ZCH Engineering

ZCH Engineering BUILK Myanmar မြန်မာ နိုင်ငံရဲ့ ပထမဆုံး သော ဆောက်လုပ်ရေး လုပ်ငန်းသုံး website mm.builk.com

We are Construction software as a service (SAAS) company, Our software help your business to save time and money.

Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်ရေးနဲ့ပတ်သက်ပြီး ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့...
22/04/2020

Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်ရေးနဲ့ပတ်သက်ပြီး ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စက်ရုံ၊ အလုပ်ရုံများ၊ လုပ်ငန်းခွင်များနဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင် လမ်းညွှန်ချက် တွေဖြစ်ပါတယ်။

20/04/2020
သံချောင်းဈေးနှုန်း Update များပဲ ဖြစ်ပါတယ် ။  ဈေးတွေကျသွားပါတယ် ။ အထိုင်ဈေးများဖြစ်ပြီး သယ်ယူပို့ဆောင်ခ သပ်သပ် ရှိပါတယ် ...
20/04/2020

သံချောင်းဈေးနှုန်း Update များပဲ ဖြစ်ပါတယ် ။ ဈေးတွေကျသွားပါတယ် ။
အထိုင်ဈေးများဖြစ်ပြီး သယ်ယူပို့ဆောင်ခ သပ်သပ် ရှိပါတယ် ။
ဆောက်လုပ်ရေးပစ္စည်းတွေကိုလည်း https://yello.com.mm/ မှာဝင်ရောက်လေ့လာမှာယူ နိုင်ပါတယ် ။

Order တင်မယ် ဆိုရင်တော့ 09 425845057,09660502020 နဲ့ 09660501010 ကို ဆက်သွယ် မှာယူနိုင်ပါတယ်။

Credit မြန်မာတိုင်းမ်း
24/03/2020

Credit မြန်မာတိုင်းမ်း

ကမ္ဘာ့ကပ်ရောဂါအဖြစ်ခြိမ်းခြောက်နေတဲ့ ဒီ Corona Virus ဖြစ်နေသူရဲ့ အများဆုံး လက္ခဏာတွေကတော့- ဖျားခြင်း (၈၈%)- ချောင်းခြောက...
24/03/2020

ကမ္ဘာ့ကပ်ရောဂါအဖြစ်ခြိမ်းခြောက်နေတဲ့ ဒီ Corona Virus ဖြစ်နေသူရဲ့ အများဆုံး လက္ခဏာတွေကတော့
- ဖျားခြင်း (၈၈%)
- ချောင်းခြောက်ဆိုးခြင်း (၆၈ %)
- အသက်ရှုရခက်ခဲခြင်း (၁၉ %)
- ကိုယ်လက်ကိုက်ခြင်း (၁၅ %)
တို့ပဲဖြစ်ပါတယ်။
ဆောက်လုပ်ရေးမိသားစုဝင်များအားလုံး Virus ကူးစက်ခံရခြင်းမှကာကွယ်ဖို့အတွက် လက်ကို အပြင်ကပြန်ရောက်တိုင်း / မကြာခဏ ဆေးကြောခြင်း ၊ လက်ဆေး gel များအသုံးပြု ခြင်းတို့ပြုလုပ်ပေးသင့်ပါတယ် ။

Myanmar

Earthing System တပ်ဆင်အသုံးပြုမှုEarthing System ဆိုတာ လျှပ်စစ် တပ်ဆင်အသုံးပြုမှု တဖက်နဲ့ ကျန်တဖက်မှာ Earth Ground နဲ့ ခ...
19/03/2020

Earthing System တပ်ဆင်အသုံးပြုမှု

Earthing System ဆိုတာ လျှပ်စစ် တပ်ဆင်အသုံးပြုမှု တဖက်နဲ့ ကျန်တဖက်မှာ Earth Ground နဲ့ ချိတ်ဆက်ထားခြင်းဖြစ်တယ် ဆိုတာကို သဘောပေါက်ကြပြီး​ြဖစ်ပါတယ်

လူတွေလျှပ်စစ်ကိုဘေးကင်းစွာအသုံးပြုနိုင်ဖို့ လျှပ်စစ်ကို ကြိုတင်ကာကွယ်ထားဖို့ လိုအပ်ပါတယ် ဒါကြောင့် Earthing System ကိုအသုံးပြုပြီး ဘေးကင်းအောင် ကာကွယ်ကြပါတယ်
Earthing System ကိုအသုံးပြုပြီး ပါဝင်တဲ့ အရာ၀တ္ထုများကတော့
Conductive Rod
Conductive Plate
Metal Water Pipe
နဲ့ တခြားသောလျှပ်ကူးမှု လွယ်ကူတဲ့ ပစ္စည်းများကိုလည်း အသုံးြပုကြပါတယ်

Earth Electrode တွေကို Copper .Galvanised Iron .Cast Iron စသဖြင့် အသုံးပြုကြပါတယ်

Earth Resistance ဆိုတာကEarth မြေကြီးနဲ့ Earth Electrode ကြားက ခုခံနိုင်မုှကိုခေါ်ပါတယ်

IEEEက ချမှတ်ထားတဲ့အတိုင်း 3 pin Switch Socket Outlet တွေအသုံးပြုတဲ့အခါတိုင်းမှာ Earth Pin ပါဝင်ရပါမယ် ပြီးတော့ သတ္တုနဲ့ပြုလုပ်တဲ့ပစ္စည်းတိုင်း ဥပမာ Generator. Transformer .Motor စသဖြင့် ပစ္စည်းအားလုံးကို Body Earth ချထားပေးရပါမယ်

Earthing System ရဲ့ စနစ်များမှာ
TT System
TNC System
TNS System
TNCS System
IT System ဆိုပြီး ရှိပါတယ်

အရင်ရေးသားဖူးတဲ့ Earthing Systemရဲ့မူလအစက အသုံးပြုလာပုံနဲ့ စနစ် များအကြောင်းကိုအရင်ရေးထားဖူးတဲ့ အတွက် အောက် မှာ ဖတ်ရှုလေ့လာနိုင်ပါတယ် လာမေးထားတဲ့သူတွေအတွက် ပေါင်းပြီး ဖြေပေးလိုက်ပါတယ်နော်

Earthing Systemရဲ့ မူလအစ

ကမ္ဘာပေါ်မှာလျှပ်စစ်အသုံးပြုမှုအစမှာတာ့Earthing စနစ်ကိုဘယ်သူမှအသုံးမပြုခဲ့ကြပါဘူး။Phase နဲ့Neutral ကိုပဲအဓိကထားပြီးလျှပ်စစ်ကိုအသုံးပြုခဲ့ကြပါတယ်။ကျွန်ပ်တို့နေထိုင်ရာကမ္ဘာမြေကြီးဟာအလွန်ကိုလျှပ်ကူးကောင်းတဲ့အရာဝတ္ထုတခုဖြစ်ပါတယ်။အက်ဒီဆင်ကလည်းအဲဒါကိုသဘောပေါက်ပြီး လူနဲ့သတ္တဝါတွေအတွက် ကမ္ဘာမြေကြီးမှာရှိတဲ့ လျှပ်ကူးမှုအားကောင်းပုံကြောင့်ကျရောက်လာနိုင်တဲ့အန္တရာယ်ကိုခန့်မှန်းမိပါတယ်။

လျှပ်စစ်မှာ Earthing စနစ်ကိုဘယ်သူမှအသုံးမပြုခင်သြစတြီးယားမှာရှိတဲ့ကျောက်မီးသွေးတူးဖော်တဲ့ကုမ္ပဏီတွေဟာ လျှပ်စစ်ကိုအဓိကအသုံးပြုကြပါတယ်။အသုံးပြုတဲ့အခါလျှပ်စစ်ကြိုးကိုအသုံးပြုရတဲ့အတွက်ကြိုးတလျှောက်ကိုလျှပ်စစ်စီးတဲ့အခါမီးပွင့်တာ၊ရှော့ခ်ဖြစ်တာစတဲ့အန္တရာယ်အမျိုးမျိုးနဲ့ကြုံတွေ့လာရပါတယ်။

အဲဒီတော့လျှပ်စစ်စီးနိုင်တဲ့အစိတ်အပိုင်းအားလုံးကိုမှန်ကန်စွာစုစည်းပြီးတခုနဲ့တခုချိတ်ဆက်ကာကမ္ဘာမြေကြီးရဲ့အောက်လွှာကိုသေချာစွာပို့လွှတ်ချိတ်ဆက်ထားမယ်ဆိုရင်လူတွေအတွက်အန္တရာယ်ဖြစ်မှုကိုဟန့်တားနိုင်စွမ်းရှိတာကိုတွေ့ရှိခဲ့ပါတယ်။ထိုနည်းကိုသတ္တုတူးဖော်ရေးလုပ်ငန်းတွေမှာနှစ်အတော်ကြာအသုံးပြုခဲ့ပြီးနောက်ဤနည်းကိုအခြေခံပြီးလျှပ်စစ်အသုံးပြုတဲ့နေရာတိုင်းမှာEarthing စနစ်ကိုအသုံးပြုလာပြီး၊ယခုဆိုရင်Earthing စနစ်ပါမှလျှပ်စစ်ကိုအသုံးပြုခွင့်ပြုတဲ့အထိကျယ်ပြန့်လာပါပြီ။

အရာဝတ္ထုတိုင်းကိုလျှပ်စစ်ကစီးနိုင်ပါတယ်။တခုချင်းစီမှလျှပ်ကူးကောင်းတာမကောင်းတ ာဆိုတာပဲကွာပါတယ်။လူကိုယ်ခန္ဓာဟာလည်းလျှပ်ကူးနိုင်တဲ့အရာဝတ္ထုတခုပါ။မြေဒြပ်ထုကြီးဟာလည်လျှပ်စစ်နဲ့ပတ်သက်ရင် လျှပ်ကူးမှုမှာရှောင်လွှဲမရတဲ့အခန်းကဏ္ဍမှာပါဝင်ပါတယ်။

လျှပ်စစ်ရဲ့သဘောကလည်းComplete Circuitဖြစ်မှစီးပါတယ်။ လျှပ်စစ်ကအမှားယွင်းတခုဖြစ်တဲ့အခါမှာWireမှတဆင့်(သို့မဟုတ်)လူ့ကိုယ်ခန္ဓာမှတဆင့်မြေကြီးသို့စီးဆင်းပါတယ်။ကျွန်ုပ်တို့ကိုယ်ခန္ဓာဟာအလွန်လျှပ်ကူးကောင်းတဲ့အရာဖြစ်လို့လျှပ်စီးကခန္ဓာကိုယ်ကိုဖြတ်စီးပြီးGroundသို့စီးပြန်ပါတယ်။

လျှပ်စစ်ဖြန့်ဝေမှုတခုမှာEarthing စနစ်ကိုအသုံးမပြုထားဘူးဆိုရင်မြေပေါ်ကအသုံးပြုမှုနဲ့ကမ္ဘာမြေကြီးရဲ့ကြားမှာ လျှပ်ကာတခု(insulated)သဘောလိုဖြစ်နေမှာပါ။Earthing System ကိုအသုံးမပြုထားတဲ့လျှပ်စစ်ဖြန့်ဝေမှုအားလုံးကိုစုပေါင်းကြည့်တဲ့အခါမှာ ကမ္ဘာမြေကြီးနဲ့အသုံးပြု သူများကြားမှာ အလွန်အားကောင်းတဲ့ခုခံမှုရှိနေမှာပါ။လျှပ်ကာကအားကောင်းနေရင်သိုလှောင်နိုင်စွမ်းကလည်းအားကောင်းလာပြီး၊Current ယိုစိမ့်မှုအလားအလာပိုများပါတယ်။ဥပမာ သံထည်တခုခုကိုလျှပ်စစ်ယိုစိမ့်မှုဖြစ်ပါကCurrent ကလည်းသူသွားချင်ရာကိုမြန်ဆန်စွာစီးကူးတော့မှာဖြစ်ပါတယ်။ဒါကြောင့်လူတွေလည်းဓာတ်လိုက်တာ၊ရှော့ခ်ဖြစ်တာတွေကြုံရပါတယ်။

ဖြန့်ဝေမှုမှာCapacitance နဲ့Inductanceတွေကြောင့်Frequencyအနိမ့်အမြင့်ဖြစ်လာပြီးလျှင်တခါတရံOvervoltageဖြစ်တတ်ပါတယ်။ဒါကြောင့်EarthမချဘဲPower Distributionလုပ်မယ်ဆိုရင်အဆင်မပြေနိုင်ပါ။Capacitanceကြောင့်ထွက်လာမယ့်Current -Fault Currentကိုဟန့်တားနိုင်ရန်Earthing စနစ်ကိုသုံးရပါမယ်။

*** Earthing စနစ်ကCapacitanceမှာဖြစ်လာမယ့် Leakage fault Currentကို Neutral to Earth Connection လုပ်ပြီး Cancelဖြစ်အောင်လုပ်နိုင်ပါတယ်။***

ဒါကြောင့်လျှပ်စစ်အသုံးပြုတဲ့သူတိုင်းဘေးကင်းစေဖို့Earthing စနစ်ကိုမဖြစ်မနေသုံးသင့်ပါတယ်။Earthing ချမယ်ဆိုရင်တော့စနစ်အမျိုးမျိုးဥပမာ-TT,TN S.TNC,TNCS,IT စသဖြင့်နည်းအမျိုးမျိုးရှိပါတယ်။ကမ္ဘာအနှံနိုင်ငံအရပ်ရပ်မှာအသုံးပြုတဲ့စနစ်တွေလည်းကွဲပြားကြပြီး၊အားသာချက်၊အားနည်းချက်အမျိုးမျိုးတော့ရှိကြပါတယ်။ဘယ်စနစ်ကိုပဲသုံးသုံးလူတွေအတွက်လုံခြုံဖို့နဲ့Earthမိဖို့သာအဓိကပါပဲ။
Earth Resistanceကိုယေဘုယျအားဖြင့်2 to 10 ohmsလက်ခံထားပါတယ်။

Tရဲ့အဓိပ္ပါယ်ကလက်တင်ဘာသာစကားTeraမှဆင်းသက်လာပြီးပထဝီမြေကြီးလို့အဓိပ္ပါယ်ရပါတယ်။ဒါကြောင့်Earthingစနစ်ကိုအားလုံးTနဲ့ပဲအစထားပြီးခေါ်ဆိုသတ်မှတ်ပါတယ်။

TT System
ပါဝါဖြန့်ဝေတဲ့သူကလည်းကိုယ်ပိုင်စနစ်နဲ့Earthချထားရပါမယ်။ပါဝါသုံးစွဲသူတွေကလည်းEarthကိုကိုယ့်ဘာသာကျင်းတူးပြီးချကြရပါမယ်။TTစနစ်မှာRCDကိုအသုံးပြုပါတယ်။အားသာချက်ကဓာတ်လိုက်နိုင်တဲ့ပစ္စည်းတွေအားလုံးကိုလျှပ်ကူးမှုဟန့်တားဖြတ်တောက်ပေးနိုင်ပါတယ်။ယခုမြန်မာနိုင်ငံမှာTTစနစ်ကိုအသုံးပြုမှုအများဆုံးဖြစ်ပါတယ်။

TNS System
ပါဝါဖြန့်ဝေသူကEarthချထားရပါမယ်။ပြီးနောက်ဖြန့်ဝေသူကိုယ်တိုင်ကEarth Cableတခုကိုချိတိဆက်ပေးထားပြီးNeutralရောEarthကိုပါတခုချင်းစီးဆက်ထားပါတယ်။အသုံးပြုတွေကတော့ထိုချိတ်ဆက်ပေးထားတဲ့Earth Cableကိုသွားပြီးချိတ်လိုက်ရုံပါပဲ။အဓိကကEarth ကိုအချိတ်ဆက်မိဖို့ပါပဲ။ကိုယ်ပိုင်Earthကျင်းချစရာမလိုအပ်တော့ပါ။

TNC System
ဖြန့်ဝေသူကNeutralကလာမည့်Earthကိုချိတ်ပြီးအသုံးပြုသူထံပို့ဆောင်ပေးရပါတယ်။ထို့ကြောင့်Combine N & E conductorလို့ခေါ်ပါတယ်။အဓိကကEarth ကိုအချိတ်ဆက်မိဖို့ပါပဲ။ကိုယ်ပိုင်Earthကျင်းချစရာမလိုအပ်တော့ပါ။

TNCS System
ထိုစနစ်ကTNSနဲ့TNCကိုပေါင်းစပ်ပြီးEarthing Systemအဖြစ်အသုံးပြုခြင်းဖြစ်ပါတယ်။

IT System
IT စနစ်မှာတောဖြန့်ဝေသူကိုယ်တိုင်ကEarthing နဲ့ပတ်သက်ပြီးမရှိပါ။သို့သော်ဖြန့်ဝေသူနှင့်Groundကြားမှာတော့ခုခံမှုလိုအပ်ပါတယ်။R=V/I equationကိုပဲအခြေခံပါတယ်။ခုခံမှုများစေလိုတဲ့ Ground SystemမှာFault Current ကိုအနည်းငယ်စီးစေပြီး၊ခုခံမှုနည်းစေလိုတဲ့Ground SystemမှာFault Current ကိုရာဂဏန်းလောက်အထိစီးဆင်းစေနိုင်ပါတယ်။

Earthing SystemဟာPower Distribution ပိုင်းမှာအလွန်အရေးကြီးသောအခန်းကဏ္ဍမှာပါဝင်ပါတယ်။Systemကိုရွေးချယ်ပြီးပြီဆိုရင်Earthingမိအောင်နည်းစနစ်အမျိုးမျိုးနဲ့ပြုလုပ်ရပါတယ်။Earthing System ကိုလည်းစီးကူးမှုကောင်းမကောင်းဆိုတာကတော့Earthကျင်းတူးမယ့်မြေအပေါ်လည်းမူတည်ပါတယ်။မြေအမျိုးမျိုး ဥပမာ မြေစေး၊သဲမြေ၊ရွှံ့မြေ၊ကျောက်မြေ စသဖြင့်Earth Resistance ခံနိုင်မှုအားမတူကြပါဘူး။Resistanceမတူညီတဲ့အလျောက်Earth Rod,Earth Plate,ကျောက်မီးသွေး၊သံ၊သတ္တု၊Earth Powder စသဖြင့်အမျိုးမျိုးသောElectrodeများကိုParallel, Series,Triangle အမျိုးမျိုးဖြင့်လိုအပ်တဲ့ohmတန်ဖိုးရအောင်လုပ်ဆောင်ရပါတယ်။
လုပ်ဆောင်တဲ့နည်းတွေမှာလည်းတွက်ချက်နည်း၊Earth Testing၊Earth Pitရဲ့အကျယ်၊မြေအနေအထားအရထားသင့်တဲ့electrodeရဲ့ထုထည်တို့ကိုတွက်ချက်တဲ့ပုံသေနည်းတွေနဲ့ဆက်လက်ပြုလုပ်ရပါမယ်။

M&E Knowledge Sharing Group
Crd

(Unicode)ဘိလပ်မြေကွာကျရခြင်းအကြောင်း“ဘိလပ်မြေနံရံကိုခေါက်ကြည့်တဲ့အခါ ကြားရတဲ့အသံသည် နံရံအတွင်းမှာ အက်ကြောင်းမရှိသော်လည်း...
18/03/2020

(Unicode)
ဘိလပ်မြေကွာကျရခြင်းအကြောင်း
“ဘိလပ်မြေနံရံကိုခေါက်ကြည့်တဲ့အခါ ကြားရတဲ့အသံသည် နံရံအတွင်းမှာ အက်ကြောင်းမရှိသော်လည်းဘိလပ်မြေရဲ့အပေါ်ယံလွှာ ကွာနေခြင်းကြောင့်ဖြစ်ပါတယ်။”

ဆောက်လုပ်ရေးလုပ်ငန်းတွေပြီးသွားတဲ့အချိန် ဘိလပ်မြေနံရံကိုခေါက်ကြည့်တဲ့အခါ ကြားရတဲ့သံဟာ နံရံအတွင်းရှိအခေါင်း ပေါက်များမှကြားရသောအသံဖြစ်ပါတယ်။ ထိုအသံသည်ကားနံရံအတွင်းမှာ အက်ကြောင်းမရှိသော်လည်း ဘိလပ်မြေရဲ့ အပေါ်ယံလွှာကွာနေခြင်းကြောင့်ဖြစ်ပါတယ်။ မျက်နှာပြင်ရှိဘိလပ်မြေအချောကိုင်ထားတဲ့အလွှာမှာညစ်ပတ်နေခြင်း၊ ခြောက်သွေ့ လွန်းခြင်း၊ ချောမွတ်လွန်းခြင်းနှင့် မျက်နှာပြင်ထူလွန်းခြင်းကြောင့် ဘိလပ်မြေဟာကောင်းစွာမစွဲကပ်နိုင်ခြင်းဖြစ်ပါတယ်။ ဘိလပ်မြေ ကွာကျခြင်းကိုကာကွယ်နိုင်ဖို့အတွက် နံရံအားအချောမကိုင်မီတစ်ရက်လောက်ကြိုပြီး မျက်နှာပြင်ကိုရေလောင်းထားပါ။ အချောကိုင်ခြင်းမစတင်မီ မျက်နှာပြင်ကိုအနည်းငယ်စိုထိုင်းထားပါ။ ပြီးလျှင်တော့ အပေါ်ယံလွှာကိုခွာချ၍ ဘိလပ်မြေစွဲကပ်အားကောင်းစေဖို့ကြမ်းတမ်းသောမျက် နှာပြင်ရအောင်ပြုလုပ်ထားပြီးရင်တော့ အချောကိုင်ခြင်းလုပ်ငန်းတွေကို ပြန်လည်စတင်နိုင်ပါပြီ။

(ZawGyi)
ဘိလပ်မြေကွာကျရခြင်းအကြောင်း
“ဘိလပ်မြေနံရံကိုခေါက်ကြည့်တဲ့အခါ ကြားရတဲ့အသံသည် နံရံအတွင်းမှာ အက်ကြောင်းမရှိသော်လည်းဘိလပ်မြေရဲ့အပေါ်ယံလွှာ ကွာနေခြင်းကြောင့်ဖြစ်ပါတယ်။”

ဆောက်လုပ်ရေးလုပ်ငန်းတွေပြီးသွားတဲ့အချိန် ဘိလပ်မြေနံရံကိုခေါက်ကြည့်တဲ့အခါ ကြားရတဲ့သံဟာ နံရံအတွင်းရှိအခေါင်း ပေါက်များမှကြားရသောအသံဖြစ်ပါတယ်။ ထိုအသံသည်ကားနံရံအတွင်းမှာ အက်ကြောင်းမရှိသော်လည်း ဘိလပ်မြေရဲ့ အပေါ်ယံလွှာကွာနေခြင်းကြောင့်ဖြစ်ပါတယ်။ မျက်နှာပြင်ရှိဘိလပ်မြေအချောကိုင်ထားတဲ့အလွှာမှာညစ်ပတ်နေခြင်း၊ ခြောက်သွေ့ လွန်းခြင်း၊ ချောမွတ်လွန်းခြင်းနှင့် မျက်နှာပြင်ထူလွန်းခြင်းကြောင့် ဘိလပ်မြေဟာကောင်းစွာမစွဲကပ်နိုင်ခြင်းဖြစ်ပါတယ်။ ဘိလပ်မြေ ကွာကျခြင်းကိုကာကွယ်နိုင်ဖို့အတွက် နံရံအားအချောမကိုင်မီတစ်ရက်လောက်ကြိုပြီး မျက်နှာပြင်ကိုရေလောင်းထားပါ။ အချောကိုင်ခြင်းမစတင်မီ မျက်နှာပြင်ကိုအနည်းငယ်စိုထိုင်းထားပါ။ ပြီးလျှင်တော့ အပေါ်ယံလွှာကိုခွာချ၍ ဘိလပ်မြေစွဲကပ်အားကောင်းစေဖို့ကြမ်းတမ်းသောမျက် နှာပြင်ရအောင်ပြုလုပ်ထားပြီးရင်တော့ အချောကိုင်ခြင်းလုပ်ငန်းတွေကို ပြန်လည်စတင်နိုင်ပါပြီ။

📌 CORONAVIRUS UPDATE!! Credit Civil Engineering Discoveries
17/03/2020

📌 CORONAVIRUS UPDATE!!

Credit Civil Engineering Discoveries

ကောလဟာလတွေများနေပေမယ့်  COVID-19 ကိုကြိုတင် ကာကွယ်တဲ့အနေနဲ့ နေရာတော်တော်များများနဲ့ လူစုလူဝေးဖြစ်တဲ့နေရာတွေ ကိုမသွားဖို့...
17/03/2020

ကောလဟာလတွေများနေပေမယ့် COVID-19 ကိုကြိုတင် ကာကွယ်တဲ့အနေနဲ့ နေရာတော်တော်များများနဲ့ လူစုလူဝေးဖြစ်တဲ့နေရာတွေ ကိုမသွားဖို့နဲ့ မပြုလုပ်ဖို့ပိတ်ပင်ထားတဲ့အတွက် 21 . 3 .2020 ( စနေနေ့)မှာပြုလုပ်မယ့် Builk Construction Cost Control Management Software Workshop ကို ရက်အကန့်အသတ်မရှိရွှေ့ဆိုင်းလိုက်ပါတယ်။ အွန်လိုင်း Tutorial များကိုလည်း အခါအားလျော်စွာ Builk Myanmar မှတင်ပေးသွားပါ့မယ်ရှင့် ။

ဆောက်လုပ်ရေးမိသားစုဝင်များအားလုံးကျန်းမာရေးကိုလည်းအထူးဂရုစိုက်ပေးကြပါ။
အပြင်သွားတဲ့အခါမှာလည်း mask တွေကိုဆောင်သွားပြီး ခဏခဏ လက်ဆေးဖို့လည်းမမေ့ကြပါနဲ့နော် ။

Myanmar

ကောလဟာလ များစွာ ပျံ့နှံ့ နေပေမယ့် COVID-19 ဟာ အချိန်ယူစောင့်ကြည့်ရတဲ့ ရောဂါဖြစ်တာမို့ ကြိုတင်ကာကွယ်ထားနိုင်ဖို့ လိုအပ်ပါ...
13/03/2020

ကောလဟာလ များစွာ ပျံ့နှံ့ နေပေမယ့် COVID-19 ဟာ အချိန်ယူစောင့်ကြည့်ရတဲ့ ရောဂါဖြစ်တာမို့ ကြိုတင်ကာကွယ်ထားနိုင်ဖို့ လိုအပ်ပါတယ်။ အားလုံးပဲ ကျန်းမာပျော်ရွှင်နိုင်ကြပါစေ။

🚧ကွန်ကရစ်တိုင်များ ပြန်လည်ပြုပြင်ခြင်း🚧================================ =ကွန်ကရစ်တိုင်များ ပျက်စီးခြင်းဆိုတာကတော့ အများအ...
11/03/2020

🚧ကွန်ကရစ်တိုင်များ ပြန်လည်ပြုပြင်ခြင်း🚧
================================ =
ကွန်ကရစ်တိုင်များ ပျက်စီးခြင်းဆိုတာကတော့ အများအားဖြင့် ပုံစံခွါပြီးရင် တွေ့ရှိရတတ်တဲ့ ပျက်စီးချို့ယွင်းမှုများကို ဆိုလိုပါတယ်။။ အဲ့ဒီလို ပြုပြင်မှု ဆောင်ရွက်တဲ့အခါ အရေးကြီးတဲ့ အချက်လေးချက်ရှိပါတယ်။

နံပါတ်တစ်အနေနှင့် Expediency လို့ခေါ်တဲ့ ပြုပြင်မှုကို ချက်ချင်းမလုပ်ရင် ကြာလာတာနှင့်အမျှ ပျက်စီးမှုများလာမှာဖြစ်ပြီး အလုပ်လည်း ပိုလာမှာဖြစ်ပါတယ်။ ဒါကြောင့် ချက်ချင်းပြုပြင်ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။

နံပါတ်နှစ်အနေနှင့် သန့်ရှင်းအောင်ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ကွန်ကရစ်များကို ဖာထေးပြုပြင်တော့မယ်ဆိုရင် အမှိုက်သရိုက်များ၊ ဖုန်များ၊ အခြားဓာတုပစ္စည်းများကင်းရှင်းအောင် သန့်စင်ပေးဖို့အထူးလိုအပ်ပါတယ်။ ဒါမှသာလျှင် ရှိပြီးသားကွန်ကရစ်နှင့် ကုပ်တွဲပေါင်းစည်းမှုအား Bonding ကောင်းမှာဖြစ်ပါတယ်။

နံပါတ်သုံးအနေဖြင့် အဲ့ဒီလို ကွန်ကရစ်များ ပြုပြင်ဖာထေးဖို့အတွက် အရေးကြီးတဲ့ ကွန်ကရစ်နည်းပညာနှင့် အသုံးပြုမယ့် ကိရိယာများကို ရွေးချယ်ခြင်းဖြစ်ပါတယ်။

နံပါတ်လေးနောက်ဆုံးအနေနှင့် အသုံးပြုမည့် ပစ္စည်း material ၏ ကြာရှည်ခိုင်ခံမှု Durable ပဲ ဖြစ်ပါတယ်။

ကွန်ကရစ်များကို ပြုပြင်ဖာထေးတဲ့အခါ ကွန်ကရစ်သက်တမ်းနုတဲ့အချိန်မှာ လုပ်တာအကောင်းဆုံးဖြစ်ပါတယ်။ ထို့အပြင် အထက်ကပြောသလို သန့်ရှင်းစင်ကြယ်အောင် ဆောင်ရွက်ပြီးမှသာလျှင် ပြုပြင်ဖာထေးမှုကို လုပ်မှ တသားတည်းဖြစ်ပြီး ရှိပြီးသားကွန်ကရစ်နှင့် ကုပ်တွယ်မှုကောင်းမှာ ဖြစ်ပါတယ်။

အသုံးပြုတဲ့ Materials များ

ရှေးဦးစွာ အသုံးပြုမည့် ပစ္စည်းများကို သတ်မှတ်ပြီး ကိရိယာများကို ပြင်ဆင်ထားရမှာဖြစ်ပါတယ်။ ကွန်ကရစ်တိုင်များ ပြုပြင်ဖာထေးတဲ့အခါ အသုံးများတဲ့ ပစ္စည်းတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

Portland Cement and White Portland Cement; ကွန်ကရစ်များကို ဖာထေးတဲ့အခါမှာ တချို့ဘိလပ်မြေများသည် ဖာထေးတဲ့နေရာတွင် အကွက်လိုက်(အမဲကွက်)အရောင်ကွဲပြီး ကျန်နေတတ်ပြီး၊ မူလကွန်ကရစ်သား၏အရောင်နှင့်ကွဲတဲ့အတွက် အမြင်မကောင်းမှုများ ဖြစ်တတ်ပါတယ်။ ဒါကြောင့် အသုံးပြုမယ့် ဘိလပ်မြေကို သေချာရွေးပေးရမှာဖြစ်ပါတယ်။ Portland cement နှင့် white Portland cement များကို အသုံးပြုခြင်းအားဖြင့် ယင်းပြသနာများကို ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။

Aggregate and Sand; ရောစာကြီးနှင့် သဲအနေဖြင့် ထုံးကျောက်နုများကို အသုံးပြုခြင်းဖြင့် အရောင်ကို ပိုတောက်စေမှာဖြစ်ပါတယ်။

Gauging Liquid; ရေနှင့် polymeric meterials များ ရောစပ်ထားသော Styrene Butadience rubber(SBR)များ၊ Polyvinyl Acetate(PVA) သို့မဟုတ် Acrylic Material များကို အသုံးပြုသင့်ပါတယ်။ ၎င်းတို့ကို ကော်ရည်အနေဖြင့် အသုံးပြုခြင်းအားဖြင့် မူလကွန်ကရစ်နှင့် စေးကပ်မှုအားပိုမိုကောင်းမွန်စေမှာ ဖြစ်ပါတယ်။ ထို့အပြင် ကွန်ကရစ်၏ ခံနိုင်ရည်၊ မာကျောမှု စတဲ့ ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိများ တိုးလာစေမှာဖြစ်ပါတယ်။

ကွန်ကရစ် အက်ကွဲမှုများကို ဖာထေးတဲ့အခါ အထက်ပါပစ္စည်းများကို အဓိကာအားဖြင့် အသုံးပြုလျက်ရှိပြီး တခါတရံတွင် အက်ကွဲမှုအရွယ်အစားး crack width အပေါ်မူတည်ပြီး Epoxy သို့မဟုတ် Polyester resin များ လိုအပ်လာနိုင်ပါတယ်။

အကယ်၍ ကြီးကြီးမားပြုပြင်ဖာထေးမှုများဆိုပါက Formwork, Formwork Tie, clamps နှင့် ကြိုးများ လိုအပ်လာမှာ ဖြစ်ပါတယ်။ ပြုပြင်ဖာထေးတဲ့အပိုင်းကို အသားနပ်ဖို့ curing လုပ်ဖို့အတွက် ပလာစတစ်အခင်းများ လိုအပ်ပါမယ်။

Repairing of Honeycombed Concrete

အများအားဖြင့်တော့ တိုင်တွေမှာ honeycomb ထတာတို့ကို သရွက်နှင့်ပဲ သိပ်ထည့်ပြီး ဖာထေးမှု ပြုလုပ်ရပါတယ်။ ထိုသို့ ဖာထေးမှုကို အောက်ပါအတိုင်း အဆင့်ဆင့် ဆောင်ရွက်ရပါတယ်။

၁။ ပထမဦးစွာ Honeycomb ပေါ်နေတဲ့၊ ထတဲ့အပိုင်းကို တူနှင့် ဆောက်နှင့် ထွင်းပြီး ဖယ်ရှားရပါတယ်။

၂။ အဲ့နေရာကို Brush နှင့် ပွတ်တိုက်ပြီး ဖုန်မှုန့်များ၊ အမှိုက်များ ဖယ်ရှား သန့်ရှင်းပေးရပါတယ်။

၃။ ထို့နောက် သိပ်မည့်သရွက်၊ကွန်ကရစ်ကို ပြင်ဆင်ရပါတယ်။ Thumb Rule အရ ဘိလပ်မြေနှင့် ထုံးကျောက်မှုန့်(အနု)ကို ၁:၂ အချိုးဖြင့် အသုံးပြုလေ့ရှိပါတယ်။ ဘိလပ်မြေကိုတော့ White Portland Cement ကို အသုံးပြုရပါတယ်။
အသုံးပြုမယ့်ရေကတော့ ရေနှင့် polymer ဆတူပါဝင်သင့်ပါတယ်။

၄။ ရောစပ်လိုက်တဲ့ သရွက်များအနေဖြင့် ဒေါင်လိုက်မျက်နှာပြင်များကို ဖာထေးမယ်ဆိုရင် ပျစ်တွဲမှု slump နည်းအောင် လုပ်ရပါတယ်။

၅။ ထို့နောက်တွင် သရွက်များကို ဖာထေးမယ့်အခေါင်းထဲ ထိုးသိပ်ပြီး သိပ်သည်းမှုကောင်းအောင် သံတုတ်ဖြင့် ထိုးပေးရပါတယ်။ ပြီးမှ သလက်နှင့် မျက်နှာပြင်ကို သပ်ပေးရပါတယ်။

၆။ နောက်ဆုံးတွင် ယင်းနေရာကို ပလာစတစ်ဖြင့် ပတ်၍ တိတ်ဖြင့် ကပ်ထားပြီး curing လုပ်ပေးရပါတယ်။

အကယ်၍ honeycomb က အလွန်ဆိုးဝါးပြီး အရမ်းကြီးနေလျှင် ယင်းနေရာကို section တစ်ခုပိုင်းခြားပြီး ပြန်ဖျက်ပေးရပါတယ်။ အကယ်၍ တိုင်နှင့်ထုတ်တန်းနေရာများတွင် အဲ့ဒီလို လုပ်ဖို့လိုအပ်လာရင် ၎င်းတို့ကို ထောက်မထိန်းချုပ်ဖို့ ထောက်ကန်ဖို့ လိုအပ်လာပါမယ်။
ထိုသို့ ငြမ်းဆင်၊ ထောက်မပြီး နောက် ဖာထေး၊ ကွန်ကရစ်ပြန်လောင်းမည့် အပိုင်းကို သန့်ရှင်းအောင်ပြုလုပ်ခြင်းများ ဆောင်ရွက်ရပါတယ်။

ကွန်ကရစ်သားများတွင် အပေါက်များ၊ အစက်ပြောက်များဖြစ်ပေါ်ခြင်းများကို ပြုပြင်ဖာထေးတဲ့အခါ Bagging in လို့ခေါ်တဲ့ နည်းပညာကို အသုံးပြုပါတယ်။ ယင်းနည်းပညာတွင် Hession pad ကို အသုံးပြီး ဘိလပ်မြေသရွက်များဖြင့် ကွန်ကရစ်မျက်နှာပြင်ကို ပွတ်တိုက် ဂျီးချွတ်ပေးရတာပဲဖြစ်ပါတယ်။ ယင်းဘိလပ်မြေများကို ပုံမှန်သရွက်များလိုပင် ၁း၃ ၊ ၂း၄ အချိုးဖြင့် ဖျော်စပ်အသုံးပြုနိုင်ပါတယ်။
# Crd

Address

No. 908 , Myaing Hay Wun Comdo , Tower B, Kyike Wine Pagoda Road, Mayangone
Yangon
11061

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00

Telephone

+959660501010

Alerts

Be the first to know and let us send you an email when ZCH Engineering posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Our Story

We are Construction software as a service (SAAS) company, Our software help your business to save time and money.

mm.builk.com