15/01/2026
မြန်မာနိုင်ငံ စက်ယန္တယားလုပ်ငန်းရှင်များအသင်းရဲ့ Viber Groupတွင် ဝင်ရောက်ထားကြသော စက်အုန်နာများ ၊ စက်အပိုပစ္စည်းရောင်းချသူများ၊ စက်မောငိးများ ၊ စက်ပြင်ပညာရှင်များခငိဗျာ..
အခုဖွဲ့ပေးထားသောဂရုသည် စက်ယန္တယားလောကသားများအတွက် တဦးနဲ့တဦး အပြန်အလှန် စောင့်ရှောကိပေးနိုင်ရန် ကောင်းမွန်သောရည်ရွယ်ချက်ဖြင့်ဖွဲ့ပေးထားခြင်းဖြစ်ပါသည်။
အခုအခါ အပိုပစ္စည်းတင်သွင်းရာတွင် အခက်အခဲများရှိနေပြီး စျေးကွက်ထဲတွငိ စက်အပိုပစ္စည်းများ ဝယ်ရခက်ခြင်း ၊ ရှားပါးခြင်းတို့ကိုအကြောငိးပြုရျ် မမှန်မကန် ရောင်းချလာကြသည်ကို တွေ့ရှိနေရပါသည်။
ယန္တရားလောကသားအချင်းချင်းအပြန်အလှန်စောင့်ရှောက်ရမဲ့အစား ငါးပွက်ရာ ငါးစာချသကဲ့သို့ ကိုယ်အကျိုးအမြတိဖြစ်ထွန်းရင်ပြီးရော သူတပါးဘာဖြစ်ဖြစ်ဆိုသည့်အတွေးတိုါဖြင့် ပစ္စည်းအရည်အသွေးလိမ်လည်ရောင်းချခြင်း ၊ original country လိမ်လည်ခြင်း ၊ စသဖြင့် မရိုးသားသော အပြုအမူတို့ဖြင့် ဤဂရုတွငိရောင်းချနေကြသည်ကို တွေ့ရှိနေရပါသဖြင့် ထိုသို့သော လုပ်ရပ်များအားမလုပ်ကြပါရန်ပန်ကြားအပ်ပါသည်
ယန္တယားပိုငိရှငိများအနေဖြင့်လည်း အပိုပစ္စည်းများဝယိယူသည့်အခါ သေချာစိစစ်ရွေးချယ်ရျ် မှန်ကန်မှုရှိမှသာလျှင် ငွေပေးချခြင်း၊ ပြုလုပ်ကြပါရန် စေတနာဖြင့် အသိပေးအပ်ပါသည်