Industrial Process Engineering Co., Ltd

Industrial Process Engineering Co., Ltd Temperature, Pressure, Level and Flow Instruments

𝐖𝐚𝐬𝐨 𝐅𝐮𝐥𝐥 𝐌𝐨𝐨𝐧 𝐃𝐚𝐲 (ဝါဆိုလပြည့်နေ့)ဗုဒ္ဓရှင်တော် ဂေါတမမြတ်စွာဘုရားသည် မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ဝါဆိုလပြည့်နေ့ နေဝင်လထွက်အ...
28/07/2026

𝐖𝐚𝐬𝐨 𝐅𝐮𝐥𝐥 𝐌𝐨𝐨𝐧 𝐃𝐚𝐲 (ဝါဆိုလပြည့်နေ့)
ဗုဒ္ဓရှင်တော် ဂေါတမမြတ်စွာဘုရားသည် မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ဝါဆိုလပြည့်နေ့ နေဝင်လထွက်အချိန်၌ “အရှင်ကောဏ္ဍည၊ အရှင်ဝပ္ပ၊ အရှင်ဘဒ္ဒိယ၊ အရှင်မဟာနာမ်၊ အရှင်အဿဇိ ပဉ္စဝဂ္ဂီငါးဦးတို့ကို ဘုရားဖြစ်တော်မူကြောင်း ဝန်ခံ၍ စမ္မစကြာတရားတော်ကို အိန္ဒိယနိုင်ငံ ဗာရာဏသီပြည် မိဂဒါဝုန်တောဝယ် ဟောကြားတော်မူခဲ့သည်။ ဓမ္မစကြာ တရားတော်သည် ဝိနည်းမဟာဝါ ပါဠိတော်၌ “ပဉ္စဝဂ္ဂိယ ကထာအမည်ဖြင့် လာရှိပြီး ပဋိသမ္ဘိဒါမဂ္ဂ ပါဠိတော်၌ “ဓမ္မစက္က ပဝတ္တနဝါ” အမည်ဖြင့် လာရှိကာ မဟာဝဂ္ဂသံယုတ်ပါဠိတော်၌ “ဓမ္မစက္က ပဝတ္တနသုတ္တ” အမည်ဖြင့် လာရှိသည်။ ဓမ္မစကြာတရားတော်သည် သစ္စာလေးပါး မြတ်တရားကိုညွှန်းဆိုသော ဒေသနာတော်ဖြစ်၍ ပိဋကတ်သုံးပုံ၏ အနှစ်ချုပ်တရားဟု အဋ္ဌကထာဆရာကြီးများက ညွှန်းဆိုကြသည်။ ဓမ္မစက္ကပဝတ္တန၏ အဓိပ္ပာယ်မှာ “တရားတည်းဟူသော စက်ကို ဖြစ်စေခြင်း၊ လည်စေခြင်း” ဟု အဓိပ္ပာယ်ရသည်။ ( ဓမ္မစက္က= တရားတော်+ပတဝတ္တန=ဖြစ်စေခြင်း၊ လည်စေခြင်း)ဟုအဓိပ္ပါယ်ရသည်။
ဂေါတမဗုဒ္ဓရှင်တော်မြတ်ဘုရားသည် ခြောက်နှစ်တာ ကာလပတ်လုံး လူသာမန်တို့ ကျင့်ဖို့ရာ ခဲယဉ်းလှသည့် ဒုက္ကရစရိယာအကျင့်မြတ်ကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခဲ့ရာ နောက်ဆုံး၌ မဇ္ဈိမပဋိပဒါခေါ် သည့် အလယ်အလတ် အကျင့်တရားလမ်းစဉ်ကို တွေ့မြင်ပြီး ကာမ အာရုံခံစားမှု လက်ယာအစွန်းနှင့် အတ္တဘော ပင်ပန်းစေသည့် လက်ဝဲအစွန်းတည်းဟူသော အစွန်းတရားနှစ်ပါးကို ရှောင်ကြည်ကာ သစ္စာလေးပါး တရားတော်ကို သိမြင်တော်မူပါသည်။ “ဒုက္ခ၊ သမုဒယ၊ နိရောဓ၊ မဂ္ဂ” ဟူသော ထိုသစ္စာလေးပါး မြတ်တရားတော်သည် “ဓမ္မစကြာတရားတော်”ပင် ဖြစ်သည်။ ဓမ္မစကြာတရားတော်သည် မြတ်ဗုဒ္ဓ၏ တိကျခိုင်မာသော သဘောတရားကို ထင်ရှားစွာတွေ့မြင်နိုင်သည်။ ရှင်တော်မြတ်ဘုရားသည် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ဖြည့်ကျင့်ဆည်းပူးခဲ့သော ပါရမီတော် အဟုန်တို့ကြောင့် ရရှိခဲ့သည့် သဗ္ဗညုတ ရွှေဉာဏ်တော်စွမ်းအားဖြင့် ဓမ္မစကြာတရားတော်ကို ဟော်ဖော်ညွှန်ပြခဲ့ခြင်းဖြစ်သည်။ ဘုရားရှင်ကိုယ်တော်မြတ်သည် ထိုးထွင်း၍ သိမြင်တော်မူအပ်သော သစ္စာလေးပါးကို မြင်တတ်သော၊ ပညာမျက်စိကို ပြုတတ်သော၊ သစ္စာလေးပါးကို သိခြင်းကို ပြုတတ်သော၊ အကြင်အလယ်အလတ်ဖြစ်သော၊အကျင့်သည် ကိလေသာငြိမ်းခြင်းတည်းဟူသော သဥပါဒိသေသနိဗ္ဗာန် အကျိုးငှာ သစ္စာလေးပါးကို ထူးသော ဉာဏ်ဖြင့် သိခြင်းငှာ၊ သစ္စာလေးပါကို ကောင်းစွာသိခြင်းငှာ၊ အနူပါဒိသေသ နိဗ္ဗာန်အကျိုးငှာ ဖြစ်၏။ ထိုအလယ်အလတ် အကျင့်သည် အဘယ်နည်းဟု သိသာထင်ရှားစွာ ဟောဖော်ညွှန်ပြတော်မူပါသည်။

သမ္မာဒိဋ္ဌိ = ကောင်းစွာ မြင်ခြင်း
သမ္မာသင်္ကပ္ပ = ကောင်းစွာကြံခြင်း
သမ္မဝါစာ = ကောင်းစွာဆိုခြင်း
သမ္မကမ္မန္တ =ကောင်းစွာပြုခြင်း
သမ္မာအာဇီဝ =ကောင်းစွာ အသက်မွေးခြင်း
သမ္မဝါယမ =ကောင်းစွာအားထုတ်ခြင်း
သမ္မာသတိ = ကောင်းစွာအောက်မေ့ခြင်း
သမ္မာသမာဓိ = ကောင်းစွာတည်ကြည်ခြင်း
(ဒိဋ် သင် ဝါစာ၊ ကမ္မံ အာနှင့်၊ ဝါယာ သတိ၊ သမာဓိ၊ ရှစ် သိ သမ္မာ မဂ္ဂင်များ - ရွာမဆရာတော်)

ဤအကျင့်မြတ်သည်ကား အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသည့် မဂ္ဂင်တရားမြတ်ဖြစ်ကြောင်း ဟောကြားတော်မူပါသည်။ ထိုမှတဖန် ရှင်တော်မြတ်ဘုရားသည် ဇာတိ ပဋိသန္ဓေနေရခြင်း ဆင်းရဲမှ၊ အိုမင်းရင့်ရော်ခြင်း ဆင်းရဲ၊ ဖျားနာရခြင်း ဆင်းရဲ၊ သေရခြင်း ဆင်းရဲ၊ မချစ်မနှစ်လိုအပ်သော သတ္တဝါသင်္ခါရတို့နှင့် ကွေကင်းရခြင်းဆင်းရဲ၊ ချစ်ခင်နှစ်လိုအပ်သော သတ္တဝါတို့နှင့် ကွေကင်းရခြင်း ဆင်းရဲ၊ အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခေါ - လိုချင်တာ မရရှိခြင်း ဒုက္ခ၊ ခန္ဓာငါးပါးတို့၏ ဆင်းရဲ စသော ဇာတိသဘောတရားသည် ဒုက္ခဖြစ်သော အရိယာတို့၏ သိအပ်သော သစ္စာမည်၏ဟူ၍ ဒုက္ခသစ္စာကို ဟောကြားတော်မူပါသည်။ ပဉ္စဝဂ္ဂီရဟန်းတို့အား တဏှာလောဘသည် တဖန်ဘဝသစ်ကို ဖြစ်စေတတ်၏။ နှစ်သက်ခြင်း၊တပ်မက်ခြင်းနှင့် တကွ ဖြစ်၏။ ထိုထိုဘဝ ထိုထိုအာရုံ၌ အလွန်နှစ်သက်တတ်၏။ ဤတဏှာဟူသည် အဘယ်နည်း။

ကာမတဏှာ = ရူပါရုံစသော ဝတ္ထုကာမကို တပ်မက်သော တဏှာ
ဘဝတဏှာ = သဿတဒိဌိနှင့် တကွဖြစ်သော တဏှာ
ဝိဘဝတဏှာ = ဥစ္ဆေဒဒိဌိနှင့်တကွဖြစ်သော တဏှာ ဟူ၍ ဤတဏှာဟူသော သဘောတရားသည် ဒုက္ခအကြောင်းဖြစ်သော အရိယာတို့ သိအပ်သော သစ္စာမည်၏ဟု သမုဒယသစ္စာအကြောင်းကို ဟောကြားတော်မူပါသည်။
ထိုတဏှာလောဘ၏ အကြွင်းမဲ့ တပ်မက်ခြင်းကင်းရာ၊ ချုပ်ရာဖြစ်သော နိဗ္ဗာန်သည် ရှိ၏။ စွန့်ရာဖြစ်သော နိဗ္ဗာန်သည် ရှိ၏။ ဝေးစွာစွန့်ရာဖြစ်သော နိဗ္ဗာန်သည် ရှိ၏။ လွတ်ရာဖြစ်သော နိဗ္ဗာန်သည် ရှိ၏။ ကပ်ငြိခြင်းကင်းရာဖြစ်သော နိဗ္ဗာန်သည် ရှိ၏။ ဤနိဗ္ဗာန်ဟူသော သဘောတရားသည် ဒုက္ခ၏ ချုပ်ငြိမ်းရာဖြစ်သော အရိယာတို့သည် သိအပ်သော သစ္စာမည်သော နိရောဓသစ္စာ ကို ဟောကြားတော်မူပါသည်။ မဂ္ဂသစ္စာနှင့်စပ်၍ မဂ္ဂင်ရှစ်ပါး အကျင့်တရားသည်သာလျှင် ဒုက္ခ၏ချုပ်ငြိမ်းရာ နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်ဖြစ်သော အရိယာတို့ သိအပ်သော သစ္စာမည်၏ဟု ဟောကြားတော်မူပါသည်။ ဒုက္ခသစ္စာ၌ သစ္စဉာဏ်၊ ဒုက္ခသစ္စာ၏ ကိစ္စဉာဏ်၊ ဒုက္ခသစ္စာ၌ ကတဉာဏ် သမုဒယ သစ္စာ၌ သစ္စဉာဏ်၊ သမုဒယသစ္စာ၌ ကိစ္စဉာဏ်၊ သမုဒယသစ္စ၏ ကတဉာဏ် နိရောဓသစ္စာ၌ သစ္စဉာဏ်၊ နိရောဓသစ္စာ၏ ကိစ္စဉာဏ်၊ နိရောဓသစ္စာ၌ ကတဉာဏ် မဂ္ဂသစ္စာ၌ သစ္စဉာဏ်၊ မဂ္ဂသစ္စာ၌ ကိစ္စဉာဏ်၊ မဂ္ဂသစ္စာ၌ ကတဉာဏ် စသည့် ဘုရားမဖြစ်မီ ကျင့်ကြံကြိုးကုတ် အားထုတ်တော်မူသည့် နိဗ္ဗာန်ကို မျက်မှောက်ပြုရာ သစ္စာတရားတို့ကို ဟောကြားတော်မူပါသည်။ ဤသစ္စာလေးပါးတို့၌ ဤသို့သစ္စဉာဏ်၊ ကိစ္စဉာဏ်၊ ကတဉာဏ်အားဖြင့် သုံးပါးသော အပြန်ရှိသော သုံးပါးလေးလီဖြစ်၍ တစ်ဆယ့်နှစ်ပါးသော အခြင်းအရာရှိသော ဟုတ်မှန်တိုင်းဖြစ်သော ဉာဏ်အမြင်သည် ငါ့အားအလွန်သန့်ရှင်းစင်ကြယ်၏။ လူနှင့်တကွ သတ္တလောက၌ အတုမရှိသော အရဟတ္တမဂ်ဉာဏ်၊ သဗ္ဗညုတဉာဏ်ကို ထိုးထွင်းသိမြင်တော်မူပြီး၍ ဘုရားဖြစ်ကြောင်း ဝန်ခံတော်မူပါသည်။ ဝါဆိုလပြည့်နေ့သည် ထူခြားသည့် အကြောင်းအရာများ ရှိသည်။ ဂေါတမဘုရားအလောင်းတော် ပဋိသန္ဓေနေသောနေ့ဖြစ်ခြင်း၊ ဂေါတမ ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသား တောထွက်တော်သော နေ့ဖြစ်ခြင်း၊ ဓမ္မစကြာ တရားဦးကို စတင်ဟောတော်မူသော နေ့ဖြစ်ခြင်း၊ ရေမီးအစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို ပြတော်မူသောနေ့ဖြစ်ခြင်း၊ ဘုရားအဖြစ်ဝန်ခံတော်မူသော နေ့ဖြစ်ခြင်း၊ တရားရတနာ စတင်ပေါ်ပေါက်သော နေ့ဖြစ်ခြင်း၊ သံဃာရတနာ စတင်ပေါ်ပေါက်သောနေ့ဖြစ်ခြင်း၊ “ဧဟိဘိက္ခု” ဟူသော စကားကို စတင်ကြားရသောနေ့ဖြစ်ခြင်းတို့ ဖြစ်သည်။ ဂေါတမ ဗုဒ္ဓရှင်တော်မြတ်ဘုရား ဟောကြားတော်မူသည့် ဓမ္မစကြာတရားတော်ကို ကြားနာရသည့် ပဉ္စဝဂ္ဂီငါးဦးတို့သည် ဝါဆိုလပြည့်နေ့တွင် အရှင်ကောဏ္ဍည၊ ဝါဆိုလပြည့်ကျော် ၁ ရက်နေ့တွင် အရှင်ဝပ္ပ၊ ဝါဆိုလပြည့်ကျော် ၂ ရက်နေ့တွင် အရှင်ဘဒ္ဒိယ၊ ဝါဆိုလပြည့်ကျော် ၃ ရက်နေ့တွင် အရှင်အဿဇိ မဟာထေရ်မြတ်ကြီးများ အသီးသီး သောတပန်ဖြစ်တော်မူပြီး တရားထူး၊ တရားမြတ်ကို ရရှိတော်မူကြသည်။
ထိုကဲ့သို့ ထူးမြတ်လှသော ဗုဒ္ဓဘာသာဝင်များ၏ နေ့ထူးနေ့မြတ်တွင် စကြာဝဠာ တိုက်အပေါင်းရှိ နတ်မြတ် နတ်ကောင်းများနှင့် သက်ရှိ သတ္တဝါအပေါင်း၊မြင်အပ်မမြင်အပ်သတ္တဝါအပေါင်း စိတ်ကျန်းမာ ကိုယ်ချမ်းသာရှိကြပါစေကြောင်း ကျွန်တော်များ Industrial Process Engineering Co., Ltd မှ မေတ္တာဓာက် မျှဝေအပ်ပါသည်။
#ဝါဆိုလပြည့် #ဓမ္မစကြာ

(၇၉) ကြိမ်မြောက် အာဇာနည်နေ့အား လေးမြတ်စွာ ဂါရဝပြုအပ်ပါသည်။ 🙏​တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ခန္ဓာပေးဆပ်သွားခဲ့ကြတဲ့ ဗိ...
19/07/2026

(၇၉) ကြိမ်မြောက် အာဇာနည်နေ့အား လေးမြတ်စွာ ဂါရဝပြုအပ်ပါသည်။ 🙏
​တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ခန္ဓာပေးဆပ်သွားခဲ့ကြတဲ့ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကျေးဇူးတရားနှင့် စိတ်ဓာတ်ကို အစဉ်အမြဲ သတိရအောက်မေ့နေပါမည်။
#အာဇာနည်နေ့

အခြေခံ လစာ (750000 မှ 950000+++++Depand on EXP) အထိရရှိနိုင်မည့်အလုပ်ခေါ်စာ📢 WE ARE HIRING! | အလုပ်အကိုင်အခွင့်အလမ်းသစ်I...
17/07/2026

အခြေခံ လစာ (750000 မှ 950000+++++Depand on EXP) အထိရရှိနိုင်မည့်အလုပ်ခေါ်စာ
📢 WE ARE HIRING! | အလုပ်အကိုင်အခွင့်အလမ်းသစ်
Industrial Process Engineering ကုမ္ပဏီတွင် တာဝန်ထမ်းဆောင်ရန် စိတ်အားထက်သန်ပြီး တက်ကြွလှုပ်ရှားသူများကို ဖိတ်ခေါ်အပ်ပါသည်။
🙋ကျွန်တော်တို့နှင့်အတူ လက်တွဲလုပ်ကိုင်ရန် Sales Engineer ရာထူးအတွက် အမြန်အလိုရှိနေပါသည်။
💼 ရာထူး (Position): Sales Engineer (၁ ဦး)
လုပ်ငန်းအမျိုးအစား (Industry): Industrial Instruments (Import / Trading Company)
🏩အလုပ်လုပ်ရမည့်နေရာ (Location): အောင်ချမ်းသာ (၇) လမ်း၊ သာကေတမြို့နယ်၊ ရန်ကုန်မြို့။
🤗အလုပ်ချိန် (Working Hours): 9:00 AM မှ 5:00 PM (တနင်္လာနေ့ မှ သောကြာနေ့အထိ)
ရုံးပိတ်ရက် (Off Days): စနေ၊ တနင်္ဂနွေ နှင့် အစိုးရရုံးပိတ်ရက်များ။
💵 ရရှိနိုင်မည့် လစာနှင့် ခံစားခွင့်များ (Salary & Benefits)
လစာ (Salary): 750,000 ကျပ် မှ 950,000 ကျပ်အထိ (အတွေ့အကြုံပေါ်မူတည်၍ ညှိနှိုင်းနိုင်သည်) ++
အခြားခံစားခွင့်များ (Other Benefits):
💁နှစ်စဉ် Bonus (Yearly Bonus)
🙋နှစ်စဉ် လစာတိုးပေးခြင်း (Yearly Increment)
Sales Incentive (အရောင်းကော်မရှင်)
🙆ဆေးကုသမှုအာမခံ (Medical Insurance)
☘️ဖုန်းဘေလ်စရိတ် (Phone Bill)
🎓 လိုအပ်သော အရည်အချင်းများ (Job Requirements)
➡️Engineering ဘွဲ့ရရှိထားသူဖြစ်ရမည်။ (Mechanical / Electrical / Mechatronic)
ကွန်ပျူတာ (Microsoft Office, Excel & Power Point) ကျွမ်းကျင်စွာ အသုံးပြုနိုင်သူ ဖြစ်ရမည်။
➡️ဆက်ဆံရေး ကောင်းမွန်ပြီး၊ လုပ်ငန်းခွင် (Site) ဆင်း၍ အသေးစိတ် စာရင်းကောက်ယူ စစ်ဆေးနိုင်သူ ဖြစ်ရမည်။
➡️အင်္ဂလိပ်ဘာသာစကားဖြင့် ကောင်းမွန်စွာ ဆက်သွယ်ပြောဆိုနိုင်ရမည်။
🚗နယ်ခရီး (ပဲခူး၊ ပုသိမ်၊ နေပြည်တော်) များသို့ လုပ်ငန်းကိစ္စဖြင့် သွားလာနိုင်သူ ဖြစ်ရမည်။
📩 လျှောက်ထားရန်နည်းလမ်း (How to Apply)
စိတ်ပါဝင်စားသူများအနေဖြင့် မိမိတို့၏ CV Form ကို အောက်ပါ Contact များသို့ ပေးပို့ လျှောက်ထားနိုင်ပါသည်။
Viber Number: 09 77520 8688
Email: [email protected]
တက်ကြွပြီး အောင်မြင်တဲ့အနာဂတ်ကို ကျွန်ုပ်တို့နှင့်အတူ ဖန်တီးလိုက်ပါ။
#အလုပ် #အလုပ်ခေါ်စာ

စက်မှုလုပ်ငန်းသုံး တိုင်းတာရေးကိရိယာတွေမှာ ကမ္ဘာကျော် Brandဖြစ်တဲ့ Rueger/Ashcroft ရဲ့ အရည်အသွေးမြင့်Pressure Guage‌ တွေ...
16/06/2026

စက်မှုလုပ်ငန်းသုံး တိုင်းတာရေးကိရိယာတွေမှာ ကမ္ဘာကျော် Brandဖြစ်တဲ့ Rueger/Ashcroft ရဲ့ အရည်အသွေးမြင့်Pressure Guage‌ တွေကို ကျွန်တော်တို့ဆီမှာ မှာယူရရှိနိုင်ပါပြီ။ အရေးကြီးတဲ့ လုပ်ငန်းစဉ်တိုင်းအတွက် အမှားအယွင်းမရှိ စိတ်ချရတဲ့ စွမ်းဆောင်ရည်ကို လိုချင်တယ်ဆိုရင် Rueger/Ashcroft ကိုပဲ ရွေးချယ်ရမှာပါ။
​✅ ရေရှည်ခံ‌‌ေအာင် ဖန်တီးထားခြင်း
✅ တိကျမှန်ကန်မှုအတွက် ကျွမ်းကျင်ပညာရှင်များကိုယ်တိုင်အသေးစိတ်တွက်ချက်ဖန်တီးထားခြင်း
✅ pressure gauge တိုင်းမှာ စက်ရုံ အရည် အသွေးစစ်ဆေး ပြီးစီးကြောင်း (factory test report ) တစ်ပါတည်း ထောက်ပံ့ပေးနိုင် တာကြောင့်လုပ်ငန်းခွင်အတွက် အကောင်းဆုံးနှင့် ရွေးချယ်သင့်ဆုံး Brand တစ်ခုဖြစ်ခြင်း
အထက်မှာဖော်ပြခဲ့တဲ့အကောင်းဆုံးအရာများကိုပိုင်ဆိုင်ရရှိဖို့အတွက် ကျွန်တော်တို့ရဲ့Industrial Process Engineering Co.,Ltdနှင့် အခုလက်တွဲလိုက်ပါ။
​အသေးစိတ်ကို Chat Box မှာ အခုပဲ မေးမြန်းနိုင်ပါတယ်။

15/06/2026

ဘာ့ကြောင့် Gas Detectionတွေမှာ Calibration Gas‌ကိုသုံးပြီး မကြာခဏစစ်ဆေးသင့်တာလဲ ....?
😊မိတ်ဆွေတို့ရဲ့ စက်မှုလုပ်ငန်းများနှင့် စက်ရုံကြီးများအတွက် လိုအပ်တဲ့အကြံညဏ်ကောင်းများစွာ ကို ကျွန်တော်တို့ Industrial Process Engineering Co.,ltdမှ အကောင်းဆုံးပေးစွမ်းလျက်ရှိပါည်။

ဂုဏ်ယူထိုက်သော လုပ်အားရှင်များ၏ နေ့ထူးနေ့မြတ် (အလုပ်သမားနေ့) မှစ၍ လုပ်ငန်းခွင်အတွင်း ကြိုးစားအားထုတ်နေကြသော မိဘပြည်သူမျာ...
30/04/2026

ဂုဏ်ယူထိုက်သော လုပ်အားရှင်များ၏ နေ့ထူးနေ့မြတ် (အလုပ်သမားနေ့) မှစ၍ လုပ်ငန်းခွင်အတွင်း ကြိုးစားအားထုတ်နေကြသော မိဘပြည်သူများနှင့် ကျွန်ုပ်တို့ IPE Company ၏ ဝန်ထမ်းများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ ​ကျွန်ုပ်တို့၏ အောင်မြင်မှုတိုင်းသည် သင်တို့၏ စွမ်းဆောင်ရည်နှင့် ကြိုးစားမှုများကြောင့်ပင် ဖြစ်ပါသည်။ ​
#အလုပ်သမားနေ့ Industrial Process Engineering Co., Ltd

🙏ကဆုန်လပြည့် ဗုဒ္ဓနေ့🙏ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ကြီး ဖြစ်ပေသည်။🙏ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့သည...
30/04/2026

🙏ကဆုန်လပြည့် ဗုဒ္ဓနေ့🙏

ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ကြီး ဖြစ်ပေသည်။

🙏ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့သည်
ဤဘဒ္ဒကမ္ဘာ၌ လေးဆူမြောက်ဖြစ်သော ဂေါတမအမည်ဖြင့် ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်ဟု ဒီပင်္ကရာ မြတ်စွာဘုရားထံမှ နိယတဗျာဒိတ်ကို ကဆုန်လပြည့်နေ့တွင် ခံယူခဲ့သည်။

🙏မဟာသက္ကရာဇ် ၆၈ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် ဂေါတမဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားအား ဖွားမြင်တော်မူခဲ့သည်။

🙏မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ကဆုန်လပြည့်နေ့
အရုဏ်တက်ချိန်တွင် ဂေါတမဘုရာအလောင်းတော်သည် သဗ္ဗညုတဉာဏ်တော်ကို ရရှိ၍ ဘုရားဖြစ်တော်မူခဲ့သည်။

🙏မဟာသက္ကရာဇ် ၁၄၈ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင်မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်၌ ဘုရားရှင် ပရိနိဗ္ဗာန် စံဝင်တော်မူခဲ့သည်။

🙏ဤသို့ ထူးခြားချက် (၄) ရပ်နှင့် ပြည့်စုံသဖြင့်
ဗုဒ္ဓဘာသာဝင်အပေါင်းတို့က ကဆုန်လပြည့်နေ့အား ဘုရားနေ့ (ဗုဒ္ဓနေ့)ဟု သတ်မှတ်ခဲ့ကြသည်။

🙏ဘုရားရှင်သည် ဤနေ့ဤအခါ၌ သဗ္ဗညုတရွှေ
ဉာဏ်တော်ကိုရတော်မူရန်အတွက် ဗောဓိပင်အား အမှီပြု၍ တရားအားထုတ်တော်မူခဲ့သည်။

🙏ထို့ကြောင့် ဗုဒ္ဓဘာသာဝင်တို့သည် ဗောဓိပင်အား
ရေသွန်းလောင်းခြင်းစသော ကုသိုလ်ကောင်းမှုတို့ကို ပြုလုပ်ကြသည်။

🙏ရေသွန်းလောင်းကြသည်မှာ ကဆုန်လတွင်
ရေရှားပြတ်လပ်၍ ညှိုးလျော်အံ့ဆဲဖြစ်သော ဗောဓိပင်ကို လန်းဆန်းစိုပြေစေရန်အတွက် ဖြစ်ပေသည်။

🙏ထိုအလေ့အထသည် ဗုဒ္ဓဘာသာဝင်တို့တွင်
ပျောက်ကွယ်သွားခြင်းမရှိဘဲ ယနေ့ထက်တိုင် ရှင်သန်ဆဲဖြစ်သည်။

နှစ်စဉ်အမြဲပင် ကဆုန်လပြည့်နေ့တွင်ညောင်ရေသွန်းပွဲများ ပြုလုပ်လျက်ရှိကြသည်။

#ကဆုန်လပြည့် #ဗုဒ္ဓနေ့

😍ချစ်တို့ရေ မြန်မာတို့ရဲ့ နှစ်သစ်မင်္ဂလာ မဟာသင်္ကြန်ကာလလေးမှာ တို့တွေရဲ့ ရွှေရင်လေးက အေးမြနေမှဖြစ်မှာနော်။ 💁ဒီနေ့ တို့ရဲ...
10/04/2026

😍ချစ်တို့ရေ မြန်မာတို့ရဲ့ နှစ်သစ်မင်္ဂလာ မဟာသင်္ကြန်ကာလလေးမှာ တို့တွေရဲ့ ရွှေရင်လေးက အေးမြနေမှဖြစ်မှာနော်။
💁ဒီနေ့ တို့ရဲ့ IPE & CALTEK မိသားစု‌ကနေပြီးတော့ ရွှေရင်အေးမဲ့ ရွှေရင်အေးလေးတွေ အာဟာရဒါန ပြုလုပ်ပေးခဲ့ပါတယ်နော်။
☺️အော်...ဒါနဲ့ ရုံးပိတ်ရက်‌ကလေးကြေညာခွင့်ပြုပါ။
🤗တို့ရဲ့ ရုံးက (၁၁.၄.၂၀၂၆)ရက်နေ့ကနေ (၁၉.၄.၂၀၂၆)ရက်နေ့အထိ ပိတ်ရက်လေးရှိပါတယ်☺️
🙏တို့ရဲ့ မိတ်ဟောင်း မိတ်သစ် ကျေးဇူးရှင် Customerများအားလုံးနှင့် မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံးလဲ နှစ်သစ်မင်္ဂလာအခါသမယကစပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနှင့် အခက်အခဲများအားလုံးကို ကျော်‌လွှားနိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ရပါတယ်နော်။
#မဟာသင်္ကြန် #နှစ်သစ်ကူး

အနယ်နယ်အရပ်ရပ်မှ တောင်သူဦးကြီးများထံသို့ကျေးဇူးရှင် တောင်သူဦးကြီးများအား အစဉ်အမြဲ လေးစားဂုဏ်ယူလျက်ရှိပါကြောင်းနှင့် တောင...
01/03/2026

အနယ်နယ်အရပ်ရပ်မှ တောင်သူဦးကြီးများထံသို့
ကျေးဇူးရှင် တောင်သူဦးကြီးများအား အစဉ်အမြဲ လေးစားဂုဏ်ယူလျက်ရှိပါကြောင်းနှင့် တောင်သူဦးကြီးတို့၏ လယ်ယာမြေတွင် စိုက်ပျိုးထားသော စပါး၊ပဲအမျိုးမျိုးနှင့်သစ်သီးဝလံများသည်လဲ ဒီရေကဲ့သို့အထွက်နှုန်းတိုးတက်ပါစေကြောင်း IPE မိသားစုမှ ဆုမွန်ကောင်းဝောာင်းလိုက်ပါသည်။
#တောင်သူလယ်သမားနေ့

၂.၃.၂၀၂၆ #တပေါင်းလပြည့်နေ့ ✴ #မြတ်ဗုဒ္ဓ_ပြည်တော်၀င်_အခါတော်နေ့ ဆိုတာ မြတ်ဗုဒ္ဓ နှင့် တပေါင်းလတပေါင်းလသည် မြန်မာလများတွင်...
01/03/2026

၂.၃.၂၀၂၆
#တပေါင်းလပြည့်နေ့

✴ #မြတ်ဗုဒ္ဓ_ပြည်တော်၀င်_အခါတော်နေ့ ဆိုတာ

မြတ်ဗုဒ္ဓ နှင့် တပေါင်းလ

တပေါင်းလသည် မြန်မာလများတွင်
၁၂-လ မြောက် ဖြစ်သည်
တနှစ်တာ၏ နောက်ဆုံးလဖြစ်သည်

တပေါင်းလ၏ ပထမလ၀က်သည်
ဆောင်းရာသီတွင် ကျရောက်သည်
ဒုတိယလ၀က်ကား နွေရာသီတွင် ကျရောက်သည်

ဆောင်းကူးနွေစ
သာယာလှသော လရာသီဖြစ်သည်
ထို့ကြောင့် ခေတ်အဆက်ဆက် စာဆိုတို့သည် တပေါင်းလ၏အလှကို ရေးဖွဲကြသည်မှာ
ယနေ့တိုင်ဖြစ်သည်

ရှေးယခင်က တပေါင်းလပွဲတော်သည်
သဲပုံစေတီပွဲတော် ဖြစ်သည်

သဲပုံစေတီပွဲတော်သည်
ပုဂံခေတ် (သို့မဟုတ်) ပုဂံခေတ်မတိုင်မီကပင်
ပေါ်ပေါက်ခဲ့သည်ဟု အချို့က ဆိုကြသည်

နောက်ပိုင်းတွင် သဲပုံစေတီပွဲတော်
ကျင်းပသည့်ဓလေ့
တဖြည်းဖြည်း မှေးမှိန်သွားသည်

တပေါင်းလပြည့်နေ့တွင်
ဘုရားပွဲတော်များ ကျင်းပသည့် ဓလေ့
ခေတ်စားလာခဲ့သည်

ထိုသို့ ဘုရားပွဲတော် ကျင်းပခြင်းကိုပင်
“တပေါင်းလပွဲတော်” ဟု ခေါ်ကြသည်

တပေါင်းလသည်
ရာသီဥတု သာယာသည်နှင့်အမျှ
သာသနာရေးတွင်လည်း မှတ်တမ်း
တင်သင့်သော ဖြစ်ရပ်ကြီးများ
ပေါ်ထွန်းခဲ့သည်

ဗုဒ္ဓဘုရားရှင်လက်ထက်တော်က
ဘုရားရှင်သည် ရာဇဂြိုဟ်ပြည်
ဝေဠု၀န်ကျောင်းတော်၌ သီတင်းသုံးကာ

အင်္ဂတိုင်းနှင့် မဂဓတိုင်းမှ
ဒကာ ဒကာမများအား တရားရေအေး
တိုက်ကျွေးလျက်ရှိသည်

ထိုသတင်းကို
ခမည်းတော် သုဒ္ဓေါဒနမင်းကြီး
ကြားသိသောအခါ သားတော်ဘုရားကို
ဖူးတွေ့ချင်နေသည်

ထို့ကြောင့် အမတ်တယောက်အား
အခြွေအရံတထောင်နှင့်အတူ
စေလွှတ်၍ ပင့်ခိုင်း၏

ထိုအမတ်သည် ဗုဒ္ဓထံ ရောက်လာရာမှ
တရားတော်ကိုနာရ၍ အခြွေအရံတို့နှင့်အတူ
ရဟန်းပြုသွားသည်

သုဒ္ဓေါဒနမင်းကြီးထံ ဘုရားရှင်
ကြွရောက်တော်မူရန် မပင့်ဖြစ်ချေ

မင်းကြီးလည်း နောက်ထပ် အမတ်တို့ကို
အခြွအရံ တထောင်စီဖြင့်
ကိုးကြိမ်တိုင်အောင် စေလွှတ်ခဲ့သည်
သို့သော် အားလုံး ရဟန်းပြု၍ နေကြပြန်သည်

ဆယ်ကြိမ်မြောက်တွင်မူ
ဗုဒ္ဓဘုရားရှင်နှင့် ဖွားဖက်တော်ဖြစ်သော
ကာဠုဒါယီအမတ်ကို စေလွှတ်သည်

ကာဠုဒါယီအမတ်သည်လည်း
ရှေးက အမတ်များနှင့်နည်းတူပင်
နောက်ပါများနှင့်တကွ ရဟန်းပြုပြန်သည်

သို့ရာတွင် ခရီးလမ်းပန်းသာယာသော
တပေါင်းလအချိန်သို့ ရောက်သော
အခါတွင်ကား လမ်းခရီးသာယာပုံ

တပေါင်းအလှကို ဂါထာပေါင်း ၆၀-ဖြင့်
ဖွဲ့နွဲ့ကာ ကပိလ၀တ်ပြည်သို့
ကြွပါမည်အကြောင်း ဘုရားရှင်အား
လျှောက်ထားတောင်းပန်သည်

ဗုဒ္ဓဘုရားရှင်လည်း လက်ခံကာ
တပေါင်းလပြည့်နေ့၌ ကပိလ၀တ်ပြည်သို့
ကြွတော်မူခဲ့သည်

ဘုရားရှင် ကပိလ၀တ်နေပြည်တော်သို့
ကြွတော်မူခြင်းကြောင့် နိဂြောဓာရုံကျောင်းကြီး ပေါ်ပေါက်လာသည်

ဂါထာ ၁၀၀၀-ဖြင့် တန်ဆာဆင်အပ်သော ဝေဿန္တရာဇာတ်တော်ကြီးကို
ဟောတော်မူခဲ့သည်

ခမည်းတော် သုဒ္ဓေါဒနမင်းကြီးသည်လည်း
မဟာဓမ္မပါလဇာတ်တော်ကြီးကို
ကြားနာရသဖြင့် အနာဂါမ် တည်ခဲ့သည်

နောင်အခါ အရဟတ္တဖိုလ် တည်သွားသည်

ဗုဒ္ဓဘုရားရှင် ကပိလ၀တ်ပြည်သို့
ကြွရောက်တော်မူ၍ တရားဟောတော်မူသဖြင့်
မိထွေးတော် ဂေါတမီသည်လည်း
သောတာပန်တည်သည်

ယသော်ဓရာကို အကြောင်းပြု၍
စန္ဒကိန္နရီ ဇာတ်တော်ကိုလည်း
ဘုရားဟောတော်မူခဲ့သည်

ညီတော်နန္ဒမင်းသား ရဟန်းပြုဖြစ်သည်
သားတော်ရာဟုလာ သာမဏေဘ၀သို့
ရောက်ရှိသည်

သာကီ၀င်မင်းသားတထောင်
ရဟန်းဘောင်သို့ ရောက်ရှိသည်

ဆွေမျိုးတို့ ဘုရားရှင်ကို ကြည်ညိုစေရန်
ဆောင်ရွက်ရာ၌ အထူးအောင်မြင်သဖြင့်
ကာဠုဒါယီမထေရ်အား
ကုလပ္ပသာဒ ဧတဒဂ်ဘွဲ့
ချီးမြှင့်တော်မူခဲ့သည်

တပေါင်းလပြည့်နေ့သည်
ဘုရားရှင် ပြည်တော်၀င်ရန်
စတင်ကြွလှမ်းသောနေ့ ဖြစ်သဖြင့်လည်း

ထိုနေ့ကို အကြောင်းပြု၍
သာသနာတော်၌ ထူးခြားသော
ဖြစ်ရပ်ကြီးများ ပေါ်ထွန်းခဲ့သည်။

ထိုတပေါင်းလပြည့်နေ့တွင်
ဖခမည်းတော်နှင့်မယ်တော်တို့အားတရားဖြင့်ကျးဇူးဆပ်သောနေ့ဖြစ်သောကြောင့်
အဖေများနေ့(မိဘနေ့)
ဟုလည်းပေါ်ထွန်းခဲ့ပါသည်။

ထို့ပြင် မဟာသက္ကရာဇ် ၁၀၃-ခု
တပေါင်းလပြည့် ဗုဒ္ဓဟူးနေ့တွင်

သိကြားမင်း၊ ဥက္ကလာပမင်းကြီး
တပုဿနှင့်ဘလ္လိက ကုန်သည်ညီနောင်တို့ကြီးမှူး၍
ရွှေတိဂုံစေတီတော်ကြီး တည်ထားခဲ့သည်ဟု
သမိုင်းကဆိုသည်။

ဤကား တပေါင်းလကို အကြောင်းပြု၍
သာသနာတော်၌ ထူးခြားသော မှတ်တိုင်ကြီးများ ပေါ်ထွန်းလာခဲ့ခြင်း ဖြစ်ပေသည်...



မေတ္တာဖြင့်
အိုဘယ့်ခရီးသည်
၂၈.၂.၂၀၂၆

~~~~~~~

#မူရင်းpostတင်သူ_အဆင့်ဆင့်မျှဝေသူများကိုကျေးဇူးတင်စွာဖြင့်ဂါရဝပြုပါသည်
#ကူးယူပြီးထပ်ဆင့်မျှဝေကုသိုလ်ပြုပါသည် ။
#တပေါင်းလပြည့်နေ့

Address

No. 718, Aung Chan Thar 7th Street, 7/West Ward, Tharketa Township
Yangon

Opening Hours

Monday 08:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00

Telephone

+95 9775208688

Alerts

Be the first to know and let us send you an email when Industrial Process Engineering Co., Ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Industrial Process Engineering Co., Ltd:

Shortcuts

Share