02/05/2026
#အိမ်အကြမ်းထည်ဆိုသည်မှာ
အကြမ်းထည်သက်သက်ဆိုတာ Foundation ကစ အမိုးမိုးပြီးစီးတဲ့အထိ ကိုယ်ထည်ဖရိမ်ကြီးနဲ့ အုတ်စီ ပလာစတာချောပြီးအဆင့်ထိမျှသာပါ,
ကြွေပြားလုပ်ငန်း,ရေပိုက်လုပ်ငန်း,ရေတလျောက်လုပ်ငန်း,ရေမြောင်းလုပ်ငန်း
မီးလုပ်ငန်း ,ဆေးလုပ်ငန်း သံပန်းလုပ်ငန်း လှေခါးလက်ရမ်း ဝရန်တာလက်ရမ်းစတဲ့လုပ်ငန်းတွေ မပါဝင်ပါဘူး။
ကျည်းဘောင်ထောင်၊တခါးတပ်၊ဘာတခုမှ မပါဝင်ဘူး။
ကိုယ်ထည်ဖရိမ်ကြီး နဲ့ အုတ်စီပြီးစီး ပလာစတာချောပြီးအဆင့်ထိဘဲပါပါမယ်။
ကျည်းဘောင်ထောင်၊တခါးရွက်တပ်၊Topping လောင်း၊လှေခါးချော စတဲ့ လုပ်ကွက်ဟူသမျှ
Extra Work လို့ခေါ်ပါတယ်။အပိုထပ်တိုးလုပ်ငန်းပေါ့။
#အိမ်အပ်နှံစာချုပ်ချုပ်စဥ်အခါ #နှစ်ဦးနှစ်ဖက်_သဘောတူထည့်သွင်းချုပ်ဆိုခဲ့သည့်_အရာမျိုးကတော့
#ခြွင်းချက်အနေနဲ့ပါဝင်နိုင်ပါတယ်
အိမ်ဆောက်ပါတယ်ဆို တခါးရွက်တို့ ကျည်းဘောင်တို့ တော့ ပါမှာဘဲဆိုတော့ကား
ပျဥ်းကတိုးကျည်းဘောင်နဲ့ ကျွန်းတံခါး၊
UPVC တံခါး၊
အလူမီနီယံတခါး ၊
Mild_Steel မျိုးစုံ ရှိပါတယ်,
မှန်ထည့်ချင်ထည့်မယ်,
ဖန်ဘလောက်တုံးလဲတပ်လို့ရတာဘဲ,
ပစ္စည်းတန်ဖိုး၊ပစ္စည်းအရည်အသွေး၊ပစ္စည်းအမျိုးအစားအလိုက် တပ်ဆင်ခတွေကလဲ မတူညီကြပြန်ပါဘူး။စျေးဖြတ်ရတာ အတိုးအလျော့နဲ့ အာရုံစားလို့ သေချာတဲ့ Structure ကိုယ်ထည်နဲ့ စီချောအပြီး ဘဲ အကြမ်းထည် ဖြတ်ပါတယ်။
#ကျန်တာ_Extra_Work ပါဘဲ
အိမ်သာခွက်တောင် ထည့်တပ်မပေးဘူလားဆိုလျင်
ဗမာထိုင် ၊
ဘိုထိုင် ၊
ကော်ခွက်
အမျိုးအစားအလိုက် ,
အရည်အသွေးအလိုက်
တပ်ဆင်ခအမျိုးမျိုးကွဲပြားတာမို့
ကြိုက်ရာလာ ပါဘဲခမျ
အဲလိုလုပ်ငန်းပိုင်းကိုအကန့်တွေ တကန့်စီ သွားလို့ရတော့ ဖြတ်ချင်သလိုဖြတ် အပ်ချင်သလိုအပ်လို့ရသွားပါတယ်,
အိမ်ရှင်အနေနဲ့ ကိုယ်တပ်ဆင် ထည့်သွင်းချင်တဲ့ ပစ္စည်းတန်ဖိုး၊အရည်အသွေးကအစ စဉ်းစားရွေးချယ်ချိန်ပိုရလို့ အဆင်ပြေစေတာပေါ့ခမျာ။
#အိမ်အချောထည်အမျိုးစားဆိုတာကတော့
ရေပိုက်ဆင်ခြင်းလုပ်ငန်း၊မီးသွယ်တန်းခြင်းလုပ်ငန်း၊ဆေးခြယ်သခြင်းလုပ်ငန်း၊ကြွေပြားကပ်ခြင်းလုပ်ငန်း၊ပါကေးခင်းခြင်းလုပ်ငန်း၊ မျက်နှာကျက်တပ်ဆင်ခြင်းလုပ်ငန်း၊လှေခါးလက်ရမ်း ဝရန်တာလက်ရမ်း ,သံပန်း ပွတ်လုံး စတဲ့ လုပ်ငန်းအမျိုးအစားတွေ အပြီးအစီးပြုလုပ်ပေးတာမျိုးကို ဆိုလိုတာပါ။
အဲဒီအပိုင်းမှာလဲ
အသုံးပြုပစ္စည်းရဲ့ တန်ဖိုး၊
အမျိုးအစား၊
ဒီဇိုင်းအလိုက် တပ်ဆင်ခဆိုတာအမျိုးမျိုးထပ်ရှိနိုင်ပါသေးတယ်
တချို့ကြ ရေမီးလောက်ပါဝင်မယ် ,
တချို့ကြ ရေမီးဆေး အပြီးအထိ ,
တချို့ကြ ရေမီးဆေး မျက်နှာကျက် ကြွေပြား ပါကေး သံပန်း အားလုံး ပက်ကားအပြီး တက်နေရုံအသင့် အဆင့်အထိ
အပ်နှံသူရဲ့ ပါဝင်တဲ့လုပ်ငန်းအစားအစားအလိုက် ကွဲပြားနိုင်ပါသေးတယ်ခမျ ,
ဒါကြောင့်မို့
#အိမ်ဆောက်ဖို့စာချုပ်ချုပ်ဆိုတော့မယ်ဆိုရင်
ပါဝင်သောလုပ်ငန်းအမျိုးအစားများကို စနစ်တကျပြီးပြည့်စုံအောင် ပါဝင်အောင် ထည့်သွင်းချုပ်ဆိုကြဖို့ လိုအပ်ကြပါကြောင်းးးးး
owner