Industrial Process Engineering Co., Ltd

Call Directions Website Contact the business

Industrial Process Engineering Co., Ltd Temperature, Pressure, Level and Flow Instruments

တော်သလင်းလပြည့်နေ့ (ဂရုဓမ္မအခါတော်နေ့) သို့ ကျရောက်လာခဲ့ပြီဖြစ်ပါတယ် ..ဒီ‌‌နေ့လိုနေ့ထူးနေ့မြတ်လေးမှာ ဗုဒ္ဓဘာသာဝင်သူတော်စ...
26/09/2026

တော်သလင်းလပြည့်နေ့
(ဂရုဓမ္မအခါတော်နေ့)

သို့ ကျရောက်လာခဲ့ပြီဖြစ်ပါတယ် ..

ဒီ‌‌နေ့လိုနေ့ထူးနေ့မြတ်လေးမှာ ဗုဒ္ဓဘာသာဝင်သူတော်စင်အပေါင်း "ငါးပါးသီလ" အလုံးစုံ လုံအောင်စောင့်ထိန်း ကုသိုလ်ပွားများနိုင်ကြစေဖို့ "Industrial process Engineering Co.,Ltd"မိသားစုမှ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ် ...



#တော်သလင်းလပြည့်နေ့
#ဂရုဓမ္မအခါတော်နေ့

🤩ဝယ်ယူအားပေးမှုတိုင်းအတွက်ကျေးဇူးအထူးပင်တင်ရှိပါသည် 🙏လူကြီးမင်းတို့၏စက်မှုလုပ်ငန်းများအတွက် လိုအပ်သော စက်ရုံသုံး ပစ္စည်း...
22/09/2026

🤩ဝယ်ယူအားပေးမှုတိုင်းအတွက်ကျေးဇူးအထူးပင်တင်ရှိပါသည် 🙏

လူကြီးမင်းတို့၏စက်မှုလုပ်ငန်းများအတွက် လိုအပ်သော စက်ရုံသုံး ပစ္စည်းအမျိုးမျိုး Brandအမျိုးမျိုးတို့ကို ဆက်သွယ်မေးမြန်း ဝယ်ယူအားပေးနိုင်ပါတယ်ခင်ဗျာ...🤗

Please contact us for more details:

📲09 775 208 688
📱 WhatsApp / Viber : +959 775 208 688
📧 [email protected]
📑 Website: www.ipeclmm.com
🏢 No 718, Aung Chan Thar 7th Street,
7 West/Ward, Tharketa Township,
Yangon, Myanmar.

❓ သင့်ရဲ့ Industrial Automation & Process Control စနစ်တွေအတွက် တိကျတဲ့ Temperature Sensor တွေကို ရှာဖွေနေပါသလား? 🌡️💁စက်ရ...
17/09/2026

❓ သင့်ရဲ့ Industrial Automation & Process Control စနစ်တွေအတွက် တိကျတဲ့ Temperature Sensor တွေကို ရှာဖွေနေပါသလား? 🌡️
💁စက်ရုံများ၏ Boiler, Piping နှင့် အခြားသော Process System များတွင် အပူချိန်ကို အမှားအယွင်းမရှိ တိကျစွာ ထိန်းချုပ်နိုင်ရန် RTD (Resistance Temperature Detector) များကို အသုံးပြုဖို့ လိုအပ်ပါတယ်။
👷ကျွန်တော်တို့ Industrial Process Engineering Co., Ltd. မှာ အရည်အသွေးမြင့်မားပြီး ယုံကြည်စိတ်ချရတဲ့ Industrial Grade RTD များကို ဈေးနှုန်းမှန်ကန်စွာဖြင့် ရွေးချယ်မှာယူနိုင်မှာပဲဖြစ်ပါတယ်။
👉 ဘာကြောင့် ကျွန်တော်တို့ထံမှာ ဆက်သွယ်မှာယူသင့်တာလဲ?
• တိကျမှန်ကန်မှုမြင့်မားသော Sensor များဖြစ်ခြင်း
• Industrial Environment နှင့် ကိုက်ညီပြီး ခိုင်ခံ့မှုရှိခြင်း
• ကျွန်တော်တို့နှင့် နွေးထွေးစွာ တိုင်ပင်ဆွေးနွေးမှုပြုလုပ်နိုင်ခြင်း
ကဲ... လိုအပ်တဲ့ အမျိုးအစားနဲ့ Specification များကို အသေးစိတ် မေးမြန်းမှာယူနိုင်ဖို့ အခုပဲ ဆက်သွယ်လိုက်ပါနော်။
📞 Hotline: 09775208688
📧 Email: [email protected]

၂၈၊၈၊၂၀၂၆ ရက်နေ့ (ဝါခေါင်လပြည့်နေ့ - မေတ္တာအ‌ခါတော်နေ့)တွင် ကမ္ဘာသူ ကမ္ဘာသားအပေါင်း ကိုယ်စိတ်နှလုံး ရွှင်လန်း ချမ်းမြေ့က...
28/08/2026

၂၈၊၈၊၂၀၂၆ ရက်နေ့ (ဝါခေါင်လပြည့်နေ့ - မေတ္တာအ‌ခါတော်နေ့)တွင် ကမ္ဘာသူ ကမ္ဘာသားအပေါင်း ကိုယ်စိတ်နှလုံး ရွှင်လန်း ချမ်းမြေ့ကြပါ‌စေဟု Industrial Process Engineering Co., Ltd မိသားစုမှဆုမွန်‌ကောင်း တောင်းပေးလိုက်ပါသည်။
#ဝါခေါင်လပြည့် #ဆုတောင်း

👉မိတ်ဆွေတို့ရဲ့ စက်မှုလုပ်ငန်းတွေအတွက် အရည်အသွေးကောင်းမွန်တဲ့ Flow Transmitter တွေကိုရှာဖွေနေပြီလား.....?🤗Flow Transmitt...
26/08/2026

👉မိတ်ဆွေတို့ရဲ့ စက်မှုလုပ်ငန်းတွေအတွက် အရည်အသွေးကောင်းမွန်တဲ့ Flow Transmitter တွေကိုရှာဖွေနေပြီလား.....?
🤗Flow Transmitter တွေကိုရွေးချယ်ပြီဆိုရင်တော့ ဒြပ်ပစ္စည်းအမျိုးအစား၊ အပူချိန်၊ ဖိအား၊ ပိုက်အရွယ်အစားနှင့် တိကျမှု လိုအပ်ချက်ပေါ် မူတည်ပြီး စနစ်တကျ ရွေးချယ်မှစိတ်ချရမယ်နော် ....
🤗ကျွန်တော်တို့ Industrial Process Engineering Co., Ltd မှာဆိုရင်တော့ မိတ်ဆွေတို့အတွက် ရွေးချယ်ဖို့အရည်အသွေးကောင်မွန်တဲ့ Flow Transmitter မျိုးစုံရရှိနိုင်ပါတယ်နော်....
🔹 ၁။ Differential Pressure Flow Transmitter
Or***ce Plate၊ Venturi သို့မဟုတ် Flow Nozzle စသည့် အတားအဆီးများကြောင့် ဖြစ်ပေါ်လာသော ဖိအားခြားနားချက် (Pressure Difference) ကို အခြေခံ၍ စီးဆင်းမှုကို တိုင်းတာနိုင်မှာပဲဖြစ်ပါတယ်။
🔹 ၂။ Vortex Flow Transmitter
အတားအဆီးပစ္စည်း (Bluff Body) ကို ဖြတ်သန်းစဉ် ဖြစ်ပေါ်လာသော ဝဲဂယက်များ (Vortices) ကို တိုင်းတာခြင်းဖြင့် စီးဆင်းမှုကို တွက်ချက်တိုင်းတာနိုင်မှာပဲဖြစ်ပါတယ်။
🔹 ၃။ Electromagnetic Flow Transmitter
Faraday’s Law ကို အသုံးပြုထားပြီး လျှပ်စစ်စီးကူးနိုင်သော အရည်များ၏ စီးဆင်းမှုကို ပိုက်အတွင်း မည်သည့် အတားအဆီးမျှ မရှိဘဲ တိုင်းတာပေးမှာပဲဖြစ်ပါတယ်။
🔹 ၄။ Ultrasonic Flow Transmitter
အသံလွန်လှိုင်း (Ultrasonic Signals) များကို အသုံးပြု၍ စီးဆင်းမှု အရှိန် (Velocity) နှင့် စီးဆင်းမှု ပမာဏ (Volumetric Flow) ကို တိုင်းတာနိုင်မှာပဲဖြစ်ပါတယ်။
🔹 ၅။ Thermal Mass Flow Transmitter
ပူနွေးနေသော Sensor များနှင့် ဖြတ်သန်းစီးဆင်းသွားသော ဓာတ်ငွေ့အကြား အပူကူးပြောင်းမှု (Heat Transfer) ကို အခြေခံ၍ ဓာတ်ငွေ့စီးဆင်းမှုကို တိုင်းတာနိုင်မှာပဲဖြစ်ပါတယ်။
🔹 ၆။ Turbine Flow Transmitter
စီးဆင်းမှု အရှိန်အတိုင်း လှည့်ပတ်သော တာဘိုင် (Turbine) ၏ လည်ပတ်နှုန်းကို ကြည့်၍ စီးဆင်းမှုနှုန်းကို တိုင်းတာနိုင်မှာပဲဖြစ်ပါတယ်။
🔹 ၇။ Positive Displacement Flow Transmitter
စီးဆင်းလာသော အရည်/ဓာတ်ငွေ့ ပမာဏကို တိကျသော သေတ္တာအသေးလေးများထဲ ထပ်မံဖြည့်သွင်း စီးဆင်းစေခြင်းဖြင့် ပမာဏကို တိကျစွာ တိုင်းတာနိုင်မှာပဲဖြစ်ပါတယ်။
** Good Quality Best Choiceဖြစ်ဖို့ IPEနှင့်လက်တွဲစို့ **
☎️ ဖုန်း: 09-775208688
📧 အီးမေးလ်: [email protected]

14/08/2026

🤗ဘာကြောင့်အရည်အသွေးကောင်းမွန်တဲ့ Temperature Transmitter တွေကိုအသုံးပြုဖို့လိုအပ်တာလဲ?
"Good Quality Best Choice ဖြစ်ဖို့ IPE နှင့်လက်တွဲစို့"
☎️09-775208688
📧[email protected]

Pressure Gauge အောက်က အကွင်းလေး (Syphon) ကို သတိထားမိကြရဲ့လား...?? ⚙️🔥👷​Steamရဲ့ ဖိအားကို တိုင်းတာတဲ့အခါ Pressure Gauge ...
12/08/2026

Pressure Gauge အောက်က အကွင်းလေး (Syphon) ကို သတိထားမိကြရဲ့လား...?? ⚙️🔥
👷​Steamရဲ့ ဖိအားကို တိုင်းတာတဲ့အခါ Pressure Gauge ကို တိုက်ရိုက် တပ်ဆင်လိုက်ရင် Steam ရဲ့ မြင့်မားတဲ့ အပူချိန်ကြောင့် Gauge အတွင်းပိုင်းက နူးညံ့တဲ့ Mechanism လေးတွေ ပျက်စီးသွားနိုင်ပါတယ်။😱
☺️​ဒါကြောင့်မို့လို့ ဒီ Syphon (သို့) Pigtail Syphon လို့ခေါ်တဲ့ ပုံထဲမှာမြှားပြထားတဲ့ အကွေး‌လေးကို အသုံးပြုပေးရတာဖြစ်ပါတယ်။
​သူက ဘယ်လို အလုပ်လုပ်တာလဲ?
​၁။ Condensate Trap ဖြစ်ခြင်း: Loop အတွင်းမှာ Steam က အေးသွားပြီး ငွေ့ရည်ဖွဲ့ condensate (ရေ) အဖြစ် ခိုကျန်ရစ်ခဲ့ပါတယ်။
၂။ Liquid Barrier ဖန်တီးခြင်း: အဲဒီ ရေထုက အပူချိန်မြင့်မားတဲ့ Steam နဲ့ Pressure Gauge ကြားမှာ အပူကာအတားအဆီးတစ်ခု အဖြစ် ဆောင်ရွက်ပေးပါတယ်။
၃။ Pressure တိုင်းတာနိုင်ခြင်း: ရေက ဖိအားကို အပြည့်အဝ လက်ခံတွန်းပို့ပေးနိုင်တာကြောင့် Steam ရဲ့ Pressure ပမာဏအတိအကျကို Gauge ဆီ စိတ်ချလက်ချ ရောက်ရှိစေပါတယ်။
လူကြီးမင်းတို့ရဲ့ စက်မှုလုပ်ငန်းကြီးများအတွက် လိုအပ်တဲ့ အကြံညဏ်ကောင်းများကို ကျွန်တော်များ Industrial Process Engineering Co., Ltd မှ အစဉ်အမြဲ ပေးစွမ်းဖို့အသင့်ရှိနေပါတယ်။ ကျွန်တော်တို့ဆီမှာ ရရှိနိုင်တဲ့မိတ်ဆွေတို့ရဲ့ လိုအပ်ချက်များအတွက် အချိန်မရွေးဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။👇👇👇
☎️09775208688
📧 [email protected]

𝐖𝐚𝐬𝐨 𝐅𝐮𝐥𝐥 𝐌𝐨𝐨𝐧 𝐃𝐚𝐲 (ဝါဆိုလပြည့်နေ့)ဗုဒ္ဓရှင်တော် ဂေါတမမြတ်စွာဘုရားသည် မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ဝါဆိုလပြည့်နေ့ နေဝင်လထွက်အ...
28/07/2026

𝐖𝐚𝐬𝐨 𝐅𝐮𝐥𝐥 𝐌𝐨𝐨𝐧 𝐃𝐚𝐲 (ဝါဆိုလပြည့်နေ့)
ဗုဒ္ဓရှင်တော် ဂေါတမမြတ်စွာဘုရားသည် မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ဝါဆိုလပြည့်နေ့ နေဝင်လထွက်အချိန်၌ “အရှင်ကောဏ္ဍည၊ အရှင်ဝပ္ပ၊ အရှင်ဘဒ္ဒိယ၊ အရှင်မဟာနာမ်၊ အရှင်အဿဇိ ပဉ္စဝဂ္ဂီငါးဦးတို့ကို ဘုရားဖြစ်တော်မူကြောင်း ဝန်ခံ၍ စမ္မစကြာတရားတော်ကို အိန္ဒိယနိုင်ငံ ဗာရာဏသီပြည် မိဂဒါဝုန်တောဝယ် ဟောကြားတော်မူခဲ့သည်။ ဓမ္မစကြာ တရားတော်သည် ဝိနည်းမဟာဝါ ပါဠိတော်၌ “ပဉ္စဝဂ္ဂိယ ကထာအမည်ဖြင့် လာရှိပြီး ပဋိသမ္ဘိဒါမဂ္ဂ ပါဠိတော်၌ “ဓမ္မစက္က ပဝတ္တနဝါ” အမည်ဖြင့် လာရှိကာ မဟာဝဂ္ဂသံယုတ်ပါဠိတော်၌ “ဓမ္မစက္က ပဝတ္တနသုတ္တ” အမည်ဖြင့် လာရှိသည်။ ဓမ္မစကြာတရားတော်သည် သစ္စာလေးပါး မြတ်တရားကိုညွှန်းဆိုသော ဒေသနာတော်ဖြစ်၍ ပိဋကတ်သုံးပုံ၏ အနှစ်ချုပ်တရားဟု အဋ္ဌကထာဆရာကြီးများက ညွှန်းဆိုကြသည်။ ဓမ္မစက္ကပဝတ္တန၏ အဓိပ္ပာယ်မှာ “တရားတည်းဟူသော စက်ကို ဖြစ်စေခြင်း၊ လည်စေခြင်း” ဟု အဓိပ္ပာယ်ရသည်။ ( ဓမ္မစက္က= တရားတော်+ပတဝတ္တန=ဖြစ်စေခြင်း၊ လည်စေခြင်း)ဟုအဓိပ္ပါယ်ရသည်။
ဂေါတမဗုဒ္ဓရှင်တော်မြတ်ဘုရားသည် ခြောက်နှစ်တာ ကာလပတ်လုံး လူသာမန်တို့ ကျင့်ဖို့ရာ ခဲယဉ်းလှသည့် ဒုက္ကရစရိယာအကျင့်မြတ်ကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခဲ့ရာ နောက်ဆုံး၌ မဇ္ဈိမပဋိပဒါခေါ် သည့် အလယ်အလတ် အကျင့်တရားလမ်းစဉ်ကို တွေ့မြင်ပြီး ကာမ အာရုံခံစားမှု လက်ယာအစွန်းနှင့် အတ္တဘော ပင်ပန်းစေသည့် လက်ဝဲအစွန်းတည်းဟူသော အစွန်းတရားနှစ်ပါးကို ရှောင်ကြည်ကာ သစ္စာလေးပါး တရားတော်ကို သိမြင်တော်မူပါသည်။ “ဒုက္ခ၊ သမုဒယ၊ နိရောဓ၊ မဂ္ဂ” ဟူသော ထိုသစ္စာလေးပါး မြတ်တရားတော်သည် “ဓမ္မစကြာတရားတော်”ပင် ဖြစ်သည်။ ဓမ္မစကြာတရားတော်သည် မြတ်ဗုဒ္ဓ၏ တိကျခိုင်မာသော သဘောတရားကို ထင်ရှားစွာတွေ့မြင်နိုင်သည်။ ရှင်တော်မြတ်ဘုရားသည် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ဖြည့်ကျင့်ဆည်းပူးခဲ့သော ပါရမီတော် အဟုန်တို့ကြောင့် ရရှိခဲ့သည့် သဗ္ဗညုတ ရွှေဉာဏ်တော်စွမ်းအားဖြင့် ဓမ္မစကြာတရားတော်ကို ဟော်ဖော်ညွှန်ပြခဲ့ခြင်းဖြစ်သည်။ ဘုရားရှင်ကိုယ်တော်မြတ်သည် ထိုးထွင်း၍ သိမြင်တော်မူအပ်သော သစ္စာလေးပါးကို မြင်တတ်သော၊ ပညာမျက်စိကို ပြုတတ်သော၊ သစ္စာလေးပါးကို သိခြင်းကို ပြုတတ်သော၊ အကြင်အလယ်အလတ်ဖြစ်သော၊အကျင့်သည် ကိလေသာငြိမ်းခြင်းတည်းဟူသော သဥပါဒိသေသနိဗ္ဗာန် အကျိုးငှာ သစ္စာလေးပါးကို ထူးသော ဉာဏ်ဖြင့် သိခြင်းငှာ၊ သစ္စာလေးပါကို ကောင်းစွာသိခြင်းငှာ၊ အနူပါဒိသေသ နိဗ္ဗာန်အကျိုးငှာ ဖြစ်၏။ ထိုအလယ်အလတ် အကျင့်သည် အဘယ်နည်းဟု သိသာထင်ရှားစွာ ဟောဖော်ညွှန်ပြတော်မူပါသည်။

သမ္မာဒိဋ္ဌိ = ကောင်းစွာ မြင်ခြင်း
သမ္မာသင်္ကပ္ပ = ကောင်းစွာကြံခြင်း
သမ္မဝါစာ = ကောင်းစွာဆိုခြင်း
သမ္မကမ္မန္တ =ကောင်းစွာပြုခြင်း
သမ္မာအာဇီဝ =ကောင်းစွာ အသက်မွေးခြင်း
သမ္မဝါယမ =ကောင်းစွာအားထုတ်ခြင်း
သမ္မာသတိ = ကောင်းစွာအောက်မေ့ခြင်း
သမ္မာသမာဓိ = ကောင်းစွာတည်ကြည်ခြင်း
(ဒိဋ် သင် ဝါစာ၊ ကမ္မံ အာနှင့်၊ ဝါယာ သတိ၊ သမာဓိ၊ ရှစ် သိ သမ္မာ မဂ္ဂင်များ - ရွာမဆရာတော်)

ဤအကျင့်မြတ်သည်ကား အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသည့် မဂ္ဂင်တရားမြတ်ဖြစ်ကြောင်း ဟောကြားတော်မူပါသည်။ ထိုမှတဖန် ရှင်တော်မြတ်ဘုရားသည် ဇာတိ ပဋိသန္ဓေနေရခြင်း ဆင်းရဲမှ၊ အိုမင်းရင့်ရော်ခြင်း ဆင်းရဲ၊ ဖျားနာရခြင်း ဆင်းရဲ၊ သေရခြင်း ဆင်းရဲ၊ မချစ်မနှစ်လိုအပ်သော သတ္တဝါသင်္ခါရတို့နှင့် ကွေကင်းရခြင်းဆင်းရဲ၊ ချစ်ခင်နှစ်လိုအပ်သော သတ္တဝါတို့နှင့် ကွေကင်းရခြင်း ဆင်းရဲ၊ အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခေါ - လိုချင်တာ မရရှိခြင်း ဒုက္ခ၊ ခန္ဓာငါးပါးတို့၏ ဆင်းရဲ စသော ဇာတိသဘောတရားသည် ဒုက္ခဖြစ်သော အရိယာတို့၏ သိအပ်သော သစ္စာမည်၏ဟူ၍ ဒုက္ခသစ္စာကို ဟောကြားတော်မူပါသည်။ ပဉ္စဝဂ္ဂီရဟန်းတို့အား တဏှာလောဘသည် တဖန်ဘဝသစ်ကို ဖြစ်စေတတ်၏။ နှစ်သက်ခြင်း၊တပ်မက်ခြင်းနှင့် တကွ ဖြစ်၏။ ထိုထိုဘဝ ထိုထိုအာရုံ၌ အလွန်နှစ်သက်တတ်၏။ ဤတဏှာဟူသည် အဘယ်နည်း။

ကာမတဏှာ = ရူပါရုံစသော ဝတ္ထုကာမကို တပ်မက်သော တဏှာ
ဘဝတဏှာ = သဿတဒိဌိနှင့် တကွဖြစ်သော တဏှာ
ဝိဘဝတဏှာ = ဥစ္ဆေဒဒိဌိနှင့်တကွဖြစ်သော တဏှာ ဟူ၍ ဤတဏှာဟူသော သဘောတရားသည် ဒုက္ခအကြောင်းဖြစ်သော အရိယာတို့ သိအပ်သော သစ္စာမည်၏ဟု သမုဒယသစ္စာအကြောင်းကို ဟောကြားတော်မူပါသည်။
ထိုတဏှာလောဘ၏ အကြွင်းမဲ့ တပ်မက်ခြင်းကင်းရာ၊ ချုပ်ရာဖြစ်သော နိဗ္ဗာန်သည် ရှိ၏။ စွန့်ရာဖြစ်သော နိဗ္ဗာန်သည် ရှိ၏။ ဝေးစွာစွန့်ရာဖြစ်သော နိဗ္ဗာန်သည် ရှိ၏။ လွတ်ရာဖြစ်သော နိဗ္ဗာန်သည် ရှိ၏။ ကပ်ငြိခြင်းကင်းရာဖြစ်သော နိဗ္ဗာန်သည် ရှိ၏။ ဤနိဗ္ဗာန်ဟူသော သဘောတရားသည် ဒုက္ခ၏ ချုပ်ငြိမ်းရာဖြစ်သော အရိယာတို့သည် သိအပ်သော သစ္စာမည်သော နိရောဓသစ္စာ ကို ဟောကြားတော်မူပါသည်။ မဂ္ဂသစ္စာနှင့်စပ်၍ မဂ္ဂင်ရှစ်ပါး အကျင့်တရားသည်သာလျှင် ဒုက္ခ၏ချုပ်ငြိမ်းရာ နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်ဖြစ်သော အရိယာတို့ သိအပ်သော သစ္စာမည်၏ဟု ဟောကြားတော်မူပါသည်။ ဒုက္ခသစ္စာ၌ သစ္စဉာဏ်၊ ဒုက္ခသစ္စာ၏ ကိစ္စဉာဏ်၊ ဒုက္ခသစ္စာ၌ ကတဉာဏ် သမုဒယ သစ္စာ၌ သစ္စဉာဏ်၊ သမုဒယသစ္စာ၌ ကိစ္စဉာဏ်၊ သမုဒယသစ္စ၏ ကတဉာဏ် နိရောဓသစ္စာ၌ သစ္စဉာဏ်၊ နိရောဓသစ္စာ၏ ကိစ္စဉာဏ်၊ နိရောဓသစ္စာ၌ ကတဉာဏ် မဂ္ဂသစ္စာ၌ သစ္စဉာဏ်၊ မဂ္ဂသစ္စာ၌ ကိစ္စဉာဏ်၊ မဂ္ဂသစ္စာ၌ ကတဉာဏ် စသည့် ဘုရားမဖြစ်မီ ကျင့်ကြံကြိုးကုတ် အားထုတ်တော်မူသည့် နိဗ္ဗာန်ကို မျက်မှောက်ပြုရာ သစ္စာတရားတို့ကို ဟောကြားတော်မူပါသည်။ ဤသစ္စာလေးပါးတို့၌ ဤသို့သစ္စဉာဏ်၊ ကိစ္စဉာဏ်၊ ကတဉာဏ်အားဖြင့် သုံးပါးသော အပြန်ရှိသော သုံးပါးလေးလီဖြစ်၍ တစ်ဆယ့်နှစ်ပါးသော အခြင်းအရာရှိသော ဟုတ်မှန်တိုင်းဖြစ်သော ဉာဏ်အမြင်သည် ငါ့အားအလွန်သန့်ရှင်းစင်ကြယ်၏။ လူနှင့်တကွ သတ္တလောက၌ အတုမရှိသော အရဟတ္တမဂ်ဉာဏ်၊ သဗ္ဗညုတဉာဏ်ကို ထိုးထွင်းသိမြင်တော်မူပြီး၍ ဘုရားဖြစ်ကြောင်း ဝန်ခံတော်မူပါသည်။ ဝါဆိုလပြည့်နေ့သည် ထူခြားသည့် အကြောင်းအရာများ ရှိသည်။ ဂေါတမဘုရားအလောင်းတော် ပဋိသန္ဓေနေသောနေ့ဖြစ်ခြင်း၊ ဂေါတမ ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသား တောထွက်တော်သော နေ့ဖြစ်ခြင်း၊ ဓမ္မစကြာ တရားဦးကို စတင်ဟောတော်မူသော နေ့ဖြစ်ခြင်း၊ ရေမီးအစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို ပြတော်မူသောနေ့ဖြစ်ခြင်း၊ ဘုရားအဖြစ်ဝန်ခံတော်မူသော နေ့ဖြစ်ခြင်း၊ တရားရတနာ စတင်ပေါ်ပေါက်သော နေ့ဖြစ်ခြင်း၊ သံဃာရတနာ စတင်ပေါ်ပေါက်သောနေ့ဖြစ်ခြင်း၊ “ဧဟိဘိက္ခု” ဟူသော စကားကို စတင်ကြားရသောနေ့ဖြစ်ခြင်းတို့ ဖြစ်သည်။ ဂေါတမ ဗုဒ္ဓရှင်တော်မြတ်ဘုရား ဟောကြားတော်မူသည့် ဓမ္မစကြာတရားတော်ကို ကြားနာရသည့် ပဉ္စဝဂ္ဂီငါးဦးတို့သည် ဝါဆိုလပြည့်နေ့တွင် အရှင်ကောဏ္ဍည၊ ဝါဆိုလပြည့်ကျော် ၁ ရက်နေ့တွင် အရှင်ဝပ္ပ၊ ဝါဆိုလပြည့်ကျော် ၂ ရက်နေ့တွင် အရှင်ဘဒ္ဒိယ၊ ဝါဆိုလပြည့်ကျော် ၃ ရက်နေ့တွင် အရှင်အဿဇိ မဟာထေရ်မြတ်ကြီးများ အသီးသီး သောတပန်ဖြစ်တော်မူပြီး တရားထူး၊ တရားမြတ်ကို ရရှိတော်မူကြသည်။
ထိုကဲ့သို့ ထူးမြတ်လှသော ဗုဒ္ဓဘာသာဝင်များ၏ နေ့ထူးနေ့မြတ်တွင် စကြာဝဠာ တိုက်အပေါင်းရှိ နတ်မြတ် နတ်ကောင်းများနှင့် သက်ရှိ သတ္တဝါအပေါင်း၊မြင်အပ်မမြင်အပ်သတ္တဝါအပေါင်း စိတ်ကျန်းမာ ကိုယ်ချမ်းသာရှိကြပါစေကြောင်း ကျွန်တော်များ Industrial Process Engineering Co., Ltd မှ မေတ္တာဓာက် မျှဝေအပ်ပါသည်။
#ဝါဆိုလပြည့် #ဓမ္မစကြာ

(၇၉) ကြိမ်မြောက် အာဇာနည်နေ့အား လေးမြတ်စွာ ဂါရဝပြုအပ်ပါသည်။ 🙏​တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ခန္ဓာပေးဆပ်သွားခဲ့ကြတဲ့ ဗိ...
19/07/2026

(၇၉) ကြိမ်မြောက် အာဇာနည်နေ့အား လေးမြတ်စွာ ဂါရဝပြုအပ်ပါသည်။ 🙏
​တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ခန္ဓာပေးဆပ်သွားခဲ့ကြတဲ့ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကျေးဇူးတရားနှင့် စိတ်ဓာတ်ကို အစဉ်အမြဲ သတိရအောက်မေ့နေပါမည်။
#အာဇာနည်နေ့

အခြေခံ လစာ (750000 မှ 950000+++++Depand on EXP) အထိရရှိနိုင်မည့်အလုပ်ခေါ်စာ📢 WE ARE HIRING! | အလုပ်အကိုင်အခွင့်အလမ်းသစ်I...
17/07/2026

အခြေခံ လစာ (750000 မှ 950000+++++Depand on EXP) အထိရရှိနိုင်မည့်အလုပ်ခေါ်စာ
📢 WE ARE HIRING! | အလုပ်အကိုင်အခွင့်အလမ်းသစ်
Industrial Process Engineering ကုမ္ပဏီတွင် တာဝန်ထမ်းဆောင်ရန် စိတ်အားထက်သန်ပြီး တက်ကြွလှုပ်ရှားသူများကို ဖိတ်ခေါ်အပ်ပါသည်။
🙋ကျွန်တော်တို့နှင့်အတူ လက်တွဲလုပ်ကိုင်ရန် Sales Engineer ရာထူးအတွက် အမြန်အလိုရှိနေပါသည်။
💼 ရာထူး (Position): Sales Engineer (၁ ဦး)
လုပ်ငန်းအမျိုးအစား (Industry): Industrial Instruments (Import / Trading Company)
🏩အလုပ်လုပ်ရမည့်နေရာ (Location): အောင်ချမ်းသာ (၇) လမ်း၊ သာကေတမြို့နယ်၊ ရန်ကုန်မြို့။
🤗အလုပ်ချိန် (Working Hours): 9:00 AM မှ 5:00 PM (တနင်္လာနေ့ မှ သောကြာနေ့အထိ)
ရုံးပိတ်ရက် (Off Days): စနေ၊ တနင်္ဂနွေ နှင့် အစိုးရရုံးပိတ်ရက်များ။
💵 ရရှိနိုင်မည့် လစာနှင့် ခံစားခွင့်များ (Salary & Benefits)
လစာ (Salary): 750,000 ကျပ် မှ 950,000 ကျပ်အထိ (အတွေ့အကြုံပေါ်မူတည်၍ ညှိနှိုင်းနိုင်သည်) ++
အခြားခံစားခွင့်များ (Other Benefits):
💁နှစ်စဉ် Bonus (Yearly Bonus)
🙋နှစ်စဉ် လစာတိုးပေးခြင်း (Yearly Increment)
Sales Incentive (အရောင်းကော်မရှင်)
🙆ဆေးကုသမှုအာမခံ (Medical Insurance)
☘️ဖုန်းဘေလ်စရိတ် (Phone Bill)
🎓 လိုအပ်သော အရည်အချင်းများ (Job Requirements)
➡️Engineering ဘွဲ့ရရှိထားသူဖြစ်ရမည်။ (Mechanical / Electrical / Mechatronic)
ကွန်ပျူတာ (Microsoft Office, Excel & Power Point) ကျွမ်းကျင်စွာ အသုံးပြုနိုင်သူ ဖြစ်ရမည်။
➡️ဆက်ဆံရေး ကောင်းမွန်ပြီး၊ လုပ်ငန်းခွင် (Site) ဆင်း၍ အသေးစိတ် စာရင်းကောက်ယူ စစ်ဆေးနိုင်သူ ဖြစ်ရမည်။
➡️အင်္ဂလိပ်ဘာသာစကားဖြင့် ကောင်းမွန်စွာ ဆက်သွယ်ပြောဆိုနိုင်ရမည်။
🚗နယ်ခရီး (ပဲခူး၊ ပုသိမ်၊ နေပြည်တော်) များသို့ လုပ်ငန်းကိစ္စဖြင့် သွားလာနိုင်သူ ဖြစ်ရမည်။
📩 လျှောက်ထားရန်နည်းလမ်း (How to Apply)
စိတ်ပါဝင်စားသူများအနေဖြင့် မိမိတို့၏ CV Form ကို အောက်ပါ Contact များသို့ ပေးပို့ လျှောက်ထားနိုင်ပါသည်။
Viber Number: 09 77520 8688
Email: [email protected]
တက်ကြွပြီး အောင်မြင်တဲ့အနာဂတ်ကို ကျွန်ုပ်တို့နှင့်အတူ ဖန်တီးလိုက်ပါ။
#အလုပ် #အလုပ်ခေါ်စာ

Address

No. 718, Aung Chan Thar 7th Street, 7/West Ward, Tharketa Township
Yangon

Opening Hours

Monday 08:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00

Telephone

+95 9775208688

Alerts

Be the first to know and let us send you an email when Industrial Process Engineering Co., Ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Industrial Process Engineering Co., Ltd:

Shortcuts

Share