Crush Tech Myanmar

Crush Tech Myanmar Computer, Phone reviews and news for Myanmar

 #သင်သိပါသလားiPhoneAir က ဒီနှစ် Apple ရဲ့ lineup အသစ်တစ်ခုဖြစ်ပါတယ်။ အင်မတန် ပါးလွှာလှပပြီး အရမ်း simple and modern ဖြစ်...
12/09/2025

#သင်သိပါသလား

iPhoneAir က ဒီနှစ် Apple ရဲ့ lineup အသစ်တစ်ခုဖြစ်ပါတယ်။ အင်မတန် ပါးလွှာလှပပြီး အရမ်း simple and modern ဖြစ်တဲ့ ဒီဇိုင်းနဲ့ ထွက်ရှိလာပါတယ်။ ကာဗာ မပါပဲ ကိုင်မယ်ဆို in-hand feeling အရမ်း မိုက်မဲ့ ဖုန်းတစ်လုံးပါ။

ဒါပေမဲ့ လှတာမက်လို့ ညစာမခက်ရအောင် မဝယ်ခင် ဒီအချက်သုံးချက်ကို ကြိုသိထားတာ ကောင်းပါလိမ့်မယ်။

#1 Single earpiece speaker

iPhoneAir မှာ single earpiece speaker တစ်လုံးပဲ ပါဝင်ပါတော့တယ်။ ဒါကြောင့် ရုပ်ရှင်ကြည့်တဲ့အခါ၊ Audio အသားပေး ဂိမ်းတွေ ကစားတဲ့အခါ stereo နဲ့ spatial audio တွေ
effect တွေ ခံစားရမှာ မဟုတ်တော့ပါဘူး

#2 Titanium body

iPhone 17 pro ကို အပူစွန့်ထုတ်မှု ပိုပြီးအားကောင်းလာအောင် Titanium ကနေ Aluminium unibody ပြောင်းလဲခဲပြီး v***r chamber cooling ကိုပဲ ထည့်သွင်းပေးခဲ့ပေမဲ့ iPhoneAir မှာတော့ ကိုယ်ထည်ပါးပါးလေးကို အပူစွန့်ထုတ်မှု အားနည်းတဲ့ Titanium (Bandgate ကို ကာကွယ်ဖို့၊ Premium feeling ရဖို့) ကိုပဲ ပြန်သုံးထားတဲ့အတွက် ပူပူလေးနဲ့ ပါးပါးလေး ကိုင်ရမှာဖြစ်ပါတယ်။

#3 Still Middle Child

iPhone line up ထဲမှာ ရောင်းအားအနည်းဆုံး middle child တွေဖြစ်ခဲ့တဲ့ iPhone Mini, iPhone Plus နေရာကို iPhoneAir က အစားထိုး ဝင်ရောက်လာတာဖြစ်ပါတယ်။ ဈေးကွက်သွေးတိုးစမ်းတဲ့ အနေနဲ့ ထုတ်တာဖြစ်နိုင်ပြီး Mini တို့ Plus တို့လို့ ရောင်းအားမကောင်းရင် generation တစ်ခု ဒါမှမဟုတ် ၂ ခုလောက်နဲ့ ရပ်တန့်သွားနိုင်တယ်လို့ ထင်ကြေးပေးခံနေရပါတယ်။

အနက်ရောင်ကိုင်ချင်ရင် Air နဲ့ ရိုးရိုး 17 မှာပဲ ရှိတော့တယ်🖤 Pro မှာတော့ ဗိုက်ဖြူရယ်၊ အုတ်နီခဲရယ်၊ အမှောင်ပြာ ရယ်ပဲ ရှိတေ...
12/09/2025

အနက်ရောင်ကိုင်ချင်ရင် Air နဲ့ ရိုးရိုး 17 မှာပဲ ရှိတော့တယ်🖤

Pro မှာတော့ ဗိုက်ဖြူရယ်၊ အုတ်နီခဲရယ်၊ အမှောင်ပြာ ရယ်ပဲ ရှိတော့တယ် 🍊🦴🥏

BTW ဒီနှစ်က ရိုးရိုး iPhone 17 ကို ဝယ်ရတာ အတန်ဆုံးနှစ်ပဲ ဖြစ်လိမ့်မယ်။ ✨

  ရဲ့     တွေ စနေပြီနော်Apple ရဲ့ Back to School promotion တွေ 17 June ကတည်းက နိုင်ငံအသီးသီးမှာ စနေပြီဖြစ်ပါတယ်။ခါတိုင်း...
22/06/2025

ရဲ့ တွေ စနေပြီနော်

Apple ရဲ့ Back to School promotion တွေ 17 June ကတည်းက နိုင်ငံအသီးသီးမှာ စနေပြီဖြစ်ပါတယ်။

ခါတိုင်းနှစ်တွေလိုပဲ Apple Pencil, Airpod 4, Magic Mouse စတဲ့ လက်ဆောင်တွေကို ကိုယ်ဝယ်မဲ့ Product ပေါ်မူတည်ပြီး ရမှာဖြစ်ပါတယ်။

ဒါပေမဲ့ အဲ့လို လက်ဆောင်တွေ ပြန်ရဖို့အတွက် ကိုယ့်ကျောင်းသားကဒ် ဒါမှမဟုတ် ကိုယ့်ဆွေမျိုး၊ အသိ တစ်ယောက်ယောက်ရဲ့ ကျောင်းသားကဒ် လိုအပ်မှာဖြစ်တယ်။

ဘယ် Apple product တွေဝယ်ရင် ဘာလက်ဆောင်တွေ ရနိုင်လဲ ဆိုတာ အောက်ကပုံတွေမှာ ထောက်ကြည့်လို့ရတယ်နော်။

#ကျောင်းပြန်တက် #ပညာရေးအတွက်

Address

Yagon

Website

Alerts

Be the first to know and let us send you an email when Crush Tech Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share