Asian Plant Construction Co.,Ltd

Asian Plant Construction Co.,Ltd Asian Plant ; Let You Taste the Marvelous

ဒီအဆောက်ဦးလေးက မြသီရိ၁လမ်း ၃၀ရပ်ကွက် မြောက်ဒဂုံမှာဆောက်လုပ်ပြီးစီးသွားတဲ့ ၅ခန်းတွဲနှစ်ထပ် လူနေအဆောင် အဆောက်ဦးလေးဖြစ်ပါ...
05/01/2023

ဒီအဆောက်ဦးလေးက မြသီရိ၁လမ်း ၃၀ရပ်ကွက် မြောက်ဒဂုံမှာဆောက်လုပ်ပြီးစီးသွားတဲ့ ၅ခန်းတွဲနှစ်ထပ် လူနေအဆောင် အဆောက်ဦးလေးဖြစ်ပါတယ်။
တစ်ခန်းချင်း အကျယ်အဝန်း ၁၁ပေ x ၁၅ပေ ရှိပြီး အခန်းတိုင်းမှာ ရေချိုးခန်း အိမ်သာတွဲလျက်ပါဝင်ပါတယ်။ ဆောက်လုပ်ထားတဲ့ စုစုပေါင်းအကျယ်အဝန်းကတော့ ၁၈ပေ x ၅၅ပေ ဖြစ်ပါတယ် ။

အခန်းတွင်းမှာတော့ တစ်ခန်းစီကို lighting ၃ပွင့် နဲ့ socket ၂ပွင့်စီ တပ်ဆင်ပေးထားပြီးတော့ ဘေစင်တစ်ခုပါဝင်ပါတယ် ။ ရေချိုးခန်းထဲမှာတော့ ရေပန်းတစ်ခု ခြေဆေးပိုက်တစ်ခုနဲ့ အိမ်သာရေပန်းတစ်ခု ထည့်သွင်းပေးထားပါတယ်။ ရေမီးဆေးအပြီးစီး အပြင်ကို အပေါ်ထပ်တစ်လွှာ မျက်နှာကျက်ပါဝင်ပါတယ်ရှင်...
ဆောက်လုပ်ပေးထားတာကတော့ အဆင်သင့် ငှားရမ်းနိုင်တဲ့ အနေအထားကို ဆောင်ရွက်ပေးထားတာပါ။
ခြံရဲ့အနေအထားအရ plinth ကို ၃ပေ မြှင့်တင်ထားရပါတယ်။

ကုန်ကျစားရိတ်ကတော့ အဆောက်ဦးရေမီးဆေး နဲ့ မျက်နှာကျက်အပြီးစီး plinth ၃ပေမြှင့်တင်ခြင်းအပြီးစီးကို ၄၄၆သိန်း ကုန်ကျပါတယ် ။ လက်ရှိပြောင်းလဲသွားတဲ့ကုန်ကြမ်းစျေးနှုန်းများကြောင့် အခုချိန်ဆောက်မယ်ဆိုရင် ၅၉၄ သိန်းကျသင့်မည်ဖြစ်ပါတယ်ရှင်။

လုပ်ငန်းဆောင်ရွက်ချိန်ကတော့ လုပ်ရကိုင်ရ ခက်ခဲတဲ့ အချိန်တွေရှိခဲ့တာကြောင့် ၅လ ကြာမြင့်ခဲ့ပါတယ်...
ပုံလေးတွေနဲ့ ဖော်ပြထားပေးတာမို့ ကြည့်ကြည့်ပါဦး​ေနာ်။

Asian Plant Construction ရဲ့ အရင်နဲ့မတူတဲ့ အပြောင်းလဲ တစ်ချို့နဲ့ အစီအစဥ်သစ်တစ်ခုကို မိတ်ဆက်ပေးပါရစေ ။ ကျွန်မတို့ Asian Plant စတင်တည်ထောင်ခြင်း ၈ နှစ်ပြည့် အထိန်းအမှတ် အဖြစ် ၁၁. ၁၀. ၂၀၂၂ မှ စတင်ပြီး ကျွန်မတို့ Company အနေနဲ့ #အဆောင်ဆောက်လုပ်လိုသော Client များအတွက် ငွေပေးသွင်းမှုပုံစံကိုပြောင်းလဲ သတ်မှတ်ပြီး Deposite 10% ပေးသွင်းရုံဖြင့် လုပ်ငန်းစတင်နိုင်မယ့် အစီစဥ်သစ်ကို စတင်တော့မှာဖြစ်ပါတယ် ရှင်။

စတင်လုပ်ငန်းအပ်နှံခြင်းစာချုပ်ချုပ်ဆိုချိန်မှာ လုပ်ငန်းတန်ဖိုးရဲ့ ၁၀%ကိုသာ ပေးသွင်းရမှာ ဖြစ်ပြီးတော့ ..Foundation လုပ်ငန်း ပြီးစီး ချိန်တွင်တစ်ကြိမ် ၊ Structure လုပ်ငန်းပြီးစီးချိန်တွင်တစ်ကြိမ် ၊
အုတ်စီချောလုပ်ငန်းပြီးစီးချိန်တွင် တစ်ကြိမ် ၊
ရေမီးဆေး နှင့် တံခါးလုပ်ငန်းများပြီးစီး၍ လုပ်ငန်းပြန်လည်အပ်နှံသော အချိန်တွင် တစ်ကြိမ် စသည်ဖြင့် လုပ်ငန်းပြီးစီးမှုပေါ်မူတည်ပြီး ရာခိုင်နှုန်းအလိုက် လုပ်ငန်းတစ်ပိုင်းပြီးမှ တစ်ကြိမ်ငွေသွင်းပေးချေရမည့် စနစ်ဖြစ်ပါတယ်ရှင်။

ကျွန်မတို့ Asian Plant Construction မှာ လုပ်ငန်းအပ်နှံတဲ့အခါ ငွေပေးချေမှုကို bank transfer နဲ့ 100% ပေးချေနိုင်ပြီးတော့ ရာခိုင်နှုန်းထည့်ပေါင်းတာမျိုး မရှိဘူး ဆိုတာကိုလည်း တစ်ပါတည်း အသိပေးပါရစေ။
ကျွန်မပြောပြခဲ့တဲ့အချက်တွေထဲမှာ မိတ်ဆွေတို့ သိချင်ကြတဲ့အချက်တွေ ပါဝင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်ရှင်။

အကယ်၍ မိတ်ဆွေများအနေနဲ့ ထပ်ပြီးသိလိုတဲ့ အကြောင်းအရာတွေ ရှိခဲ့ရင် ဖုန်း ၀၉၇၆၀၂၁၆၁၅၄ / ၀၉၇၇၇၅၉၄၂၄၀ ကိုဆက်သွယ်ပြီးတော့ စုံစမ်းမေးမြန်းနိုင်သလို Page Chat Box နဲ့ Comment တွေကနေလည်း မေးမြန်းနိုင်ကြပါတယ်။

အားလုံးပဲ ဘေးရန်အပေါင်းမှ ကင်းဝေးပြီး အမြန်ဆုံး ကိုယ်စိတ်နှစ်ဖျာ ချမ်းသာနိုင်ကြပါစေ.....

အဆောင်ဆောက်လုပ်လိုသူများအတွက် အဆောင်တစ်ခုမှာ ပါဝင်ရမယ့် အရာတွေ ဆောက်လုပ်မယ့် ပုံစံတွေနဲ့ ကုန်ကျစားရိတ်ကို အဆောင်ဆောက်ဖို...
13/12/2022

အဆောင်ဆောက်လုပ်လိုသူများအတွက် အဆောင်တစ်ခုမှာ ပါဝင်ရမယ့် အရာတွေ ဆောက်လုပ်မယ့် ပုံစံတွေနဲ့ ကုန်ကျစားရိတ်ကို အဆောင်ဆောက်ဖို့ စိတ်ဝင်စားကြတဲ့ မိတ်ဆွေများ သိရှိရအောင် ပြောပြပေးပါမယ်ရှင်။

၁ ။ အဆောက်ဦး အကျယ်အဝန်း
ပေ၂၀ x ပေ၆၀ ခြံပိုင်ဆိုင်ထားသာများ အနေနဲ့ ၁၈ပေ x ၅၄ပေ ဆောက်လုပ်သင့်ပြီး အခန်း ၈ခန်း မှ ၁၀ခန်း ထိ ရရှိနိုင်ပါတယ်
ပေ၄၀ x ပေ၆၀ ခြံကို ပိုင်ဆိုင်ထားသူတွေကတော့ ၃၆ပေ x ၅၄ပေ အကျယ် နဲ့ အခန်း ၁၆ခန်း ကနေ အခန်း ၂၀ထိ ရရှိနိုင်မှာပါ။

၂ ။ အခန်း အကျယ်အဝန်း နဲ့ ဖွဲ့စည်းပုံ
၈ခန်း ပါအဆောက်ဦးအတွက် ၁၂ ပေခွဲ x ၁၅ပေ အိမ်သာရေချိုးခန်း တွဲရက် တစ်လွှာလေးခန်း ရရှိမှာဖြစ်ပြီး ၁၀ခန်းပါအဆောက်ဦး အတွက် ကတော့ ၈ပေ x ၁၅ပေ တစ်လွှာ၅ခန်း နဲ့ အိမ်သာ အပေါ်၂ခန်း အောက်၂ခန်း ရေကန် အပေါ်၁ကန် အောက်၁ကန် ပါဝင်မှာပါ ။ ၁၆ခန်း ပါ အဆောက်ဦးမှာတော့ ၁၆ ပေခွဲ x ၁၂ ပေခွဲ ရေချိုးခန်း အိမ်သာတွဲလျက် တစ်လွှာ၈ခန်း နဲ့
အခန်း ၂၀ပါ အဆောက်ဦးအတွက်ကတော့ ၈ပေ ၁၆ ပေခွဲ တစ်လွှာ ၁၀ခန်း အိမ်သာ တစ်လွှာ ၄ခန်း ရေကန် တစ်လွှာ ၁ကန် စီ ပါဝင်မှာဖြစ်ပါတယ် ။

၃။ ဆောက်လုပ်မည့် ပုံစံ
အဆောက်ဦး ၄မျိုးလုံးအတွက် တည်ဆောက်ပုံ တွေက တူညီကြပါတယ် ။

Footing depth က ၄.၅ပေ
Short column က ၄.၅ပေ
Plinth elevation က ၁ပေ
Footing size က 4'x 4'x 1'
Short column size က 12''x12''
Plinth beam က 9''x12''
Long column က 8''x4'' / 6''x3''
Tie beam က 6''x3''
Cross beam က 5''x2'' U beam
Decking sheet 1mm thk
Slab thk က 4''
Boundary wall partition wall အားလုံး ကို ၈ပေါက် လက်အုတ်သုံးပြီးတော့ ကာရံပေးမှာဖြစ်ပါတယ် ။
အတွင်းတစ်ခန်းကို ပြတင်းပေါက် ၁ပေါက်နဲ့ ထောင့်ခန်း တစ်ခန်းကို ပြတင်းပေါက် ပါဝင်မှာပါ ။UPVC ပြတင်း 3'x 3' ပါ။
အိမ်သာအားလုံးကိုလည်း အုတ်ရိုးကာပေးမှာဖြစ်ပါတယ် ။အမိုးဒိုင်းကို 3x1½ hollow နဲ့ ပြုလုပ်ပြီး မျှားတန်း ကိုတော့ 1½x1½ hollow ကို အသုံးပြုမှာပါ ၊ ဆေးကတော့ UPG Unitex ဖြစ်မှာပါ ။
Putty 2coat ၊ Paint 2 coat ပါ ။

၄ ။ကုန်ကျစားရိတ်
အဆောက်ဦးရဲ့ ပုံစံအမျိုးမျိုး ဖြစ်တာကြောင့်ရယ် အကျယ်အဝန်းကိုလည်း client requirement အရ ပြောင်းလဲ နိုင်သေးတာကြောင့်ရယ် ကုန်ကျစားရိတ်ကို PAE rate နဲ့ပဲ ဖော်ပြပေးလိုက်ပါမယ် ။

👉ရေလိုင်းမီးလိုင်း တပ်ဆင်ခြင်း
👉ဆေးသုတ်ခြင်း
👉သတ်မှတ်ထားသောစံချိန်စံညွှန်းအတိုင်း အဆောက်ဦးတည်ဆောက်ခြင်း
👉Design ရေးဆွဲခြင်း
👉မြို့တော်စီပင် ဆောက်လုပ်ခွင့် ပါမစ်ရရှိရန်ဆောင်ရွက်ခြင်းများ အားလုံး ပါဝင်ပြီး

PLINTH တစ်ပေပတ်လည် လျှင် ၃၀၀၀၀ကျပ် ကျသင့်မှာဖြစ်ပါတယ်ရှင်။
တွက်ချက်ပုံကတော့ အလျား x အနံ x အလွှာ x ၃၀၀၀၀ = ? ဖြစ်ပါတယ်။

Asian Plant Construction ရဲ့ အရင်နဲ့မတူတဲ့ အပြောင်းလဲ တစ်ချို့နဲ့ အစီအစဥ်သစ်တစ်ခုကို မိတ်ဆက်ပေးပါရစေ ။ ကျွန်မတို့ Asian Plant စတင်တည်ထောင်ခြင်း ၈ နှစ်ပြည့် အထိန်းအမှတ် အဖြစ် ၁၁. ၁၀. ၂၀၂၂ မှ စတင်ပြီး ကျွန်မတို့ Company အနေနဲ့ #အဆောင်ဆောက်လုပ်လိုသော Client များအတွက် ငွေပေးသွင်းမှုပုံစံကိုပြောင်းလဲ သတ်မှတ်ပြီး Deposite 10% ပေးသွင်းရုံဖြင့် လုပ်ငန်းစတင်နိုင်မယ့် အစီစဥ်သစ်ကို စတင်တော့မှာဖြစ်ပါတယ် ရှင်။

စတင်လုပ်ငန်းအပ်နှံခြင်းစာချုပ်ချုပ်ဆိုချိန်မှာ လုပ်ငန်းတန်ဖိုးရဲ့ ၁၀%ကိုသာ ပေးသွင်းရမှာ ဖြစ်ပြီးတော့ ..Foundation လုပ်ငန်း ပြီးစီး ချိန်တွင်တစ်ကြိမ် ၊ Structure လုပ်ငန်းပြီးစီးချိန်တွင်တစ်ကြိမ် ၊
အုတ်စီချောလုပ်ငန်းပြီးစီးချိန်တွင် တစ်ကြိမ် ၊
ရေမီးဆေး နှင့် တံခါးလုပ်ငန်းများပြီးစီး၍ လုပ်ငန်းပြန်လည်အပ်နှံသော အချိန်တွင် တစ်ကြိမ် စသည်ဖြင့် လုပ်ငန်းပြီးစီးမှုပေါ်မူတည်ပြီး ရာခိုင်နှုန်းအလိုက် လုပ်ငန်းတစ်ပိုင်းပြီးမှ တစ်ကြိမ်ငွေသွင်းပေးချေရမည့် စနစ်ဖြစ်ပါတယ်ရှင်။

ကျွန်မတို့ Asian Plant Construction မှာ လုပ်ငန်းအပ်နှံတဲ့အခါ ငွေပေးချေမှုကို bank transfer နဲ့ 100% ပေးချေနိုင်ပြီးတော့ ရာခိုင်နှုန်းထည့်ပေါင်းတာမျိုး မရှိဘူး ဆိုတာကိုလည်း တစ်ပါတည်း အသိပေးပါရစေ။

Asian Plant Construction ကို ဆက်သွယ်လိုတယ်ဆိုရင်တော့ ဖုန်း ၀၉၇၆၀၂၁၆၁၅၄ နဲ့ ၀၉၇၇၇၅၉၄၂၄၀ တို့ကို ဆက်သွယ်နိုင်ပါတယ်။

ရုံးကိုလာချင်တယ်ဆိုရင်တော့ တိုက် A ၊ အခန်း ၁၀၁ ၊ မေခ - မလိခအိမ်ယာ ၊ လေးထောင့်ကန်လမ်းအနီး သဃ်န်းကျွန်းမြို့နယ်ကို လာရောက်ဆွေးနွေးနိုင်ပါတယ်... Appointment လေးတော့ကြိုယူပေးပါနော် ။အားလုံးပဲ ကျေးဇူးတင်ပါတယ်..ဘေးရန်အပေါင်းမှ ကင်းဝေးကြပါစေရှင် ။

ကျွန်မတို့ Asian Plant Construction က ထပ်မံဆောက်လုပ်ပေးမည့် သာကေတရှိ (၉ ပေ x ၄၀ ပေ) အကျယ်ဝန်းရှိ Steel Structure ၃ ထပ်အိ...
06/12/2022

ကျွန်မတို့ Asian Plant Construction က ထပ်မံဆောက်လုပ်ပေးမည့် သာကေတရှိ (၉ ပေ x ၄၀ ပေ) အကျယ်ဝန်းရှိ Steel Structure ၃ ထပ်အိမ်လေးဖြစ်ပါတယ်ရှင့်။ ​Client ဖက်မှ အကြမ်းထည်သီးသန့်အပ်နှံချင်း ဖြစ်ပီး Plinth Level မြှင့်တာမပါပဲ ၂၉၂၅၀၀၀၀ သိန်းကျသင့်ပါတယ်ရှင့်။

Asian Plant က လက်ရှိ ဝန်ဆောင်မှုပေးနေတဲ့ နှုန်းထားတွေကတော့

RC အကြမ်းထည် ၂၉၀၀၀ကျပ်
RC ရေမီးဆေး အပြီး ၄၄၂၀၀ကျပ်
RC မျက်နှာကျက်ကြွေပြားပါကေးအပြီးစီး ၄၉၅၀၀ နှင့်အထက်ဖြစ်ပါတယ်။

Steel Structure ကတော့

အကြမ်းထည် ၂၅၈၀၀ ကျပ်
ရေမီးဆေး ၃၂၈၀၀ ကျပ်
ကြွေပြားမျက်နှာကျက်နဲ့ ပါကေးအပြီးစီး ကို ၃၇၃၀၀ကျပ်နှင့်အထက် စသည်ဖြင့် ကုန်ကျနိုင်ပါတယ်ရှင်။
Asian Plant Construction ကို ဆက်သွယ်ချင်တယ်ဆိုရင်တော့ ဖုန်း 09777594240 နဲ့ 09760216154 တို့ကို ဆက်သွယ်စုံစမ်းမေးမြန်နိုင်ပါတယ်။

Page Chat box နဲ့ Comment တွေကနေတစ်ဆင့်လည်း အမြန်ဆန်ဆုံး ဖြစ်အောင်ဖြေကြားပေးနေတာကြောင့် Page ကနေတဆင့် အားရပါးရ မေးမြန်းစုံစမ်းလို့လည်း ရပါတယ်ရှင့်....

အောင်ချမ်းသာဆိုဒ် အတွင်း သံဃာတော်များကို ဆွမ်းကပ်လှူပြီးအန္တရာယ်ကင်း ပရိတ်တရားနာယူခဲ့ ကြပါသည်။
03/12/2022

အောင်ချမ်းသာဆိုဒ် အတွင်း သံဃာတော်များကို ဆွမ်းကပ်လှူပြီးအန္တရာယ်ကင်း ပရိတ်တရားနာယူခဲ့ ကြပါသည်။

ကိုယ့် အိမ် အတွင်းပိုင်းလေးတွေကို ပြင်ဆင်တဲ့နေရာမှာ အထောက်အကူရအောင် Interior Design Sample လေးတွေ တင်ပေးလိုက်ပါတယ်ရှင့်။...
15/11/2022

ကိုယ့် အိမ် အတွင်းပိုင်းလေးတွေကို ပြင်ဆင်တဲ့နေရာမှာ အထောက်အကူရအောင် Interior Design Sample လေးတွေ တင်ပေးလိုက်ပါတယ်ရှင့်။

Photo Reference - Engineering Discoveries

တောင်ဥက္ကလာ ၅ ရပ်ကွက် ဆိုဒ်မှာရေလိုင်း၊မီးလိုင်း၊မျက်နှာကျပ် Frame တပ်ဆင်ခြင်းလုပ်ငန်းများဆောက်ရွက်နေပုံများဖြစ်ပါသည်ရှင...
13/11/2022

တောင်ဥက္ကလာ ၅ ရပ်ကွက် ဆိုဒ်မှာရေလိုင်း၊မီးလိုင်း၊မျက်နှာကျပ် Frame တပ်ဆင်ခြင်းလုပ်ငန်းများဆောက်ရွက်နေပုံများဖြစ်ပါသည်ရှင့်။

Asian Plant က လက်ရှိ ဝန်ဆောင်မှုပေးနေတဲ့ နှုန်းထားတွေကတော့

RC အကြမ်းထည် ၂၉၀၀၀ကျပ်

RC ရေမီးဆေး အပြီး ၄၄၂၀၀ကျပ်

RC မျက်နှာကျက်ကြွေပြားပါကေးအပြီးစီး ၄၉၅၀၀ နှင့်အထက်ဖြစ်ပါတယ်။

Steel Structure ကတော့

အကြမ်းထည် ၂၅၈၀၀ ကျပ်

ရေမီးဆေး ၃၂၈၀၀ ကျပ်

ကြွေပြားမျက်နှာကျက်နဲ့ ပါကေးအပြီးစီး ကို ၃၇၃၀၀ကျပ်နှင့်အထက် စသည်ဖြင့် ကုန်ကျနိုင်ပါတယ်ရှင်။

Asian Plant Construction ကို ဆက်သွယ်ချင်တယ်ဆိုရင်တော့ ဖုန်း 09777594240 နဲ့ 09760216154 တို့ကို ဆက်သွယ်စုံစမ်းမေးမြန်နိုင်ပါတယ်။

Page Chat box နဲ့ Comment တွေကနေတစ်ဆင့်လည်း အမြန်ဆန်ဆုံး ဖြစ်အောင်ဖြေကြားပေးနေတာကြောင့် Page ကနေတဆင့် အားရပါးရ မေးမြန်းစုံစမ်းလို့လည်း ရပါတယ်ရှင့်...

Asian Plant ကဆောက်လုပ်ခဲ့တဲ့ Project တွေထဲက..လူကြိုက်များပြီး..စိတ်ဝင်စားတဲ့..မြောက်ဒဂုံ ၄၇ ရပ်ကွက် က ၁၇ ပေ x ၄၅ ပေ အကျယ...
08/11/2022

Asian Plant ကဆောက်လုပ်ခဲ့တဲ့ Project တွေထဲက..လူကြိုက်များပြီး..စိတ်ဝင်စားတဲ့..မြောက်ဒဂုံ ၄၇ ရပ်ကွက် က ၁၇ ပေ x ၄၅ ပေ အကျယ်ရှိ အိမ်လေးရဲ့ထပ်ခိုးပုံစံလေးကိုသေချာသိချင်ကြတယ်ဆိုလို့..Design လေးကိုပြန်ရှာပြီးတင်ပေးလိုက်ပါတယ်...Design နဲ့ ပြီးစီးအိမ်ပုံစံလေးကတော့..ဆောက်နေစဥ်..အပြောင်းအလဲလေးတွေလုပ်ဖြစ်လို့အနည်းငယ်ကွာခြားသွားပေမယ့်...အနောက်ထပ်ခိုးထုတ်ထားတဲ့ပုံစံလေးတော့သေချာလေးလေ့လာလို့ရမယ်လို့.မျှော်လင့်ပါတယ်ရှင်။

အောက်ထပ် မီးဖိုခန်း ၁၇ပေ x ၁၁ပေ ရဲ့ အပေါ်ကို ထပ်ခိုးထပ် ပုံစံ အလွှာတိုးတင်ထားတာဖြစ်လို့ တစ်ထပ်ခွဲ အပြည့်လည်း မဟုတ် ကုန်ကျစားရိတ်လည်း သက်သာပြီး နေရာလည်းပိုရပါတယ်ရှင့် ။
အောက်ထပ်မှာတော့ အိပ်ခန်း ၂ခန်း ပါဝင်ပါတယ် ၁၀ပေ x ၁၄ပေ တစ်ခန်း ၁၀ပေ ပတ်လည်တစ်ခန်း ဖြစ်ပါတယ်။

ဘုရားခန်းနဲ့ ဧည့်ခန်းကတော့ တွဲလျက်ဖြစ်ပြီးတော့ ရေချိုးခန်းနဲ့ အိမ်သာကတော့ မီးဖိုခန်းတည်းမှာ တစ်ခန်းစီပါရှိပါတယ်။

ပါဝင်တဲ့ဝန်ဆောင်မှုတွေကတော့

အဆောက်ဦးအကြမ်းထည်လုပ်ငန်း
ရေလိုင်းမီးလိုင်းများတပ်ဆင်ခြင်း
မိလ္လာကန်တည်ဆောက်ခြင်း
ရေလှောင်ကန်ငယ် တည်ဆောက်ခြင်း
ခြံတွင်းကျောက်လောင်းခြင်း
ခြံစည်းရိုးနှင့်ဝန်းတံခါးတပ်ဆင်ခြင်း
မျက်နှာကျက်တပ်ဆင်ခြင်း
ဆေးသုတ်ခြင်း
ခြေကျော်တံခါး​များတပ်ဆင်ခြင်း
ပြတင်းတံခါးများတပ်ဆင်ခြင်း
ကြမ်းခင်းပါကေးခင်းခြင်း
အိမ်အဝင်တံခါးကြီးနဲ့ မီးဖိုခန်းကနေ အပြင်ထွက်တဲ့ တံခါးတွေကိုတော့ ကျွန်းတံခါးတွေ အသုံးပြုထားပေးပြီးတော့ အိပ်ခန်းတံခါးတွေကတော့ သံတံခါးတွေဖြစ်ပါတယ်။

ရေချိုးခန်းအိမ်သာတံခါးနဲ့ ပြတင်းပေါက်အားလုံးကိုတော့ UPVC တံခါးများတပ်ဆင်ပေးထားပါတယ် ။

ဒီအိမ်လေးရဲ့စုစုပေါင်းကုန်ကျစားရိတ်ကတော့ ၃၅၅ သိန်း ဖြစ်ပြီး ​အသင့်နေထိုင်လို့ရတဲ့ အဆင့် ဆောက်လုပ်ပေးထားတဲ့ Steel Structure တစ်ထပ်ခွဲ အိမ်လေးဖြစ်ပါတယ် ။

Asian Plant က လက်ရှိ ဝန်ဆောင်မှုပေးနေတဲ့ နှုန်းထားတွေကတော့

RC အကြမ်းထည် ၂၉၀၀၀ကျပ်

RC ရေမီးဆေး အပြီး ၄၄၂၀၀ကျပ်

RC မျက်နှာကျက်ကြွေပြားပါကေးအပြီးစီး ၄၉၅၀၀ နှင့်အထက်ဖြစ်ပါတယ်။

Steel Structure ကတော့

အကြမ်းထည် ၂၅၈၀၀ ကျပ်

ရေမီးဆေး ၃၂၈၀၀ ကျပ်

ကြွေပြားမျက်နှာကျက်နဲ့ ပါကေးအပြီးစီး ကို ၃၇၃၀၀ကျပ်နှင့်အထက် စသည်ဖြင့် ကုန်ကျနိုင်ပါတယ်ရှင်။

Asian Plant Construction ကို ဆက်သွယ်ချင်တယ်ဆိုရင်တော့ ဖုန်း 09777594240 နဲ့ 09760216154 တို့ကို ဆက်သွယ်စုံစမ်းမေးမြန်နိုင်ပါတယ်။

Page Chat box နဲ့ Comment တွေကနေတစ်ဆင့်လည်း အမြန်ဆန်ဆုံး ဖြစ်အောင်ဖြေကြားပေးနေတာကြောင့် Page ကနေတဆင့် အားရပါးရ မေးမြန်းစုံစမ်းလို့လည်း ရပါတယ်ရှင့်...

ကျွန်မတို့ ဆောက်လုပ်အပ်နှံခဲ့တဲ့ အရှေ့ဒဂုံ ၁၅ရပ်ကွက်က အိမ်ကလေးအကြောင်းပြောပြပေးချင်လို့ပါရှင်.... အိမ်အကျယ်အဝန်း က စုစုပ...
07/11/2022

ကျွန်မတို့ ဆောက်လုပ်အပ်နှံခဲ့တဲ့ အရှေ့ဒဂုံ ၁၅
ရပ်ကွက်က အိမ်ကလေးအကြောင်းပြောပြပေးချင်လို့ပါရှင်....

အိမ်အကျယ်အဝန်း က စုစုပေါင်း ၁၈ပေ x ၃၃ပေ ၂ထပ် Slab Roof ဖြစ်ပါတယ် ။ ဆောက်လုပ်တဲ့ Structure ကတော့ Steel Structure ဖြစ်ပါတယ် ။ ပုံမှန်လို မျက်နှာဝ ကျဥ်းမဟုတ်ပဲ ၃၃ပေ ကို မျက်နှာဖွင့်ထားတာဖြစ်ပါတယ် ။ အောက်ထပ်မှာ အိမ်ရဲ့ အကျယ်အဝန်း ၃၃ပေ x ၁၅ပေ ရဲ့မျက်နှာစာမှာ ဝရန်တာကို သံပန်းအပြည့် တပ်ဆင်ထားပြီးတော့ အတွင်းထဲမှာတော့ ၉ပေ ခွဲ x ၆ပေ ခွဲ အိပ်ခန်းတစ်ခန်း ရယ် ၇ပေ x ၁၈ပေ မီးဖိုခန်း မှာ အိမ်သာရေချိုးခန်းတွဲလျက်တစ်ခန်းကို ထည့်သွင်းပေးထားပါတယ် ။ အပေါ်ထပ်ကိုတော့ ဧည့်ခန်းကနေ လှေကားနဲ့တတ်ပြီးတော့ အပေါ်ထပ်မှာတော့ အခန်းဖွဲ့ မရှိပဲ တစ်ထပ်လုံးက Master Bedroom လိုဖြစ်နေတာဖြစ်ပါတယ် ။ အပေါ်ဆုံး Roof Top ကို တတ်ဖို့အတွက်ကို တံခါးတစ်ချပ်နဲ့ အပြင်ဝရန်တာကနေ connect လုပ်ပေးထားပြီးတော့အနောက်ဘက် လှေကားကနေ တတ်ရတာဖြစ်ပါတယ် ။ အောက်ထပ် အိမ်အပြင်ဘက်ကနေပြီးတော့လည်း Roof Top ကို သွားဖို့ လှေကားတစ်ဆင်းနဲ့ ချိတ်ဆက်ပေးထားပါသေးတယ် ။ အသေးစိတ်ကို Design နဲ့ တစ်ကွဖော်ပြပေးလိုက်ပါတယ်ရှင်.။

ကုန်ကျစားရိတ်အနေနဲ့ကတော့ ရေမီးဆေး အပြီးစီး အပြင် မျက်နှာကျက်နဲ့ ကြွေပြားခင်းခြင်းအပြီးစီးကို စုစုပေါင်း ၃၃၆သိန်း ဖြစ်ပါတယ် ။ လက်ရှိ ဆောက်မယ်ဆိုရင်တော့ ပစ္စည်းစျေးတွေ တက်သွားတာကြောင့် ၅၅၄ သိန်း ကျသင့်ပါ့မယ်..Steel Structure အစား RC နှင့် ဆောက်မယ် ဆိုရင်တော့အားလုံးအပြီးစီး လက်တင်နေရုံလေးဆိုရင် ၇၃၅
သိန်း ကျသင့်မှာဖြစ်ပါတယ် ။ ပုံလေးတွေမှာ အသေးစိတ်ကြည့်ရှုပေးကြပါဦးနော် ။

Asian Plant က လက်ရှိ ဝန်ဆောင်မှုပေးနေတဲ့ နှုန်းထားတွေကတော့

RC အကြမ်းထည် ၂၉၀၀၀ကျပ်

RC ရေမီးဆေး အပြီး ၄၄၂၀၀ကျပ်

RC မျက်နှာကျက်ကြွေပြားပါကေးအပြီးစီး ၄၉၅၀၀ နှင့်အထက်ဖြစ်ပါတယ်။

Steel Structure ကတော့

အကြမ်းထည် ၂၅၈၀၀ ကျပ်

ရေမီးဆေး ၃၂၈၀၀ ကျပ်

ကြွေပြားမျက်နှာကျက်နဲ့ ပါကေးအပြီးစီး ကို ၃၇၃၀၀ကျပ်နှင့်အထက် စသည်ဖြင့် ကုန်ကျနိုင်ပါတယ်ရှင်။

Asian Plant Construction ကို ဆက်သွယ်ချင်တယ်ဆိုရင်တော့ ဖုန်း 09777594240 နဲ့ 09760216154 တို့ကို ဆက်သွယ်စုံစမ်းမေးမြန်နိုင်ပါတယ်။

Page Chat box နဲ့ Comment တွေကနေတစ်ဆင့်လည်း အမြန်ဆန်ဆုံး ဖြစ်အောင်ဖြေကြားပေးနေတာကြောင့် Page ကနေတဆင့် အားရပါးရ မေးမြန်းစုံစမ်းလို့လည်း ရပါတယ်ရှင့်...

မဂ်လာပါရှင် ကျွန်မတို့ Asian Plant Construction က တာဝန်ယူ တည်ဆောက်ပေးခဲ့တဲ့ Steel Structure နှစ်ထပ် အိမ်လေးအကြောင်း တင်ပ...
03/11/2022

မဂ်လာပါရှင်

ကျွန်မတို့ Asian Plant Construction က တာဝန်ယူ တည်ဆောက်ပေးခဲ့တဲ့ Steel Structure နှစ်ထပ် အိမ်လေးအကြောင်း တင်ပြပေးလိုက်ပါတယ် ။

အိမ်ရဲ့ အရွယ်အစားကတော့ ၁၂ပေ x ၄၂ပေ ရှိတဲ့ နှစ်ထပ်အိမ်ဖြစ်ပါတယ် ။‌အိမ်ရဲ့ အတွင်းပိုင်းမှာတော့ အောက်ထပ်မှာ မီးဖိုခန်း ထမင်းစားခန်းနဲ့ ဧည့်ခန်း ပါဝင်ပြီး ရေချိုးခန်းအိမ်သာ တစ်စုံ ပါဝင်ပါတယ်၊ အပေါ်ထပ်မှာတော့ Master Bed တစ်ခန်း နဲ့ Common Bedroom အခန်းကျယ်တစ်ခန်း ပါဝင်ပြီးတော့ ဘုရားကျောင်းဆောင်နေရာကိုတော့ အိမ်ဧရိယာရဲ့ အပြင်ဘက်ကို အစွန်ထုတ်ပေးထားပါတယ် ။ အပေါ်ထပ်ရဲ့ အကျယ်အဝန်းက ၁၂ပေ x ၄၆ပေ ရှိပါတယ် ။

ပါဝင်တဲ့ Facilities တွေကတော့ ရေ၊မီး၊ဆေး ၊ ကြွေပြားခင်း ၊ မျက်နှာကျက်တပ်ဆင်တာတွေ ခြေကျော်တံခါးအားလုံးကျွန်းတံခါးတပ်ဆင်တာ ပြတင်းပေါက်များကို Aluminium PC White Frame နဲ့ 6mm Glass ပြတင်းပေါက်များတပ်ဆင်တာတွေ ပါဝင်ပါတယ်။ အိမ်သုတ်ဆေးကိုတော့ Orient ဆေးသုံးပေးခဲ့ပါတယ်ရှင် ။ အပ်နှံခဲ့တဲ့အချိန်တုန်းကတော့ ၂၉၅ သိန်း ကျသင့်တဲ့ ဒီအိမ်လေးကို အသင့်နေထိုင်လို့ရတဲ့ အဆင့်အထိ ဆောင်ရွက်ပေးခဲ့ပြီး အခုချိန်မှာအပ်မယ်ဆိုပါက
၃၉၄ သိန်းကျသင့်မှာဖြစ်ပါတယ်။

မိမိလိုချင်တဲ့ အိမ်အကျယ်အဝန်း...ဝန်ဆောင်မှု
ပေါ် မူတည်ပြီး စျေးနှုန်း အတိုးအလျော့ ဖြစ်နိုင်တာပေါ့နော် ။

Asian Plant က လက်ရှိ ဝန်ဆောင်မှုပေးနေတဲ့ နှုန်းထားတွေကတော့

RC အကြမ်းထည် ၂၉၀၀၀ကျပ်

RC ရေမီးဆေး အပြီး ၄၄၂၀၀ကျပ်

RC မျက်နှာကျက်ကြွေပြားပါကေးအပြီးစီး ၄၉၅၀၀ နှင့်အထက်ဖြစ်ပါတယ်။

Steel Structure ကတော့

အကြမ်းထည် ၂၅၈၀၀ ကျပ်

ရေမီးဆေး ၃၂၈၀၀ ကျပ်

ကြွေပြားမျက်နှာကျက်နဲ့ ပါကေးအပြီးစီး ကို ၃၇၃၀၀ကျပ်နှင့်အထက် စသည်ဖြင့် ကုန်ကျနိုင်ပါတယ်ရှင်။

Asian Plant Construction ကို ဆက်သွယ်ချင်တယ်ဆိုရင်တော့ ဖုန်း 09777594240 နဲ့ 09760216154 တို့ကို ဆက်သွယ်စုံစမ်းမေးမြန်နိုင်ပါတယ်။

Page Chat box နဲ့ Comment တွေကနေတစ်ဆင့်လည်း အမြန်ဆန်ဆုံး ဖြစ်အောင်ဖြေကြားပေးနေတာကြောင့် Page ကနေတဆင့် အားရပါးရ မေးမြန်းစုံစမ်းလို့လည်း ရပါတယ်ရှင့်...

မြောက်ဒဂုံ မှာဆောက်လုပ်ခဲ့တဲ့ RC တစ်ထပ်လုံးချင်းလေးရဲ့ စျေးနှုန်းအပြောင်းအလဲလေးကိုလည်းတင်ပေးလိုက်ပါတယ်ရှင်။ဒီအိမ်လေးကိုရ...
28/10/2022

မြောက်ဒဂုံ မှာဆောက်လုပ်ခဲ့တဲ့ RC တစ်ထပ်လုံးချင်းလေးရဲ့ စျေးနှုန်းအပြောင်းအလဲလေးကိုလည်းတင်ပေးလိုက်ပါတယ်ရှင်။

ဒီအိမ်လေးကိုရေမီးဆေးအပြီးစီးအပြင်ကို မျက်နှာကျက်အလှဆင်တာ ကြွေပြားကြမ်းခင်း ခင်းတာတွေပါအပြီးစီးလုပ်ပေးထားပါတယ်။ဆေးကတော့ Jotun ဆေးသုံးပေးထားလို့ အရောင်အသွေးက အမိုက်စားဖြစ်နေတာပေါ့ (ကိုယ့်ဘာသာကို မိုက်တယ်ပေါ့😁😁😁) Jotun colour သုံးတဲ့အတွက် အရောင်ရွေးရတာတော်တော်လေး အဆင်ပြေတယ် ရွေးစရာများတယ်ပေါ့နော်။မီးလိုင်းဆိုရင်လည်း လိုင်းပျောက်ရိုက်ပေးထားတယ် ။ Ceiling မှာ Track light ထည့်ပေးထားပြီးတော့ Down light လေးတွေ အားဖြည့်ပေးထားတော့ ဧည့်ခန်း မှာရော အိပ်ခန်းတွေမှာပါ ကိုယ်ကြိုက်သလို အသုံးပြုနိုင်တယ် ဆိုလိုတာက အလင်းအားကြီးတာမကြိုက်ဘူးဆိုရင် အခန်းမီးကြီး မသုံးပဲ Track light သို့မဟုတ် Down light ပဲ ထွန်းထားပြီး နေလို့ရအောင် Switch တွေကို ခွဲပေးထားတယ် ဘုရားခန်းမှာဆိုလည်း ဘုရားကျောင်းဆောင်ကို မျက်နှာကျက်ကနေ ဆွဲတန်း Sliding တန်းလေးနဲ့ မီးချပေးထားပါတယ် ။ ပြီးတော့ မီးအဖွင့်အပိတ် Switch အားလုံးကို Remote control ရော ရိုးရိုး ခလုပ်ရော နှစ်မျိုးသုံး တပ်ဆင်ပေးထားတာမို့ အသုံးပြုရတာ အတော်လေး comfort ဖြစ်ပါတယ်။

ရေလိုင်းကတော့ အဝီစိတွင်းကနေ စမောင်းတင်တဲ့ရေကို စစ်ဖို့ ရေစစ်ကန်တစ်ကန် အိမ်ရှေမှာထားပြီးတော့ မှာ အဲ့ဒီ့ကနေတစ်ဆင့် Overhead Tank ကို ပြန်ပြီးပို့ပေးထားပါတယ် ။ ရေအဆင်းကောင်းဖို့အတွက်ကို overhead က အထွက်မှာ auto pump တစ်လုံးထိုင်ပြီးတော့မှ အသုံးပြုမယ့် လိုင်းအားလုံးကို ပြန်ပို့ပေးထားတာပါ။အိမ်ရဲ့ အကျယ်အဝန်းက ပေ ၂၀ x ၄၅ ပေ ကျယ်ဝန်းပြီးတော့ Common Bedroom တစ်ခန်း၊ Master bedroom တစ်ခန်း၊ဘုရားခန်းတစ်ခန်းနဲ့ မီးဖိုခန်း ပါဝင်ပါတယ် ။WC ကတော့ Master bedroom ထဲမှာ တစ်ခန်း နဲ့ မီးဖိုခန်းထဲမှာ Common use တစ်ခန်း ပါပါတယ်။
အိမ်ရဲ့ Plinth ကို ခြံတွင်းမြေအနေအထားအရ ၂ပေ မြှင့်တင်ပေးထားရပြီးတော့ ခြံတွင်း အပြည့် မြေဖို့ ထားတာဖြစ်ပါတယ်။ခြံစည်းရိုးတံခါးနှစ်ပေါက်ရှိပြီးတော့ ကားဝင်ပေါက်တံခါးက ၁၅ပေ နဲ့ လူဝင်ပေါက်တံခါး၅ပေ ပြုလုပ်ပေးထားပါတယ် ။အိမ်ဆောက်တာ ခြံခတ်တာ မြေဖို့တာ စုစုပေါင်းရဲ့ ကုန်ကျစားရိတ်က လက်ရှိ ကုန်ကျစားရိတ်အနေနဲ့ဆိုရင် ယခင်လုပ်အပ်နှံစဥ်က ၄၂၂သိန်းလောက် ကုန်ကျပြီး ယခု မြင့်တက်လာတဲ့ ကုန်စျေးနှုန်းအရ ၅၇၄ သိန်း ဖြစ်သွားမှာဖြစ်ပါတယ်။ ခုနက အပိုဆောင်း ကုန်ကျစားရိတ် တွေဖယ်ပြီး အိမ်အလုံးသီးသန့်ကုန်ကျစားရိတ်ဆိုရင်တော့.. ၄၄၅ သိန်းကျသင့်မှာဖြစ်ပါတယ်ရှင် ။

မိမိလိုချင်တဲ့ အိမ်အကျယ်အဝန်း...ဝန်ဆောင်မှု
ပေါ် မူတည်ပြီး စျေးနှုန်း အတိုးအလျော့ ဖြစ်နိုင်တာပေါ့နော် ။

Asian Plant က လက်ရှိ ဝန်ဆောင်မှုပေးနေတဲ့ နှုန်းထားတွေကတော့

RC အကြမ်းထည် ၂၉၀၀၀ကျပ်

RC ရေမီးဆေး အပြီး ၄၄၂၀၀ကျပ်

RC မျက်နှာကျက်ကြွေပြားပါကေးအပြီးစီး ၄၉၅၀၀ နှင့်အထက်ဖြစ်ပါတယ်။

Steel Structure ကတော့

အကြမ်းထည် ၂၅၈၀၀ ကျပ်

ရေမီးဆေး ၃၂၈၀၀ ကျပ်

ကြွေပြားမျက်နှာကျက်နဲ့ ပါကေးအပြီးစီး ကို ၃၇၃၀၀ကျပ်နှင့်အထက် စသည်ဖြင့် ကုန်ကျနိုင်ပါတယ်ရှင်။

Asian Plant Construction ကို ဆက်သွယ်ချင်တယ်ဆိုရင်တော့ ဖုန်း 09777594240 နဲ့ 09760216154 တို့ကို ဆက်သွယ်စုံစမ်းမေးမြန်နိုင်ပါတယ်။

Page Chat box နဲ့ Comment တွေကနေတစ်ဆင့်လည်း အမြန်ဆန်ဆုံး ဖြစ်အောင်ဖြေကြားပေးနေတာကြောင့် Page ကနေတဆင့် အားရပါးရ မေးမြန်းစုံစမ်းလို့လည်း ရပါတယ်ရှင့်....

ကျွန်မတို့ Asian Plant Construction က ထပ်မံဆောက်လုပ်ပေးမည့် သန်လျင်ရှိ (၁၇ ပေ x ၄၃ ပေ) အကျယ်ဝန်းရှိ Steel Structure တစ်ထ...
27/10/2022

ကျွန်မတို့ Asian Plant Construction က ထပ်မံဆောက်လုပ်ပေးမည့် သန်လျင်ရှိ (၁၇ ပေ x ၄၃ ပေ) အကျယ်ဝန်းရှိ Steel Structure တစ်ထပ်အိမ်လေးဖြစ်ပါတယ်ရှင့်။ လုပ်ငန်းတန်ဖိုးမှာ ထပ်တိုးလုပ်ကွက်များမပါပဲ ရေ၊မီး၊ဆေး၊ကြမ်းခင်း၊ကြွေပြား၊မျက်နှာကျပ်အပါကို ၂၇၄ သိန်းကျသင့်ပါတယ်ရှင့်။

Asian Plant က လက်ရှိ ဝန်ဆောင်မှုပေးနေတဲ့ နှုန်းထားတွေကတော့

RC အကြမ်းထည် ၂၉၀၀၀ကျပ်
RC ရေမီးဆေး အပြီး ၄၄၂၀၀ကျပ်
RC မျက်နှာကျက်ကြွေပြားပါကေးအပြီးစီး ၄၉၅၀၀ နှင့်အထက်ဖြစ်ပါတယ်။

Steel Structure ကတော့

အကြမ်းထည် ၂၅၈၀၀ ကျပ်
ရေမီးဆေး ၃၂၈၀၀ ကျပ်
ကြွေပြားမျက်နှာကျက်နဲ့ ပါကေးအပြီးစီး ကို ၃၇၃၀၀ကျပ်နှင့်အထက် စသည်ဖြင့် ကုန်ကျနိုင်ပါတယ်ရှင်။
Asian Plant Construction ကို ဆက်သွယ်ချင်တယ်ဆိုရင်တော့ ဖုန်း 09777594240 နဲ့ 09760216154 တို့ကို ဆက်သွယ်စုံစမ်းမေးမြန်နိုင်ပါတယ်။

Page Chat box နဲ့ Comment တွေကနေတစ်ဆင့်လည်း အမြန်ဆန်ဆုံး ဖြစ်အောင်ဖြေကြားပေးနေတာကြောင့် Page ကနေတဆင့် အားရပါးရ မေးမြန်းစုံစမ်းလို့လည်း ရပါတယ်ရှင့်....

Address

No. 101/A , May Kha-Malikha Housing , Near Laydaung Kan Road , Bawamyint Bus Stop , Thingangyun Township
Yangon
11181

Opening Hours

Monday 08:30 - 17:30
Tuesday 08:30 - 17:30
Wednesday 08:30 - 17:30
Thursday 08:30 - 17:30
Friday 08:30 - 17:30
Saturday 08:30 - 17:30

Alerts

Be the first to know and let us send you an email when Asian Plant Construction Co.,Ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share