာတိုင်၏ Foundation Section ပုံ

(ဂ) လျှောက်ထားလိုသည့်တည်နေရာ၊ ကြော်ငြာအမျိုးအစား၊ ကြော်ငြာဘုတ် အရွယ်အစား၊ ကြော်ငြာလိုသည့်ကုန်ပစ္စည်း/ဒီဇိုင်းဓါတ်ပုံ

(ဃ) အိမ်ရှေ့ဉပစာရှင်၏ထောက်ခံချက်

ယာယီကြော်ငြာဘုတ်စိုက်ထူခွင့်ဆောင်ရွက်ခြင်း

ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းများ၊ ထောက်ခံချက်များ

(က) လျှောက်ထားတင်ပြစာ (အမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်)

(ခ) လျှောက်ထားလိုသည့်တည်နေရာ၊ ကြော်ငြာအမျိုးအစား၊ ကြော်ငြာဘုတ် အရွယ်အစား၊ ကြော်ငြာလိုသည့်ကုန်ပစ္စည်းဒီဇိုင်း/ဓာတ်ပုံ

(ဂ) ဝန်ခံကတိလက်မှတ်ရေးထိုးခြင်း

#အဆောက်အအုံဆောက်လုပ်ခွင့် (ကန်ထရိုက်လိုင်စင်)၊ Pile လုပ်ငန်းလိုင်စင်အသစ် လျှောက်ထားဆောင်ရွက်ခြင်း

ပူးတွဲတင်ပြရမည့်စာရွက်စာတမ်း/ထောက်ခံစာ

(က) လျှောက်ထားတင်ပြစာ(အမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်)

(ခ) ဓါတ်ပုံ(၃)ပုံ၊ မှတ်ပုံတင်မိတ္တူ

(ဂ) ကုမ္ပဏီလိုင်စင်မိတ္တူ/ကုမ္ပဏီ၏ဖွဲ့စည်းပုံ

(ဃ) အထပ်မြင့်ကြီးကြပ်ရေးပညာရှင်အဖွဲ့၏ထောက်ခံချက်(Pile လုပ်ငန်း)

(င) ကန့်ကွက်ရန်ရှိ/မရှိ သတင်းစာကြော်ငြာ

#အဆောက်အအုံဆောက်လုပ်ခွင့် (ကန်ထရိုက်လိုင်စင်)၊ Pile လုပ်ငန်းလိုင်စင် သက်တမ်းတိုးလျှောက်ထားဆောင်ရွက်ခြင်း

ပူးတွဲတင်ပြရမည့်စာရွက်စာတမ်းများ

(က) သက်တမ်းတိုးလျှောက်ထားတင်ပြစာ(အမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်)

(ခ) ဓါတ်ပုံ(၃)ပုံ

(ဂ) ယခင်နှစ်က ထုတ်ပေးထားသော လိုင်စင်ကဒ်မိတ္တူ၊ စာအုပ်မိတ္တူ

#အင်ဂျင်နီယာလိုင်စင် အသစ်/သက်တမ်းတိုးဆောင်ရွက်ခြင်း

ပူးတွဲတင်ပြရမည့်စာရွက်စာတမ်းများ

(က) လျှောက်ထားတင်ပြစာ(အမည်၊ မှတ်ပုံတင်၊ ဖုန်းနံပါတ်)PE/RSE/LA/SLA တံဆိပ်တုံးရိုက်နှိပ်ရမည်)

(ခ) PE/RSE/LA/SLA ကဒ်မိတ္တူ

(ဂ) ဓါတ်ပုံ(၁)ပုံ

#တိုက်ခန်းများ၏ လူနေထိုင်ပိုင်ဆိုင်ခွင့်အမည်ပြောင်း ဆောင်ရွက်ခြင်း

၁။ ပူးတွဲတင်ပြရမည့်စာရွက်စာတမ်းများ၊ ပိုင်ဆိုင်မှုအထောက်အထားများ၊ထောက်ခံချက်များ

(က) တိုက်ခန်းလျှောက်ထားသူ၏ အိမ်ထောင်စုဇယား၊ မှတ်ပုံတင်

(ခ) တိုက်ခန်းလျှောက်ထားရန် ကန့်ကွက်နိုင်ကြောင်းသတင်းစာကြော်ငြာ

(ဂ) တိုက်ခန်းပိုင်ဆိုင်မှုအထောက်အထား

(ဃ) တိုက်ခန်းအမည်ပြောင်းပါက (မှတ်ပုံတင်စာချုပ်ရုံး၏ G.P/S.P)

(င) တိုက်ခန်းပိုင်ဆိုင်ကြောင်း ရ.ယ.က၏ ထောက်ခံချက်မူရင်း

၂။ တိုက်ခန်းပိုင်ဆိုင်ခွင့် စာချုပ်စာအုပ်ထုတ်ပေးသည့်အထိ ကြာမြင့်နိုင်သည့် အချိန်ကာလသတ်မှတ်ချက်

တိုက်ခန်းပိုင်ဆိုင်ခွင့်အမည်ပြောင်း လျှောက်ထားလာသည့်အချိန်မှစ၍ တိုက်ခန်း ပိုင်ဆိုင်ခွင့်စာချုပ်စာအုပ်ထုတ်ယူနိုင်သည်အထိ (၃၀ရက်)

Related Link
[email protected]

Ma Pyone က ငွေပိုလွဲမိလို့(30000)ရသွားတယ်အဖြေမှန်သူက (50000)ရတယ်တခြားလူကတော့ အောက်ပါအတိုင်း ရတယ်ဒီနေ့အတွက်တော့...ပေးပြီး...
01/09/2026

Ma Pyone က ငွေပိုလွဲမိလို့
(30000)ရသွားတယ်
အဖြေမှန်သူက (50000)ရတယ်
တခြားလူကတော့ အောက်ပါအတိုင်း ရတယ်
ဒီနေ့အတွက်တော့...ပေးပြီးပါပြီ

တစ်ထပ်တိုက်အလှလေးများ...☮☮အိမ်ဆောက်တဲ့အခါ ရွေးချယ်လို့ ရတာပေါ့လူကြီးမင်းတို့ အိမ်ဆောက်တဲ့အခါမှာလဲတက်နိူင်တဲ့ကုန်ကျစရိတ်န...
01/09/2026

တစ်ထပ်တိုက်အလှလေးများ...☮☮
အိမ်ဆောက်တဲ့အခါ ရွေးချယ်လို့ ရတာပေါ့
လူကြီးမင်းတို့ အိမ်ဆောက်တဲ့အခါမှာလဲ
တက်နိူင်တဲ့ကုန်ကျစရိတ်နဲ့ ရရှိနိူင်မဲ့ အကျယ်အဝန်း၊အသုံးပြုမဲ့ပစွည်းများ၊ငွေပေးချေမှု့ကအစ
မြေတိုင်းစစ်ဆေးခြင်းကနေ အဆောက်အဦပြီးစီးသည်အထိ တာဝန်ယူ အာမခံဖြင့် လက်တွေ့အကောင်အထည်ဖော် ဆောက်လုပ်ပေးနေပါသည်
လေ့လာလိုသူများအနေဖြင့်လဲ..
နီးစပ်ရာအဆောက်အဦများကို လေ့လာနိူင်ပါတယ်ဗျ
အားပေးသူတိုင်းအား ကျေးဇူးတင်လျက်....

#တည်ဆောက်ပြီးစီးခဲ့သောအဆောက်အဦများ
မှော်ဘီမြို့နယ်၊စာဖြူစုကျေးရွာ
https://www.facebook.com/share/p/1DQPm4RvGJ/

ရွှေပြည်သာမြို့နယ်၊သံဒင်း(20)ရပ်ကွက်
https://www.facebook.com/share/p/1Fzmt2DCBV/

မရမ်းကုန်းမြို့နယ်၊ကျောက်ရေတွင်း
https://www.facebook.com/share/p/1EEpfpsAwu/

မှော်ဘီမြို့နယ်၊တိုးချဲ့(4)ရပ်ကွက်
https://www.facebook.com/share/r/1EyKtg6CBQ/

အရှေ့ဒဂုံမြို့နယ်၊အမှတ်(6)ရပ်ကွက်
https://www.facebook.com/share/p/1E46MozfnF/

မြောက်ဒဂုံမြို့နယ်၊စေတနာ(၂)လမ်း
https://www.facebook.com/share/p/17sYGmKnmt/

မှော်ဘီမြို့နယ်၊ဇောတိကုန်းရွာ
https://www.facebook.com/share/p/18KHds8cTm/

မြောက်ဥက္ကလာပမြို့နယ်၊(ဌ)ရပ်ကွက်
https://www.facebook.com/share/p/1QyKn4LhVM/

သန်လျင်မြို့နယ်၊ဗိုလ်ချုပ်ရွာ
https://www.facebook.com/share/p/18Szyj7ctT/

ပဲခူးမြို့ Renovation
https://www.facebook.com/share/p/1D7hwwCyJw/

မရမ်းကုန်း ဆိုင်ခန်း
https://www.facebook.com/share/p/1A7iVMP8Tv/

မရမ်းကုန်း နှစ်ထပ်တိုက်
https://www.facebook.com/share/p/1BBMdCD7PP/


Construction Engineer(2016)
09696961610
09400590100
ဆက်သွယ်ရန် Viber နံပါတ်များ
------------------------------------------------
09400590100(Viber)
09696961610(Viber)
~~~~~~~~~~~~~~~~~~~~~~~~~
AMH Design And Construction Group...
--------------------------
🔷🔷Office(1)...
အမှတ်(763)/လိူင်သီတာ(3)လမ်း၊မြိတ်လမ်းမကြီး၊
(20)ရပ်ကွက်၊တောင်ဒဂုံမြို့နယ်
🔶🔶Office(2)...
အမှတ်(504)၊သုမာလာ(7)လမ်း၊အမှတ်(2)ရပ်ကွက်၊မြောက်ဥက္ကလာပမြို့နယ်၊ရန်ကုန်








အဖြေမှန်18.5.2024 ပါ
01/09/2026

အဖြေမှန်
18.5.2024 ပါ

Address

Yangon

Alerts

Be the first to know and let us send you an email when AMH Design And Construction posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share