01/06/2026
❓ TIG Welding Machine မှာပါတဲ့ Pulse Current ဆိုတာ ဘာလဲ?
TIG Welding စလုပ်တဲ့သူတွေကတော့ Panel ပေါ်မှာ Pulse, Frequency, Duty ဆိုတဲ့ Setting တွေကို မြင်ဖူးကြမှာပါ။
ဒါပေမယ့်…
Pulse Current ကို ဘာအတွက်သုံးရတာလဲ?
ဘယ်လိုအလုပ်လုပ်တာလဲ?
ဘယ်အလုပ်တွေမှာ အသုံးဝင်တာလဲ?
Pulse Current ဆိုတာ Welding Current ကို အမြင့် (Peak Current) နဲ့ အနိမ့် (Base Current) ကြား အလိုအလျောက် ပြောင်းလဲပေးတဲ့ Function တစ်ခုဖြစ်ပါတယ်။
ဒီ Function ကို အသုံးပြုခြင်းအားဖြင့်
✅ Heat Control ပိုကောင်းစေတယ်
✅ Thin Plate Burn Through ဖြစ်နိုင်ခြေ လျော့နည်းစေတယ်
✅ Weld Bead ပိုညီညာလှပစေတယ်
✅ Stainless Steel နှင့် Aluminium Welding များအတွက် အထူးအသုံးဝင်တယ်
အသုံးများတဲ့ လုပ်ငန်းများ
📍 Stainless Tank Fabrication
📍 Food Grade Pipe Welding
📍 Thin Sheet Metal Work
📍 Aluminium Fabrication
TIG Welding Machine တစ်လုံးဝယ်မယ်ဆိုရင် Pulse Function ပါဝင်မှုကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါတယ်။
📖 ပုံတစ်ပုံချင်းစီကို Swipe လုပ်ပြီး လေ့လာကြည့်ပါခင်ဗျာ။
📌 နောက်ထပ် Welding Knowledge များကို မလွတ်တမ်းဖတ်ရှုနိုင်ရန် Like, Follow, Comment နှင့် Share လုပ်ထားပေးပါခင်ဗျာ။
Young Power Electric & Machinery မှ ဗဟုသုတများကို စဉ်ဆက်မပြတ် မျှဝေပေးသွားပါမည်။