09/02/2024
for Beginner
📌Database ဆိုတာ ဘာလဲ?
Database ဆိုတာ ဘာလဲလို့အရင်ရှင်းပြချင်ပါတယ်။
Database ဆိုတဲ့စကားလုံးကတော့ IT သမားတိုင်းနဲ့တော့ မစိမ်းဘူးလို့ထင်ပါတယ်။
ဒါပေမဲ့ ခုမှ စလေ့လာမယ့်သူဆိုရင်တော့ 🤔ဘာလဲဆိုပြီး ဖြစ်နေလောက်မဲ့ စကားလုံးလေးတစ်လုံးပါပဲ။
ဒါဆို ဒီနေ့မှာ Database ရဲ့ အကြောင်းလေး နားလည်သွားအောင် ပြောပြပေးသွားပါမယ်နော်။
👉Database ဆိုတာကတော့ ကွန်ပျူတာမှာ electronic စနစ်နဲ့ data တွေကို သိမ်းဆည်းထားပေးခြင်းကို ခေါ်ပါတယ်
👉Database ကို Database စီမံခန့်ခွဲမှုစနစ် DBMS က ထိန်းချုပ်ထားပါတယ်
DBMS ဆိုတာ အရှည်ကတော့ " Database Management System " ပဲဖြစ်ပါတယ်...
တကယ်တော့ သူက Computerized data keeping system တစ်ခုပေါ့နော်.
👉DBMS ကို သုံးခြင်းအားဖြင့် userတွေပေးလိုက်တဲ့ Instructions တွေကို လျင်မြန်စွာ အကြောင်းပြန်လာနိုင်မှာ ဖြစ်ပါတယ်
👉Data Sharing, Data security တို့ကို ပိုမိုကောင်းမွန် စေပါတယ်
👉Data တွေ ပေါင်းစပ်တဲ့ အခါမှာလဲ ပိုမို ထိရောက်စေပါတယ်
👉Data တွေကို Storage, Management တို့ကိုလဲ ပိုမို ကောင်းမွန်စေပါတယ်
📌ကဲ ဒါဆို Database က ဘာတွေနဲ့ ဖွဲ့စည်းထားတာလဲဆိုတာလဲ ထပ်ရှင်းပြပေးပါမယ်နော်..
👉Database လို့ ပြောရင် Tableတွေကို အရင် ပြေးမြင်လိုက်ပါနော်.
သူဟာ Data တွေကို Tableတွေနဲ့ သိမ်းဆည်းထားပြီးတော့ Table တစ်ခုမှာ Row နဲ Columnတွေပါဝင်ပါတယ်။
👉Programရေးတဲ့ နေရာမှာ Databaseတွေဟာ မပါမဖြစ်ပါဘဲ သူတို့မပါဘဲ Dataတွေ သိမ်းလို့ မရသလို ပြန်ထုတ်လို့လဲ မရပါဘူး။
👉အဲ့ database တွေတည်ဆောက်ပြီး SQL (Structured Query Language) ဖြင့် data တွေကို လိုအပ်သလိုရယူဖို့အတွက် စနစ်တကျသေချာရေးသားရပါတယ်။
✔️ဒီလောက်လေးပဲလားလို့တော့ မထင်လိုက်ပါနဲ့နော် ဒါကတော့ overviewပြောပြပေးတာပါ..
✔️စလေ့လာတဲ့အခါမှာတော့ လွယ်ပေမယ့် တစ်ချို့ဟာတွေကျရင်တော့ အချိန်ပေးပြီး လေ့လာရပါတယ်။
📌အဆင့်လိုက် ဘာတွေသိထားရမလဲဆိုရင်တော့ -
👉SELECT, WHERE, ORDER
ဒါတွေကတော့ စစချင်းမှာ Table ဆိုတဲ့ concept သိဖို့နဲ့ Select လုပ်တတ်၊ filter လုပ်တတ်၊ order လုပ်တတ်ရင် ရပါပြီ။
👉Grouping and Aggregation
✔️Grouping concept တွေ သိရမယ်၊ Group လုပ်ပြီးရင် Group လုပ်ထားတဲ့ Data တွေကို ပြန်တွက်ထုတ်ရတဲ့ MIN, MAX, COUNT, SUM စတဲ့ Aggregation တွေကို သိရမယ်။
👉Normalization and Data Integrity
✔️Table တွေ ဘာကြောင့်ခွဲပြီးလုပ်တယ်။ 1NF, 2NF, 3NF စတာတွေ သိရတော့မယ်။ ပြီးရင် Data Integrity အတွက် Primary Key, Foreign Key စတာတွေ သိရမယ်။ ဒီဟာတွေက Theory တွေဆိုပေမယ့် လက်တွေ့မှာလည်း တစ်ကယ် အသုံးဝင်တော့ သေချာနားလည်ထားဖို့လိုတယ်။
👉JOINs (INNER JOIN, LEFT JOIN, Views)
✔️Table တွေ ခွဲပြီးရင် လိုအပ်တဲ့ data ရဖို့ JOIN တွေ လုပ်ပြီး ပြန်ထုတ်တတ်ရမယ်။ အသုံးများတဲ့ INNER JOIN နဲ့ LEFT JOIN လောက်ကတော့ သေချာသိနေရမယ်။ ပြီးရင် View ဆိုတဲ့ concept လည်း သိရတော့မယ်။
👉Functions and operators
✔️ထည့်ထားတဲ့ data တွေကို ပြင်ဆင်ပေါင်းစပ်ပြီး လုပ်ရတာတွေရှိလာတတ်တယ်။ ဥပမာ - date တို့၊ string တို့ကို manipulate လုပ်တဲ့ functions/operators တွေကို သိရမယ်။
👉Indexing
✔️Data လေးနည်းနည်းရှိလာပြီဆို indexing က မရှိမဖြစ်ပဲ။ သူ့အကြောင်းလည်း သေချာသိဖို့လိုတယ်။
👉Query Optimization
✔️ဒါကတော့ Data များများနဲ့လုပ်တဲ့သူတွေ၊ Reporting ပိုင်းတွေမှာ လုပ်ရတာပေါ့။ Query Plan ကို analyst လုပ်တာကနေစပြီး indexing အလုပ်လုပ်ပုံတွေ၊ Database Engine ရဲ့ fine tuning တွေကိုပါသိိဖို့လိုလာပြီ။
👉CRUDကိုဘယ်လိုအလုပ်လုပ်ရသလဲ Queryတွေ ဘယ်လိုရေးရသလဲ Primary Key, Foreign Keyတွေက ဘာတွေလဲ အစရှိသဖြင့် ဒီထက်ပိုပြီး အသေးစိတ်သိချင်ရင်တော့
🤗SQL for Beginner class လေးကိုသာ joinလိုက်ပါနော်
📌အခြေခံဖြစ်တဲ့ database တည်ဆောက်ပုံမှစပြီး SQL (Structured Query Language) ဖြင့် ရေးသားနိုင်တဲ့ (Select/Delete/ Update/ Max/ Min/.....) အစရှိတဲ့ ရေးသားနည်းတွေကို သေချာ စနစ်တကျ သင်ကြားပေးနေပါတယ်
👌သင်တန်းတွေကို in-class ရော online class ရောဖြင့် သင်ကြားပေးနေပါတယ်
👌To Register
အောက်ပါ အချက်အလက်များကို chatbox သို့ ပို့ပေးပါရှင့်
1. Name
2. Email acc
3. Phone no
🤗Welcome to LearnIT Live Training
Page ရဲ့ message box ကို ဖြစ်စေ
ဖုန်း 09-940085111 ကိုဖြစ်စေ
ဆက်သွယ်မေးမြန်းနိုင်ပါတယ်။