22/12/2024
အိမ်ဆောက်ချင်သူတွေအတွက် အကြံပြုချက်ပါ။ (ကန်ထရိုက်တာနှင့် တွေ့ဆုံခြင်း)
(၁) လိုင်းပေါ်က စျေးကွက်အခြေအနေကို စုံစမ်းပါ။ သို့သော် တထစ်ချ မယုံပါနဲ့။ အကြမ်းဖျင်း သိဖို့သာ လိုပါတယ်။ ကိုယ့်လက်ထဲမှာ ရှိတဲ့ငွေနဲ့ လိုက်မမီလို့လည်း စိတ်ဓာတ်မကျပါနဲ့။
(၂) PAE စျေးနှုန်းနဲ့ ကိုယ့်လက်ထဲရှိငွေ နီးနီးစပ်စပ်ရှိရင် ဆောက်ဖို့ စဉ်းစားပါ။
(၃). အိမ်အကျယ်အဝန်း၊ အထပ်၊ အိမ်ခန်းဖွဲ့အနေအထားကို မိသားစုနှင့် တိုင်ပင်ပါ။
(၄). စိတ်ချယုံကြည်ရမည့် ကန်ထရိုက်တာ(PAE စျေးနည်းခြင်း/များခြင်းနှင့် မဆိုင်ပါ)ကို ရွေးချယ်တိုင်ပင်ပါ။
(၅). လိုင်းပေါ်ကနေ စျေးနှုန်းမဆွေးနွေးပါနှင့်။ မြေပြင်အနေအထား၊ ပတ်ဝန်းကျင် အနေအထားကို ကန်ထရိုက်တာအနေနဲ့ တခါလောက်တော့ လာကြည့်ခိုင်းပါ။
(၆) လာရောက်ကြည့်ရှုရသည့်အတွက် အဆိုပါ ကန်ထရိုက်တာကို အဖိုးအခ ပေးရန် မလိုပါ။ (အချို့အိမ်ရှင်များ ၎င်းကိစ္စအတွက် စိုးရိမ်တတ်ကြပါသည်။). မြေပြင်အနေအထားကို အလုပ်သဘောအရ တခေါက်တော့ မဖြစ်မနေ ကြည့်ရှုသင့်ပါသည်။
(၇) အချို့သောသူများသည် တခေါက်လောက် လာရောက်ကြည့်ရှုရုံနှင့် လမ်းစားရိတ် ဘာညာတောင်းတတ်သောကြောင့် လာမကြည့်ခင်ကတည်းက ဒီကိစ္စကို အိမ်ရှင်အနေနဲ့ ပြဝာ်ပြဝာ်သားသား မေးလိုက်ပါ။ ဒါကိုတောင် တောင်းနေလျှင်တော့ အလုပ်မအပ်သင့်ပေ။ (နယ်ဝေးလွန်းလျှင်တော့ သီးသန့်ညှိနှိုင်းသင့်ပါသည်။)
(၈). ကန်ထရိုက်တာနှင့်တွေ့ဆုံချိန်တွင် မိမိလိုချင်သည့်အိမ်အနေအထားကို ပြောပြပါ။ အိမ်ရှင်ရှုထောင့်မှ ပြောသည့်အတွက် လိုအပ်ချက်များ၊ မဆီလျော်မှုများ ရှိနိုင်ပါသည်။ ၎င်းအနေအထားကို ကန်ထရိုဂာ်တာ၏အတွေ့အကြုံနှင့် ပေါင်းစပ်ပြီး လိုချင်သည့်အနေအထား ရောက်သည်အထိ ဒီဇိုင်းဆွဲတွက်ချက်ပါ။
(၉) ထိုအဆင့်သို့ရောက်လျှင် ကန်ထရိုက်တာမှ ကျသင့်သော စျေးနှုန်းကို ပြောလာနိုင်ပါလိမ့်မည်။
(၁၀) အခြားသော ကန်ထရိုက်တာအချို့နှင့်ပါ ဆွေးနွေးပြီး စျေးနှုန်းကို ချိန်ဆပါ။
(၁၁) မိမိ လက်လှမ်းမီသော စျေးနှုန်းဖြစ်လျှင် သင့်တော်ရာကန်ထရိုက်တာကို အပ်နှံပြီး ဆောက်သင့်ပါသည်။
(၁၂) စျေးနှုန်းသည် ကိုယ်လက်လှမ်းမမီသော အနေအထားဖြစ်ပါက မည်သို့ လုပ်သင့်သည်ကို နောက်တပိုင်းတွင် ရေးသားပေးပါမည်။
ဘာပဲလိုလို .....
#အောင်နန်းတော် ရှိတယ် 😍
09796231830, 09942945956, 09798245429