T squre Electical Group

T squre Electical Group Electrical Engineer

Phase Sequence Relay************************3 Phase - 3 Wires3 Phase - 4 Wires တို့အတွက် Phase Sequence RelaySingle Phas...
19/01/2024

Phase Sequence Relay
************************

3 Phase - 3 Wires
3 Phase - 4 Wires တို့အတွက် Phase Sequence Relay
Single Phase အတွက်လည်း Phase Sequence Relay ရှိပါတယ်။

ပုံတွင် ပြထားသည့် 3 Phase - 3 Wires Phase Sequence Relay သည်
Anti-Clockwise (L1,L3,L2) , (L2,L1,L3) .... အခြေအနေမျိုးတို့တွင် Pass မပေးပဲ Tc နှင့် Tb တို့ ထိကပ်နေပြီး၊ Clockwise (L1,L2,L3) , (L3,L2,L1) .... အခြေနေမျိုးတို့တွင် Phase Sequence Relay ရှိ Contact သည် Tc နှင့် Ta တို့ ထိကပ်နေမည်ဖြစ်သည်။
Tc သည် Common (Com)
Ta သည် Normally Open (NO)
Tc သည် Normally Closed (NC)

Over Voltage ကို 360V မှ 480V အထိ Adjust (ညှိ) လုပ်လို့ရပြီး Over Voltage ဖြစ်လျှင် Time (အချိန်) ဖြင့် ဖျက်ချပေးလို့ရပါသည်။
Over Voltage ဖြစ်လျှင် ဖျက်ချမည့် အချိန်ကိုလည်း Adjust လုပ်လို့ရပါသည်။

Under Voltage ကို 280V မှ 400V အထိ Adjust လုပ်လို့ရပါသည်။ Over Voltage ကဲ့သို့ပင် Under Voltage ကိုလည်း Time (အချိန်) ဖြင့် ဖျက်ချပေးလို့ရပါသည်။ ၎င်း Time (အချိန်) ကို Adjust (ညှိ) လုပ်ရပါသည်။

ပုံတွင် ပြထားသော Phase Sequence Relay သည် Over voltage နှင့် Under voltage တို့ကို Voltage ဖြင့် Adjust လုပ်လို့ရပါသည်။

တစ်ချို့သော Phase Sequence Relay တွင် % (Percentage) ဖြင့် Adjust လုပ်လို့ရပါသည်။

On Delay Timer***************On Delay Timer ကို Power Supply (သတ်မှတ် Voltage) ပေးသွင်းလျှင် ၎င်းTimer သည် စတင်အလုပ်လုပ်...
03/01/2024

On Delay Timer
***************
On Delay Timer ကို Power Supply (သတ်မှတ် Voltage) ပေးသွင်းလျှင် ၎င်းTimer သည် စတင်အလုပ်လုပ်မည်ဖြစ်ပြီး၊ ချိန်ညှိထားသော အချိန် (Hours,Minutes,Seconds) ရောက်ပါက Timer အတွင်းရှိ Relay Contact သည် အလုပ်လုပ်မည်ဖြစ်သည်။

Common,
Normally Closed (NC),
Normally Open (NO)

မူလအခြေအနေတွင် Common နှင့် Normally Closed (NC) တို့ ထိကပ်နေပြီး၊ Common နှင့် Normally Open (NO) တို့ ကွာနေသည်။

သတ်မှတ်ထားသော အချိန်ရောက်လျှင် Common နှင့် Normally Closed (NC) တို့ ကွာ၍ Common နှင့် Normally Open (NO) တို့ ထိကပ်နေသည်။

Address

Pansodan
Yangon

Alerts

Be the first to know and let us send you an email when T squre Electical Group posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to T squre Electical Group:

Share