28/01/2024
ဆိုလာပြားများရဲ့ အရည်အသွေး(quality) ကို ရွေးချယ်တဲ့အခါ…
(1) Tier 1 စာရင်းဝင် တံဆိပ်ဖြစ်ရန်။
- Tier 1 စာရင်းဝင် ဆိုလာပြားတံဆိပ်တွေကို စက်ပစ္စည်းအသုံးပြု၍ ထုတ်လုပ်ထားလို့ ပို၍အရည်အသွေးကောင်းသည်ဟု ဆိုပါသည်။
(2) Power warranty ကောင်းသည့် ဆိုလာပြားဖြစ်ရန်။
- ယနေ့အချိန်တွင် Quality ကောင်းသည့်ဆိုလာပြားများဟာ 25 နှစ်ကျော်အထိ ပါဝါ 80% ကျော်ထုတ်ပေးနိုင်သည်ဟု အာမခံပေးကြပါတယ်။
(3) Product Warranty ကောင်းကောင်းပေးသည့် ဆိုလာပြားဖြစ်ရန်။
- ပြင်ပ ပယောဂတခုခုကြောင့်မဟုတ်လျှင် 12 နှစ်ကျော်အထိ ရုပ်ပိုင်းဆိုင်ရာ ပျက်စီးမှုမဖြစ်နိုင်ဟု ယနေ့ခေတ်မှာ warranty ပေးကြပါသည်။
(4) Power Efficiency ကောင်းသော ဆိုလာပြားဖြစ်ရန်။
- နေရောင်ခြည်အလင်းပါဝါမှ လျှပ်စစ်ပါဝါသို့ ထုတ်လုပ်ပေးနိုင်သော efficiency % ပိုများသည့် ဆိုလာပြားဖြစ်ရပါမည်။
(5) Temperature coefficient ပိုကောင်းသော ဆိုလာပြားဖြစ်ရန်။
- ဆိုလာပြားကို Lab တွင်စမ်းသပ်ထားသော စံသတ်မှတ်အပူချိန်(25’C)ထက် တကယ့်အပြင်တွင် နေ၏အပူချိန် ပိုများလာလေ ဆိုလာပြား၏ ပါဝါထုတ်လုပ်နိုင်မှုက လျော့ကျလာလေပါ။ ထိုကဲ့သို့ နေပူချိန်များလာတဲ့အခါ ပါဝါထုတ်လုပ်မှုကျဆင်းခြင်း နည်းနိုင်သမျှ ပိုနည်းသည့် ဆိုလာပြားကို ရွေးသင့်ပါတယ်။
(6) အခြားသောအချက်များမှာ….
ဆိုလာစနစ်ကို ဒီဇိုင်းလုပ်သည့်အခါ မိမိရွေးချယ်ထားသည့် Inverter ၏ Specification အပေါ်မူတည်၍ အင်ဗာတာ၏ Voltage Range, Ampere Range, လိုချင်သည့် Watt အားတို့နှင့်ကိုက်ညီသည့် Specification ရှိသည့် ဆိုလာပြားကို ရွေးရပါမည်။
နောက်ဆုံး အရေးကြီးသည့် ရွေးချယ်မှုကတော့ ဆိုလာပြားရဲ့ စျေးနှုန်းဖြစ်ပါတယ်။
အထက်ပါအချက်များနှင့်ကိုက်ညီသည့် ဆိုလာပြားတံဆိပ်ချင်းတူလျှင် စျေးနှုန်းသက်သာသည့်ဆိုလာပြားတံဆိပ်ကို ရွေးချယ်ကြရပါမည်။
အချို့သော ဆိုလာပြားထုတ်လုပ်သူများသည် မတူညီသော ကမ္ဘာ့နေရာဒေသများတွင် အသုံးပြုရန်ရည်ရွယ်ချက်ဖြင့် မတူညီသည့် ဒီဇိုင်း၊ မတူညီသည့် quality များကို ခွဲခြားထုတ်လုပ်တတ်ကြပါသည်။
ဆိုလာစနစ်ကို ဒီဇိုင်းပြုလုပ်သည့်အခါ
အဲ့ဒီအချက်ကို အထူးသတိပြု၍ မိမိအသုံးပြုမည့်နေရာဒေသနှင့်ကိုက်ညီသည့် ဆိုလာပြားကို ရွေးချယ်သင့်ပါတယ်ခင်ဗျာ။
ဆိုလာစနစ်ကို အန္တရာယ်ကင်းစွာ အကျိုးရှိရှိအသုံးပြုနိုင်ကြပါစေ။
Solar Century Myanmar
#ဆိုလာရာစု