Grand Myanma SHWE MYOE Co.,Ltd

Grand Myanma SHWE MYOE Co.,Ltd Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Grand Myanma SHWE MYOE Co.,Ltd, Construction Company, Pazundaung, Yangon.

01/04/2025

တစ်နိုင်ငံလုံးကိုစိတ်ဒဏ်ရာ ရစေ သော ငလျင်ကြီး ကြောင့်

တစိတ်တပိုင်း ပျက်စီး ဆုံးရှုံး သွား သော အိုးအိမ်များ

အတွက် အဆောက်အဦဆိုင်ရာ အချက်အလက် များသိရှိ

လိုပါက Grand မြန်မာ့ရွှေမြို့ Construction ၏ CBသို့

ဓာတ်ပုံ ၊ နေရာနှင့် မေးမြန်းလိုသည့်အကြောင်းအရာ များ

ကိုပေးပို့၍ အခမဲ့ စုံစမ်းမေးမြန်းနိုင်ပါသည်။

🙏🙏🙏တခါတရံ ပြန်လည်ဖြေကြားမှု အချိန်အနည်းငယ်ကြာမြင့်နိုင်၍ သည်းခံ နားလည်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်🙏🙏🙏

#မြန်မာ့ရွှေမြို့ဆောက်လုပ်ရေး
# ငလျင်
#ပြန်လည်ထူထောင်ရေး

အားလုံးသောဆွေမျိုး မိတ်ဆွေများနှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ကြပါစေကောင်းသောလိုရာဆန္ဒ တလုံးတဝပြည့်ဝကြပါစေလို့မြန်မာ့ ရွှေမ...
02/01/2025

အားလုံးသော

ဆွေမျိုး မိတ်ဆွေများ

နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ကြပါစေ

ကောင်းသောလိုရာဆန္ဒ တလုံးတဝပြည့်ဝကြပါစေလို့

မြန်မာ့ ရွှေမြို့ မိသားစုမှ ဆုမွန် ကောင်းတောင်းလိုက် ပါတယ်ရှင်🙏🙏🙏

🙏ဝါဆိုလပြည့် ဓမ္မစင်္ကြာ အခါတော်နေ့ 🙏20.7.2024 ၊ စနေနေ့တွင် ကျရောက်သော ဝါဆိုလပြည့် အခါသမယနေ့မှာမြန်မာပြည်သူပြည်သားများအာ...
20/07/2024

🙏ဝါဆိုလပြည့် ဓမ္မစင်္ကြာ အခါတော်နေ့ 🙏

20.7.2024 ၊ စနေနေ့တွင် ကျရောက်သော
ဝါဆိုလပြည့် အခါသမယနေ့မှာ

မြန်မာပြည်သူပြည်သားများအားလုံး
စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းဖြင့်

ဘေးအန္တရာယ်ကင်းဝေးပြီး လိုအင်ဆန္ဒများ
တလုံးတဝ ပြည့်ဝပါစေကြောင်း

မြန်မာ့ရွှေမြို့ မိသားစု မှဆုမွန်ကောင်းတောင်း မေတ္တာပို့သအပ်ပါတယ်ရှင့်🙏

# မြန်မာ့ရွှေမြို့ ဆောက်လုပ်ရေး
# landscape
# Construction
# Decoration
#ဝါဆိုလပြည့်
#ဓမ္မင်္စကြာအခါတော်နေ့

ကမ္ဘာ့အလုပ်သမားများနေ့မှာ အလုပ်သမားများအားလုံးကို လေးစားဂုဏ်ပြုအပ်ပါတယ်ရှင့်🙏 မေဒေး နေ့မှာ အလုပ်သမားများအားလုံး စိတ်ချမ်...
01/05/2024

ကမ္ဘာ့အလုပ်သမားများနေ့မှာ အလုပ်သမားများအားလုံးကို လေးစားဂုဏ်ပြုအပ်ပါတယ်ရှင့်🙏

မေဒေး နေ့မှာ အလုပ်သမားများအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး လုပ်ငန်းဆောင်တာများအားလုံး အဆင်ပြေကြပါစေလို့ မြန်မာ့ရွှေမြို့ ဆောက်လုပ်ရေးမိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့်🙏🙏
#မေဒေးနေ့
#အလုပ်သမားများနေ့
#မြန်မာ့ရွှေမြို့
#ဆောက်လုပ်ရေး

မြန်မာ့ရွှေမြို့ရဲ့အိမ်တွင်းအလှဆင်ခြင်း (အပိုင်း-၁)           ရန်ကုန်မြို့လိုမြေနေရာ ကျယ်ကျယ် ဝန်းဝန်း မရှိတဲ့ နေရာအဖို့...
06/02/2024

မြန်မာ့ရွှေမြို့ရဲ့အိမ်တွင်းအလှဆင်ခြင်း (အပိုင်း-၁)

ရန်ကုန်မြို့လိုမြေနေရာ ကျယ်ကျယ် ဝန်းဝန်း မရှိတဲ့ နေရာအဖို့ အိမ်တွင်းအလှဆင်မှုတွင် indoor plant ရဲ့ အရေးပါမှုကလည်း မေ့ထားလို့မရတဲ့အချက်ပါပဲ။အိမ်တအိမ်ရဲ့ Decoration အပြင်အဆင်၊ အိမ်ရှင်ရဲ့ သဘာ၀ ပတ်ဝန်းကျင်မြတ်နိုးမှု ၊ ကမ္ဘာကြီးကိုစောင့်ရှောက်လိုမှု နှင့် မျိုးဆက်သစ်တွေအပေါ်အလေ့အကျင့်ကောင်းများလက်ဆင့်ကမ်းလိုမှုများ က ဂုဏ်ဒြပ်တခုသဖွယ် အလွန်တန်ဖိုးရှိနေမှာ အသေအချာပါ။အိမ်အတွင်း အလှဆင်မှုမှာ ခေတ်မီပစ္စည်းသုံးထားပြီး Design လှပခြင်းအပြင် သက်ရှိအပင် တမျိုးမျိုး ထားရှိခြင်းက ရှိပြီးသားအလှကို ပိုပြီး ပြီးပြည့်စုံစေပါတယ်။
အိမ်တွင်းအပင်လေးများသည် လူသားတို့၏ ကျန်းမာရေး နှင့် ကမ္ဘာမြေ စိမ်းလန်းစိုပြည်ရေးအတွက် အကျိုးကျေးဇူးများစွာကို အမှန်တကယ်ပေးစွမ်းနိုင်ပါသည်။စိတ်ဖိစီးမှု လျော့ကျခြင်းဖြင့်စိတ်ပိုင်းဆိုင်ရာကျန်းမာချမ်းသာခြင်းကိုအထူးပံ့ပိုး ပေးပါသည်။သဘာဝနှင့် နီးကပ်စပ်နွယ်မှုကလည်းစိတ်ကျန်းမာရေးအပေါ် အထူးအကျိုးသက်ရောက်စေပါတယ်။ဒါကြောင့် ကောင်းကျိုးများစွာပေးတဲ့ အိမ်တွင်းအပင်
လေးများထိန်းသိမ်းစောင့်ရှောက်ခြင်းအတွက် ဆောင်ရန် ရှောင်ရန်များရှိသော်လည်း ခက်ခဲခြင်းမရှိဖို့ လေ့လာမိသလောက် မြန်မာ့ရွှေမြို့ရဲ့မိတ်ဆွေများကိုပြန်ပြီးဝေမျှပါရစေ။

(၁) ရေလောင်းခြင်း

အိမ်တွင်းအပင်အမျိုးအစား အမျိုးမျိုးရှိသည့်အတွက် ရေလိုအပ်ချက်မှာလည်း တစ်ပင်နှင့်တစ်ပင် မတူညီကြပေ။ယေဘုယျ အားဖြင့် စိုက်ပျိုးမြေ၏ ထိပ်ပိုင်း တစ်လက်မ အနက်ခန့် ခြောက်သွေ့သွားသောအခါတွင် အပင်လေးများကို ရေလောင်းခြင်း/ဖျန်းခြင်းများ ပြုလုပ်ပေးသင့်ပေသည်။မလိုအပ်ပဲ ရေအလွန်အကျွံလောင်းခြင်းသည် အပင်လေးများ၏ အမြစ်များကို ပုပ်ဆွေးသွားစေနိုင်ပါသည်။အပင်များကို အခန်းအပူချိန်အတွင်းရှိသော ရေကို လောင်းပေးရန်လည်း အထူးဂရုပြုသင့်ပေသည်။အိမ်တွင်းစိုက် အပင်အများစုမှာရေလိုအပ်ချက်နည်းတတ်ကြမှန်း လူအများစုသိသော်လည်း အလင်းရောင်တွင် မကြာခဏထားပေးရန်ကိုမူ လူအတော်များများ မေ့နေတတ်ကြပါတယ်။

(၂) အလင်းရောင်

Indoor plant လေးများအား မျိုးစိပ်အလိုက် သင့်လျော်သောနေရောင်ခြည်ပမာဏ ရနိုင်သော နေရာတွင် ထားပါ။အချို့အပင်လေးများသည် နေရောင်ခြည်ကို တိုက်ရိုက် လိုအပ်သော်လည်း အချို့မှာမူ (Indirect sunlight) အလင်းရောင်အနည်းငယ်ရသော နေရာတွင်ပင် ရှင်သန်နိုင်ကြပေသည်။ အကိုင်းအခက်လေးများ ညီညာစွာ ကြီးထွားနိုင်စေရန် (အလင်းရောင်ရသည့် တဘက်တည်းသို့ စောင်းသွားခြင်း မဖြစ်ရန်) အခါအားလျှော်စွာ အပင်လေးများအား လှည့်ပေးရပေမည်။အလင်းရောင် ကောင်းစွာမရသောနေရာတွင် အပင်လေးများအား ထားလိုသောအခါ grow light (အပင်များအတွက် ထုတ်လုပ်ထားသော သီးသန့်မီး) ကို အသုံးပြုသင့်ပေသည်။ grow light ဝယ်ရန်ခက်ခဲပါက အလင်းရောင်ရရှိသောနေရာသို့ မကြာခဏ ထုတ်ပေးခြင်းများပြုလုပ်ပေးရပါမည်။

(၃) အပူချိန်နှင့်စိုထိုင်းဆ

Indoor plant လေးများသည် ယေဘုယျအားဖြင့် (18-24 'C) အတွင်း ကောင်းစွာရှင်သန်နိုင်ကြပေသည်။အိမ်တွင်းအပင်များက အခန်းအတွင်းပိုင်းလေထုခြောက်သွေ့မှုကို လျော့ချပေးခြင်းသာမက ခေတ်မီ လုံးချင်းအိမ်နှင့်ကွန်ဒိုအခန်းများအတွင်းမှန်ချပ်ကြီးများတပ်ဆင်ထားသောကြောင့် အခန်းအပူချိန်အနည်းငယ်မြင့်တက်ခြင်းကိုလည်း တဖက်တလမ်းမှထိန်းညှိပေးနိုင်ပါသည်။

(၄) မြေသြဇာကျွေးခြင်း

အိမ်တွင်းပင်လေးများအား ပုံမှန်ထက် ပိုမိုမြန်ဆန်စွာကြီးထွားလှပစေရန် အလို့ငှာ လောဘတကြီးမြေသြဇာ အလွန်အမင်းကျွေးခြင်းကို အထူးရှောင်ကြဉ်ရပေမည်။ သင့်လျှော်သော မြေသြဇာကို လိုအပ်သည့်ပမာဏသာ ချင့်ချိန် အသုံးပြုပေးခြင်းဖြင့် လှပသော အပင်လေးများကို ပိုင်ဆိုင်နိုင်ပေမည်။

(၅) ပြုစုပျိုးထောင်ခြင်း

အပင်၏ပုံသဏ္ဍာန်ကို ထိန်းသိမ်းရန်နှင့် ပိုးမွှားရောဂါများ ပျံ့နှံ့မှုမှကာကွယ်ရန် ညှိုးနွမ်းနေသော အပွင့်/အရွက်များ အဝါရောင် ပြောင်းနေသော အရွက်များကို ပုံမှန်ဖယ်ရှားသင့်ပေသည်။ အိုးထဲ၌ အပင်များ ပြည့်ကျပ်၍ အပင် လှီခြင်း/ သေခြင်းမှကာကွယ်ရန် အပင်များခွဲထုတ်ခြင်း/မြေလဲခြင်းတို့ကို ဂရုပြု၍ လုပ်ဆောင်ပေးရပါမည်။

(၆) ပိုးမွှားအန္တရာယ်

အရွက်များ ကြွေခြင်း အဝါ/အညိုရောင် ပြောင်းခြင်း အပင် လှီလာခြင်း ပိုးပေါက်များ တွေ့ခြင်း အရွက်များလိပ် လာခြင်းတို့ ရှိမရှိကိုလည်း အမြဲမပြတ် စောင့်ကြည့်ပေးရပေမည်... နနွင်း/ ဆပ်ပြာရည်/ စားဆီ တို့သည် လူတို့အတွက် အန္တရာယ်မဖြစ်စေသော အပင်/အရွက်များ၌ တွယ်ကပ်သောပိုးမွှားတို့ကို ကင်းစင်စေသော သဘာဝ ဆေးနည်းပင် ဖြစ်ပေသည် ။မြေအောင်းပိုးမွှားများ ကင်းစင် စေရန် မြေလဲခြင်း/အမြစ်များကို ဆပ်ပြာရည်ဖြင့် ဆေးခြင်းတို့ကို ပြုလုပ်ပေးရပေမည်။

အထက်ပါ အချက်များကို လိုက်နာပြီး သင့်လျော်သော စောင့်ရှောက်မှုပေးခြင်းဖြင့် Indoor plant လေးများ စိုက်ပျိုးသော အကျိုးကျေးဇူးကို မိတ်ဆွေတို့ ခံစားရမည်မှာ မလွဲဧကန်ပင် ဖြစ်ပါတော့သည်။မိမိပတ်ဝန်းကျင်ကိုသာမကကမ္ဘာကြီးကိုချစ်တတ်သော နူးညံ့သော စိတ်ထားပိုင်ရှင်များဖြစ်ကြပါစေ။

👍👍👍👍 ပုံနှင့်စာသားများကူးယူခွင့်မပြုပါ။လွတ်လပ်စွာshare နိုင်ပါသည်။

မြန်မာ့ရွှေမြို့မှလေ့လာမိသမျှကျန်ရှိသော အကြံပြုချက်များသိရှိရန် ပို့စ်ကို Like and Share လုပ်ပေးခြင်းဖြင့် ပို့စ်အသစ်တင်တိုင်း မလွတ်တမ်း ဖတ်ရှုနိုင်ပါပြီ။

လိုအပ်သော အကြံပြုချက်များ၊ဒီဇိုင်းများ ရေးဆွဲခြင်းနှင့် လက်တွေ့ဖန်တီးခြင်းများအတွက်
မြန်မာ့ရွှေမြို့ မိသားစု မှနွေးထွေးစွာကြိုဆိုလိုက်ပါတယ်။
Design ရေးဆွဲ အကောင်အထည်ဖော်လို ပါ က Page ရဲ့ Chat box (သို့မဟုတ်) အောက်ပါPhone များသို့ဆက်သွယ်စုံစမ်းနိုင်ပါသည်။
📲📲📲09-5147956,
09-255882255
09-420729922
#မြန်မာ့ရွှေမြို့
# Engineering Building Services




#ဆောက်လုပ်ရေး

မိတ်ဆွေအားလုံးမင်္ဂလာပါ...🙏🙏🙏        အကယ်၍ မိတ်ဆွေ (သို့မဟုတ်) မိတ်ဆွေရဲ့ သူငယ်ချင်း ၊ဆွေမျိုး၊အသိမိတ်ဆွေ ထဲမှာ အပန်းဖြေ...
03/02/2024

မိတ်ဆွေအားလုံးမင်္ဂလာပါ...🙏🙏🙏
အကယ်၍ မိတ်ဆွေ (သို့မဟုတ်) မိတ်ဆွေရဲ့ သူငယ်ချင်း ၊ဆွေမျိုး၊အသိမိတ်ဆွေ ထဲမှာ အပန်းဖြေ စခန်းတခု အကောင်အထည် ဖော်ဖို့ ရည်ရွယ်ထားရင် ဒီပို့စ်ကိုLike & Share လေးလုပ် ထားပေးပါဦးနော်။
မြို့ပြနဲ့ မနီးမဝေး နေရာလေး မှာ ခြံကျယ်ကျယ် တခုရှိပြီး စီးပွားရေး တခု ပြုလုပ်ချင်သူများအတွက် အပန်းဖြေစခန်း စတင်ပြုလုပ်ရာ မှာထည့်သွင်းစဉ်းစားရမယ့် အချက် အချို့ကို ဖော်ပြ ပေးလိုက် ပါတယ်။

၁ ။ Site နှင့် ပတ်ဝန်းကျင် အခြေအနေ

အနီးအနား မှာရှိတဲ့ အပန်းဖြေစခန်းများ နဲ့ ယခု ပြုလုပ်မဲ့ နေရာရဲ့ သဘာ၀ တောတောင် /ရေမြေ အခြေနေကို ကောင်းစွာ သိရှိ ရပါမယ်။
သဘာ၀က ပေးတဲ့ လက်ဆောင်ကို အပြည့်အဝရယူပြီး အပန်းဖြေ စခန်း တခုအတွက် လိုအပ်ချက် များကို သဘာ၀နဲ့အနီးစပ်ဆုံး လူတို့ဖန်တီးထားသည့်ပုံစံ နှင့်မတူအောင် ဖန်တီးနိုင်ခြင်း အပြင် စခန်းတခု လုံးထူးခြားဆန်း ပြားတဲ့ အခြားကမ္ဘာထဲ ရောက်သွား သည့်အလား ပြုပြင် မှုများ စသည့် အချက်များကအခြေခံအချက်တခုပါ။

၂။ အပန်းဖြေစခန်း တခု၏လိုအပ်ချက် များကိုထည့်သွင်း စဉ်းစားခြင်း
အခြေခံ Design စဉ်းစား ပြီးရင်တော့ အဆောက်အဦ ဒီဇိုင်းများ ၊ သဘာဝလျှောက်လမ်း၊ တောင်ကုန်း၊ စမ်းချောင်းရေတံခွန်၊ သဘာဝဆန်တဲ့ပန်းခြံများ၊ တိရစ္ဆာန်များမွေးမြူခြင်း၊ ကလေးများ အတွက် ကစားကွင်း ၊လူကြီးများအတွက် ဇစ်လိုင်း၊ ကြိုးတန်း၊ တောင်တက် နိုင်သောနံရံများ ဖန်တီးခြင်း ၊တောတွင်းလမ်းလျှောက်ခြင်း၊စက်ဘီးစီးခြင်း၊မြင်းစီးခြင်းနှင့်လှေအပျော်စီးခြင်းစတဲ့ လိုအပ် ချက်များကိုလည်း ဖြည့်ဆည်းပေးရပါမယ်။အသက်အရွယ်မရွေး ပြုလုပ်နိုင်သော အပန်းဖြေခြင်း၊ အားကစားလုပ်နိုင်ခြင်းများအပြင် စွန့်စားမှု ပြုလုပ်ချင်သူများအတွက်လည်း ထည့်သွင်းစဉ်းစား ပေးရပါမယ်။

၃။ စားသောက်ရန် နေရာ
အပန်းဖြေ စခန်းတခုရဲ့ အသက်ဖြစ်တဲ့ အစားအသောက်နေရာ ကို ဆိုင်တခု အနေနှင့် ထားရှိခြင်း သာမက ဧည့်သည်များကိုယ်တိုင် ပြုလုပ်စီမံနိုင်သည့် အခြေနေဖြစ်အောင် ဖန်တီး ပေးထားခြင်း၊ အမျိုးအစားမတူတဲ့အသေးစား ဆိုင်များစွာ ထားရှိခြင်း ကဲ့သို့ မိမိတို့ ရွေးချယ်ထားတဲ့အစီအစဉ်နဲ့ ကိုက်ညီမှု ရှိအောင် ပြုလုပ် ရပါမယ်။

၄။ ဓါတ်ပုံရိုက်ရန် နေရာ
ဆိုရှယ်မီဒီယာခေတ်မှာ ဓာတ်ပုံ ဝါသနာရှင်တွေအတွက် ဓာတ်ပုံရိုက်ဖို့ နေရာ ထူးထူးဆန်းဆန်းပြုလုပ် ပေးခြင်း က အခမဲ့ ကြော်ငြာပေးခြင်းဖြစ်သလို လူအများစု စိတ်ဝင်စားခံရမှု အများဆုံးရရှိမဲ့ နေရာလေး ဖြစ်လို့ ဂရုတစိုက် ပြုလုပ်ပေးရပါမယ်။

၅။ တည်းခိုရန်နေရာ
အပန်းဖြေ စခန်း တစ်ခုရဲ့ အရေးကြီး တဲ့အချက်များထဲမှ အဓိက အချက်လို့ဆိုနိုင်ပါတယ်။ သမရိုးကျ အဆောက်အဦ ဒီဇိုင်းများအစား သဘာဝကျေးလက် အိမ်၊ရိုးရာ အိမ်၊ စိတ်ကူးရင် ကမ္ဘာထဲက အိမ်ပုံစံများ နှင့် မိမိတို့ ဧည့်သည်များကို ဆွဲဆောင်နိုင်ပါတယ်။ ထူးဆန်းလွန်ပြီးတာရှည်မခံရင်လည်း ကုန်ကျစရိတ်များပိုနိုင်တာကြောင့် အလေးထားပြီးစဉ်းစား သင့်ပါတယ်။တခဏတာနားနေမှုက တစ်ဘဝစာအမောပြေစေဖို့ ဦးစားပေးစဉ်းစားပေးရပါမယ်။

၆။ အခကြေးငွေနှင့် နှုန်းထား
မိမိရဲ့ အပန်းဖြေ စခန်း ဝင်ကြေး/တည်းခိုစရိတ် /စားစရိတ်များ က ဖန်တီးထားသူရဲ့ Skill အပေါ် မူတည်ပါတယ်။ ဝင်ကြေး နှုန်းနည်း ခြင်းက ဧည့်သည် များစေသလိုတဖက်မှာလည်း အေးဆေးစွာအပန်း လာဖြေသူများ ကိုများစွာ နှောင့်ယှက်စေပါတယ်။ အားလပ်ရက်၊ ပွဲတော်ရက်များအတွက် လုံလောက်တဲ့နေရာ ထားရှိပေးနိုင် မှုကလည်း ဝင်ကြေးနှင့် အခြားအခကြေး ငွေ ပေါ် အကျိုးသက်ရောက် စေပါတယ်။

၇။သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရေရှည်တည်တံ့မှု-
အပန်းဖြေစခန်း၏ ဂေဟစနစ်ကို စဉ်းစားရာတွင် ထိန်းသိမ်း မှုစရိတ်လျှော့ချရန် ရေရှည် အသက်သာဆုံး ဘတ်ဂျက်နှင့်ထိန်းသိမ်းနိုင်ခြင်း၊ အမှိုက်စီမံခန့်ခွဲမှုနှင့် စွမ်းအင်သက်သာသော နည်းပညာများကဲ့သို့သော ရေရှည်တည်တံ့သော အချက်များကို ထည့်သွင်း စဉ်းစားရပါမယ်။
ပညာပေးအစီအစဥ်များ၊ အလုပ်ရုံဆွေးနွေးပွဲများနှင့် ရပ်ရွာလူထုထိတွေ့ဆက်ဆံမှုအစပျိုးမှုများမှတစ်ဆင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးကို လာရောက်လည်ပတ်တဲ့ ဧည့်သည်များကြား ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာများကို မြှင့်တင်ပေးပါ။
မိမိတို့အပန်းဖြေစခန်း၏ထူးခြားသောအင်္ဂါရပ်များ၊ လှပသော မြေယာရှုခင်းများနှင့် သဘာဝဆန်ဆန် အပန်းပြေစေမှုများက လူအများကြား နောက်တခါ ပြန်လာချင်တဲ့ ဆွဲဆောင်မှုရှိသော နေရာတခုအဖြစ် ဖန်တီးနိုင်မှ သာ မိမိတို့ အပန်းဖြေ စခန်းရဲ့ စေတနာကို မီးမောင်းထိုးပြသနိုင် ပါမယ်။
မိမိတို့စိတ်ကူးအကြံဉာဏ်များကို ကိုယ့်အပန်းဖြေစခန်းအယူအဆတွင် ထည့်သွင်းခြင်းဖြင့် သဘာဝတရား၊ အပန်းဖြေမှုနှင့် အပန်းဖြေအနားယူမှုတို့ကြား ဟန်ချက်ညီညီ ဖန်တီးနိုင်ကာ မိသားစုများနှင့် သူငယ်ချင်းများအား ရင်သပ်ရှုမောဖွယ် သဘာဝအတိုင်း အမှတ်တရအတွေ့အကြုံများကို ပေးစွမ်းနိုင်ပါမည်။မြန်မာမှာ သာမက ကမ္ဘာကပါတကူးတက လာရောက်ကြည့်ရှု ယူရတဲ့ အထိထူးခြားသော အပန်းဖြေ စခန်းဖန်တီးနိုင်ကြပါစေ။
လိုအပ်သော အကြံပြုချက်များ၊ဒီဇိုင်းများ ရေးဆွဲခြင်းနှင့် လက်တွေ့ဖန်တီးခြင်းများအတွက်

မြန်မာ့ရွှေမြို့ မိသားစု မှနွေးထွေးစွာကြိုဆိုလိုက်ပါတယ်။

👍👍👍ပုံနှင့်စာသားများကူးယူခွင့်မပြုပါ။လွတ်လပ်စွာshare နိုင်ပါသည်။
Design ရေးဆွဲ ဆောက်လုပ်လို ပါ က Page ရဲ့ Chat box (သို့မဟုတ်) အောက်ပါPhone များသို့ဆက်သွယ်စုံစမ်းနိုင်ပါသည်။
📲📲📲09-5147956,
09-255882255
09-420729922
#မြန်မာ့ရွှေမြို့





#ဆောက်လုပ်ရေး

20/01/2024

ဒီလိုဒီလို ရေကျသံ လေးတွေ နဲ့လှပ နေတဲ့ ရေတံခွန်လေးဖန်တီး ဖို့ ခုပဲ CB /ph ဆက်လို့ ဆက်သွယ် လိုက်ပါဦးနော်

Design ရေးဆွဲ ဆောက်လုပ်လို ပါ က Page ရဲ့ Chat box (သို့မဟုတ်) အောက်ပါPhone များသို့ဆက်သွယ်စုံစမ်းနိုင်ပါသည်။
📲📲📲09-5147956,
09-255882255
09-420729922
#မြန်မာ့ရွှေမြို့
# ဆောက်လုပ်ရေး




#ဆောက်လုပ်ရေး

မိတ်ဆွေအပေါင်း ကျန်းမာချမ်းသာကြပါစေ
11/01/2024

မိတ်ဆွေအပေါင်း

ကျန်းမာချမ်းသာကြပါစေ

Address

Pazundaung
Yangon

Telephone

09255882255

Website

Alerts

Be the first to know and let us send you an email when Grand Myanma SHWE MYOE Co.,Ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Grand Myanma SHWE MYOE Co.,Ltd:

Share