NEA - National Engineering Academy

NEA - National Engineering Academy Address: No.(11/B), Kyaung Street, Near Dagon Center(2), San Chaung Tsp, Yangon.

Telephone: 09 775178727
Email: [email protected]

Engineering and Technology Courses

NEAကျောင်းကြီးမှ ကျောင်းသူကျောင်းသားဟောင်းများရှင်Diploma နှင့် Recomendation letter ထုတ်ယူမှုများတွင် အဆင်မပြေမှုများ၊ နေ...
21/06/2021

NEAကျောင်းကြီးမှ ကျောင်းသူကျောင်းသားဟောင်းများရှင်
Diploma နှင့် Recomendation letter ထုတ်ယူမှု
များတွင် အဆင်မပြေမှုများ၊ နှောင့်နှေးကြန့်ကြာမှုများ၊
Errorများဖြစ်ပေါ်ခဲ့သည့်အတွက်
အနူးအညွှတ် တောင်းပန်အပ်ပါသည်ရှင်။
Diplomaထုတ်ရန် ကျန်ရှိသူများအနေဖြင့်
NEA page messenger/ Viber/ Hotline no. များမှတဆင့် ဆက်သွယ် မေးမြန်းထုတ်ယူနိုင်ပါပြီရှင်။

NEA မြေနီကုန်းကျောင်းနေရာမှ
သင်တန်းကျောင်းနေရာသစ်သို့ ပြောင်းရွှေ့ထားပါသဖြင့်
ပြင်ဆင်ဆဲ ကာလဖြစ်သည့်အတွက်
လူကိုယ်တိုင် လာရောက် ထုတ်ယူမည်ဆိုပါကလည်း
တစ်ရက်ကြို၍ ဆက်သွယ်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်ရှင်။

လူတွေဟာ လျှပ်စစ်ရဲ့ဖခင်ကြီးဆိုပြီး Thomas Edison ကိုတော့သိကြတယ်Nicola Telsa ကိုတော့ မေ့နေကြတယ်အဲတော့ Nicola Telsa ဟာ ဘယ်...
22/05/2021

လူတွေဟာ လျှပ်စစ်ရဲ့ဖခင်ကြီးဆိုပြီး
Thomas Edison ကိုတော့သိကြတယ်
Nicola Telsa ကိုတော့ မေ့နေကြတယ်

အဲတော့ Nicola Telsa ဟာ ဘယ်သူလဲ
Telsa ဘာတွေစမ်းသပ်ပြီး သူ့ရဲ့စမ်းသပ်ချက်တွေသာ အောင်မြင်ခဲ့မယ်ဆိုရင်...................................
======================================
Nikola Tesla နဲ့ Thomas Edison တို့ကြားကရန်ငြိုး

Thomas Edison က Tesla ရဲ့ အလုပ်ကို ဖျက်စီးဖို့ဘာမဆို လုပ်ခဲ့ပါတယ် ။

"သူတို့ ငါ့ရဲ့ idea ကို ခိုးသွားတာ ဂရုစိုက်ဘူး။ သူတို့ ဘာသာသူတို့ idea မထုတ်နိုင်တာကိုတော့ စိုးရိမ်တယ်။"

ဆိုတော့ Nikola Tesla ဆိုတာ ဘယ်သူလဲ ။

သူ က ဘာ idea ‌အကြောင်းကို ပြောနေတာလဲ။

ပြီးတော့ ဘယ်သူက သူ့ idea ကိုခိုးတာလဲ။

Tesla ဆိုတာကတော့ သမိုင်းထဲက ဩဇာ ကြီးတဲ့ တီထွင်သူတွေထဲကတစ်ယောက်ဖြစ်ပါတယ် ။

Tesla သာမရှိဘူးဆို ရင် လျှပ်စစ်‌ဆိုတာရှိလာမှာမဟုတ်ပါဘူး။ သူ့အကြောင်းကိုတော့ လူတွေသိပ်မသိပါဘူး ။ အဲ့လို လူတွေ သူ့ကို မသိရတဲ့ အကြောင်းကတော့ လူတစ်ယောက်ကြောင့်ပါ ။ အဲ့လူကတော့ ကျွန်တော် တို့ ငယ်ငယ်တုန်းက ကျောင်းမှာ သင်ခဲ့ရတဲ့ Thomas Edison ပါပဲ။ အာ့ဆို Thomas က Tesla ကို ဘာများလုပ်ခဲ့လို့လဲ ။

Tesla ရဲ့ လုပ်ငန်းက 1884 မှာစတင်ခဲ့ပါတယ် ။ အဲ့အချိန်မှာ သူ U.S. ကိုစရောက်တာပေါ့ ။ အဲ့ကို ရောက်တော့ သူ့အိတ်ကပ်ထဲမှာလည်း ပိုက်ဆံက 4 cents နဲ့ သူ့အဝတ်စားထုပ် လေးရယ်ပဲရှိတယ် ။ အဲ့တော့ သူလည်း အလုပ်ရှာတာပေါ့ ။ အဲ့လိုနဲ့ သူ Thomas ကို တွေ့ဖို့သွားခဲ့တယ် ။ သူတို့တွေ့ ပြီး Thomas က Tesla ကို အလုပ်ပေးခဲ့တယ် ။ အဲ့အချိန်ကတော့ အမေရိကန်နိုင်ငံ‌ရဲ့ စီးပွားရေး ရွှေရောင်လွှမ်းတဲ့ ခေတ်ပါပဲ ။ ဒါပေမယ့် မကြာပါဘူး တဖြည်းဖြည်း မှေးမှိန်သွားခဲ့ပါတယ် ။ ဘာလို့လဲဆိုတော့ လျှပ်စစ်မရှိ သေးလို့ပါ ။Thomas ကနေပြီးတော့ သူ့ရဲ့ ဂန္ထဝင်လက်ရာမြောက်မီးလုံးကို တီထွင်လိုက်ပါတယ် ။ ဒါပေမယ့် လျှပ်စစ် ကိုပို့ဆောင်ဖို့ စနစ်မရှိခဲ့သေးပါဘူး ။ Thomas က DC power ကိုသုံးချင်ခဲ့ပါတယ် ။ သူက DC power ကိုသုံးပြီး အမေရိက မှာ ရှိတဲ့ အိမ်တိုင်းကို ဖြန့်ဝေဖို့ အဆိုပြုခဲ့ပါတယ် ။ အဓိက idea ကတော့ လျှပ်စစ်ဓာတ်အားပေးစက်တွေကို block တိုင်းမှာ ဒါမှမဟုတ် blockနှစ်ခြားစီ လိုက်ဆောက်ဖို့ပါပဲ ။ ဒါပေမဲ့ ပြဿနာ တစ်ခုရှိခဲ့ပါတယ် ။ အဲ့တာ က Thomas ရဲ့ DC power Generator တွေက အရမ်း ကို ကျိုးပျက်လွယ် နေတာပါပဲ ။ Thomas က အဖြေရှာမရဖြစ်ခဲ့ပါတယ် ။ တစ်နေ့မှာ တော့ Thomas က သူ့ရဲ့ ပြဿနာ ကို Tesla ကိုပြောပြခဲ့ပါတယ် ။ Thomas က "မင်း ဒီပြ‌ဿနာ ကို အဖြေရှာနိုင်ရင် မင်းကို မုန့်ဖိုး$50000 ပေးမယ် " လို့ပြောခဲ့ပါတယ် ။ Tesla က လက်ခံလိုက်ပြီး လတွေချီအောင် အဖြေရှာခဲ့ပါတယ် ။ နောက်ဆုံးမှာတော့ သူ အဖြေရှာရသွားပြီး Thomas ကို ပြခဲ့ပါတယ် ။ ပြီးတော့ သူရဲ့ မုန့်ဖိုး ကို တောင်းတော့ Thomas က မပေးခဲ့ပါဘူး ။ Thomas က သူ အဲ့တုန်း ထေ့ငေါ့ပြီးပြောတာလို့ ပြောလိုက်ပါတယ် ။ Tesla က မုန့်ဖိုးလည်းမရ အသိအမှတ်လည်း အပြုမခံရဖြစ်ခဲ့ပါတယ် ။ဆိုတော့ သူ အလုပ်ထွက်ခဲ့ပါတယ် ။ သူ Thomas ဆီက အလုပ်ထွက်ပြီး သူ့ကိုယ်ပိုင်လုပ်ငန်းကို စတင်ခဲ့ပါတယ် ။ နောက်တော့ သူ လျှပ်စစ်ကို ဖြန့်ဝေဖို့ Thomas ထက်ပိုကောင်းတဲ့ idea တစ်ခု နဲ့ တက်လာပါတယ် ။ သူ့ရဲ့ idea ကတော့ AC power ပဲဖြစ်ပါတယ် ။ Thomas ရဲ့ DC power က direction တစ်ခုထဲကို သွားနိုင်ပြီး အကွာအဝေးနည်းနည်းလေးကိုပဲ သွားနိုင်ပါတယ် ။ Tesla ရဲ့ AC power က Direction တွေ ပြောင်းလဲနေပါတယ် ။ AC power ကို လျှပ်စစ်ဓာတ်အားပေးစက်တွေနဲ့ အကွားအဝေး အကန့်အသတ် မရှိပို့ဆောင်နိုင်ပါတယ် ။ ဒါပေမဲ့ ရင်းနှီးမြှုပ်နှံသူအများ က သူ့ရဲ့ idea ကို မဖြစ်နိုင်ဘူးလို့ ထင်ခဲ့ကြပါတယ် ။

တစ်နေ့မှာတော့ ချမ်းသာတဲ့ရင်းနှီး မြှုပ်နှံသူတ‌စ်ယောက် , George Westinghouse က သူ့ရဲ့ idea ကို ရင်းနှီးမြှုပ်နှံဖို့ အသင့်ရှိနေခဲ့ပါတယ် ။ အဲ့လို နဲ့ Current တွေရဲ့ စစ်ပွဲ ဖြစ်ပေါ်လာပါတယ် ။ Thomas ရဲ့ DC power နဲ့ Tesla ရဲ့ AC power တို့ပဲဖြစ်ပါတယ် ။ ပွဲအပြီး မှာတော့ Tesla က နိုင်သွားခဲ့ပါတယ် ။ သူ့ရဲ့ AC power ကို 1893 , Chicago world fair မှာ ပွဲဦးထွက်ခဲ့ပါတယ် ။ အဲ့မာ မြို့ကြီး တစ်ခုလုံးက မီးအလင်းရောင် ‌တွေနဲ့ ‌ပြည့်နှက်နေပြီး ခေတ်သစ်တစ်ခု စတင်ခဲ့ပါတယ် ။ အဲ့တာကတော့ မဖြစ်ဖြစ်အောင်လုပ်ခဲ့တဲ့ Tesla ရဲ့ AC power ကြောင့်ပဲဖြစ်ပါတယ် ။ Thomas က Tesla နဲ့ပွဲမှာရှုံးသွားပေမဲ့ အရှုံးကို လက်မခံခဲ့ပါဘူး ။ Thomsa က Tesla ကိုနာမည်ကျအောင် ညစ်ပတ်တဲ့နည်းလမ်းတွေနဲ့ ကြိုးစားခဲ့ပါတယ် ။ Thomas က AC power ရဲ့ အန္ထာရာယ် ရှိပုံကို USA မှာ ရှိတဲ့ သူတိုင်းကို လက်ကမ်းစာစောင်ဖြန့်ဝေခဲ့ပါတယ် ။ ဒါပေမဲ့ သူ့ရဲ့ အကြံမအောင်မြင်ခဲ့ပါဘူး ။ Westinghouse နဲ့ Tesla က အမေရိက ကိုတောက်ပအောင်လုပ်ဖို့ လမ်းမပေါ်ရောက်နေပါပြီ ။ Tesla ရဲ့ plan က Niagra ရေတံခွန် ကိုသုံးပြီး လျှပ်စစ်ထုတ်မယ် ပြီးတော့ ရတဲ့ လျှပ်စစ်ကို New York မြို့ကို ပို့ဆောင်မယ် ။ 1895 မှာ Tesla တို့ နှစ်ယောက် သူတို့ရဲ့ စက်ရုံကို ဖွင့်လှစ်ခဲ့ပြီး လျှပ်စစ် ဖြန့်ဝေမှုကို စတင်ခဲ့ပါတယ် ။ ဒါတော့ currentစစ်ပွဲ မှာ Tesla ဘယ်လို ရပ်တည်ခဲ့လဲဆိုတာပါပဲ ။ ဒီနေ့ ကျောင်းသား အများစုကတော့ Tesla ထက် Edison ကိုပဲ သိကြပါတယ် ။ Edison ပိုကျော်ကြားလာတာက သူ့ရဲ့ ကုန်သွယ်မှု မျက်မှောက် ကြောင့်ပါပဲ ။

Ref >> wikipedia / livescience

လျှပ်စစ်ကျွမ်းကျင်မှုဆိုင်ရာလက်မှတ်ဆိုသည်မှာ...================================လျှပ်စစ်ကျွမ်းကျင်မှုဆိုင်ရာလက်မှတ် ဆိုတာ...
20/05/2021

လျှပ်စစ်ကျွမ်းကျင်မှုဆိုင်ရာလက်မှတ်ဆိုသည်မှာ...
================================

လျှပ်စစ်ကျွမ်းကျင်မှုဆိုင်ရာလက်မှတ် ဆိုတာနဲ့ပတ်သတ်ပြီး ကျနော် နည်းနည်းရှင်းချင်ပါတယ်။

တည်ဆဲလျှပ်စစ်ဥပဒေမှာ စစ်ဆေးရေးမှုးချုပ်က ထုတ်ပေးသည့် လျှပ်စစ်ကျွမ်းကျင်မှုဆိုင်ရာလက်မှတ် ဟုဖွင့်ဆိုသည်။
(ဆရာလုပ်ခြင်းမဟုတ်ပါ)

အစိုးရလက်မှတ် /EI လက်မှတ် / လိုင်စင် စသည်ဖြင့် ပေါင်းစပ်ခေါ်ဝေါ်
ထင်မြင်နေကြတာကို နားမလည်နိုင်ကြသေးတာ ဆိုလိုရင်းကို အဲ့ဒါလေးက

(1) အစိုးရဌာနတွေကဖွင့်တဲ့
လျှပ်စစ်သင်တန်းဆင်းလက်မှတ်
(ဥပမာ EI လျှပ်စစ် စစ်ဆေးရေးက သင်တန်းဆင်းလက်မှတ် , လျှပ်စစ်ဌာနတွေ , ဝန်ကြီးဌာနတွေက သင်တန်းဆင်းလက်မှတ်တွေ)ကို မဆိုလိုပါ။

(2) အပြင်ပုဂ္ဂလိက လျှပ်စစ်ဆိုင်ရာ သင်တန်းဆင်းလက်မှတ်တွေ ကို မဆိုလိုပါ

(3) လျှပ်စစ်ဆိုင်ရာ ဒီပလိုမာ , ဘွဲ့တွေကို
မဆိုလိုပါ

(4) လျှပ်စစ် စစ်ဆေးရေးက ပေးတဲ့ သင်တန်းဆင်းလက်မှတ် ကိုမဆိုလိုပါ
အခုတလော အများ ထင်ယောင်ထင်မှားဖြစ်နေတာက
EI လက်မှတ် ရရင်တရားဝင်တယ် လုပ်ရတယ် ပြောဆိုနေပါတယ်

EI လက်မှတ် ဆိုတာ EI မှာသင်တန်းတက်ရင် ပေးတဲ့လက်မှတ် ( Training Complete Certificate ) သင်တန်းပြီးမြောက်အောင်မြင်ကြောင်း လက်မှတ် မဟုတ်ပါ

EI လျှပ်စစ်စစ်ဆေးရေးဌာန က
လျှပ်စစ်ကျွမ်းကျင်သူတွေကို စီစစ်ပြီး
လက်မှတ်ထုတ်ပေးတဲ့ တာဝန် ယူထားရပြီးတော့

EI ဌာနမှုး (သို့) လျှပ်စစ် စစ်ဆေးရေးဌာနရဲ့ ညွှန်ကြားရေးမှုး ကလည်း လျှပ်စစ်ဥပဒေမှာပါတဲ့
မြန်မာပြည် လျှပ်စစ်စစ်ဆေးရေးမှုးချုပ်
တာဝန်ကို ယူထားတဲ့အတွက် EI လက်မှတ်လို့ ခေါ်နေကြတာပါပဲ။

တခြားဌာနနဲ့ စစ်ဆေးရေးမှုးချုပ်ကို
ပြောင်းလဲတာဝန်ပေးရင် လက်မှတ်ထုတ်ပေးတာကို
တာဝန်ရတဲ့ ဌာနနဲ့ စစ်ဆေးရေးမှုးချုပ်က
EI မဟုတ်တော့ရင် EI လက်မှတ်လို့မဆိုနိုင်တော့ပါ။

နောက်တချက်က လျှပ်စစ်ကျွမ်းကျင်မှု ဆိုင်ရာလက်မှတ်ဆိုတာ မိမိတို့ရဲ့ကျွမ်းကျင်မှု
အဆင့်လိုက် မိမိနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ မှတ်ပုံတင်လက်မှတ် (REGISTER CERTIFICATE) ပါ။

ဒီလိုမှတ်ပုံတင်ဖို့ စီစစ်တဲ့အဖွဲ့ဟာ
EI လည်းဖြစ်ချင်ဖြစ်မယ်/တခြား ဝန်ကြီးဌာန/ တခြားကော်မတီ /ကောင်စီ /ကော်မရှင် /ပညာရှင်အဖွဲ့ လည်းဖြစ်ချင်ဖြစ်မယ် ။

မိမိကျွမ်းကျင်မှုကို
(1) ကိုယ်ပိုင် လျှပ်စစ်ကျွမ်းကျင်မှု
(2) ပြင်ပ လျှပ်စစ်ကျွမ်းကျင်မှု
(3) ဌာနဆိုင်ရာ လျှပ်စစ်ကျွမ်းကျင်မှု
ဆိုပြီး သုံးမျိုးရှိပါတယ် ။

မိမိအဆင့်ကလည်း
(1)ဒုတိယအဆင့် (လျှပ်စစ်ကျွမ်းကျင်မှု)
(2)ပထမအဆင့် (လျှပ်စစ်ကျွမ်းကျင်မှု)
(4)အထူးအဆင့် (လျှပ်စစ်ကျွမ်းကျင်မှု)
ဆိုပြီး သုံးဆင့်ရှိပါတယ် ။

မိမိရဲ့ လုပ်ငန်း၊ ပညာအရည်အချင်း
ကျောင်းပညာအရည်အချင်းနှင့် လုပ်ကိုင်နေတဲ့နေရာ /ဌာန အလိုက် နိုင်ငံကိုယ်စား လက်မှတ်ထုတ်ပေးဖို့ စီစစ်ရတဲ့ တာဝန်ယူထားတဲ့
ဌာန/အဖွဲ့ နှင့် စစ်ဆေးရေးမှုးချုပ်ရဲ့
သတ်မှတ်တဲ့ ရှိထားရမည့် အရည်အချင်းများနှင့်ပြည့်စုံလျှင် လျှောက်ထားလို့ရပါတယ် ။

ဒါက ဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေ အရ ကျနော် နားလည်သလောက်ပါ။
အခု ဒါကိုကျနော်ရေးတာက မရှင်းမရှင်း လုပ်နေကြလို့
ခု လူငယ်တွေက EIသင်တန်းတက်မှ လုပ်ခွင့်ရသလိုလို လျှပ်စစ်ဆိုင်ရာ ဒီပလိုမာ ဘွဲ့ ရသူတွေကလည်း EI သင်တန်းပဲ တက်ရမလိုလို
သင်တန်းဆင်းလက်မှတ် လိုလို
အစိုးရ သင်တန်းဆင်း လက်မှတ်လိုလို /
EI သင်တန်းဆင်း လက်မှတ်လိုလို

#လျှပ်စစ်ကျွမ်းကျင်မှုဆိုင်ရာလက်မှတ် ဆိုတာ

မိမိတို့နားလည်ကျွမ်းကျင်တတ်မြောက်မှုကို မြန်မာပြည်မှာ မှတ်ပုံတင်ဖို့ ပါ။

အဲ့လိုမှတ်ပုံတင်ဖို့လျှောက်ထားတာကို
စီစစ်ပြီး မှတ်ပုံတင်လက်မှတ်ထုတ်ပေးဖို့
တာဝန်ရှိတာက မြန်မာပြည်လျှပ်စစ်
စစ်ဆေးရေးမှုးချုပ်ပါ ။

စစ်ဆေးရေးမှုးချုပ်ကမှ စီစစ်ဖို့
လျှပ်စစ် စစ်ဆေးရေးမှုးတွေ
ပြင်ပပညာရှင်တွေပါဝင်တဲ့ အဖွဲ့က
မှတ်ပုံတင်လက်မှတ်ထုတ်ပေးဖို့ စီစစ်တာပါ။

လျှပ်စစ်စစ်ဆေးရေးမှုးချုပ် (Electrical Chief Inspector) ရဲ့ ဆုံးဖြတ်ချက်သာလျှင် အတည်ဖြစ်ပါတယ် ။

Earth Leakage Circuit Breaker အလုပ်လုပ်ပုံELCB ( Earth leakage circuit breaker)အာ့လိကိတ်ဆားကစ်ဘရိတ်ကာ သည် မြေစိုက်ကြိုး(...
29/01/2021

Earth Leakage Circuit Breaker အလုပ်လုပ်ပုံ

ELCB ( Earth leakage circuit breaker)အာ့လိကိတ်ဆားကစ်ဘရိတ်ကာ သည် မြေစိုက်ကြိုး(earth wire )အတွင်းလျှပ်စစ်(current) ယိုစိမ့်မှုကိုအာရုံခံ ပြီး လူနှင့်တိရိစ္ဆာန်တို့ကိုဓါတ်လိုက်ခြင်းမှကာကွယ်ပေးရန်အလိုလျှောက် ဖြုတ်ချပေးသော ပစ္စည်းဖြစ်ပါတယ်။

ဗို့(Voltage)ကိုအာရုံခံပြီးအလုပ်
လုပ်တဲ့ ELCB နဲ့လျှပ်စစ်စီးဆင်းမှု(Current) ကိုအာရုံခံပြီးအလုပ်လုပ်တဲ့ ELCB ဆိုပြီး၂ မျိုးရှိပါတယ်။

Voltage Operated ELCB( ဗို့ကိုအာရုံခံပြီးအလုပ်လုပ်တဲ့ ELCB )

မြေစိုက်ကြိုးထဲသို့ ယိုစိမ့်မှု(Earth leakage) ကိုသိရှိရန်အတွက် ဗို့အား(Voltage)ကိုအာရုံခံပြီး အလုပ်လုပ်သော ELCB အမျိုးအစားဖြစ်ပါတယ်။

ဆင်ဂယ်ဖေ့ ဗို့အာရုံခံ ELCB(single-phase voltage ELCB)တွင် ငုတ် ၆ ခု(6-terminal) ပါ၀င်ပါတယ်။

လိုင်း(L) အဝင်နှင့်အထွက်, နူထရွယ်(N) အဝင်နှင့်အထွက်,မြေစိုက်ကြိုးကိုဆက်ရန်(E) နှင့် သတ္ထုပစ္စည်းကိုယ်ထည်နှင့်ဆက်ရန်(F) တို့ပါဝင်ပါတယ်။ ပုံမှန်အလုပ်လုပ်တဲ့အချိန်မှာ ဖြုတ်ချကွိုင်(Trip Coil) ၌ဗို့အားသည် သုံညဗို့ ဖြစ်ပါတယ်။

ဘာကြောင့်လဲဆိုရင် သတ္ထုပစ္စည်းကိုယ်ထည်ဟာ လျှပ်စစ်စီးဆင်းမှုနဲ့ ထိစပ်မှုမရှိ သောကြောင့် ဖြစ်ပါတယ်။

အကယ်၍သတ္တုကိုယ်ထည်သို့ လိုင်းဝါယာကြိုးများမှ လျှပ်စစ်ယိုစိမ့်မှု ဖြစ်ပေါ်ပါက F (Fault) ငုတ်မှတဆင့် E(Earth) ငုတ်ဆီကို လျှပ်စစ်(Current) ဟာဖြတ်သန်းစီးဆင်း သွားပါလိမ့်မယ်။

ထိုအခါ ဖြုတ်ချကွိုင်(Trip Coil) အတွင်း လျှပ်စစ်(Current) စီးဆင်းမှုကြောင့် ဗို့အားဖြစ်ပေါ်လားပြီး ၎င်းမှ ဖြုတ်ချကွိုင်(Trip Coil) ကိုအလုပ်လုပ်စေကာ သက်ရှိနှင့်ပစ္စည်းများ အန္တရာယ်ကင်းစေရန်း ELCB ကိုဖြုတ်ချလိုက်ပါတယ်။

Current Operated ELCB(လျှပ်စစ်စီးဆင်းမှုကိုအာရုံခံပြီးအလုပ်လုပ်တဲ့ ELCB )

RCCB(Residual Current circuit breaker) သည်ယေဘုယျအားဖြင့် အသုံးပြုသော ELCB အမျိုးအစားတစ်ခုဖြစ်ပြီး၎င်းတွင် ပထမကွိုင်(Primary Winding) , ဒုတိယကွိုင် (Secondary Winding) နှင့်အာရုံခံကွိုင်(Sensing Coil) ဆိုပြီး ကွိုင်သုံးခုပါဝင်ပါတယ်။

လိုင်း(L) အဝင်နှင့်အထွက် နှင့် နူထရွယ်(N) အဝင်နှင့်အထွက်ဆိုပြီး ငုတ်၄ခုပါဝင်ပါတယ်။ ပုံမှန်အလုပ်လုပ်တဲ့အချိန်မှာ အာရုံခံကွိုင်(Sensing Coil) ၌လျှပ်စစ်စီးဆင်းမှုဟာ သုံည ဖြစ်ပါတယ်။

ဘာကြောင့်လဲဆိုရင် လိုင်းဝိုင်ယာ (Line Wire)၌လျှပ်စစ်စီးဆင်းမှုကြောင့် ပထမကွိုင်(Primary Winding) တွင်ဖြစ်ပေါ် လာသော သံလိုက်ညို့အား(Flux)နှင့် နူထရွယ်ဝိုင်ယာ(Neutral Wire) ၌လျှပ်စစ်စီးဆင်း မှုကြောင့် ဒုတိယကွိုင် (Secondary Winding) တွင်ဖြစ်ပေါ်လာသော သံလိုက်ညို့အား(Flux) တို့သည် တူညီပြီး အချင်းချင်းခြေဖျက်လိုက်တဲ့အတွက်ကြောင့် အာရုံခံကွိုင် (Sensing Coil) သို့သက်ရောက်မှု မရှိတော့ပါ။

အကယ်ဤ အမှားအခြေအနေ (Fault) ၌ အနည်းငယ်သော လျှပ်စစ်သည် သတ္တုကိုယ်ထည် မှတဆင့် မြေစိုက်ကြိုး (Earth Wire)အတွင်းသို့စီးဆင်းသွားမည်ဆိုပါက ပထမကွိုင်(Primary Winding) နှင့် ဒုတိယကွိုင် (Secondary Winding) တို့တွင်စီးဆင်းသော လျှပ်စီးမှု(Current) ခြားနားသွားပြီး မတူညီသော သံလိုက်စက်ကွင်း (Magnetic Flux) ကိုဖြစ်ပေါ်စေကာ ၎င်းမှ အာရုံခံကွိုင်(Sensing Coil) အတွင်းလျှပ်စီးမှု(Current) ကိုဖြစ်ပေါ်စေပြီး ဖြုတ်ချကွိုင်(Trip Coil) ကိုအလုပ်လုပ်စေကာ သက်ရှိနှင့်ပစ္စည်းများအန္တရာယ်ကင်းစေရန်း RCCB ကိုဖြုတ်ချလိုက်ပါတယ်။

နောက်အဓိကတစ်ချက်အနေနဲ့ RCCB ‌အလုပ်လုပ်မလုပ်,ကောင်းမကောင်းသိနိုင်ရန် စမ်းသပ်ခလုပ်(Test Button) ကိုအဝင်ပါဝါပေးထာချိန်၌နှိပ်ကြည့် ခြင်းအားဖြင့် သိနိုင်ပါတယ်။

RCCB သည်လျှပ်စစ်ယိုစိမ့်မှုကိုပဲအာရုံခံပြီး ရှော့ဆားကစ်(Short Circuit)နှင့် လျှပ်စစ်
အလွန်အကျွံ့စီးဆင်းမှု(Over Current) တို့ကိုမကာကွယ်ပေးနိုင်ပါဘူး။

ထို့ကြောင့်၎င်းကို MCB,MCCB,FUSE အစရှိသည်တို့နှင့် တွဲဘက်၍ အသုံးပြုရမှာဖြစ်ပါတယ်။နိဂုံချုပ်အနေနဲ့ မိတ်ဆွေတို့ရဲ့ ပါဝါဆားကစ်တွေမှာ အတက်နိုင်ဆုံး ELCB ကိုထည့်သွင်းအသုံးပြုကြဖို့တိုက်တွန်းလိုပါတယ်။

Crd #

ACMV SystemCooling Tower တွေကို ACMV အတွက် အသုံးပြုကြတာတွေရှိသလို Factory တွေမှာလည်းသုံးကြပါတယ်Chiller မှာ Air Cooled နဲ...
28/01/2021

ACMV System

Cooling Tower တွေကို ACMV အတွက် အသုံးပြုကြတာတွေရှိသလို Factory တွေမှာလည်းသုံးကြပါတယ်

Chiller မှာ Air Cooled နဲ့ Water Cooled ဆိုပြီး ၂ မျိုးရှိပါတယ် Water Cooled Type တွေမှာဆိုရင် CT တွေလိုပါတယ်
Air Cooled Type တွေမှာဆိုရင် မလိုပါဘူး

ဘာလုပ်ဖို့လိုတာလည်းဆိုရင်တော့ Chiller ကြီးအေးအောင်လို့ပါ သူက Chilled Water အေးဖို့အလုပ်လုပ်နေရတဲ့အတွက် Heat တွေတက်လာပါလိမ့်မယ်အဲ့ဒီအပူကို လျှော့ချချင်လို့ CT ကရေတွေကိုဖြတ်စီးစေတဲ့နည်းနဲ့ အအေးခံလိုက်တဲ့သဘောပေါ့

အလားတူ Factory တွေမှာလည်း အဲ့လိုပါပဲ ဥပမာ Plastic စက်ရုံ Thermo Forming Machine တခု Mold တွေဟာ အလုပ်လုပ်ရတဲ့အတွက် Heat တွေတက်လာပါတယ် အဲ့ဒါကို အအေးခံဖို့ Cooling System အနေနဲ့ CT ကရေကို Circulate လုပ်စေပါတယ်

CT တွေဟာ Sensible Heat Transfer, Latent Heat Transfer, ဒါမှမဟုတ် အဲ့ဒီ၂မျိုးလုံးနဲ့လုံးနဲ့ လေထဲသို့ အပူတွေကို စွန့်ထုတ်ပေးကြပါတယ်

Sensible Heat Transfer - ရေပူကနေ ပန်ကာမှုတ်အား သို့မဟုတ် အပြင်လေကြောင့် အပူချိန်လျော့ကြပြီး ရေကိုအအေးခံတဲ့သဘောပေါ့

Latent Heat Transfer - ခုန ပူတဲ့ရေကနေ တချို့တဝက်က ရေငွေ့ပျံပြီး အေးသွားတဲ့သဘောပေါ့

Approach temperature = Leaving condenser water temperature- Entering air Wet Bulb temperature

Range = Entering condenser water temperature at Cooling Tower- Leaving condenser water
temperature at cooling tower
( Photo မှာကြည့်ပါ )

Cooling tower ၏ အပူဖယ်ထုတ်နိုင်စွမ်း(heat rejection capacity)ကို တွက်ရန် ရေလည်ပတ်နှုန်း(flowrate)၊ approach temperature နှင့် Wet Bulb Temperature တို့ကို သိရန် လိုအပ်ပါတယ်

Drift: ရေငွေ့ပျံခြင်း မဖြစ် ပဲနဲ့ fan ရဲ့ လေစုပ်အားကြောင့် cooling tower အပြင်ဘက်သို့ ရေစက်ငယ်များ ရောက်သွားခြင်းကို “Drift” လို့ခေါာ်ပါတယ်

Eliminator: Fan ကြောင့် cooling tower အပြင်ဘက်သို့ ရောက်ရှိသွားမည့်ရေစက်ငယ်များအား ပြန်လည်စုဆောင်းပေးသည့် ကိရိယာ

Cooling Tower ထဲကို ဝင်လာတဲ့ရေရဲ့ Temp - 35 Deg C (95 Deg F )
အထွက် Temp : 29 deg C ( 85 Deg F )
Condenser Water Velocity - 1.5 m/s to 3.6 m/s

Crd #

Sunday Only ရုံးချိန်လွတ်အတန်း😱😱31.1.2021 စမည်😘ယခင် Sat Sunဖွင့်လှစ်ထားသောCertificate in Electrical Design အတန်းလေးကိုရု...
24/01/2021

Sunday Only ရုံးချိန်လွတ်အတန်း😱😱
31.1.2021 စမည်😘
ယခင် Sat Sunဖွင့်လှစ်ထားသော
Certificate in Electrical Design အတန်းလေးကို
ရုံးချိန်လွတ် တနဂ်နွေတစ်ရက်ထဲသို့
ပြောင်းလဲ ဖွင့်လှစ်လိုက်ပါတယ်ရှင်😍😍

M&Eအတန်းသစ်လေးအတွက် အပ်နှံပြီးပြီလားရှင် ဘယ်နှရက်မှ မလိုတော့ပါဘူးနော်ပညာသင်စရိတ်အား အစိုးရမှချမှတ်ပေးထားသော သို့မဟုတ် ပု...
21/01/2021

M&Eအတန်းသစ်လေးအတွက် အပ်နှံပြီးပြီလားရှင်
ဘယ်နှရက်မှ မလိုတော့ပါဘူးနော်

ပညာသင်စရိတ်အား အစိုးရမှချမှတ်ပေးထားသော သို့မဟုတ် ပုဂ္ဂလိက ချေးငွေများဖြစ်သော Educational Loan ဖြင့်လဲ တတ်ရောက်ခွင့်ရရှိနိုင်ရန် စီစဥ်ပေးထားပါတယ်ရှင့်

သင်တန်းနေရာ 🏛️🏛️-မြေနီကုန်း ကျောင်းလမ်း(ဒဂုံစင်တာ၂ဘေးလမ်း)စမ်းချောင်းမြို့နယ်။

သင်တန်းအကြောင်း အသေးစိတ်ကိုသိရှိလိုတယ်ဆိုရင်တော့ အောက်ပါဖုန်းများသို့
ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါတယ်နော်။

Ph - 09775178727 / 09760754099

Electrical Design အတန်းသစ်လေးဖွင့်ဖို့ ဘယ်နှရက်မှ မလိုတော့ပါဘူနော်......Discountလေးတွေလည်းချပေးထားလို့ အမြန်ဆုံးလေး ဆက်သ...
21/01/2021

Electrical Design အတန်းသစ်လေးဖွင့်ဖို့
ဘယ်နှရက်မှ မလိုတော့ပါဘူနော်......
Discountလေးတွေလည်းချပေးထားလို့
အမြန်ဆုံးလေး ဆက်သွယ်လိုက်ရအောင်😍😍😍

Certificate in Electrical Design
(လျှပ်စစ် ဒီဇိုင်းရေးဆွဲခြင်းဆိုင်ရာ အသက်မွေးဝမ်းကျောင်း သင်တန်း)

ဘယ်သူတွေတက်ရောက်သင့်လဲ ?

- လျှပ်စစ် ဒီဇိုင်းပိုင်းဆိုင်ရာ ဦးစားပေး
သင်ကြားပေးသွားမှာဖြစ်ပြီး လျှပ်စစ်ပညာရပ်ကို စိတ်၀င်စားသူတိုင်း
တက်ရောက်နိုင်ပါတယ်ရှင့် 👈

လျှပ်စစ် Design ပိုင်း ၊ Concept ပိုင်း ၊ သေချာစွာ သိလိုတတ်လိုသူများ၊👈

Installation ပိုင်း ကျွမ်းကျင်စွာ လုပ်နိုင်သော်လည်း Design ပိုင်း အားနည်းသူများ👈

အတွက် ရည်ရွယ် ဖွင့်လှစ်သော အတန်းလေးဖြစ်ပါတယ်ရှင်

အထူးသဖြင့် အခြေခံပညာ အထက်တန်း
ဖြေဆို အောင်မြင်သူများ အတွက် အသက်မွေး၀မ်းကြောင်း ပညာရပ်တစ်ခုအနေနဲ့ တက်ရောက်ထားသင့်တဲ့ သင်တန်း​လေး ဖြစ်တဲ့အပြင် ကျောင်းမပြီးသေးသော်လည်း လျှပ်စစ်ဒီဇိုင်းရေးဆွဲနည်းကို လေ့လာချင်သူတိုင်း တတ်ရောက်သင့်တဲ့ သင်တန်းလေး ဖြစ်ပါတယ်ရှင်။👈

ဘာတွေ သင်ကြားပေးမှာလဲ?

-Fundamental electrical engineering knowledge and theories.
( ​အခြေခံလျှပ်စစ်ပိုင်းဆိုင်ရာ သဘောတရားများ)

-Electricity Supply

👉 Generation Process
👉 Transmission Process
👉 Distribution Process

-Design Criteria
(ဒီဇိုင်းရေးဆွဲ ဆုံးဖြတ်ခြင်းများ)

👉Preliminary Design Estimation
👉Circuit breakers, Protection Devices
👉Design of Lighting and Ancillary
👉Design of Power and Ancillary
👉Design of Single Line Diagram

စသည့် သင်ခန်းစာများကို
သင်ကြားပေးမည့် ဆရာကတော့
စင်ကာပူနိုင်ငံမှ ချီးမြှင့်အပ်သော
⭐Bachelor of Engineering
(Nanyang Technological university)

⭐Diploma in Electrical Engineering
(Ngee Ann Polytechnic)
ဘွဲ့ အသီးသီးရရှိထားသည့်အပြင်

💼စင်ကာပူနိုင်ငံတွင် လျှပ်စစ်ပိုင်းဆိုင်ရာ
လုပ်သက် 8နှစ်ရှိထားသော
ဆရာဇော်ထက်အောင်မှ
သင်ကြားပေးသွားမှာဖြစ်ပါတယ်ရှင်

ဘာ့ကြောင့် တက်သင့်တာလဲ ???

- အခြေခံကစပြီး သင်ကြားပေးမှာဖြစ်တဲ့အတွက်ကြောင့် စာမလိုက်နိုင်မှာ နားမလည်နိုင်မှာအတွက်လည်းစိတ်မပူရခြင်း၊

- ဈေးနှုန်းသက်သာစွာဖြင့် ထိရောက်စွာ လေ့လာနိုင်ခြင်းတို့ ရရှိမှာဖြစ်ပါတယ်

သင်တန်းကြေး-120,000
သင်တန်းကာလ- 1 လခွဲ
စတင်မည့်နေ့ရက် -23.1.2021 (9Am-12Pm) (Sat,Sun)

ပညာသင်စရိတ်အား အစိုးရမှချမှတ်ပေးထားသော သို့မဟုတ် ပုဂ္ဂလိက ချေးငွေများဖြစ်သော Educational Loan ဖြင့်လဲ တတ်ရောက်ခွင့်ရရှိနိုင်ရန် စီစဥ်ပေးထားပါတယ်ရှင့်

သင်တန်းနေရာ 🏛️🏛️-မြေနီကုန်း ကျောင်းလမ်း(ဒဂုံစင်တာ၂ဘေးလမ်း)စမ်းချောင်းမြို့နယ်။

သင်တန်းအကြောင်း အသေးစိတ်ကိုသိရှိလိုတယ်ဆိုရင်တော့ အောက်ပါဖုန်းများသို့
ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါတယ်နော်။

Ph - 09775178727 / 09760754099

Certificate in Electrical Design (Lucky Draw) အစီအစဥ်လေးမှာ ပါဝင်ဖို့ Form လေးဖြည့်ပြီး ယခုချက်ချင်းပဲ စာရင်းပေးသွင်းလို...
18/01/2021

Certificate in Electrical Design (Lucky Draw) အစီအစဥ်လေးမှာ ပါဝင်ဖို့ Form လေးဖြည့်ပြီး ယခုချက်ချင်းပဲ စာရင်းပေးသွင်းလိုက်ပါ 😍😍
======================================

သင်တန်းကြေး 120,000ကျသင့်​မည် ဖြစ်သော
အရမ်းကောင်းတဲ့ အတန်းကို
ကျွန်မတို့ National Engineering Academy
သင်တန်းကျောင်းမှ lucky drawအနေနဲ့

👉100% Free 1 ယောက်
👉 50% Free 1 ယောက်
👉 20% Free 2 ယောက်
မဲဖောက်ပေးသွားမယ့် အစီစဥ်လေးပါရှင်.....

ဒီအစီစဥ်လေးကိုတော့
20.1.2021ရက်(ဗုဒ္ဓဟူးနေ့)
Live လွှင့်ချိန်တွင် တခါထဲဖောက်ပေးသွားမှာဖြစ်ပါတယ်။

ဒါ့အပြင် liveလွှင့်နေချိန်အတွင်း
ဖုန်းဆက်အပ်သူ 6ယောက်ကိုလည်း
10% discountပေးသွားမှာလည်းဖြစ်ပါတယ်။

Lucky drawလေးရအောင် အောက်ဆုံးမှာရှိတဲ့ link လေးကနေတဆင့် အချက်အလက်လေးတွေကို ဖြည့်ပေးပါနော် ☺☺

http://bit.ly/3nR9tsh

သင့်ပညာရေး လမ်းကြောင်းအတွက် လှပသေချာသော အနာဂတ်ကို NEAရဲ့ Education Loan နဲ့အတူ ဖော်ဆောင်လိုက်ပါ=========================...
18/01/2021

သင့်ပညာရေး လမ်းကြောင်းအတွက် လှပသေချာသော အနာဂတ်ကို NEAရဲ့ Education Loan နဲ့အတူ ဖော်ဆောင်လိုက်ပါ
======================================

မိမိရဲ့ပညာရေးအနာဂတ်ပိုမိုတိုးတက်ဖို့အတွက်နိုင်ငံတကာအဆင့်မှီဒီပလိုမာဘွဲ့နဲ့ပတ်သတ်တဲ့သင်တန်းတွေကိုတက်ဖို့လိုက်လံရှာဖွေနေပါသလား??🤔

ဒါမှမဟုတ်မိမိဘ၀အာမခံချက်ရဖို့အတွက်အသက်မွေး၀မ်းကြောင်းဆိုင်ရာသင်တန်းတွေတက်ဖို့လိုက်လံရှာနေပါသလား???🤔

နောက်ပြီးသင်တန်းတက်ချင်သော်လည်းသင်တန်းကြေးအတွက်အခက်ခဲဖြစ်နေပါသလား???🤔

အဲ့တာဆိုရင်တော့ဒီအခက်ခဲတွေကိုဖြေရှင်းဖို့အတွက်National Engieering Academy ကိုသာလှမ်းခဲ့လိုက်ပါတော့နော်😊အခုဆိုရင်NEAမှသင်တန်းများကိုလည်းEducation Loanနဲ့ချိတ်ဆက်ပြီးတော့တက်ရောက်နိုင်ပါပြီ🤗🤗🤗

National engineering academyဘယ်လိုသင်တန်းတွေကိုEducation Loan နဲ့ချိတ်ဆက်ပြီးတက်ရောက်နိုင်ပါသလဲ????

- Certificate in Air Conducation & Refrigeration
- Certificate in Electrical Installation
- Certificate in Electrical Design
- Dipaloma in M& Eအစရှိတဲ့သင်တန်းတွေကိုEducation Loneချိတ်ဆက်ပြီးတက်ရောက်နိုင်ပါပြီ😊

Education Loanတွင်ဘယ်လို၀န်ဆောင်မှုတွေပါ၀င်သလဲဘယ်လိုသူတွေလျှောက်ထားနိုင်ပါသလဲ???

- လစဥ်လစာပုံမှန်၀င်ငွေရှိသောကျောင်းသားကျောင်းသူများ
- လစဥ်လစာပုံမှန်၀င်ငွေရှိသော၀န်ထမ်းများ
- လစဥ်လစာပုံမှန်၀င်ငွေမရှိသောကျောင်းသားကျောင်းသူများလည်းလျောက်ထားနိုင်ပါတယ်🤗

Educational Loanနဲ့ပတ်သတ်ပြီးလစဥ်လစာ၀င်ငွေရှိသောသူများဆောင်ရွက်ရမည့်အချက်အလက်များ🤗

- ရန်ကုန်တိုင်းဒေသကြီးတွင်နေထိုင်သူဖြစ်ရပါမည်။
- လစဥ်လစာပုံမှန်၀င်ငွေရှိသူဖြစ်ပြီးဆက်သွယ်ရန်လွယ်ကူသောသူဖြစ်ရပါမည်။
-သင်တန်းတက်ရောက်သောသူများသည်သက်ဆိုင်ရာအတန်းချိန်များပြီးဆုံးသည့်ကာလအထိတက်ရောက်ပေးနိုင်သောသူများဖြစ်ရပါမည်☺️☺️☺️

လစဥ်လစာပုံမှန်၀င်ငွေမရှိသောသူများအတွက်ဆောင်ရွက်ရမည့်အချက်အလက်များ🤗

- လစဥ်၀င်ငွေ(လစာ)ပုံမှန်ရှိသောမိဘ(သို့မဟုတ်)မိသားစု၀င်မှကိုယ်စားလှယ်ပြုလျောက်ထားနိုင်ပါသည်။လျောက်ထားသူနှင့်သင်တန်းတက်ရောက်မည့်သင်တန်းသားတို့သည်အိမ်ထောင်စုစာရင်းတွင်အတူနေထိုင်သူဖြစ်ရပါမည်။သင်တန်းတက်ရောက်မည့်သင်တန်းသားသည်မိမိတက်ရောက်နေသောသက်ဆိုင်သင်တန်း၏အတန်းချိန်ပြီးဆုံးသည့်ကာလထိတက်ရောက်ပေးနိုင်သူဖြစ်ရပါမည်😊

Education Loanနဲ့ပတ်သတ်ပြီးသိရှိလိုသောအကြောင်းအရာများကိုအသေးစိတ်မေးမြန်လိုပါကဆက်သွယ်ရန်👇

Ph 09 - 775178727/ 09 760754099တို့ကိုဆက်သွယ်၍မေးမြန်းနိုင်ပါတယ်☺️

ဒါမဟုတ်NEA Pageတွင်လည်းသိရှိလိုသောအကြောင်းအရာများကိုအသေးစိတ်လာရောက်မေးမြန်းနိုင်ပါတယ်ရှင့်😊

သင့်အနာဂတ်ထွန်းလင်းတောက်ပဖို့NEAတွင်ကျောင်းတက်စို့🤗🤗🤗

Certificate in Electrical Design(လျှပ်စစ် ဒီဇိုင်းရေးဆွဲခြင်းဆိုင်ရာ အသက်မွေးဝမ်းကျောင်း သင်တန်း)ဘယ်သူတွေတက်ရောက်သင့်လဲ ...
16/01/2021

Certificate in Electrical Design
(လျှပ်စစ် ဒီဇိုင်းရေးဆွဲခြင်းဆိုင်ရာ အသက်မွေးဝမ်းကျောင်း သင်တန်း)

ဘယ်သူတွေတက်ရောက်သင့်လဲ ?

- လျှပ်စစ် ဒီဇိုင်းပိုင်းဆိုင်ရာ ဦးစားပေး
သင်ကြားပေးသွားမှာဖြစ်ပြီး လျှပ်စစ်ပညာရပ်ကို စိတ်၀င်စားသူတိုင်း
တက်ရောက်နိုင်ပါတယ်ရှင့် 👈

လျှပ်စစ် Design ပိုင်း ၊ Concept ပိုင်း ၊ သေချာစွာ သိလိုတတ်လိုသူများ၊👈

Installation ပိုင်း ကျွမ်းကျင်စွာ လုပ်နိုင်သော်လည်း Design ပိုင်း အားနည်းသူများ👈

အတွက် ရည်ရွယ် ဖွင့်လှစ်သော အတန်းလေးဖြစ်ပါတယ်ရှင်

အထူးသဖြင့် အခြေခံပညာ အထက်တန်း
ဖြေဆို အောင်မြင်သူများ အတွက် အသက်မွေး၀မ်းကြောင်း ပညာရပ်တစ်ခုအနေနဲ့ တက်ရောက်ထားသင့်တဲ့ သင်တန်း​လေး ဖြစ်တဲ့အပြင် ကျောင်းမပြီးသေးသော်လည်း လျှပ်စစ်ဒီဇိုင်းရေးဆွဲနည်းကို လေ့လာချင်သူတိုင်း တတ်ရောက်သင့်တဲ့ သင်တန်းလေး ဖြစ်ပါတယ်ရှင်။👈

ဘာတွေ သင်ကြားပေးမှာလဲ?

-Fundamental electrical engineering knowledge and theories.
( ​အခြေခံလျှပ်စစ်ပိုင်းဆိုင်ရာ သဘောတရားများ)

-Electricity Supply

👉 Generation Process
👉 Transmission Process
👉 Distribution Process

-Design Criteria
(ဒီဇိုင်းရေးဆွဲ ဆုံးဖြတ်ခြင်းများ)

👉Preliminary Design Estimation
👉Circuit breakers, Protection Devices
👉Design of Lighting and Ancillary
👉Design of Power and Ancillary
👉Design of Single Line Diagram

စသည့် သင်ခန်းစာများကို
သင်ကြားပေးမည့် ဆရာကတော့
စင်ကာပူနိုင်ငံမှ ချီးမြှင့်အပ်သော
⭐Bachelor of Engineering
(Nanyang Technological university)

⭐Diploma in Electrical Engineering
(Ngee Ann Polytechnic)
ဘွဲ့ အသီးသီးရရှိထားသည့်အပြင်

💼စင်ကာပူနိုင်ငံတွင် လျှပ်စစ်ပိုင်းဆိုင်ရာ
လုပ်သက် 8နှစ်ရှိထားသော
ဆရာဇော်ထက်အောင်မှ
သင်ကြားပေးသွားမှာဖြစ်ပါတယ်ရှင်

ဘာ့ကြောင့် တက်သင့်တာလဲ ???

- အခြေခံကစပြီး သင်ကြားပေးမှာဖြစ်တဲ့အတွက်ကြောင့် စာမလိုက်နိုင်မှာ နားမလည်နိုင်မှာအတွက်လည်းစိတ်မပူရခြင်း၊

- ဈေးနှုန်းသက်သာစွာဖြင့် ထိရောက်စွာ လေ့လာနိုင်ခြင်းတို့ ရရှိမယ့်အပြင်

20.1.2021နေ့ တွင်လည်း
Lucky draw အစီစဥ်လေးလည်း ကျင်းပပေးသွားမှာဖြစ်ပါတယ်နော်

သင်တန်းကြေး-120,000
သင်တန်းကာလ- 1 လခွဲ
စတင်မည့်နေ့ရက် -23.1.2021 (9Am-12Pm) (Sat,Sun)

ပညာသင်စရိတ်အား အစိုးရမှချမှတ်ပေးထားသော သို့မဟုတ် ပုဂ္ဂလိက ချေးငွေများဖြစ်သော Educational Loan ဖြင့်လဲ တတ်ရောက်ခွင့်ရရှိနိုင်ရန် စီစဥ်ပေးထားပါတယ်ရှင့်

သင်တန်းနေရာ 🏛️🏛️-မြေနီကုန်း ကျောင်းလမ်း(ဒဂုံစင်တာ၂ဘေးလမ်း)စမ်းချောင်းမြို့နယ်။

သင်တန်းအကြောင်း အသေးစိတ်ကိုသိရှိလိုတယ်ဆိုရင်တော့ အောက်ပါဖုန်းများသို့
ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါတယ်နော်။

Ph - 09775178727 / 09760754099

Address

11/B, Kyaung Street, San Chaung Township
Yangon

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00

Website

Alerts

Be the first to know and let us send you an email when NEA - National Engineering Academy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to NEA - National Engineering Academy:

Share