22/05/2020
*Tactile Paving*
#ကိုရီးယားအမှတ်တရ_၂
------------------------
ဒီမှာက လူကိုဦးစားပေးတယ်ပြောရမလား...
ကျနော်တို့ နိုင်ငံနဲ့ ကွာတာလေး ပြောပြဦးမယ်...
အမြဲတမ်းသွားလာ ရောက်ဖူးနေတဲ့သူတွေကတော့ မဖတ်ချင်လည်း ကျော်သွားကြပါ....
မြို့ထဲလမ်းမဖြစ်ဖြစ် ရပ်ကွက်ထဲကလမ်းမှာဖြစ်ဖြစ် လူကူးမျဉ်းကြားတွေ လမ်းတိုင်းနဲ့ မီးပွိုင့်တိုင်းမှာ ရှိတယ်...
လမ်းကူးတဲ့သူတွေကလည်း ကြုံသလို တွေ့တဲ့နေရာက မကူးဘူး... မျဉ်းကြားနေရာကပဲ ကူးကြတယ်... ကူးတဲ့နေရာမှာလည်း လူရုပ်ပုံလေးနီနေရင် ရပ်စောင့်နေကြတယ်.. လူရုပ်ပုံစိမ်းမှ ကူးတယ်.. လူရုပ်ပုံနီနေချိန် ကားမလာလည်း ရပ်စောင့်နေတာပဲ.. ကူးလို့ရတာပဲဆိုပြီး မကူးဘူး...
ကားတွေကလည်း မျဉ်းကြားနေရာရောက်ရင် ရပ်ပေးတယ်.... လူရုပ်ပုံမရှိတဲ့ မျဉ်းကြားနေရာတွေမှာ လူကူးနေရင် လူကိုဦးစားပေးပြီး စောင့်တယ်...
အရှိန်နဲ့မောင်းလာလို့ မျဉ်းကြားမှာ လူကူးနေတုန်း ကားက မျဉ်းကြားပေါ် အစွန်းလေးရောက်သွားရင်တောင် တောင်းပန်ပါတယ်ဆိုတဲ့ အမူအရာနဲ့ ကားကို နောက်ပြန်ဆုတ်ပေးတယ်..
ကျနော်တို့ဆီမှာဆိုရင်တော့ ကားသမားဆီကနေ သေသွားချင်လို့လား.. ကားတစ်စီးလုံးလာနေတာတာင် မမြင်ဘူးလား.. ဆဲဆိုခံလိုက်ရတဲ့ အဖြစ်တွေ ကြုံဘူးကြမှာပါ...
နောက်တစ်ခုက Disabled တွေအတွက်လည်း အရမ်းကို ဦးစားပေးထားတာ တွေ့ရတယ်... လူကူးမျဉ်းကြားတစ်ခုစီတိုင်းမှာ Disabled တွေအတွက် လျှောက်လမ်းနဲ့ Bell ခလုတ်လေး တပ်ပေးထားတယ်...
အဲဒီ Bell ကို တွေ့မိတော့ ဒီဟာက Alarm အတွက်ဖြစ်မယ်ဆိုပြီး ထင်မိတာ.. အရေးပေါ်ကူးချင်ရင် ဒါကိုနှိပ်ပြီး ကူးတာလားမသိဘူးပေါ့.. တော်သေးတယ် သွားမနှိပ်မိလို့ .. နှိပ်မိရင် Disabled လို့ ထင်သွားနိုင်တယ်..
Disabled တွေမှာ မျက်မမြင်တွေအတွက် လမ်းတိုင်းမှာ လျှောက်လမ်းလုပ်ပေးထားတယ်.. အဝါရောင် အဖုလေးတွေနဲ့ ... အဖုလေးတွေပါတဲ့နေရာနဲ့ ကန့်လန့်မြောင်းလေးတွေပါတဲ့နေရာ ဆုံပြီဆိုရင်လမ်းမနဲ့ လူကူးမျဉ်းကြား(သို့မဟုတ်) ၀င်ပေါက်/ ထွက်ပေါက်နေရာတွေ ဖြစ်တယ်... မျက်မမြင်တွေက အဖေါ်မပါဘဲ လမ်းလျှောက်ရင်တောင် ဒီလိုအမှတ်အသားတွေကနေတဆင့် သွားလာကြတာ...
ဒီလိုအဝါရောင်လမ်းကနေ အဖုလေးတွေနဲ့ လူရှင်းတယ်ဆိုပြီး သွားမလျှောက်လေနဲ့... Disabled ထင်သွားဦးမယ်...
(ကိုရီးယားရောက်တုန်းက အဖုလေးတွေပါတဲ့ အဝါရောင်လမ်းပေါ်ကနေ လျှောက်မိသွားရင်း မေးကြည့်မိကာမှ ဗဟုသုတအနေနဲ့ ရေးတင်မိပါသည်... 😄😆😄😆)
Maung Naing