05/09/2026
နံရံတွေမှာ ဆံခြည်မျှင်အက်ကွဲကြောင်းတွေ ဘာလို့ထွက်လာတာလဲ ❓
အိမ်တစ်အိမ် ဆောက်ပြီးခါစမှာ နံရံတွေပေါ် ဆံခြည်မျှင်လောက် အက်ကြောင်းလေးတွေ တွန့်လိမ်ပြီး ပေါ်လာတတ်တာမျိုးကို ကြုံဖူးကြမှာပါ။
ဒီလိုဖြစ်ရတာဟာ အိမ်ရဲ့ Structural ပိုင်းကြောင့် မဟုတ်ဘဲ အင်္ဂတေကိုင်တဲ့အဆင့် (Plastering) မှာ လိုအပ်ချက်ရှိခဲ့လို့ပါပဲ 🤔
အင်္ဂတေကိုင်ရင် ဆံခြည်မျှင်ကွဲကြောင်း မထွက်စေဖို့ဆိုရင်
✅ အုတ်ရိုးကို ရေဝဝလောင်းဖို့
✅ ဘိလပ်မြေအင်္ဂတေ အချိုးအစားနဲ့ အထူအပါး မှန်ဖို့နဲ့
✅ အနည်းဆုံး ရေ (၇) ရက်ပြည့်အောင် လောင်းပေးဖို့ မဖြစ်မနေလိုအပ်ပါတယ်။
မြန်မာပြည်ရဲ့ ရာသီဥတုက ပူပြင်းပြီး နေ့နဲ့ည အပူချိန် ကွာခြားချက်လည်း ကြီးမားတာမို့ အပူရှိန်ကြောင့် အင်္ဂတေတွေ ပွလာလိုက်၊ အေးရင် ပြန်ကျုံ့သွားလိုက်နဲ့ 🌡️
ရေရှည်မှာဆိုရင် ဆံခြည်မျှင်အက်ကြောင်းတွေကနေတစ်ဆင့် နံရံရေစိုတာ၊ ဆေးကွာကျတာမျိုးတွေဖြစ်လာတတ်ပါတယ် ❗️
ဒါကြောင့် L Myanmar Construction မှာဆိုရင်တော့ အပူအအေးကြောင့် ဖြစ်တတ်တဲ့ သဘာဝကျုံ့ဆန့်မှုတွေကို ကာကွယ်နိုင်ဖို့ အုတ်ရိုးနဲ့ ကွန်ကရစ်တိုင်ဆုံတဲ့ နေရာတွေမှာ သံစကာကို စနစ်တကျ ရိုက်ပြီးမှပဲ အင်္ဂတေကိုင်ပေးတဲ့အပြင် 👷🏻♂️
အင်္ဂတေ အရောအနှော အချိုးအစားကို Engineering Standard အတိုင်း တိတိကျကျ စိစစ်ပြီးမှ သုံးစွဲပေးပါတယ် 🤗
ဆောက်လုပ်ရေးပိုင်းဆိုင်ရာ အဆင့်သေးသေးမွှားမွှားလေးတွေကအစ စနစ်တကျနဲ့လုပ်ဆောင်မှ ရေရှည်မှာ စိတ်အေးရတဲ့ အိမ်ကောင်းတစ်လုံး ဖြစ်လာမှာမို့ 💯
အိမ်နံရံတွေ ရာစုနှစ်ချီပြီး အက်ကြောင်းကင်းကင်းနဲ့ စမတ်ကျလှပနေဖို့ L Myanmar Construction နဲ့ အခုပဲ ဆွေးနွေးတိုင်ပင်လိုက်ပါနော် 🏡
📍ရုံးလိပ်စာ - အမှတ် (207) ဦးမောင်ကြီးလမ်း၊42 ရပ်ကွက် မြောက်ဒဂုံမြို့နယ်။
🏡 (6/716) ကုန်းဘောင်16 လမ်း သစ္စာလမ်းမကြီးေကျာကပ် တောင်ဥက္ကလာပမြို့ နယ် ရန်ကုန် တိုင်း ဒေသကြီး။
GPS - https://maps.app.goo.gl/nMCdaK2chdEPSEdS7?g_st=ic
GPS - https://maps.app.goo.gl/wcsg2vmJwPxiqTiR9?g_st=ic
ဆက်သွယ်ရန်
📲 09449549549, 09441938938 ကို
ရုံးချိန်အတွင်း (မနက် ၉:၀၀ နာရီမှ ညနေ ၅:၀၀ နာရီ) အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါတယ်။
#အကြမ်းထည်