Millimetre - Training & Design Group

Millimetre - Training & Design Group Love Engineering. Engineering will love you definitely. Develop it with heart. Engineering will definitely love you.

Mandalay အတွက်ဆိုရင် .. MFR တွေထက်braced frame တွေက ပိုစိတ်ချရပါတယ် ..
13/05/2026

Mandalay အတွက်ဆိုရင် .. MFR တွေထက်
braced frame တွေက ပိုစိတ်ချရပါတယ် ..

Steel Structure ဆိုရင် Bracing လေးပါနေမှ …
Braced Frame ချင်းတူရင်တောင် Ecc လေးပါနေမှ …
ပိုပြီးစိတ်ချရတာလို့ ယုံကြည်ပါတယ် …

4S-Steel Hostel
Mandalay
May, 2026

Millimetre - Structural Engineer

08/05/2026

R-factor ကိုအားကိုးမိနေရင် သတိပြုမိဖို့ပါ ..

R-factors in different building codes
(ASCE, EC, NZ, IS, etc.)

03/05/2026
02/05/2026

Beyond Code-Based Design

02/05/2026

“သင်တန်းသားဟောင်းများအတွက်အခွင့်အရေး”

ETABS-Advanced
မေလ (၃) ရက်နေ့မှာ သင်တန်းသစ် ပြန်စဖို့ရှိပါတယ် ..

ETABS-Basic
မေလ (၄) ရက်နေ့မှာ သင်တန်းသစ် ပြန်စဖို့ရှိပါတယ် ..

AutoCAD-Draftor
မေလ (၃) ရက်နေ့မှာ သင်တန်းသစ် ပြန်စဖို့ရှိပါတယ် ..

SSD - Structural Steel Design
မေလ (၈) ရက်နေ့မှာ သင်တန်းသစ် ပြန်စဖို့ရှိပါတယ် ..

✨ Old Students အနေနဲ့ အခမဲ့ပြန် join နိုင်ပါတယ်✨

01/05/2026

Earthquake Ground Motion ကြောင့်ဖြစ်တဲ့
Structural Demands (or) Responses တွေကို
Simulation လုပ်၊ ပုံဖော်နိုင်ဖို့ .. မျက်လုံးထဲမြင်နိုင်ဖို့
Structural Identification ဘာသာရပ်ကိုယူခဲ့တယ် ..

Early bird တော့လူပြည့်သွားပါပြီမနက်ဖြန် Monday စသင်ပါမယ် …
26/04/2026

Early bird တော့လူပြည့်သွားပါပြီ
မနက်ဖြန် Monday စသင်ပါမယ် …

ရန်ကုန်က ပြင်းအားအဆင့် (၉) ခံနိုင်ပါတယ် ..ဘယ်ကလှုပ်တဲ့ ငလျင်ကိုလဲဆိုတော့ .. ဂျပန်နိုင်ငံက လှုပ်တဲ့ “ငလျင်” လေတဲ့ … 😁😁😁
24/04/2026

ရန်ကုန်က ပြင်းအားအဆင့် (၉) ခံနိုင်ပါတယ် ..
ဘယ်ကလှုပ်တဲ့ ငလျင်ကိုလဲဆိုတော့ ..
ဂျပန်နိုင်ငံက လှုပ်တဲ့ “ငလျင်” လေတဲ့ …

😁😁😁

ပြင်းအားအဆင့် ၉ ငလျင်ဒဏ်ကိုခံနိုင်တယ်ဆိုပြီး
ကြေညာတာတွေ ထပ်တွေ့ရလို့ပါ … Let's debate!

ဖြစ်နိုင်တဲ့ဖက်က နေမလား …
မဖြစ်နိုင်တဲ့ဖက်က နေမလား ဆိုရင် …

မဖြစ်နိုင်တဲ့ဖက်က နေပါမယ် …
ဘာလို့လဲဆိုရင် ရန်ကုန်မှာဖြစ်နေလို့ပါ …
(တစ်နည်းအားဖြင့် မြန်မာမှာဖြစ်နေလို့ပါ)

ပြန်မေးရမှာက ..
(၁) ပြင်းအားအဆင့် ၉ ဆိုတာ ဘယ် unit နဲ့ တိုင်းလဲ …
(၂) ရန်ကုန်မှာက အဆင့် ၉ ထိ လှုပ်နိုင်လားဆိုရင် No ပါ
(၃) အဲ့ဒီမှာကတည်းက over-marketing ဖြစ်နေပါပြီ

ထပ်မေးရရင် ..
(၄) Epicenter - က ရန်ကုန်ရဲ့ဘယ်နေရာနားလှုပ်တာလဲ
(၅) Focal Depth - မြေအောက်အနက် ဘယ်လောက်ကလှုပ်တာကို အာမခံတာလဲ ..
(၆) Building Structural System ဘယ်စနစ်နဲ့ခုခံတာလဲ

ကြေညာစာရွက်ထဲမှာ ရေးသားဖော်ပြထားသလို …
ဖောင်ဒေရှင်း ၅၅ မီတာ (ပေ ၁၈၀) အနက်ထိကတော့
အားရစရာပါ .. ဒါပေမယ့် မြေသားခံနိုင်ရည် soil test
ဖော်ပြနိုင်ရင်တော့ ဖြစ်နိုင်/ မဖြစ်နိုင် ပိုသိသာပါမယ်

ဖောင်ဒေးရှင်းတစ်ခုပဲ ဖော်ပြပြီး ကွန်ကရစ် Grade
သံချောင်း (Rebar Grade)၊ Structural System တွေ၊
Transparency (ပွင့်လင်းမြင်သာမှု) ရှိရှိ မသိရရင်တော့
ဒီအာမခံချက်ဟာ ဖြစ်နိုင်တယ်လို့ ယုံကြည်လို့မရပါဘူး …

Base Isolation System (or) Tuned Mass Damper ..
အဲ့ဒီလို Advanced Vibration Control System မပါရင်
ပြင်းအားအဆင့် (၉) ဆိုတာ စိတ်ကူးယဉ်ခြင်းသက်သက်ပါ

Over-marketing (ဂျင်းထည့်တာတွေ)
False-knowledge (အသိအမှားတွေ) ရပ်သင့်ပါပြီ …

ဒီလောက်စျေးကြီးတဲ့ ကွန်ဒိုတွေမှာနေတဲ့လူတွေလည်း
စာတော့တတ်ကြမှာပါ .. စာမတတ်ရင်လည်း အနိမ့်ဆုံး
Chat GPT လောက်တော့ မေးကြည့်ကြပေါ့ဗျာ ….

Millimetre - Structural Consultants

Key Highlights in ACI 318-25
23/04/2026

Key Highlights in ACI 318-25

မီလီမီတာက page (2) ခုရှိတဲ့အထဲမှာ ဒီ page ကတော့ knowledge transfer လုပ်ဖို့ပါ Millimetre - Structural Engineerမူရင်း pag...
22/04/2026

မီလီမီတာက page (2) ခုရှိတဲ့အထဲမှာ
ဒီ page ကတော့ knowledge transfer လုပ်ဖို့ပါ
Millimetre - Structural Engineer

မူရင်း page ကတော့ သင်တန်းကိစ္စသီးသန့်ကြေညာဖို့ပါ
Junior တွေကို သင်တန်းကိစ္စ ညွှန်းချင်ရင် ဒီဖက်ပါ
Millimetre - Training & Design Group

Page - ၂ ခုကလုံးက follower 50 k ရှိပါတယ် ..
Page - ၂ ခုခွဲထားတာ အကန့်လေးတွေခွဲထားတာပါ ..

Address

Yangon

Alerts

Be the first to know and let us send you an email when Millimetre - Training & Design Group posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Millimetre - Training & Design Group:

Share