19/01/2024
Phase Sequence Relay
************************
3 Phase - 3 Wires
3 Phase - 4 Wires တို့အတွက် Phase Sequence Relay
Single Phase အတွက်လည်း Phase Sequence Relay ရှိပါတယ်။
ပုံတွင် ပြထားသည့် 3 Phase - 3 Wires Phase Sequence Relay သည်
Anti-Clockwise (L1,L3,L2) , (L2,L1,L3) .... အခြေအနေမျိုးတို့တွင် Pass မပေးပဲ Tc နှင့် Tb တို့ ထိကပ်နေပြီး၊ Clockwise (L1,L2,L3) , (L3,L2,L1) .... အခြေနေမျိုးတို့တွင် Phase Sequence Relay ရှိ Contact သည် Tc နှင့် Ta တို့ ထိကပ်နေမည်ဖြစ်သည်။
Tc သည် Common (Com)
Ta သည် Normally Open (NO)
Tc သည် Normally Closed (NC)
Over Voltage ကို 360V မှ 480V အထိ Adjust (ညှိ) လုပ်လို့ရပြီး Over Voltage ဖြစ်လျှင် Time (အချိန်) ဖြင့် ဖျက်ချပေးလို့ရပါသည်။
Over Voltage ဖြစ်လျှင် ဖျက်ချမည့် အချိန်ကိုလည်း Adjust လုပ်လို့ရပါသည်။
Under Voltage ကို 280V မှ 400V အထိ Adjust လုပ်လို့ရပါသည်။ Over Voltage ကဲ့သို့ပင် Under Voltage ကိုလည်း Time (အချိန်) ဖြင့် ဖျက်ချပေးလို့ရပါသည်။ ၎င်း Time (အချိန်) ကို Adjust (ညှိ) လုပ်ရပါသည်။
ပုံတွင် ပြထားသော Phase Sequence Relay သည် Over voltage နှင့် Under voltage တို့ကို Voltage ဖြင့် Adjust လုပ်လို့ရပါသည်။
တစ်ချို့သော Phase Sequence Relay တွင် % (Percentage) ဖြင့် Adjust လုပ်လို့ရပါသည်။