11/10/2024
✅✅✅ Cornice ✅✅✅
👉 Ceiling တွေရဲ့ အနားစောင်းထောင့်တွေမှာ ထည့်သုံးကြတယ်၊ လိုက်ကာဘောက်စ်တွေမှာ ကာဗာအနေနဲ့ရော အလှပအတွက်ရော ထည်သုံးကြပါတယ်။ အခန်းဝင်ပေါက်နဲ့ အခန်းထောင့်ချိုးတွေမှာလဲ အသုံးပြုကြပါတယ်။ Wall တွေအလှဆင်တဲ့နေရာမှာလဲ အသုံးပြုကြပါတယ်။
👉 ဘယ်လိုမျိုးကို Cornice လို့ခေါ်တာလဲ? 🤔
လွယ်လွယ်ကူကူပြောရရင် ပုံစံခွက်ထဲ Mold လောင်းထားပြီးသား ၊ Design ပုံဖော်ထားပြီးသား ၊ အချောင်းလေးတွေကို အခန်းရဲ့ထောင့်ချိုး၊ မျက်နှာကျပ်ထောင့်ချိုးတွေမှာ အလှအပအတွက် ထည့်သုံးရတဲ့အရာကို Cornice (ကောနစ်) လို့ ခေါ်ပါတယ်။
Cornice ကို Base material အမျိုးမျိုးနဲ့ ဖန်တီးကြပါတယ်။ ဖန်တီးတဲ့ Base material အပေါ်မူတည်ပြီး နာမည်တွေ ထပ်ထွက်လာတာပါပဲ။
👉 Base material တွေကို ဘာတွေနဲ့ သုံးကြလဲ၊ ဘယ်နှမျိုးလောက်ရှိမလဲ??? 🤔
Base materialတွေက အများကြီးပါပဲ၊ ဥပမာအားဖြင့်ပြောပြပေးရရင် Plaster, Plastic, Concrete, Timber, Gypsum, MDF, Polyurethane, Polystyrene စသဖြင့် ကိုယ်သုံးချင်တဲ့ပေါ်မှာမူတည်ပြီး သုံးကြပါတယ်။ Aluminum နဲ့ လုပ်မယ်ဆိုရင်လဲ ရတာပါပဲ။ ကိုယ်သုံးမဲ့ပစ္စည်းရဲ့ ပုံစံ ၊ ဈေးနှုန်း ၊ အသုံးပြုမဲ့နေရာ အံဝင်ခွင်ကြဖြစ်တယ်ဆိုရင် ရပါပြီ။
👉 ဘာ Cornice တွေ အသုံးများလဲ??? 🤔
အသုံးများတဲ့ Cornice တွေကတော့ Plaster cornice, Concrete cornice နဲ့ Polyurethane cornice (PU Cornice) တွေကတော့ အသုံးများကြပါတယ်။ အသုံးပြုတဲ့ cornice အမျိုးအစားပေါ်မှာ မူတည်ပြီး တပ်ဆင်ပုံတွေ ကွဲသွားပါတယ်။
👉 Plaster Cornice Installation ✅
Plaster cornice ကို တပ်ဆင်ဖို့အတွက် မျက်နှာကျက်တွေမှာသုံးတဲ့ ပတ်တီး EC 98 လို ပတ်တီးမျိုးနဲ့ပဲ ကပ်ကပ်သွားလို့ရပါတယ်။ သူ့ပစ္စည်းနဲ့ သူကပ်သလိုဖြစ်တဲ့အတွက်ကြောင့်မို့လို့ ပြန်ကွာမှာလဲ ပူစရာမလိုပါဘူး။ EC ပတ်တီးက ခြောက်သွားတဲ့အခါကြရင် Plaster cornice နဲ့ တစ်သားထဲ ကျသွားတဲ့ အတွက်ကြောင့် ပြန်မကွာနိုင်တာပါ။ Plaster cornice ကို အများစုရွေးချယ်ရတဲ့ အကြောင်းပြချက်ကတော့ ဈေးနှုန်းတစ်ခုထဲကြောင့်မဟုတ်ပါဘူး။ ထုတ်လုပ်ရ ၊ Mold လုပ်ရလွယ်တာကြောင့် လိုချင်တဲ့ဒီဇိုင်းမျိုးကို လွယ်လင့်တကူ ပြုလုပ်ရလွယ်တာကြောင့်လဲပါပါတယ်။
👉 Concrete Cornice Installation ✅
Concrete cornice ကို တပ်ဆင်ဖို့အတွက်ဆိုရင်တော့ ထည့်စဉ်းစားစရာအချို့ရှိပါတယ်။ Concrete ရဲ့ မာကျောမှုနဲ့ အလေးချိန်ကို ထည့်စဉ်းစားရမှာပါ။ မာကျောတဲ့ ဂုဏ်သတ္တိရှိတဲ့အတွက်ကြောင့် ဖြတ်တောက်ရခက်မယ်၊ အလေးချိန်များတဲ့အတွက်ကြောင့် ကော်လိုအရာမျိုးနဲ့ ကပ်ဖို့ခက်မဲ့အပြင် ရေရှည်မှာလဲ ကော်နဲ့ကပ်မယ်ဆိုရင် ပြန်ကွာဖို့ Chance များပါတယ်။ Concrete cornice လိုမျိုးအတွက် အကောင်းဆုံးကတော့ ကြွေပြားကပ်တဲ့ ကော်လိုမျိုးသုံးရင်သုံး၊ မဟုတ်ရင် Wall plug လိုမျိုးနဲ့ ဆွဲမှ အဆင်ပြေမှာပါ။ အဲ့အပြင် တပ်ဆင်ပြီးသွားရင်လဲ Wall plug အပေါက်တွေကို ပြန်ပိတ်ဖို့ပါ စဉ်းစားထားရပါမယ်။ ထပ်ပေါင်းစဉ်းစားရမှာက အဲ့လိုမျိုတပ်ဆင်မယ်ဆိုရင် Decoration အတွက် အဆင်မပြေနိုင်ပါဘူး။ Interior Decoration ဆိုတာ ခေတ်ရေစီးကြောင်းနဲ့ Trend တွေပေါ်လိုက်ပြီး ပြောင်းတတ်တာကြောင့် တပ်ပြီး ပြန်ဖြုတ်ရလွယ်တဲ့အရာမျိုးကို ထည့်သွင်းစဉ်းစားသင့်ပါတယ်။
👉 Polyurethane Cornice (PU Cornice) Installation ✅
PU Cornice က ကော်အသားလိုပါပဲ။ မာတယ် ပေါ့တယ်။ Installation အတွက် Max bond လိုကော်မျိုး၊ ဒါမှမဟုတ် Max bond အစားထိုးကော် liquid nail လို တံဆိပ်မျိုးနဲ့ ကပ်လိုက်ယုံပါပဲ။ ကပ်တဲ့အချိန် ကော်သားမသေခင် နေရာမရွေ့အောင်ထိမ်းဖို့ Nail gun နဲ့ အနဲငယ် အထိမ်းပုံစံမျိုးပစ်ပြီး အထိန်းပုံစံမျိုးလုပ်ပေးရပါတယ်။ လိုချင်တဲ့ဒီဇိုင်းမျိုးကို Customize ပြုလုပ်ခိုင်းလို့မရပါဘူး။ ရှိပြီးသား Ready made ဒီဇိုင်းတွေထဲက အနီးစပ်ဆုံးကို ရှာဝယ် သုံးရပါတယ်။ တပ်ဆင်ရလွယ်ကူမြန်ဆန်သလို Renovation လုပ်မယ်ဆိုရင်လဲ ဖြုတ်ရလွယ်ကူတဲ့ အတွက်ကြောင့် အသုံးပြုများပါတယ်။ ဈေးနှုန်းကတော့ Plaster cornice လိုမျိုးထက်စာရင် ဈေးပိုကြီးပါတယ်။
✅ အချုပ်အားဖြင့်ပြောရရင် Cornice အမျိုးအစားကိုရွေးချယ်တဲ့အခါ
၁။ တပ်ဆင်မဲ့နေရာ
၂။ ဈေးနှုန်း
၃။ ဒီဇိုင်းရွေးချယ်မှု
၄။ တပ်ဆင်/ဖြုတ်ရန် လွယ်/မလွယ်
၅။ ကြာချိန် အဲ့လိုမျိုးအခြေအနေပေါ်မူတည်ပြီး ဆုံးဖြတ်ကြပါတယ်။
ဘယ်နေရာမှာ ဘာ Cornice သုံးမယ်ဆိုပြီး တစ်သက်မှတ်ထဲမထားထားပါဘူး။
"Wherever life plants you, bloom with decor" ✌️✌️
Royal Nora Construction and Decoration
Ph; 09_695505188 , 09-695505177 , 09-9540000160
Address : No.36(H) , Kankaw Myaing Street ,
( 8 )Quarter , Parami , Tankin Township , Yangon.
Email : [email protected]