26/05/2026
စီးပွားရေးလုပ်ငန်းကြီးများနှင့် စက်ရုံများအတွက် Rooftop Solar တပ်ဆင်ခြင်းဟာ လျှပ်စစ်စွမ်းအင် ကုန်ကျစရိတ်ကို ထိရောက်စွာ လျှော့ချပေးနိုင်တဲ့ အကောင်းဆုံးဖြေရှင်းချက်တစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ Solar Installation လုပ်ငန်းအများစုဟာ အမြင့်ပေါ်တွင် လုပ်ဆောင်ရခြင်း ဖြစ်တဲ့အတွက် “လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး (Safety)” ဟာ အရေးကြီးဆုံးအချက်တစ်ခု ဖြစ်လာပါတယ်။
Mandalay Yoma မှာ ကျွန်တော်တို့ အမြဲတမ်း ကိုင်စွဲထားတဲ့ “Zero Accidents” (ထိခိုက်ဒဏ်ရာရမှု လုံးဝမရှိစေရေး) စံနှုန်းဟာ လုပ်ငန်းရှင်များအတွက် ဘာကြောင့် အရေးကြီးတာလဲ❓
🛡️ ဝန်ထမ်းများ၏ အသက်အန္တရာယ် လုံခြုံရေး
နေပူထဲတွင် အမြင့်ပေါ်တက်ပြီး အားသွန်ခွန်စိုက် လုပ်ဆောင်နေကြတဲ့ အင်ဂျင်နီယာတွေနဲ့ နည်းပညာရှင်များရဲ့ ဘေးကင်းရေးကို ပထမဦးစားပေးအဖြစ် သတ်မှတ်ထားပါတယ်။
ဒါကြောင့် လုပ်ငန်းခွင်တိုင်းတွင် နိုင်ငံတကာအဆင့်မီ Safety Harness များ၊ ခိုင်ခံ့သော Scaffold System များနှင့် Personal Protective Equipment (PPE) များကို စနစ်တကျ အသုံးပြုဆောင်ရွက်လျက်ရှိပါတယ်။
⏱️ လုပ်ငန်းလည်ပတ်မှု မကြန့်ကြာစေခြင်း
Project ဆောင်ရွက်နေစဉ် မတော်တဆမှုတစ်စုံတစ်ရာ ဖြစ်ပွားပါက လုပ်ငန်းခွင်စစ်ဆေးမှုများကြောင့် Project Timeline ကြန့်ကြာနိုင်သလို စက်ရုံ၏ ပုံမှန်ကုန်ထုတ်လုပ်မှုကိုပါ ထိခိုက်နိုင်ပါတယ်။
ထို့ကြောင့် Safety Management System ကို တင်းကျပ်စွာ လိုက်နာဆောင်ရွက်ခြင်းဖြင့် လုပ်ငန်းလည်ပတ်မှုကို ထိရောက်စွာ ကာကွယ်ပေးနိုင်ပါတယ်။
🤝 လုပ်ငန်းရှင်များ စိတ်အေးချမ်းသာ ရရှိစေခြင်း
Mandalay Yoma အနေနဲ့ တင်းကျပ်သော Safety Checklist များ၊ Permit to Work (PTW) System များနှင့် စက်ပစ္စည်းစစ်ဆေးမှုများကို စနစ်တကျ လုပ်ဆောင်ထားသောကြောင့် စက်ရုံအတွင်း Solar Installation ပြုလုပ်နေချိန်တွင် လုပ်ငန်းရှင်များအနေဖြင့် စိတ်အေးချမ်းသာစွာ ယုံကြည်စိတ်ချနိုင်မှာ ဖြစ်ပါတယ်။
“Safety First” ဆိုတာ စာသားတစ်ခုသာ မဟုတ်ဘဲ Mandalay Yoma ရဲ့ လုပ်ငန်းခွင်ယဉ်ကျေးမှုနှင့် အဓိကတန်ဖိုးတစ်ခု ဖြစ်ပါတယ်။ မိတ်ဆွေတို့၏ လုပ်ငန်းအတွက် စိတ်ချရပြီး ရေရှည်တည်တံ့တဲ့ Solar Energy Solution များ ဖန်တီးပေးဖို့ ကျွန်တော်တို့ အမြဲအသင့်ရှိနေပါတယ်။
📞 +95 9422406020
📩 [email protected]
English Version
For large enterprises and factories, installing Rooftop Solar is one of the most effective solutions to drastically cut energy costs. However, because solar installation inherently involves high-altitude work, Workplace Safety isn't just a checkbox—it is the foundation of a successful project.
At Mandalay Yoma, we strictly adhere to a "Zero Accidents" standard. But what does this mean for business owners, and why does it matter?
Why Our "Zero Accidents" Standard Matters to You
🛡️ Safeguarding Human Lives
Our engineers and technicians work tirelessly at heights under challenging weather conditions. Their safety is our absolute priority. We ensure full compliance by utilizing international-standard safety harnesses, robust scaffold systems, and top-tier Personal Protective Equipment (PPE).
⏱️ Ensuring Seamless Business Continuity
Any workplace accident can trigger regulatory inspections, legal delays, and project halts. This doesn't just push back your solar timeline—it can disrupt your factory’s core production. By enforcing a strict Safety Management System, we protect your daily operations from unexpected downtime.
🤝 Absolute Peace of Mind for Business Owners
We manage risk so you don't have to. With rigorous safety checklists, strict Permit to Work (PTW) systems, and thorough equipment inspections, factory owners can rest easy knowing their solar transition is in the safest hands in the industry.
"Safety First" is not just a slogan at Mandalay Yoma—it is our core corporate culture and an uncompromised value.
Ready to transition to a safe, reliable, and sustainable solar energy solution for your business? We are here to partner with you every step of the way.
⚡ Contact Us Today:
📞 Phone: +95 9422406020
📩 Email: [email protected]