SIKA Myanmar Limited

SIKA Myanmar Limited Manufacturing & Trading Multi National Company

Sika Myamar ရဲ့ ကြွေပြားကပ်ကော်တွေဖြစ်တဲ့ SikaCeram®188 Super TTB နဲ့ SikaCeram®88ကို ဘယ်လိုရွေးချယ် အသုံးပြုသင့်လဲ ????...
24/07/2026

Sika Myamar ရဲ့ ကြွေပြားကပ်ကော်တွေဖြစ်တဲ့
SikaCeram®188 Super TTB နဲ့ SikaCeram®88ကို ဘယ်လိုရွေးချယ် အသုံးပြုသင့်လဲ ?????

Sika ကြွေပြားကပ်ကော်တွေဟာဆိုရင် အဆင့်မြင့်နည်းပညာနဲ့ ထုတ်လုပ်ထားတဲ့ အရည်သွေးကောင်းမွန်တဲ့ ကြွေပြားကပ်ကော်ဖြစ်တာကြောင့် SikaCeram®88 ကို အဆောက်အဦးရဲ့အတွင်းအပြင်ကြမ်းခင်းများမှာ အသုံးပြုနိုင်ပြီး SikaCeram®188 Super TTB ကို အဆောက်အဦးရဲ့ အတွင်းအပြင် ကြမ်းခင်းနံရံသာမက ရေချိုးခန်း အိမ်သာများမှာပါ အသုံးပြုလို့ရတာမို့ စိတ်ချ ယုံကြည်စွာ ဝယ်ယူနိုင်ပါတယ်ရှင်
အသုံးပြုရလွယ်ကူပြီး ကြာရှည်ခံတာကြောင့် ကြွေပြား size အစုံသုံးနိုင်သလို ကွန်ကရစ်များ ပလာစတာများ အုတ်များပေါ်တွင်လည်း အသုံးပြုနိုင်ပါတယ်ရှင်
Sika ကြွေပြားကပ်ကော်တွေဟာ ဘိလပ်မြေအခြေခံပြီး ပိုလီမာ၊ သဲနဲ့ များစွာသောAdmixture
များဖြင့် ဖွဲ့စည်းပြုလုပ်ထားတာကြောင့်
📌စွဲကပ်အားအထူးကောင်းမွန်ပြီး
ကြွေပြားများ လေခိုမှုမရှိခြင်း၊
📌အသုံးပြုချိန် ပိုမိုရရှိနိုင်ပြီး၊ အသုံးပြုရလွယ်ကူခြင်း၊
📌ကြွေပြားကပ်ပြီး 15မိနစ်အတွင်း ချိန်ညှိနိုင်ခြင်း၊
📌ကြွေပြားကပ်ပြီးသည့် ကြမ်းခင်းကို 24နာရီ အကြာတွင်ဖြတ်သန်းသွားလာနိုင်မှာဖြစ်ပါတယ်

အသေးစိတ်သိရှိလိုသော Customer များအနေနဲ့
Sika Myanmar Hot line -
☎️09 765656933 or Page Messenger ကို ဆက်သွယ်စုံစမ်းဝယ်ယူနိုင်ပါတယ်ရှင်

#ကြွေပြားကပ်ကော်

မိုးရွာတိုင်း ရေယိုစိမ့်တဲ့ ပြဿနာကို Sika Myanmar ရဲ့ Waterproofing Products တွေသုံးပြီး ဖြေရှင်းလိုက်တော့နော် ☺️ ဆက်သွယ...
15/07/2026

မိုးရွာတိုင်း ရေယိုစိမ့်တဲ့ ပြဿနာကို Sika Myanmar ရဲ့ Waterproofing Products တွေသုံးပြီး ဖြေရှင်းလိုက်တော့နော် ☺️

ဆက်သွယ်မှာယူလိုသော Customer များအနေနဲ့
☎️ 09 765 656933 or page Messenger ကိုဆက်သွယ်နိုင်ပါတယ်ရှင်

🌟 We are Hiring 🌟အလုပ်နေရာ – Sika Myanmar Limited (South Dagon Industrial Zone)Electrician (Operation Department) (Contr...
09/07/2026

🌟 We are Hiring 🌟
အလုပ်နေရာ – Sika Myanmar Limited (South Dagon Industrial Zone)

Electrician (Operation Department) (Contract Staff)
အလုပ်ခန့်ထားမှုအမျိုးအစား – (၁) နှစ်စာချုပ် (Contract)

ခံစားခွင့်များ

✅ လစာကောင်း
✅ ကျန်းမာရေးအာမခံ (Health Insurance)
✅ Ferry စီစဉ်ပေးသည်
✅ စနေ၊ တနင်္ဂနွေ ပိတ်သည်
✅ အလုပ်ချိန် – တနင်္လာမှ သောကြာ (နံနက် ၈:၃၀ မှ ညနေ ၅:၃၀)

အလုပ်တာဝန်များ
• စက်ရုံရှိ Electrical System များအား နေ့စဉ် စစ်ဆေးထိန်းသိမ်းခြင်း (Preventive Maintenance)
• Electrical Breakdown ဖြစ်ပါက အချိန်မီ ပြုပြင်ခြင်း (Corrective Maintenance)
• Production Equipment များ၏ လျှပ်စစ်ပိုင်းဆိုင်ရာ ပြဿနာများကို စစ်ဆေးဖြေရှင်းခြင်း
• Electrical Panel, Motor, Lighting နှင့် အခြား Electrical Equipment များကို ထိန်းသိမ်းပြုပြင်ခြင်း
• Safety Procedure များနှင့်အညီ အလုပ်ဆောင်ရွက်ခြင်း
• Maintenance Record များကို ပြည့်စုံစွာ မှတ်တမ်းတင်ခြင်း
• Maintenance Team နှင့် Operation Department တို့နှင့် ပူးပေါင်းဆောင်ရွက်ခြင်း
လိုအပ်သောအရည်အချင်းများ
ပညာအရည်အချင်း
• Diploma in Electrical Power / Electronic ရရှိထားသူဖြစ်ရမည်။
• Electrical Control System နှင့် Industrial Motor Control ဆိုင်ရာ Certificate ရရှိထားသူ ဦးစားပေးမည်။
လုပ်ငန်းအတွေ့အကြုံ
• Electrician အဖြစ် အတွေ့အကြုံရှိသူ (စက်ရုံ/Manufacturing ပတ်ဝန်းကျင်တွင် လုပ်ကိုင်ဖူးသူ ဦးစားပေးမည်)။
Soft Skills
• Microsoft Office အသုံးပြုနိုင်သူ
• အင်္ဂလိပ်ဘာသာစကား (Listening, Speaking, Reading, Writing) အခြေခံအသုံးပြုနိုင်သူ
• Electrical Troubleshooting ကျွမ်းကျင်သူ
• Problem-solving နှင့် Analytical Thinking ကောင်းမွန်သူ
• အလုပ်ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေစွာ လုပ်ကိုင်နိုင်သူ (Adaptability)
Hard Skills & Personal Attributes
• ကျန်းမာရေးကောင်းမွန်၍ အလုပ်လုပ်နိုင်သူ (Fit to Work)
• အလုပ်ကို စိတ်အားထက်သန်စွာ သင်ယူလိုစိတ်ရှိသူ (Willing to Learn)
• တာဝန်ယူမှုရှိပြီး အပြုသဘောဆောင်သော စိတ်နေသဘောထား (Positive Mindset) ရှိသူ
• OT ဆင်းနိုင်ပြီး လိုအပ်ပါက အရေးပေါ် Maintenance လုပ်ငန်းများ ဆောင်ရွက်နိုင်သူ

WWT Plant Operator & Documents Controller (Operation Department)

အလုပ်ခန့်ထားမှုအမျိုးအစား – (၁) နှစ်စာချုပ် (Contract)

ခံစားခွင့်များ

✅ လစာကောင်းနှင့် Bonus
✅ ကျန်းမာရေးအာမခံ (Health Insurance)
✅ Ferry စီစဉ်ပေးသည်
✅ စနေ၊ တနင်္ဂနွေ ပိတ်သည်
✅ အလုပ်ချိန် – တနင်္လာမှ သောကြာ (နံနက် ၈:၃၀ မှ ညနေ ၅:၃၀)

အလုပ်တာဝန်များ

• Waste Water Treatment (WWT) Plant ကို နေ့စဉ် လည်ပတ်စောင့်ကြည့်၍ ပုံမှန်အခြေအနေဖြင့် လည်ပတ်နိုင်စေရန် ဆောင်ရွက်ခြင်း။
• WWT Plant Equipment များကို စစ်ဆေးထိန်းသိမ်းပြီး လိုအပ်ပါက Maintenance Team နှင့် ပူးပေါင်းဆောင်ရွက်ခြင်း။
• Wastewater Quality Data များကို စောင့်ကြည့်မှတ်တမ်းတင်ခြင်းနှင့် သက်ဆိုင်ရာ Record များကို ထိန်းသိမ်းထားရှိခြင်း။
• WWT Plant Operation Log, Checklist နှင့် အခြား Document များကို စနစ်တကျ ထိန်းသိမ်းခြင်း။
• Operation နှင့် Environmental Compliance ဆိုင်ရာ Documents များကို Update ပြုလုပ်ခြင်း၊ Filing နှင့် Record Keeping ဆောင်ရွက်ခြင်း။
• Internal Audit နှင့် External Audit များအတွက် လိုအပ်သော Document များကို ပြင်ဆင်ပံ့ပိုးပေးခြင်း။
• Safety, Environmental နှင့် Company Procedures များကို လိုက်နာဆောင်ရွက်ခြင်း။

လိုအပ်သောအရည်အချင်းများ

ပညာအရည်အချင်း

• Diploma သို့မဟုတ် ဘွဲ့ရရှိထားသူ (Environmental Engineering, Chemical Engineering, Industrial Technology သို့မဟုတ် ဆက်စပ်ဘာသာရပ်များ ဦးစားပေးမည်)။
• Waste Water Treatment Operation သို့မဟုတ် Environmental Management နှင့် သက်ဆိုင်သော Certificate ရရှိထားသူ ဦးစားပေးမည်။

လုပ်ငန်းအတွေ့အကြုံ

• WWT Plant Operation၊ Production သို့မဟုတ် Manufacturing Environment တွင် အတွေ့အကြုံရှိသူ ဦးစားပေးမည်။
• Documents Control နှင့် Record Management အတွေ့အကြုံရှိသူ ဦးစားပေးမည်။

Soft Skills

• Microsoft Office (Word, Excel, PowerPoint) အသုံးပြုနိုင်သူ။
• အင်္ဂလိပ်ဘာသာစကား (Listening, Speaking, Reading & Writing) အခြေခံအသုံးပြုနိုင်သူ။
• Communication Skills နှင့် Teamwork ကောင်းမွန်သူ။
• Problem-solving Skills နှင့် Adaptability ရှိသူ။

Hard Skills & Personal Attributes

• Documentation နှင့် Record Keeping ကို စနစ်တကျ ဆောင်ရွက်နိုင်သူ။
• ကျန်းမာရေးကောင်းမွန်၍ အလုပ်လုပ်နိုင်သူ (Fit to Work)။
• သင်ယူလိုစိတ်ရှိပြီး တာဝန်ယူမှုရှိသူ။
• Positive Mindset ရှိပြီး အသင်းအဖွဲ့နှင့် ပူးပေါင်းလုပ်ကိုင်နိုင်သူ။

Sika Myanmar Limited သည် ကမ္ဘာလုံးဆိုင်ရာ ဆောက်လုပ်ရေးနှင့် စက်မှုသုံး Chemical ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်ပြီး အရည်အချင်းရှိသူများကို နွေးထွေးစွာ ဖိတ်ခေါ်အပ်ပါသည်။

📩 CV ပေးပို့ရန် – [email protected]
📱 ဆက်သွယ်ရန် – 09 797174446

ကွန်ကရစ်အမိုး slab များ ရေလုံစေရန်အတွက် အကောင်းဆုံး ‌SikaProof®Membrane Waterproofing!!! 👍 SikaProof®Membrane ဟာ Bitumin...
06/07/2026

ကွန်ကရစ်အမိုး slab များ ရေလုံစေရန်အတွက် အကောင်းဆုံး ‌SikaProof®Membrane Waterproofing!!! 👍

SikaProof®Membrane ဟာ Bituminous based ဖြစ်ပြီး အသုံးပြုရလွယ်ကူတဲ့အပြင် အခြောက်မြန်ကြာရှည်ခံတာကြောင့်
🔶 basement အပြင်ကွန်ကရစ်နံရံ နှင့် အုတ်နံရံတွေ
🔶ကွန်ကရစ်အမိုးမျက်နှာပြင်၊ ဥမင်လှိုဏ်ခေါင်းများရဲ့အမိုးတွေ
🔶 ပန်းစိုက်ခုံနှင့်ရေမြောင်းတွေမှာလည်း အသုံးပြုနိုင်ပါတယ်
🔶 ဆွဲကပ်အားလည်း ကောင်းပြီး ကျုံ့နိုင်ဆန့်နိုင်စွမ်းရှိတာကြောင့် အဆောက်အဦးအသစ်၊ အဟောင်း နှစ်မျိုးစလုံးမှာ အသုံးပြုနိုင်ပါတယ်

📌SikaProof®Membrane 20 kg တပုံးကို တကျင်းခွဲခန့် အသုံးပြုနိုင်ပါတယ်ရှင်

အသေးစိတ်သိရှိလိုသော Customer များအနေနဲ့
☎️ 09-765 656933 or page Messenger ကိုဆက်သွယ်နိုင်ပါတယ်ရှင်

လူကြီးမင်းတို့၏ ဆောက်လုပ်ရေးလုပ်ငန်းများနဲ့  လမ်းတံတားများအတွက် အခြေခံအုတ်မြစ်ချရာမှာ ခိုင်ခံ့စေဖို့၊ Concrete Beamတွေ C...
01/07/2026

လူကြီးမင်းတို့၏ ဆောက်လုပ်ရေးလုပ်ငန်းများနဲ့ လမ်းတံတားများအတွက် အခြေခံအုတ်မြစ်ချရာမှာ ခိုင်ခံ့စေဖို့၊ Concrete Beamတွေ Column တွေမှာ Honey Comb ဖြစ်လို့ သံချောင်းတွေပေါ်‌နေတဲ့ နေရာများကို ပြုပြင်ရန် အကောင်းဆုံး Grouting Cement ဖြစ်တဲ့ SikaGrout®214MM ‼️

SikaGrout®214MM ကို
🔸Steel Structure Base Plate အောက်ခြေနေရာများ၊
🔸 စက်များထိုင်ခြင်း၊ Anchor Bolt စိုက်ခြင်း
🔸 ကြိုတင်ပြုလုပ်ထားသော pre-cast ကွန်ကရစ်ဂျိုင့်
များကြားဖြည့်ခြင်း
🔸 အပေါက်များဖာထေးခြင်း၊ ကွန်ကရစ်များပြုပြင်ခြင်းနဲ့
အခြားသော လိုအပ်သည့် နေရာများမှာ အသုံးပြုနိုင်ပါတယ်ရှင်

SikaGrout®214MM က တရက်တည်းနဲ့ Concrete Strength 45MPa ထိရရှိနိုင်ပြီး 1m3 မှာ 75 အိတ်ခန့် အသုံးပြုနိုင်ပါတယ်✨

5mm မှ 50 mm အထူထိ အသုံးပြုနိုင်ပြီး သတ်မှတ်ထားတဲ့အထူထက် ပိုလောင်းချင်တယ် / Volume များများလောင်းမယ်ဆိုပါက ကျောက်သေး 50% ကနေ 100% ထိ ရောစပ် အသုံးပြုနိုင်ပါတယ်ရှင် ✔️

Non Shrinkage Grout ဖြစ်တဲ့ SikaGrout®214MM ကို မှာယူချင်တဲ့ customer များအနေနဲ့ Sika Myanmar Hotline
☎️ 09 765 656933 or page messenger မှတဆင့် ဆက်သွယ်မှာယူနိုင်ပါတယ််ရှင်

Celebrating Sika Day 2026 together 🎉✨🎈      #2026
17/06/2026

Celebrating Sika Day 2026 together 🎉✨🎈

#2026

Sika Myanmar Limited မှ Procurement Staff - Contractor (1 year Contract) တစ်ဦးခေါ်ယူနေပါတယ်ရှင်် 📢📢Location: တောင်ဒဂုံ ...
16/06/2026

Sika Myanmar Limited မှ Procurement Staff - Contractor (1 year Contract) တစ်ဦးခေါ်ယူနေပါတယ်ရှင်် 📢📢
Location: တောင်ဒဂုံ စက်မှုဇုန်

တာဝန်များ
ဝယ်ယူရေးအတွက် Purchase Requisition (PR) နှင့် Purchase Order (PO) များ ပြင်ဆင်ရေးဆွဲခြင်း
• Supplier / Vendor များနှင့် ဆက်သွယ်၍ Quotation များ၊ ပို့ဆောင်မည့်အချိန်ဇယားများနှင့် လိုအပ်သောစာရွက်စာတမ်းများ စီမံခြင်း
• Procurement မှတ်တမ်းများကို တိကျစွာ ထိန်းသိမ်းခြင်း (Electronic & Hard Copy)• ERP System (SAP, Navision စသည်) အသုံးပြုနိုင်ရမည်
• Import / Export လုပ်ငန်းစဉ်များနှင့် လုပ်ထုံးလုပ်နည်းများကို နားလည်ထားရမည်
• Internal departments များနှင့် coordination လုပ်၍ procurement လိုအပ်ချက်များနှင့် approval များကို follow up လုပ်ခြင်း
• Import/Export documentation များကို လိုအပ်ပါက support ပေးခြင်း
• Supplier / Vendor database ကို update နှင့် စနစ်တကျ ထိန်းသိမ်းခြင်း
• ကုမ္ပဏီ၏ procurement policy နှင့် procedure များကို လိုက်နာခြင်
း• Report များပြင်ဆင်ခြင်း၊ Data entry နှင့် အခြား admin task များကို ကူညီလုပ်ဆောင်ခြင်း
•Procurement Manager နှင့် အဖွဲ့မှ ပေးအပ်သော အခြားတာဝန်များကို ဆောင်ရွက်ခြင်း

လိုအပ်ချက်များ
• Procurement / Supply Chain / Admin ပိုင်းတွင် အတွေ့အကြုံရှိသူ ဦးစားပေး
• ERP system အသုံးပြုနိုင်သူ
• Communication ကောင်းမွန်သူ
• တာဝန်ယူမှုရှိပြီး team work ဖြင့်လုပ်ဆောင်နိုင်သူစာချုပ်ကာလ• ၁ နှစ် (Contract Basis)

အလုပ်ချိန်
⏱️မနက် (၈:၃၀) မှ ညနေ (၅:၃၀)
🗓️စနေ၊ တနင်္ဂနွေ ပိတ်ပါသည်

ခံစားခွင့်များ
ကျန်းမာရေးအာမခံ ပေးအပ်မည်
နီးစပ်ရာ ဖယ်ရီရှိပါမည်

လျှောက်ထားရန်
မျှော်မှန်းလစာနှင့်တကွ ဖော်ပြပါ ဖုန်းနံပါတ် (သို့) mail မှတဆင့်
📞 Phone – 09 797174446
📧 Email – [email protected]
ရုံးချိန်အတွင်း ဆက်သွယ် လျှောက်ထားနိုင်ပါသည်။

Celebrating Sika Day 2026 at Sika Myanmar & the values that define who we are: a strong safety culture, great people, $ ...
11/06/2026

Celebrating Sika Day 2026 at Sika Myanmar & the values that define who we are: a strong safety culture, great people, $ shared success. At Sika, our strength comes from putting people first & building success together. Here are a few impressions from the celebrations that reflect what Sika stands for: our safety, our people , our success. 🥰💖💖

ယခုလို မိုးရာသီမှာ လူကြီးမင်းတို့နေထိုင်ရာ အဆောက်အဦးရှိအက်ကွဲကြောင်းများ၊ သွပ်မိုးခေါင်မိုးများမှ ရေယိုစိမ့်တဲ့ ပြဿနာတွေ...
08/06/2026

ယခုလို မိုးရာသီမှာ လူကြီးမင်းတို့နေထိုင်ရာ အဆောက်အဦးရှိအက်ကွဲကြောင်းများ၊ သွပ်မိုးခေါင်မိုးများမှ ရေယိုစိမ့်တဲ့ ပြဿနာတွေကြောင့် စိတ်မညစ်ရအောင် Sika®️MultiSeal အသုံးပြုပြီး
အမြန်ဆုံးဖြေရှင်းလိုက်တော့နော် ✨✨

Sika®️MultiSeal ဟာ အဆောက်အဦးရဲ့ အပြင်ဘက်မျက်နှာပြင် အက်ကြောင်းများ၊ ဆက်ရာများအား ဖာထေးသော Tape အဖြစ်အသုံးပြုနိုင်ပြီး မိုးရာသီမှာ ဖြစ်ပေါ်တတ်တဲ့ အုတ်ကြွပ်မိုးများ ရေယိုသောအခါ ၊ အုတ်ကြွပ်နဲ့ ကွန်ကရစ်အဆက်ကြား ရေလုံလိုသောအခါမျိုးတွေမှာလည်း အသုံးပြုနိင်ပါတယ်
ဘယ်အောက်ခံမျက်နှာပြင် Substrates နဲ့မဆို ဆွဲကပ်နိုင်တာကြောင့် ကွန်ကရစ်အမိုးများ ရေယိုခြင်းမှ ကာကွယ်ရန် ၊ PVC ပိုက်ဆက်များ ရေယိုခြင်းမှကာကွယ်ရန်အတွက်လည်း အသုံးပြုနိုင်ပါတယ်

နေရာစုံဘက်စုံအသုံးပြုလို့ရတဲ့ Sika®️MultiSeal ကတ္တရာအခြေခံ ရေလုံတိပ်လေးကို မှာယူလိုတဲ့ customer များအနေနဲ့ Sika Myanmar Hotline
☎09-765656933 or Page Messenger မှလည်း ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်



01/06/2026

Address

No. 143/1, Myaytaing Block 31, Mahardoola Street, Kyansitthar Yeik Mon Industrial Zone
Yangon
11081

Opening Hours

Monday 08:30 - 17:30
Tuesday 08:30 - 17:30
Wednesday 08:30 - 17:30
Thursday 08:30 - 17:30
Friday 08:30 - 17:30

Telephone

+959787410804

Alerts

Be the first to know and let us send you an email when SIKA Myanmar Limited posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to SIKA Myanmar Limited:

Shortcuts

Share