Autoland Myanmar

Autoland Myanmar Autoland Myanmar; Diagonostic Scanner, Scope Sales & Services.

ပြည့်စုံလွယ်ကူမြန်ဆန် Scanner (Vedis 4sp)𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 - “Diagonostic Scanner တွေသုံးရတာလဲမလွယ်လိုက်တာကွာ ဘယ်ထဲဝင်လို့ဝင်ရမှန...
26/09/2023

ပြည့်စုံလွယ်ကူမြန်ဆန် Scanner (Vedis 4sp)

𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 - “Diagonostic Scanner တွေသုံးရတာလဲမလွယ်လိုက်တာကွာ ဘယ်ထဲဝင်လို့ဝင်ရမှန်းမသိ ဘယ်ကားလဲ ဘယ် Model လဲ အဲ့ဒါတွေရွေးနေရတာအာရုံတွေကိုနောက်နေတာဘဲ”

𝐀𝐔𝐓𝐎𝐋𝐀𝐍𝐃– “အဲ့လိုမျိုးတွေမဖြစ်ဖို့ ကျနော်တို့ကူညီပါရစေ။ကျနော်တို့မှာက Automatic VIN Detection ပါတဲ့အတွက် Car Brand တစ်ခုဘဲရွေးပေးစရာလိုပါတယ်။ ဉပမာအားဖြင့် TOYOTA Cross ဝင်မယ်ဆိုရင် TOYOTA တစ်ခုဘဲရွေးလိုက်ရုံပါဘဲ။ ဒါ့အပြင် အခြား Function တွေအသုံးပြုရတာလဲအရမ်းကိုလွယ်လွယ် ကူကူနဲ့အသုံးပြုနိုင်မှာပါ”

𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫– “ဟ မင့်တို့ဟာက တယ်ဟုတ်ပါလား၊ လာကြည့်ပြီးစမ်းသပ်ကြည့်ချင်တယ်ဆိုရင်ကော?”

𝐀𝐔𝐓𝐎𝐋𝐀𝐍𝐃– “ဟုတ်ကဲ့ပါဗျ 09-423718352, 09-456599993 တို့ကိုဆက်သွယ်ပြီးတော့ လာရောက်စမ်းသုံးကြည့်လို့ရပါတယ်ဗျ ကျေးဇူးပါ”

𝐀𝐮𝐭𝐨𝐥𝐚𝐧𝐝 scan tools များဖြင့် Upgrade ပြုလုပ်ပါ👉 𝐀𝐮𝐭𝐨𝐥𝐚𝐧𝐝 scan tools တွေဆိုတာနဲ့ “တိကျမှု၊ မြန်နှုန်းမြင့်၊ ယုံကြည်ရ” ဆိ...
25/09/2023

𝐀𝐮𝐭𝐨𝐥𝐚𝐧𝐝 scan tools များဖြင့် Upgrade ပြုလုပ်ပါ
👉 𝐀𝐮𝐭𝐨𝐥𝐚𝐧𝐝 scan tools တွေဆိုတာနဲ့
“တိကျမှု၊ မြန်နှုန်းမြင့်၊ ယုံကြည်ရ” ဆိုတဲ့အချက်တွေအပြင် တိကျတဲ့ အပြစ်ရှာဖွေမှုတွေအတွက် 𝐀𝐮𝐭𝐨𝐥𝐚𝐧𝐝 ရဲ့နောက်ဆုံးပေါ်နည်းပညာတွေကအယုံကြည်ရဆုံးဘဲဖြစ်ပါတယ်။
👉အဖြေလျင်လျင်မြန်မြန်ရ၊ ဘယ်လိုပြဿနာမျိုးမဆို ဖြေရှင်းပြီး လူကြီးမင်းတို့ရဲ့ ကာစတန်မာကားများကို လက်ထဲသို့ပြန်ထည့်လိုက်ဖို့အတွက် 𝐀𝐮𝐭𝐨𝐥𝐚𝐧𝐝 နှင့် လူကြီးမင်း၏ကားပြုပြင်ရေးကို မြှင့်တင်လိုက်ပါ။

𝐎𝐬𝐜𝐢𝐥𝐥𝐨𝐬𝐜𝐨𝐩𝐞 နဲ့ 𝐖𝐚𝐯𝐞𝐟𝐨𝐫𝐦𝐬📈ပထမဆုံးအနေနဲ့ Multimeter နဲ့ Oscilloscope နှစ်ခုကအဓိကအားဖြင့်ဘာကွာတာလည်းဆိုတာတော့အားလုံးသိကြတ...
23/09/2023

𝐎𝐬𝐜𝐢𝐥𝐥𝐨𝐬𝐜𝐨𝐩𝐞 နဲ့ 𝐖𝐚𝐯𝐞𝐟𝐨𝐫𝐦𝐬📈
ပထမဆုံးအနေနဲ့ Multimeter နဲ့ Oscilloscope နှစ်ခုကအဓိကအားဖြင့်ဘာကွာတာလည်းဆိုတာတော့အားလုံးသိကြတဲ့ အတိုင်းဘဲ Oscilloscope က Waveforms တွေကြည့်လို့ရတယ်ပေါ့ဗျာ။
အဲဒီ့ Waveforms တွေကဘာလုပ်လို့ရတာလဲ?
ကားတိုင်းမှာမရှိမဖြစ်ပါတဲ့ Sensors, Actuators တွေမှာတစ်ခုနဲ့တစ်ခုမတူကွဲပြားတဲ့ waveform ပုံစံ တွေရှိကြတယ်။ အဲဒီ့ waveform ပုံစံတွေကဘာကိုဆိုလိုတာလည်းဆိုရင်သူတို့ပုံမှန်အတိုင်းအလုပ်လုပ်နေတာကို ဖော်ပြနေတာဖြစ်ပြီးတော့အဲ့လို waveforms တွေကိုတိုင်းတာသိရှိဖို့အတွက်ဆိုရင်လည်း Oscilloscope အသုံးပြုပြီးတိုင်းတာရတာဘဲ ဖြစ်ပါတယ်။

❗️Engine Knocking အသံ❗️အင်ဂျင် Knocking အသံဆိုတာ Internal Combustion Engine များတွင်ဖြစ်ပွားလေ့ရှိသော ပြဿနာတစ်ခု ဖြစ်ပါတ...
05/08/2023

❗️Engine Knocking အသံ❗️

အင်ဂျင် Knocking အသံဆိုတာ Internal Combustion Engine များတွင်ဖြစ်ပွားလေ့ရှိသော ပြဿနာတစ်ခု ဖြစ်ပါတယ်။ အင်ဂျင် Knocking အသံတွေဘယ်လိုအခြေအနေတွေကြောင့်အများဆုံးဖြစ်ပေါ်လာသလဲ?
(၁) လုံလောက်တဲ့ Octane အဆင့်သတ်မှတ်ချက်မရှိတဲ့အရည်အသွေးနိမ့်လောင်စာဆီအသုံးပြုခြင်း
(၂) မီးတိုင်မင်တွေမမှန်တဲ့အခါတွေ
(၃) အင်ဂျင်ခန်းတွင်းကာဗွန်ဂျိုးတွေအနည်ထိုင်ခြင်း
(၄) အင်ဂျင် heat တက်ခြင်း
(၅) Engine အစိတ်အပိုင်းတွေ ပွန်းပဲ့ခြင်းနှင့်ချို့ယွင်းခြင်းတို့အပါအဝင် အမျိုးမျိုးသောအကြောင်းတရားများရှိနိုင်ပါသည်။

အင်ဂျင် Knocking အသံထွက်ခြင်းကြောင့် အင်ဂျင်ရဲ့စွမ်းဆောင်ရည်ကျဆင်းခြင်း၊ အင်ဂျင်ရဲ့အစိတ်အပိုင်းများ ပျက်စီးခြင်းနှင့် ဆီပုံမှန်ထက်စားနေခြင်းတို့ကို ဖြစ်ပေါ်စေနိုင်တာကြောင့် နောက်ဆက်တွဲပြဿနာများမဖြစ်ခင်မှာဘဲ အင်ဂျင် Knocking အသံထွက်နေတာကိုချက်ချင်းဖြေရှင်းဖို့အတွက် အလွန်အရေးကြီးပါသည်။

အင်ဂျင် Knocking အသံကို ဖြေရှင်းဖို့ဆိုရင် ဒီအချက်တွေကိုဦးစား‌ပေးပြီးတော့လုပ်ဆောင်နိုင်ပါတယ်။
(၁) သင့်လျော်သော Octane သတ်မှတ်ချက်ဖြင့် အကြံပြုထားသောလောင်စာဆီအသုံးပြုခြင်း
(၂) Engine ကိုပုံမှန် Maintenance လုပ်ခြင်းတွေ (ဉပမာအနေနဲ့ မီးတိုင်မင်တွေကိုစစ်ဆေးခြင်းနှင့်ချိန်ညှိခြင်း တွေ၊ အင်ဂျင်ခန်းအတွင်းမှ ကာဗွန်ဂျိုးများကို သန့်စင်ခြင်းနှင့် အင်ဂျင်ရဲ့ပျက်ယွင်းနေတဲ့အစိတ်အပိုင်းတွေကို ကိုင်တွယ် ဖြေရှင်းခြင်း) တို့ဘဲဖြစ်ပါတယ်။

အင်ဂျင်ကို heat မတက်အောင်နဲ့ အင်ဂျင်ရဲ့ load ကိုအလွန်အကျွံအသုံးပြုခြင်းမလုပ်ဖို့ကလည်းအရေး ကြီးပါသည်။

အကယ်၍ အင်ဂျင် Knocking အသံဆက်ရှိနေ‌သေးတယ်ဆိုရင် သေချာစစ်ဆေးဖို့နဲ့ ပြစ်ချက်ရှာဖွေဖို့အတွက် မိမိထက်အရည်အချင်းပြည့်မီသော စက်ပြင်ဆရာတွေနဲ့ တိုင်ပင်ဆွေးနွေးဖို့လိုပါတယ်။ အင်ဂျင် Knocking အသံကို သေချာစွာပြုပြင်ချင်းက အင်ဂျင်တစ်လုံးရဲ့ စွမ်းဆောင်ရည်၊ကြာရှည်ခံမှုနဲ့ချောချောမွေ့မွေ့မောင်းနှင်မှု ကိုရရှိမှာ သေချာဘဲဖြစ်ပါတယ်။

𝗔𝘂𝘁𝗼𝗹𝗮𝗻𝗱 𝗠𝘆𝗮𝗻𝗺𝗮𝗿
09-423718352, 09-456599993

𝐎𝐬𝐜𝐢𝐥𝐥𝐨𝐬𝐜𝐨𝐩𝐞 ဆိုတာဘာလုပ်တဲ့စက်လဲ?🧐𝐎𝐬𝐜𝐢𝐥𝐥𝐨𝐬𝐜𝐨𝐩𝐞 ဆိုတာကားတစ်စီးမှာရှိတဲ့ လျှပ်စစ်နှင့် အီလက်ထရွန်နစ်ဆိုင်ရာ ပြဿနာအမျိုးမျိ...
14/07/2023

𝐎𝐬𝐜𝐢𝐥𝐥𝐨𝐬𝐜𝐨𝐩𝐞 ဆိုတာဘာလုပ်တဲ့စက်လဲ?🧐

𝐎𝐬𝐜𝐢𝐥𝐥𝐨𝐬𝐜𝐨𝐩𝐞 ဆိုတာကားတစ်စီးမှာရှိတဲ့ လျှပ်စစ်နှင့် အီလက်ထရွန်နစ်ဆိုင်ရာ ပြဿနာအမျိုးမျိုးတွေကို ရှာဖွေဖော်ထုတ်ပေးပြီးတော့ ပြဿနာတွေကိုဖြေရှင်းတဲ့အခါမှာလည်း အကူအညီပေးနိုင်တဲ့ အစွမ်းထက်တဲ့စက်တစ်မျိုးဖြစ်ပါတယ်။
𝐎𝐬𝐜𝐢𝐥𝐥𝐨𝐬𝐜𝐨𝐩𝐞 က အာရုံခံကိရိယာ(Sensors)တွေ၊ Actuators တွေ၊ စက်နှိုးတဲ့စနစ်တွေ၊ ဆီလိုင်းနဲ့ပတ်သက်တာတွေနဲ့ အခြားသောအစိတ်အပိုင်းများ၏ ဗို့အား(Voltage)များ နှင့် Signal များကို တိုင်းတာပြီး ပြသနိုင်သည်။ အဲ့လိုတိုင်းတာပြီးပြသနိုင်ခြင်းအားဖြင့် ကျနော်တို့အနေနဲ့ sensor တစ်ခုခုကောင်းမကောင်းဆိုတာကို ဖြုတ်တပ်လဲစမ်းနေစရာမလိုဘဲနဲ့ Oscilloscope နဲ့သာတိုင်းတာစစ်ဆေးလိုက်မယ်ဆိုရင်တန်းပြီးတော့သိနိုင်တဲ့စက်ဘဲဖြစ်ပါတယ်။

Autoland Myanmar
09-423718352, 09-456599993

Autoland Oscilloscope လေးနဲ့ အထာကျ 🧡
13/07/2023

Autoland Oscilloscope လေးနဲ့ အထာကျ 🧡

P0420 code ဆိုတာဘယ်လို error code မျိုးလဲ? P0420 code ဘာကြောင့်ပေါ်တာလဲ? P0420 code ဘယ်လိုဖြေရှင်းလို့ရနိုင်သလဲ?(လိုရင်း...
12/07/2023

P0420 code ဆိုတာဘယ်လို error code မျိုးလဲ?
P0420 code ဘာကြောင့်ပေါ်တာလဲ?
P0420 code ဘယ်လိုဖြေရှင်းလို့ရနိုင်သလဲ?
(လိုရင်းတိုရှင်းဖြေခဲ့ပေးပါ)

Autoland Myanmar
09-423718352, 09-456599993

01/07/2023

𝐀𝐮𝐭𝐨𝐥𝐚𝐧𝐝 ရဲ့ 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 𝐒𝐞𝐫𝐯𝐢𝐜𝐞
ပထမဦးဆုံးအနေနဲ့ 𝐀𝐮𝐭𝐨𝐥𝐚𝐧𝐝 ကိုအမြဲအစဉ်မပြတ်အားပေးနေတဲ့ Customer များကိုအထူးဘဲကျေးဇူးတင်ရှိပါတယ် 🙏
𝐀𝐮𝐭𝐨𝐥𝐚𝐧𝐝 စက်များနဲ့ပတ်သက်ပြီး လိုအပ်တာတွေကိုလည်း အချိန်မရွေးလှမ်းပြောလို့ရပါတယ်ခင်ဗျ
အလုပ်အချိန်အတွင်းမှမဟုတ်ဘဲ ဘယ်အချိန်ဘဲဖြစ်ဖြစ်ဆက်သွယ်လို့ရပါတယ်
(အိပ်ချိန်မပါ😴)
အချိန်မရွေးစိတ်ရှည်လက်ရှည်ရှင်းပြပေးတယ်ဆိုတာ ကိုယ့်လူတွေအသိဆုံးဆိုတော့
ပြောနေစရာတောင်မလိုတော့ပါဘူး
ကိုယ့် Customer တွေ 𝐀𝐮𝐭𝐨𝐥𝐚𝐧𝐝 စက်များဝယ်ယူထားပြီးစက်နဲ့ပတ်သက်လို့လိုအပ်တာတွေရှိနေတာကို မပြောရသေးဘဲမေ့နေမှာဆိုးလို့ ဒီ Post ကနေလှမ်းပြီးအကြောင်းကြားပေးလိုက်တာဘဲဖြစ်ပါတယ်။
နောက်ပြီးဖုန်းနံပါတ်ပျောက်နေတဲ့သူတွေအတွက် ပြန်လည်ပြီးဆက်သွယ်လို့ရအောင်ပြန်တင်ပေးလိုက်ပါတယ်။

ဖုန်းနံပါတ်တွေကတော့
𝟎𝟗-𝟒𝟐𝟑𝟕𝟏𝟖𝟑𝟓𝟐, 𝟎𝟗-𝟒𝟓𝟔𝟓𝟗𝟗𝟗𝟗𝟑 တို့ကိုဆက်သွယ်နိုင်ပါတယ်။

ဒါတော့ မတိုင်းပေးနိုင်သေးဘူးဗျာ ... ခွင့်လွှတ်ပါ :(
17/05/2023

ဒါတော့ မတိုင်းပေးနိုင်သေးဘူးဗျာ ... ခွင့်လွှတ်ပါ :(

သင်သိပါသလား

Autoland oscilloscope ဟာ တစ်မိနစ်မှာ အင်ဂျက်တာဘယ်နှစ်ကြိမ်ဖြန်းနေလဲဆို အတိအကျပြောနိုင်ပေမဲ့ ကျော်ကြီးဟာ အေးကြည်မကို ဘယ်နှစ်ကြိမ်လွမ်းလဲဆိုတာအတွက်တော့ အသုံးမဝင်ခဲ့ပါဘူး။ 🥹

ကားဝပ်ရှော့သုံးစက်ပစ္စည်းတွေကို ရောင်းရုံတစ်ခုတည်း မဟုတ်ဘဲ
ကျွမ်းကျင်ဆားဗစ်ပညာရှင်များအဖွဲ့ပါထားရှိထားတာကြောင့် ကားဝပ်ရှော့ရုံပိုင်ရှင်များအနေဖြင့် ကျွန်တော်တို့နဲ့ ယုံကြည်စိတ်ချစွာ လက်တွဲနိုင်ပါတယ် 😉❤️💙
အသေးစိတ်သိရှိလိုပါက
𝙔𝘼𝙉𝙂𝙊𝙉 𝙊𝙁𝙁𝙄𝘾𝙀
Sales : 09 456599991
Service: 09- 425357989, 09-254183808, 09-969675981
𝙈𝘼𝙉𝘿𝘼𝙇𝘼𝙔 𝙊𝙁𝙁𝙄𝘾𝙀
Sales : 09 456599992
Service: 09- 258171647 တို့ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်ဗျ

𝗠𝗩-𝗧𝗘𝗖𝗛
𝗘𝗻𝘀𝘂𝗿𝗶𝗻𝗴 𝗧𝗵𝗲 𝗕𝗲𝘀𝘁

16/03/2023

ကျနော်နဲ့အတူတူ Oscilloscope တိုင်းဖို့အတွက်ဖိတ်ခေါ်ပါတယ်ဗျ😊

ကားပြင်ဖို့သီးသန့် 𝐎𝐬𝐜𝐢𝐥𝐥𝐨𝐬𝐜𝐨𝐩𝐞Analog Oscilloscope, Digital Oscilloscope, Engineering Oscilloscope, ဆေးရုံသုံး Oscillosc...
01/03/2023

ကားပြင်ဖို့သီးသန့် 𝐎𝐬𝐜𝐢𝐥𝐥𝐨𝐬𝐜𝐨𝐩𝐞
Analog Oscilloscope, Digital Oscilloscope, Engineering Oscilloscope, ဆေးရုံသုံး Oscilloscope, စတဲ့ အဲ့လို Oscilloscope တွေအများကြီးရှိနေတဲ့ အထဲကနေမှ ကားပြင်ဖို့ သီးသန့် Oscilloscope ဆိုတာကလဲ ပါနေပြန်ပါသေးတယ်။
ဘာလို့ ကားပြင်ဖို့သီးသန့်လဲလို့မေးတဲ့အခါမှာ သူ့မှာက ကားရဲ့ Sensors နဲ့ Components တွေအတွက် သီးသန့် တိုင်းတာတဲ့ Function တွေပါဝင်လို့ဘဲဖြစ်ပါတယ်…
ဥပမာအနေနဲ့ဆိုရင် Oxygen Sensor တိုင်းတာမယ်ဆို Oxygen Sensor တိုင်းတဲ့ Function နဲ့တိုင်းတာလို့ရပါတယ်။
အဲ့လိုမျိူး ကားအတွက်သီးသန့် Function တွေပါ၀င်တဲ့ Autoland ရဲ့ Oscilloscope(CA-15) ကတော့ လူကြီးမင်းတို့ ကားပြုပြင်တဲ့နေရာမှာ အလွန်တစ်ရာမှအသုံးဝင်တဲ့ ပစ္စည်းလေးတစ်ခုဘဲဖြစ်ပါတယ်။
အသေးစိတ်ကိုတော့
Autoland Myanmar
09-423718352, 09-456599993 တို့ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Address

26B, 4th Street, Industrial Zone, South Okkalapa Township
Yangon
11091

Alerts

Be the first to know and let us send you an email when Autoland Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Autoland Myanmar:

Share