Sayar Jack- Effective Engineering

Call Directions Contact the business

Sayar Jack- Effective Engineering Online, In-Person Class and Corporate Training.

ဆောက်လုပ်ရေးစီမံကိန်းများတွင် လုပ်ကိုင်နေကြသောအင်ဂျင်နီယာများ၊ မန်နေဂျာများ၊ ကန်ထရိုက်တာများအတွက် Planning နှင့် Schedul...
30/08/2026

ဆောက်လုပ်ရေးစီမံကိန်းများတွင် လုပ်ကိုင်နေကြသော
အင်ဂျင်နီယာများ၊ မန်နေဂျာများ၊ ကန်ထရိုက်တာများအတွက်
Planning နှင့် Scheduling ကို အခြေခံမှစပြီး
စနစ်တကျလေ့လာရမည့် သင်တန်း။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Construction Project Scheduling
and Controlling (Online-Class)
========================

သင်ကြားရမည့် ဘာသာရပ်များ
==================
(1) Overview of Project Management Basics
(2) Scheduling Principles & Practices
(3) Creating a Project Schedule Using Microsoft Project Software

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

သင်ကြားရမည့်အကြောင်းအရာများ (အသေးစိတ်)
============================

Part -(1)
Overview of Project Management Basics
===============================
- What is Project?
- Project Life Cycle
- Project Initiation Factors
- The Importance of Project Management
- Primary Objectives of Project Management
- How to Achieve the Primary Objectives

Part -(2)
Scheduling Principles & Practices
==========================
- Checklists
- Daily To-Do Lists
- Bar Chart Method
- Critical Path Method
- Work Breakdown Structure(WBS)
- Determining Durations
- Calculating Floats
- Using leads and Lags
- Reviewing and Analysing the Schedule
- Monitoring and Control the Schedule
- Updating the Schedule
- Forecasting and Balancing Cash Flow
- Resource loading and leveling
- Schedule Risk Management
- Creating Working Calendar
- Creating Project Reports
- Practice Questions

Part -(3)
Creating a Project Schedule Using Microsoft Project Software
=======
- Microsoft Project Software (2019 version)

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

(Course Benefits)
~~~~~~~~~~~
သင်တန်းပြီးဆုံးတဲ့အခါ Management အခြေခံသဘောတရားများကို နားလည်တတ်ကျွမ်းပြီး လုပ်ငန်းခွင်မှာ ပြန်လည်အသုံချနိုင်ပါမယ်။
Microsoft Project Software ကို အသုံးပြုပြီး Schedule တစ်ခုကို Computer နဲ့ ကျွမ်းကျင်စွာ ရေးဆွဲနိုင်ပါမယ်။
Hand Scheduling ရေးဆွဲချင်သူများအတွက်လည်း စာရွက်ပေါ်မှာ
Schedule တစ်ခုကို စနစ်တကျ ရေးဆွဲတတ်သွားပါမယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

(တက်ရောက်သင့်သူများ)
~~~~~~~~~~~
Site Engineers၊ Project Engineers၊ QC Engineers၊
Quantity Surveyors၊ Contractors (ကန်ထရိုက်တာများ)၊
Management Level ကို တာဝန်ယူလုပ်ဆောင်နေကြသူများ၊
ပြည်တွင်း/ပြည်ပ တက္ကသိုလ်များမှ Engineering Students များ၊
Construction Management ကို စိတ်ပါဝင်စားသူများ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

(သင်ကြားမည့်ပုံစံ)
~~~~~~~~
[ Recorded Videos Class ]

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

သင်တန်းစမည့်ရက် ။ ။ (12. 9. 2026)
သင်တန်းကြာချိန် ။ ။ (1.5 - months)
သင်တန်းကြေး ။ ။ (90,000) Kyats

ဆက်သွယ်ရန်။ ။ 09-440236564 ( ☎ )

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Trainer Profile
===========
Sayar Jack
B.E (Civil), PTU, Pyay
Prof, Dip: Construction Project Management (UK), Dip: Project Management (UK),
Certificate in PMP Exam Preparation Course (Project Management Institute, USA).

(သင်တန်းကြးကို -
KBZ-Bank Account
CB-Bank Account
AYA-Bank Account
KBZ Pay Account
တို့မှ ပေးသွင်းရပါမည်။)

Bar Bending Schedule Online-Class (Batch - 72)တန်းခွဲအသစ်ဖွင့်လှစ်ပါပြီ။  ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~👷 သင်ကြားမည့်ပ...
30/08/2026

Bar Bending Schedule Online-Class (Batch - 72)
တန်းခွဲအသစ်ဖွင့်လှစ်ပါပြီ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

👷 သင်ကြားမည့်ပုံစံ
~~~~~~~~~~

[ Recorded Videos Class ]

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

👷 သင်ကြားရမည့် သင်ခန်းစာများ
~~~~~~~~~~~~~~~~

- Fundamental Theories of Structure
- Drawings and Design Specifications
- Footing Cutting Length
- Column Cutting Length
- Beam Cutting Length
- Slab Cutting Length
- Stair Cutting length
- Stirrups/Ties Cutting Length
- Site Knowledges & Practices
- Site Problems & issues

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အရင်ဦးဆုံး တွက်ချက်မှုကိုမလေ့လာခင်မှာ Engineer တိုင်းသိထားရ
မည့် Fundamental Structural Theories and Concepts ကို လေ့လာသင်ယူရပါမည်။

ဒီအဆင့်သည် Civil Engineer တစ်ယောက် (မသိမဖြစ်)
နားလည်တတ်ကျွမ်းထားရမည့်အပိုင်း ဖြစ်သည်။

(RC အဆောက်အဦးတစ်လုံး ဖြစ်ပေါ်လာခြင်းမှစ၍
Structural Member တစ်ခုချင်းစီအကြောင်းကို
ACI-Code သတ်မှတ်ချက်နဲ့အညီ အသေးစိတ်လေ့လာရပါမည်။)

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Site Engineers များအနေနဲ့ လုပ်ငန်းခွင်မှာ လုပ်ကိုင်ရမည့်
Structural Members တွေဖြစ်တဲ့ Beam, Column, Slab, Footing, Stair တွေရဲ့ Design Calculations ကို
ကိုယ်တိုင်တွက်ချက် လေ့လာသင်ယူရပါမည်။

(ဒီအဆင့်ကို လေ့လာပြီးရင် Member size တွေကို ကိုယ်တိုင်ရွေးချယ်တတ်သွားမည်၊ လိုအပ်တဲ့ Rebar တွေကို တွက်ချက်တတ်သွားမည်။)

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Structural Member တစ်ခုချင်းစီရဲ့ Rebar Detailing အကြောင်းတွေကို ACI-Code သတ်မှတ်ချက်တွေနဲ့အညီ
လေ့လာရပါမည်။

Ordinary Moment Resisting Frame, (OMRF)
Intermediate Moment Resisting Frame, (IMRF)
Special Moment Resisting Frame, (SMRF)
အကြောင်းကို အသေးစိတ်လေ့လာပြီး၊ Frame တစ်ခုချင်းစီ၏
အားနည်းချက်/ အားသာချက်များအကြောင်းကိုပါ သိရှိနားလည်ပါမည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Drawing နှင့် Structural Design Specifications
များကို ကျွမ်းကျင်ပိုင်နိုင်စွာ ဖတ်နိုင်အောင် လေ့လာသင်ယူရပါမည်။

(Drawing ကိုကျွမ်းကျင်စွာ ဖတ်နိုင်မည့်အပြင်၊ မပြည့်စုံသော Drawing တစ်ခုကို လုပ်ငန်းခွင်မှာ တွေ့ကြုံရတဲ့အခါ
Structure Concepts အရ ထည့်သွင်းစဥ်းစားရမည့်အချက်များကိုပါ နားလည်တတ်ကျွမ်းသွားပါမည်)။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Drawing ကိုနားလည်တတ်မြောက်ပြီးရင် Structural members တွေဖြစ်တဲ့ Footing , Column , Beam , Slab , Stair တွေနဲ့ Stirrups/ Ties တွေအတွက် Bar Bending Schedule
ရေးဆွဲခြင်းကို (Site Photos) များနဲ့ လေ့လာပြီး တွက်ချက်ရပါမည်။

Footing Types:
~~~~~~~~~
(Isolated, Combined, Strip, Strap, Pile, Mat)
Column Types:
(Rectangular, Square, Round)
Beam Types:
(Main beam, Secondary beam, Cantilever beam)
Slab Types:
(One-way slab, Two-way slab)
Stair Types:
(Quarter-turn stair, Close-well stair, Single flight)
Stirrups/Ties Types:
(Column, Beam)

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

👷 သင်တန်းပြီးဆုံးတဲ့အခါ ဘာတွေတတ်မြောက်သွားမလဲ
~~~~~~~~~~~~~~~~~~~~~~~~~~

# Site Engineers များ လုပ်ငန်းခွင်မှာ လုပ်ကိုင်ရတဲ့လုပ်ငန်းများကို
ဘာကြောင့်လုပ်ကိုင်ရတယ်ဆိုတဲ့ (Why?) ကို နားလည်သွားပါမယ်။

# နည်းစနစ်တကျ ဘယ်လိုလုပ်ကိုင်ရတယ်ဆိုတဲ့ (How?) ကို
နားလည်သွားပါမယ်။

# Drawing နှင့် Design Specs; တွေကို ကျွမ်းကျွမ်းကျင်ကျင် ဖတ်တတ်သွားပါမယ်။

# Structure Theory တွေကို အခြေခံကျကျ နားလည်တတ်မြောက်ပြီး လုပ်ငန်းခွင်မှာ နည်းစနစ်ကျကျ ပြန်လည်အသုံးချတတ်သွားပါမယ်။

# အဆောက်အဦးတစ်ခုလုံးကို ကုန်ကျစရိတ် အနည်းဆုံးဖြစ်အောင် စဉ်းစားပြီး ယုံကြည်မှုရှိရှိနဲ့ Bar Bending Schedule ဆွဲခြင်းကို လုပ်ငန်းခွင်မှာ ပြန်လည် အသုံးချနိုင်သည်အထိ တတ်မြောက်သွားပါမယ်။

# လက်တွေ့ လုပ်ငန်းခွင်မှာ ကြုံတွေ့ရတတ်တဲ့ အမှားတွေနဲ့ / အလေးထား စစ်ဆေးပေးရမယ့် လုပ်ငန်းစဉ်တွေကို သိရှိတတ်မြောက်သွားပါမယ်။

# မတူညီတဲ့ background က သင်တန်းသားတွေနဲ့ အတူတက်ရောက်သင်ကြားရတဲ့ အတွက် Construction Knowledges တွေပိုရရှိလာပါမယ်

# သင်ခန်းစာတွေအပြင် လက်တွေ့ လုပ်ငန်းခွင်က အကြောင်းအရာတွေကိုပါ သင်တန်းချိန် (သို့) သင်တန်းချိန် ပြင်ပမှာပါ ဆရာ နဲ့ ဆွေးနွေးခွင့်ရတဲ့အတွက် မိမိရဲ့ နားလည်တတ်ကျွမ်းမှုတွေ တိုးတက်လာပါမယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

👷 ဘယ်သူတွေတက်ရောက်သင့်လဲ
~~~~~~~~~~~~~~~~

# လုပ်ငန်းခွင် ဝင်ရောက်ရန် ပြင်ဆင်နေတဲ့ Engineers များ

# Structural Theories များကို နားလည်တတ်ကျွမ်းပြီး
Rebar Detailing ကို လုပ်ငန်းခွင်မှာ နည်းစနစ်ကျကျ ပြန်လည် အသုံးချလိုသော Site Engineer များ

# လုပ်ငန်းခွင်ဝင်ရောက်နေသော Site Engineer များ

# ပြည်တွင်း/ပြည်ပတက္ကသိုလ်များမှ အင်ဂျင်နီယာ ကျောင်းသား/သူ များ

# Quantity Surveyor ( QS) engineer များ

# Quality Control (QC) engineer များ

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

သင်တန်းစမည့်ရက် ။ ။ (11. 9. 2026)
သင်တန်းကြာချိန် ။ ။ (1.5)-months
သင်တန်းကြေး ။ ။ (89,500) Kyats

ဆက်သွယ်ရန် ။ ။ 09-440236564 ( ☎ )

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Trainer Profile
~~~~~~~~~
Sayar Jack
B.E (Civil), PTU, Pyay
Prof, Dip: Construction Project Management (UK), Dip: Project Management (UK),
Certificate in PMP Exam Preparation Course (Project Management Institute, USA).

(သင်တန်းကြးကို -
KBZ-Bank Account
CB-Bank Account
AYA-Bank Account
KBZ Pay Account
တို့မှ ပေးသွင်းရပါမည်။)

ဆောက်လုပ်ရေးနည်းလမ်းများ ပြင်ဆင်ခြင်း•••••••••••••••••••••••••••••••••••••••(Construction Methodology)ဆောက်လုပ်ရေးနည်းလမ...
22/08/2026

ဆောက်လုပ်ရေးနည်းလမ်းများ ပြင်ဆင်ခြင်း
•••••••••••••••••••••••••••••••••••••••
(Construction Methodology)

ဆောက်လုပ်ရေးနည်းလမ်း (Methodology) ကို
ရွေးချယ်သတ်မှတ်တဲ့အခါ သေချာစွာ စဉ်းစားသုံးသပ်ရပါတယ်။
အဆောက်အအုံ (သို့မဟုတ်) စီမံကိန်းတစ်ခုကို ဆောက်လုပ်နိုင်သော
နည်းလမ်းသည် တစ်မျိုးတည်းမဟုတ်ပါ။ သို့သော် စီမံကိန်းအမျိုးအစားနှင့် တည်နေရာအလိုက် အချို့နည်းလမ်းများက ပိုမိုထိရောက်ပြီး သင့်လျော်နိုင်ပါတယ်။

ဆောက်လုပ်ရေးနည်းလမ်းကို ပြင်ဆင်ရာတွင် အောက်ပါအချက်များကို
ထည့်သွင်းစဉ်းစားပေးရပါမည်။
~~~~~~~~~~~~~~

(1) အလုပ်သမားများ၏ အန္တရာယ်ကင်းရှင်းမှု (Safety)

(2) ဆောက်လုပ်မည့် အဆောက်အအုံ (သို့မဟုတ်) ဖွဲ့စည်းပုံ

(3) စီမံကိန်းအချိန်ဇယား (Schedule)

(4) ကုန်ကျစရိတ် (Cost)
(ဥပမာ - အချို့ဒေသများတွင် လုပ်အားခမြင့်မားသဖြင့် စက်ယန္တရားများ ပိုမိုအသုံးပြုခြင်းဖြင့် လုပ်သားအင်အား လျှော့ချနိုင်သည်။)

(5) Client ၏ ဒီဇိုင်း (Design)

(6) Client က ချမှတ်ထားသော ကန့်သတ်ချက်များ
- လုပ်ငန်းခွင်ဝင်ရောက်ခွင့်ဆိုင်ရာ လိုအပ်ချက်များ
- ဝန်ဆောင်မှုများ ရရှိနိုင်မှု
- အခြား Contractor များနှင့် ညှိနှိုင်းလုပ်ဆောင်ရမှု
- အလုပ်လုပ်မည့် နေရာသို့ ဝင်ရောက်နိုင်မှု
- ရှိပြီးသား Utility Services၊ လုပ်ငန်းစဉ်များနှင့်
ယာဉ်အသွားအလာကို ချိတ်ဆက်ရမှုနှင့် အနှောင့်အယှက်များ
- သွင်းကုန်ကန့်သတ်ချက်များ
- ဒေသတွင်း အရင်းအမြစ်များ အသုံးပြုနိုင်မှု

(7) အောက်ပါအရင်းအမြစ်များ ရရှိနိုင်မှု
- စက်ကိရိယာများ
- ကျွမ်းကျင်လုပ်သားများ
- ဝန်ထမ်းများ
- ဆောက်လုပ်ရေးပစ္စည်းများ
- တည်းခိုနေထိုင်ရန် နေရာ
- လျှပ်စစ်၊ ရေ စသည့် ဝန်ဆောင်မှုများ

(8) လုပ်ငန်းခွင်အခြေအနေများ
- မြေမျက်နှာသွင်ပြင် (ဥပမာ - တောင်စောင်းများသောနေရာတွင် Crane တပ်ဆင်ရန် ခက်ခဲ နိုင်ပါသည်။)
- မြေသားအခြေအနေ (ဥပမာ - မြေသားမတည်ငြိမ်ခြင်း (သို့မဟုတ်) ကျောက်တုံးများကြောင့် အလုပ်တိုးတက်နှုန်း၊ အချိန်ဇယားနှင့် အသုံးပြုရမည့် စက်ကိရိယာအမျိုးအစားတို့ကို သက်ရောက်စေနိုင်သည်။)
- Site သို့ ဝင်ရောက်နိုင်မှု (ဥပမာ - လမ်းများတွင် အလေးချိန်ကန့်သတ်ချက်ရှိလျှင် စက်ကြီးများ (သို့မဟုတ်) ပစ္စည်းကြီးများ
သယ်ဆောင်ရန် ခက်ခဲနိုင်သည်။)
- Site အတွင်းနှင့် ပတ်ဝန်းကျင် ယာဉ်အသွားအလာများပြားမှုကြောင့် ပို့ဆောင်ရေးနှင့် အလုပ်ချိန်များကြန့်ကြာနိုင်မှု
- Site အတွင်းနှင့် အနီးတဝိုက် လူနှင့်ပစ္စည်းများ များပြား၍ နေရာကျပ်တည်းမှု (ဥပမာ - Crane များကို လိုအပ်သည့်နေရာတွင်
တပ်ဆင်မရနိုင်ခြင်း။)
- အလုပ်လုပ်မည့် နေရာ၏ တည်နေရာ (ဥပမာ - အမြင့်ပိုင်းတွင် အလုပ်လုပ်ရပါက လူနှင့်ပစ္စည်းများ ဝင်ရောက်ပို့ဆောင်ရန် ကန့်သတ်ချက်ရှိနိုင်သည်။)

(9) Contractor ၏ လုပ်သားများ အကျွမ်းတဝင်ရှိသော
ဆောက်လုပ်ရေးနည်းလမ်းများနှင့် ၎င်းတို့၏ ကျွမ်းကျင်မှုအဆင့်

(10) ဆောက်လုပ်ရေးကာလအတွင်း မျှော်မှန်းထားသော ရာသီဥတုအခြေအနေ

(11) စီမံကိန်း၏ တည်နေရာ

(12) Site အနီးတွင် ရရှိနိုင်သော အရင်းအမြစ်များ

(13) စီမံကိန်း၏ ရှုပ်ထွေးမှုအဆင့်

(14) ထပ်ခါတလဲလဲ လုပ်ဆောင်ရမည့် အလုပ်ပမာဏ

(15) ပြီးစီးသည့် လုပ်ငန်း၏ တိကျမှန်ကန်မှု လိုအပ်ချက်

(16) လိုအပ်သော အချောသတ်မှုများ (Finishes)

(17) အရင်းအမြစ်များကို ထိရောက်စွာ အသုံးချနိုင်မှု

(18) အန္တရာယ်များကို အနည်းဆုံးဖြစ်အောင် လျှော့ချနိုင်မှု

Sayar Jack
5/8/2026
Ref: How to Build A Construction Company

စီမံကိန်း၏ ဆုံးရှုံးနိုင်ခြေ အန္တရာယ်များ••••••••••••••••••••••••••••••••••(The Project's Risks)အချို့သော စီမံကိန်းများသ...
21/08/2026

စီမံကိန်း၏ ဆုံးရှုံးနိုင်ခြေ အန္တရာယ်များ
••••••••••••••••••••••••••••••••••
(The Project's Risks)

အချို့သော စီမံကိန်းများသည် စွန့်စားရမှု (သို့) အန္တရာယ် အလွန်များပြားနိုင်သည့်အတွက် စာချုပ်တစ်ခုတွင် ပါဝင်ပတ်သက်နေသည့် ဆုံးရှုံးနိုင်ခြေများကို ကန်ထရိုက်တာ (Contractor) ဘက်က နားလည်ထားရန် အရေးကြီးပါသည်။ ထိုအန္တရာယ်များသည် __
(၁) ရာသီဥတု ဖြစ်စဉ်များနှင့် ဆက်စပ်နေနိုင်သည် ။
(၂) လုပ်ငန်းခွင် လုပ်သားဆက်ဆံရေးပြဿနာများနှင့် ဆက်စပ်နေနိုင်သည်။
(၃) အများပြည်သူဆိုင်ရာ/ကိုယ်ပိုင် ပိုင်ဆိုင်မှုများကို ပျက်စီးစေခြင်း
(သို့မဟုတ်) လူတစ်ဦးဦးကို ထိခိုက်ဒဏ်ရာရစေခြင်းဆိုင်ရာ
အန္တရာယ်များလည်း ရှိနေနိုင်ပါသည်။

အထက်ဖော်ပြပါ Risks များကြောင့် စွန့်စားရမှုများသော စီမံကိန်းတစ်ခုကို အိတ်ဖွင့်တင်ဒါ မခေါ်ယူရ/မလျှောက်ထားရဟု ဆိုလိုခြင်း မဟုတ်ပါ။ သို့သော် ဆုံးရှုံးနိုင်ခြေ အန္တရာယ်များ၏ နောက်ဆက်တွဲ အကျိုးဆက်များကို သေသေချာချာ ထည့်သွင်းစဉ်းစားပြီး နားလည်ထားရန် အရေးကြီးပါသည်။ စွန့်စားရမှုကြီးမားသော စီမံကိန်းတစ်ခုကို ဆောင်ရွက်ခဲ့ပြီး ဖြစ်လာနိုင်သော စွန့်စားရမှု အန္တရာယ်များ တကယ်ဖြစ်ပွားသွားသည့်အတွက် ကုမ္ပဏီ ပျက်စီးသွားသည်အထိ မဖြစ်စေချင်ပါ။

စွန့်စားရမှုမကင်းသော စီမံကိန်းများအတွက် တင်ဒါလျှောက်ထားသည့်အခါ ဤအန္တရာယ်များကို လျှော့ချရန်အတွက် အောက်ပါ မဟာဗျူဟာ အမျိုးမျိုးကို အသုံးပြုနိုင်ပါသည် _

(၁) ကျန်ရှိသော အန္တရာယ်များကို လျှော့ချခြင်း
~~~~~~~~~~~~~~~~~~~~
Client နဲ့ ပိုမိုကောင်းမွန်သော စာချုပ်စည်းကမ်းချက်များကို ညှိနှိုင်းခြင်းနှင့် အန္တရာယ်အချို့ကို ၎င်းတို့ထံ လွှဲပြောင်းပေးခြင်းဖြင့် အန္တရာယ်များကို
လျှော့ချနိုင်သည်။

(၂) စျေးနှုန်းထဲတွင် ထည့်သွင်းတွက်ချက်ခြင်း
~~~~~~~~~~~~~~~~~~~~
အချို့သော အန္တရာယ်များကို စျေးနှုန်း သတ်မှတ်စဉ်ကတည်းက အတိုင်းအတာတစ်ခုအထိ ထည့်သွင်းစဉ်းစားထားနိုင်သည်။
ဥပမာ - ဆိုးရွားသော ရာသီဥတုကြောင့် အချိန်ကြန့်ကြာနိုင်သည်ဟု မျှော်လင့်ပါက အချိန်ကြန့်ကြာမှုအတွက် ကုန်ကျစရိတ်ကို တင်ဒါစျေးနှုန်းထဲတွင် ထည့်သွင်းတွက်ချက်လေ့ရှိသည်။ အကယ်၍ ရာသီဥတု မဆိုးရွားပါက ထိုအရန်စရိတ် (Contingency) ကို သုံးစွဲရန် မလိုတော့ဘဲ အမြတ်ပိုမို ရရှိမည်ဖြစ်သည်။ အကယ်၍ ထိခိုက်မှု ပိုမိုကြုံတွေ့ရပါက အရန်စရိတ် တစ်ခုလုံးနှင့် အမြတ်အချို့ ကုန်သွားနိုင်သော်လည်း ရာသီဥတုအတွက် အကြမ်းအားဖြင့် လျာထားခဲ့သည့်အတွက် စွန့်စားရမှုနှင့် ဖြစ်နိုင်ချေရှိသော ဆုံးရှုံးမှုကို လျှော့ချနိုင်ခဲ့သည်။

(၃) အာမခံ ဝယ်ယူခြင်း
~~~~~~~~~~
အဓိက အန္တရာယ်အချို့ကို ကာမိစေရန် အာမခံ (Insurance) ဝယ်ယူထားခြင်း။

(၄) အမြတ် ရာခိုင်နှုန်း တိုးမြှင့်ခြင်း
~~~~~~~~~~~~~~~
အချို့သော အခြေအနေများတွင် တင်ဒါ စျေးနှုန်းထဲ၌ ထပ်ဆောင်း အမြတ်ငွေ ရာခိုင်နှုန်းကို တိုးမြှင့်ထည့်သွင်းခြင်းဖြင့် စွန့်စားရမှု အန္တရာယ်ကို လက်ခံရကျိုးနပ်အောင် ပြုလုပ်ခြင်း။

ဆောက်လုပ်ရေး စီမံကိန်း အားလုံးတွင် ဆုံးရှုံးနိုင်ခြေ အန္တရာယ်များ အတိုင်းအတာတစ်ခုအထိ ရှိစမြဲ ဖြစ်ရာ ထိုအန္တရာယ်များကို သေချာစွာ နားလည်သဘောပေါက်ပြီး ထည့်သွင်းလျာထားရန်သာ လိုအပ်ပါသည်။
ထည့်သွင်းစဉ်းစားရမည့် အန္တရာယ်များမှာ _

✅ ခက်ခဲသော မြေပြင် အခြေအနေများ
~~~~~~~~~~~~~~~~~~
ဥပမာ - ကျောက်ဆောင်များကို တူးဖော်ရခြင်း။

✅ ရှိပြီးသား ပိုက်လိုင်း/ကေဘယ်များ
~~~~~~~~~~~~~~~~~~
ဥပမာ - ၎င်းတို့၏ တည်နေရာကို ရှာဖွေရန် စရိတ်ကြီးမားခြင်း၊ ရွှေ့ပြောင်းချိန်တွင် ကြန့်ကြာမှုများ ရှိနိုင်ခြင်း၊ ထိခိုက်ပျက်စီးပါက ပြင်ဆင်စရိတ် ကြီးမားစွာ ကုန်ကျနိုင်ခြင်း။

✅ ဆိုးရွားသော ရာသီဥတု အခြေအနေများ
~~~~~~~~~~~~~~~~~~~~
ဥပမာ - မိုးရွာခြင်း၊ လေပြင်းတိုက်ခြင်းနှင့် ပြင်းထန်သော အပူချိန်များ။

✅ လုပ်ငန်းခွင် လုပ်သားဆက်ဆံရေး ပြဿနာများ။

✅ တိုတောင်းသော (သို့မဟုတ်) ခက်ခဲသော အချိန်ဇယားများ။

✅ ရှုပ်ထွေးပြီး ခက်ခဲသော အဆောက်အအုံ ဗိသုကာ/ဖွဲ့စည်းပုံများ။

✅ လက်ရှိလည်ပတ်နေသော စက်ရုံ/အဆောက်အအုံများ ပတ်ဝန်းကျင်နှင့် အတွင်းထဲတွင် လုပ်ကိုင်ရခြင်း။

Sayar Jack
4/8/2026
Ref: How to Build a Construction Company

မှန်ကန်သော ပရောဂျက် (Project) တစ်ခုကို ဘယ်လိုရွေးချယ်မလဲ ••••••••••••••••••••••••••••••••••••••••••••••••••••••••••••••(...
05/08/2026

မှန်ကန်သော ပရောဂျက် (Project) တစ်ခုကို ဘယ်လိုရွေးချယ်မလဲ
••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
(The Right Project)

ဆောက်လုပ်ရေးကုမ္ပဏီ တော်တော်များများဟာ အလုပ်ရဖို့ အရမ်းဆာလောင်နေကြတဲ့အတွက် ဘယ်လိုပရောဂျက်မျိုးကိုမဆို၊ ဘယ်လောက်ဈေးနဲ့မဆိုလက်ခံဖို့ အဆင်သင့်ဖြစ်နေတတ်ကြပါတယ်။
ဒါပေမဲ့ ဘယ်ဈေးနဲ့မဆို ပရောဂျက်တစ်ခုကို လက်ခံလိုက်ခြင်းရဲ့ စွန့်စားရမှုကတော့ ကုမ္ပဏီအနေနဲ့ အဲဒီပရောဂျက်ကို ရရှိပြီး ရက်သတ္တပတ်ပေါင်းများစွာ (သို့မဟုတ်) လပေါင်းများစွာ ပင်ပင်ပန်းပန်း လုပ်ကိုင်ခဲ့ပြီးမှ ငွေကြေးဆုံးရှုံးလိုက်ရတာမျိုး ဖြစ်ပါတယ်။

လူတိုင်း အိမ်မှာပဲငြိမ်ငြိမ်ထိုင်ပြီး ပိုက်ဆံလည်းမရ၊ ဆုံးရှုံးမှုလည်းမရှိဘဲ
နေခဲ့ကြရင် ပိုပြီးမကောင်းဘူးလား ❓

အဲဒီပရောဂျက်ကို မလုပ်ဘဲနေခဲ့ရင် ကုမ္ပဏီအနေနဲ့ ပိုမိုသင့်တော်တဲ့
အခြားပရောဂျက်တွေကို ရှာဖွေဖို့ အချိန်ရချင်ရပါလိမ့်မယ်။
ဒါမှမဟုတ် အဲဒီပရောဂျက်ကို လက်ခံလုပ်ကိုင်လိုက်ခြင်းကြောင့်
ပိုမိုသင့်တော်တဲ့ အခြားပရောဂျက်တစ်ခု အခွင့်အရေးပေါ်လာတဲ့အခါမှာ ကုမ္ပဏီမှာ အသုံးပြုနိုင်မယ့် အရင်းအမြစ် (Resources) တွေ
မရှိတော့တာမျိုး ဖြစ်သွားနိုင်မလား ❓

မှားယွင်းတဲ့ ပရောဂျက်တစ်ခုကို လက်ခံလုပ်ကိုင်ခြင်းရဲ့ စွန့်စားရမှုဟာ
အဲဒီပရောဂျက်ရဲ့ အမြတ်အစွန်းအပေါ် တိုက်ရိုက်သက်ရောက်ရုံတင်မကဘဲ အခြားပရောဂျက်တွေနဲ့ ကုမ္ပဏီတစ်ခုလုံးအပေါ်မှာပါ သက်ရောက်မှု ရှိစေပါတယ်။ ပရောဂျက်တစ်ခုမှာ ပြဿနာတက်တဲ့အခါ စီမံခန့်ခွဲသူတွေဟာ ပြဿနာတွေကို ပြုပြင်ဖြေရှင်းဖို့အတွက် ပုံမှန်ထက် အချိန်ပိုပေးကြရပါတယ်။ အဲဒီအချိန်တွေကို ပိုမိုအောင်မြင်နေတဲ့ အခြားပရောဂျက်တွေကနေ အမြတ်အစွန်း အများဆုံးရအောင်လုပ်တဲ့နေရာမှာ ပိုပြီး အကျိုးရှိရှိ အသုံးပြုနိုင်ပါတယ်။ တကယ်တော့ အခြားပရောဂျက်တွေအပေါ် စီမံခန့်ခွဲမှု အားနည်းသွားခြင်းကြောင့် အဲဒီအခြားပရောဂျက်တွေပါ လိုက်ပြီး ပျက်စီးသွားတတ်တဲ့ ရလဒ်မျိုး တစ်ခါတစ်ရံ ဖြစ်ပေါ်တတ်ပါတယ်။

ပရောဂျက်တစ်ခုကို လုပ်ကိုင်ခြင်းဟာ အလုပ်ရှိနေရုံသက်သက်
(အလုပ်တစ်ခုရနေရုံတင်) မဖြစ်သင့်ပါဘူး။ ပရောဂျက်တစ်ခုကို လုပ်ချင်ရတဲ့ တစ်ခုတည်းသော အကြောင်းပြချက်ဟာ ကုမ္ပဏီအတွက် ပိုက်ဆံရဖို့
(သို့မဟုတ်) တစ်ခါတစ်ရံမှာ ပိုက်ဆံပိုရလာစေမယ့် နောက်ထပ်အလုပ်တွေကို ထပ်မံရရှိနိုင်ဖို့ပဲ ဖြစ်ရပါမယ်။ ကန်ထရိုက်တာတွေဟာ အလုပ်အရမ်းလိုချင်နေတာကြောင့်တင် ပရောဂျက်တွေကို အနိုင်ရအောင် ယူတတ်ကြတာကို မကြာခဏ တွေ့ရတတ်ပါတယ်။ ဒါမှမဟုတ် တစ်ခါတစ်ရံမှာ ကန်ထရိုက်တာတွေဟာ ကြီးမားပြီး ဂုဏ်သိက္ခာရှိတဲ့ ပရောဂျက်ကြီးတွေကို လက်ခံလုပ်ကိုင်ကြပါတယ်။ အဲ့ဒါဟာ အများပြည်သူနဲ့ ရှယ်ယာရှင်တွေကြားမှာ သူတို့ရဲ့ ဂုဏ်သတင်း အဆင့်အတန်းကို မြင့်မားစေမယ်လို့ ယုံကြည်ကြပါတယ်။ စိတ်မကောင်းစရာကတော့ အဲဒီပရောဂျက် အတော်များများဟာ နောက်ဆုံးမှာ ကုမ္ပဏီကို ငွေကြေးအမြောက်အမြား ဆုံးရှုံးစေတာနဲ့ပဲ လမ်းဆုံးသွားတတ်ကြပါတယ်။

ဒါဆိုရင် မှန်ကန်တဲ့ ပရောဂျက်ဆိုတာ ဘာလဲ ❓
~~~~~~~~~~~~~~~~~~~~

အဲဒါကတော့ ကန်ထရိုက်တာအနေနဲ့ အောက်ပါအချက်တွေကို
လုပ်ဆောင်နိုင်မယ့် ပရောဂျက်မျိုး ဖြစ်ပါတယ် __

(၁) အချိန်မီ ပြီးစီးအောင် လုပ်နိုင်ခြင်း၊

(၂) လုပ်ငန်းအပ်နှံသူ (Client) ရဲ့ သတ်မှတ်ချက်တွေနဲ့
လိုအပ်ချက်တွေကို စိတ်ကျေနပ်မှုရစေပြီး ကန်ထရိုက်တာအတွက် ကောင်းမွန်တဲ့ကြော်ငြာတစ်ခု ဖြစ်လာစေမယ့် အရည်အသွေးကောင်းမွန်တဲ့ လုပ်ငန်းခွင်မျိုး ထုတ်လုပ်ပေးနိုင်ခြင်း၊

(၃) မတော်တဆ ထိခိုက်မှု မရှိဘဲ၊ မည်သူတစ်ဦးတစ်ယောက်ကိုမျှ
(သို့မဟုတ်) ပတ်ဝန်းကျင်ကို အန္တရာယ်မပြုဘဲ ဘေးကင်းလုံခြုံစွာ
ပြီးစီးနိုင်ခြင်း၊

(၄) အမြတ်အစွန်း (Profit) ရရှိစေခြင်း၊

(၅) လုပ်ငန်းခ အစရှိသည်တို့ကို အချိန်မီ အပြည့်အဝရရှိခြင်း၊

(၆) ငွေသားစီးဆင်းမှု အပြုသဘောဆောင်ခြင်း (Cash-positive)
(သို့မဟုတ်) အနည်းဆုံးတော့ အရှုံးမရှိ ဝင်ငွေနဲ့ ထွက်ငွေ မျှတခြင်း (Cash-neutral)

(၇) မိမိတို့မှာ ရှိနေတဲ့ အရင်းအမြစ် (Resources) တွေကို
အကျိုးရှိရှိ အသုံးချနိုင်ခြင်း၊

(၈) ဖြစ်နိုင်မယ်ဆိုရင်_ အဲဒီအပ်နှံသူ (Client) ထံကနေပဲ နောက်ထပ်အလုပ်တွေ ထပ်ရခြင်း (သို့မဟုတ်) အနီးနားဝန်းကျင်က အခြားအပ်နှံသူတွေဆီကနေ အလုပ်တွေ ရရှိနိုင်ခြင်း တို့ဖြစ်ပါတယ်။

Sayar Jack
3/8/2026
Ref: How to Build a Construction Company

ဆောက်လုပ်ရေးကုမ္ပဏီတစ်ခု တည်ထောင်ရေးလမ်းညွှန်===============================နိဒါန်း------လူအများစုက ဆောက်လုပ်ရေးလုပ်ငန်း...
05/08/2026

ဆောက်လုပ်ရေးကုမ္ပဏီတစ်ခု တည်ထောင်ရေးလမ်းညွှန်
===============================

နိဒါန်း
------
လူအများစုက ဆောက်လုပ်ရေးလုပ်ငန်းမှာ အလွယ်တကူ ငွေရှာလို့ရတယ်လို့ ထင်တတ်ကြပါတယ်။ ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေပြီး ကုမ္ပဏီပိုင်ရှင်တွေ စျေးကြီးတဲ့ကားတွေ စီးနေတာကို မြင်လို့ပဲဖြစ်ဖြစ် (သို့မဟုတ်) ကုမ္ပဏီတွေ အဆင်ပြေပြေ လည်ပတ်နေပြီး၊ အမြတ်အစွန်း အမြောက်အမြား ရနေတယ်ဆိုတာ ကြားလို့ပဲဖြစ်ဖြစ်ပေါ့။ ဒါဟာ ငွေအမြန်ရှာနိုင်တဲ့ လမ်းစတစ်ခုလို့ ထင်တတ်ကြပါတယ်။ ဒါကြောင့် ကျွမ်းကျင်တဲ့ လက်သမား၊ ပန်းရန်သမားကောင်း အများအပြားဟာ သူတို့ရဲ့ အလုပ်တွေကို စွန့်လွှတ်၊ တစ်သက်တာ စုဆောင်းထားသမျှကို ရင်းနှီးမြှုပ်နှံပြီး ကိုယ်ပိုင်ဆောက်လုပ်ရေးလုပ်ငန်းကို စတင်ကြပါတယ်။

ကံမကောင်းစွာပဲ --- အမှန်တရားကတော့ ဆောက်လုပ်ရေးလုပ်ငန်းမှာ
ချမ်းသာပြီး အောင်မြင်တဲ့သူတစ်ယောက် ရှိတိုင်း၊ အနည်းဆုံး တစ်ခြား
ဆယ်ယောက်လောက်ကတော့ မအောင်မြင်ဘဲ အလုပ်ချိန်နာရီပေါင်းများစွာ ပင်ပင်ပန်းပန်း လုပ်ကိုင်ကာ သာမန်လစာလောက်ပဲ အိမ်ကို ယူပြန်နိုင်ကြတဲ့ ကုမ္ပဏီပိုင်ရှင်တွေနဲ့ မန်နေဂျာတွေ ဖြစ်နေတတ်ကြတာပါပဲ။
ဤလူအားလုံးနီးပါးဟာ ကျွမ်းကျင်ပြီး ဗဟုသုတရှိသူတွေဖြစ်ကြသလို၊
သူတို့အားလုံး ကြိုးစားပမ်းစား လုပ်ကိုင်ခဲ့ကြတယ်ဆိုတာကိုတော့ သေချာပေါက် ပြောနိုင်ပါတယ်။ သူတို့ထဲက အများစုဟာ အောင်မြင်တဲ့ စီမံကိန်း (Project) တွေကိုတောင် ပြီးမြောက်အောင်ဆောင်ရွက်နိုင်ခဲ့ကြပေမယ့်၊ နောက်ဆုံးမှာတော့ သူတို့ကုမ္ပဏီဟာ မအောင်မြင်ဘဲ ပြိုလဲသွားခဲ့ရပါတယ်။

ဆောက်လုပ်ရေးကုမ္ပဏီတစ်ခု ကျရှုံးသွားရတဲ့အကြောင်းရင်းတွေက
ဘာတွေလဲ ❓
---------------------------------------------------------------------------

ဆောက်လုပ်ရေးကုမ္ပဏီကို ပိုင်ဆိုင်ခဲ့ဖူးသူ (သို့မဟုတ်) စီမံခန့်ခွဲဖူးပြီး အခြေအနေ မကောင်းခဲ့သူတွေဟာ ဤသို့ ညံ့ဖျင်းတဲ့ ရလဒ်ထွက်ပေါ်မှုကို ကံဆိုးခြင်းကြောင့်လို့ ပုံချလေ့ရှိကြပါတယ်။ ကုမ္ပဏီကို ပျက်စီးစေခဲ့တာဟာ ဆိုးရွားတဲ့ စာချုပ်တစ်ခုတည်းကြောင့် ဖြစ်တတ်ပါတယ်။ ၎င်းဟာ ၎င်းတို့ကို ငွေမချေဘဲ နေခဲ့တဲ့ ဖောက်သည်တစ်ယောက်တည်းကြောင့် ဖြစ်နိုင်သလို၊ ရာသီဥတု ဆိုးရွားမှုဒဏ်ကို ခံခဲ့ရတဲ့ စီမံကိန်းတစ်ခုကြောင့်လည်း ဖြစ်နိုင်ပါတယ်။ တကယ်ပဲ မိုးရွာခဲ့တာ ဖြစ်နိုင်သလို၊ စက်ပစ္စည်းတွေ ပျက်စီးတာမျိုးလည်း ရှိနိုင်ပါတယ်။ ဒါပေမယ့် အမှန်အတိုင်း ပြောရရင် ဤညံ့ဖျင်းတဲ့ ရလဒ်တွေရဲ့ အကြောင်းရင်းကို ကျွန်တော်တို့ သေချာဆန်းစစ်ကြည့်မယ်ဆိုရင် အရာရာကို စနစ်တကျလုပ်ဆောင်ပြီး Project ကို ပိုမိုကောင်းမွန်စွာ
စီမံခန့်ခွဲခဲ့မယ်ဆိုရင် အဆိုပါဆုံးရှုံးမှုကို ရှောင်လွှဲနိုင်ခဲ့မှာ (သို့မဟုတ်) အနည်းဆုံးတော့ လျှော့ချနိုင်ခဲ့မှာ ဖြစ်ပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်းမှာ အောင်မြင်ဖို့ဆိုတာ စီမံကိန်းအများအပြားကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်ရုံထက်မက ပိုပါတယ်။ စီမံကိန်းတွေကို အချိန်မီသတ်မှတ်ထားတဲ့ အရည်အသွေး စံချိန်စံညွှန်းတွေနဲ့အညီ ဘေးအန္တရာယ်ကင်းရှင်းစွာ ပြီးမြောက်စေဖို့ လိုအပ်ပြီး၊ အရေးကြီးဆုံးကတော့ အမြတ်အစွန်း ရရှိဖို့ ဖြစ်ပါတယ်။ ဒါပေမယ့် ပိုပြီး အဓိပ္ပာယ်ရှိတာကတော့ ကုမ္ပဏီဟာ သူတို့လုပ်ဆောင်ခဲ့တဲ့ အလုပ်အတွက် ငွေပြန်ရရမှာ
ဖြစ်ပြီး ငွေသားစီးဆင်းမှု (Cash Flow) အဆင်ပြေနေဖို့ လိုအပ်ပါတယ်။ ငွေသားစီးဆင်းမှုဟာ ဆောက်လုပ်ရေးကုမ္ပဏီတွေ ရင်ဆိုင်နေရတဲ့ အကြီးမားဆုံး စိန်ခေါ်မှုတွေထဲက တစ်ခုဖြစ်ပါတယ်။ စီမံကိန်းတစ်ခုက အမြတ်ထွက်နေရုံနဲ့ ကုမ္ပဏီရဲ့ ဘဏ်အကောင့်ထဲမှာ ငွေရှိနေပြီလို့ မဆိုလိုပါဘူး။
ဒါ့အပြင် ကုမ္ပဏီအနေနဲ့ နောက်ထပ် အလုပ်တွေ ဆက်လက်ရရှိနိုင်ဖို့အတွက် ဖောက်သည်တွေနဲ့ ဆက်ဆံရေးကောင်းများ တည်ဆောက်ပြီး နာမည်ကောင်း (Reputation) ရအောင် တည်ဆောက်ဖို့ လိုအပ်ပါတယ်။

ဆောက်လုပ်ရေးဆိုတာ လွယ်ကူတဲ့ လုပ်ငန်းတစ်ခု မဟုတ်ပါဘူး။
တစ်ခါတစ်ရံမှာ ဆက်ဆံရခက်ခဲတဲ့၊ လိုချင်တာများတဲ့၊ အတွေ့အကြုံမရှိတဲ့၊ အကျိုးအကြောင်းမဆီလျော်တဲ့ မျှော်လင့်ချက်တွေ ရှိတတ်တဲ့ (တချို့အခြေအနေတွေမှာဆိုရင်) မရိုးသားတဲ့ ဖောက်သည်တွေနဲ့ ရင်ဆိုင်ရတတ်ပါတယ်။ ဖောက်သည်တွေဟာ အကျိုးအကြောင်းမဆီလျော်တဲ့ အချိန်ဇယားတွေကို သတ်မှတ်တတ်ကြပြီး၊ ၎င်းတို့၏ ကိုယ်ပိုင်ကုန်ကျစရိတ် ဖိအားများကြောင့် (ဆောက်လုပ်ရေးကုမ္ပဏီများကို မဖြစ်နိုင်တဲ့ လျှော့စျေးတွေပေးဖို့ ဖိအားပေးတတ်ကြပါတယ်)။ ဒါ့အပြင် ကန်ထရိုက်တာတွေဟာ ကုန်ကြမ်းပစ္စည်း ပြတ်လပ်မှု၊ ရှုပ်ထွေးတဲ့ ရုံးလုပ်ငန်းကိစ္စများ (Red-tape)၊ ပိုမိုတင်းကျပ်လာတဲ့ ဘေးကင်းလုံခြုံရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေပြဌာန်းချက်များ၊ အမှုအခင်းဖြစ်ပွားမှု များပြားလာတဲ့ လူ့အဖွဲ့အစည်း၊ တိုးပွားလာတဲ့ ပြိုင်ဆိုင်မှု၊ ပိုမိုခက်ခဲပြီး ရှုပ်ထွေးလာတဲ့ စီမံကိန်းများနှင့် အချို့ကိစ္စရပ်များတွင် နိုင်ငံရေးအရ ကြားဝင်စွက်ဖက်မှုများစတဲ့ စိန်ခေါ်မှုတွေကို မကြာခဏ ရင်ဆိုင်ရတတ်ပါတယ်။

စီမံကိန်းနှင့်ဖောက်သည်တိုင်းဟာ မတူညီကြဘဲ အမျိုးမျိုးကွဲပြားလေ့ရှိပါတယ်။ ထို့ကြောင့် စီမံကိန်းတိုင်းမှာ အောင်မြင်နိုင်မယ့် ပုံသေနည်းတစ်ခုတည်း ရယ်လို့ မရှိပါဘူး။ ၎င်းက ဆောက်လုပ်ရေးကုမ္ပဏီတွေကို သူတို့ရဲ့ လုပ်ငန်းစဉ်တွေကို အစဉ်တစိုက် လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲပြင်ဆင်ဖို့ ဖိအားပေးပါတယ်။ ထို့ပြင် ကန်ထရိုက်တာများသည် ဆိုးရွားသော ရာသီဥတုအခြေအနေ၊
ကုန်စျေးနှုန်း မြင့်တက်မှုနှင့် ကျွမ်းကျင်လုပ်သား ပြတ်လပ်မှု စသည့်
စိန်ခေါ်မှုများကို ဆက်လက် ရင်ဆိုင်နေကြရဆဲ ဖြစ်ပါတယ်။

သို့သော်လည်း အမှန်အတိုင်း ပြောရမယ်ဆိုရင် ကောင်းမွန်စွာ လည်ပတ်နိုင်တဲ့ ဆောက်လုပ်ရေးကုမ္ပဏီဟာ အလွန်နည်းပါးပါတယ်။ ကုမ္ပဏီအများစု ကျရှုံးရခြင်းဟာ ပြင်ပဖိအားတွေကြောင့် မဟုတ်ဘဲ၊ ၎င်းတို့ကိုယ်တိုင်ရဲ့
မပြည့်စုံမှုတွေကြောင့်သာ ဖြစ်ပါတယ်။

သူတို့ ကျရှုံးရတဲ့ အကြောင်းရင်းအချို့ကတော့ ___ ❎❎

(၁) ညံ့ဖျင်းတဲ့ တင်ဒါခေါ်ယူစျေးပြိုင်မှု (Poor Tendering)၊
(၂) ငွေသားပြတ်လပ်မှု (သို့မဟုတ်) ညံ့ဖျင်းစွာ စီမံခန့်ခွဲထားတဲ့
ငွေသားစီးဆင်းမှု၊
(၃) ငွေကြေးအရင်းအမြစ် (သို့မဟုတ်) ကျွမ်းကျင်မှု မလုံလောက်ဘဲ လုပ်ငန်းကို အလွန်အကျွံ ချဲ့ထွင်ခြင်း၊
(၄) လုပ်ဆောင်ခဲ့တဲ့ အလုပ်အတွက် ငွေမရရှိခြင်း၊
(၅) ညံ့ဖျင်းတဲ့ ဘဏ္ဍာရေးထိန်းချုပ်မှု၊
(၆) ခေါင်းဆောင်မှု အားနည်းခြင်းနှင့်
(၇) လုပ်ငန်းအခွင့်အလမ်း ရှားပါးခြင်းတို့ ဖြစ်ကြပါတယ်။

ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုကို ဘဏ္ဍာရေးအရ အောင်မြင်အောင်
ဘာတွေက လုပ်ဆောင်ပေးတာလဲ ❓
--------------------------------------------------------------------------

ပထမဦးစွာ မန်နေဂျာများသည် စျေးနှုန်းသတ်မှတ်ရန်အတွက် စီမံကိန်းတစ်ခုကို ရှာဖွေရပါမည် __ မည်သည့်စီမံကိန်းမဆို မဟုတ်ဘဲ မှန်ကန်သင့်တော်သော စီမံကိန်း ဖြစ်ရပါမည်။ ၎င်းတို့သည် ဤစီမံကိန်းကို တိကျစွာ တင်ဒါအောင်အောင် (သို့မဟုတ်) စျေးနှုန်းတွက်ချက်ရန် လိုအပ်ပြီး မိမိတို့ရရှိနိုင်မည့် အကျိုးအမြတ်အားလုံးကို ဆုံးရှုံးမသွားစေဘဲ အလုပ်ကိုရရှိအောင်
သေချာဆောင်ရွက်ရပါမည်။ ကုမ္ပဏီအနေဖြင့် စီမံကိန်းကို လက်ခံရရှိပြီးပါက အမှားအယွင်းများကို ရှောင်ရှားပြီး ပြီးမြောက်သမျှ အလုပ်အားလုံးအတွက် ငွေရရှိစေရန် သေချာစေခြင်းဖြင့် အလုပ်ကို အောင်မြင်စွာ လုပ်ဆောင်ရပါမည်။ ဤအချက်ကို အောင်မြင်ရန်အတွက် ၎င်းတို့သည် ဘဏ္ဍာရေးနှင့် စာချုပ်စာတမ်းပိုင်းဆိုင်ရာ ကျွမ်းကျင်နားလည်ရန် လိုအပ်ပြီး
လူတော်လူကောင်းများကို ခန့်အပ်ရပါမည်။ တစ်ချိန်တည်းမှာပင် မန်နေဂျာများသည် ကုမ္ပဏီ၏ နာမည်ဂုဏ်သတင်းကို မြှင့်တင်ရန်၊ ကုမ္ပဏီတစ်ခုလုံးကို စီမံခန့်ခွဲရန်နှင့် လုပ်ငန်း တိုးတက်ကြီးပွားအောင် လုပ်ဆောင်ရန်
လိုအပ်ပါသည်။

ဒီအတွက် မှော်ဆန်တဲ့ ပုံသေနည်းတော့ မရှိပါဘူး။ အကယ်၍ ခင်ဗျားဟာ မှန်ကန်တဲ့ စျေးနှုန်းနဲ့ စီမံကိန်းတစ်ခုကို ရရှိခဲ့ပြီး၊ စာချုပ်ပါ အခြေအနေတွေဟာ မမျှတတာမျိုး မဟုတ်ဖို့နဲ့ အချိန်ဇယားဟာ လက်တွေ့ ပြီးမြောက်နိုင်ဖို့ သေချာအောင် လုပ်ဆောင်နိုင်မယ်။ ပြီးတော့ အလုပ်ကို ကုန်ကျစရိတ် အနည်းဆုံးနဲ့ ထိရောက်စွာ ဆောင်ရွက်နိုင်မယ်ဆိုရင် ကုမ္ပဏီဟာ အောင်မြင်ဖို့အတွက် လမ်းတစ်ဝက်ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။

အောင်မြင်ခြင်းဆိုတာ ကံကောင်းခြင်းထက် မိမိကိုယ်ပိုင်ကံကို ဖန်တီးခြင်းနဲ့ ပိုဆိုင်ပါတယ်။ သိသာထင်ရှားတာကတော့ ၎င်းဟာ ကြိုးစားအားထုတ်မှု၊ နည်းပညာဆိုင်ရာ ဗဟုသုတနှင့် လက်တွေ့ကျွမ်းကျင်မှု အတိုင်းအတာတစ်ခုအထိ ရှိဖို့လည်း လိုအပ်ပါတယ်။

ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုကို စီမံခန့်ခွဲခြင်းနှင့် လည်ပတ်ခြင်းဟာ
ကုမ္ပဏီမှတ်ပုံတင်ခြင်းနှင့် လိုက်နာရမည့် စည်းကမ်းချက်များ၊ အလုပ်သမားဥပဒေများ၊ ဥပဒေနှင့် စာချုပ်ဆိုင်ရာ ဗဟုသုတများ၊ ဘေးကင်းလုံခြုံရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေများနှင့် အခွန်ဥပဒေများကဲ့သို့သော သီးခြားဥပဒေများစွာကို သိရှိနားလည်ထားရန် လိုအပ်ပါတယ်။

ဒါကြောင့် ကုမ္ပဏီများသည် တည်ဆဲဥပဒေများကို လိုက်နာရန် အရေးကြီးသဖြင့်၊ မန်နေဂျာများသည် လိုအပ်ချက်များကို ကျယ်ကျယ်ပြန့်ပြန့် နားလည်ထားရန်နှင့် ကျွမ်းကျင်သူများ၏ အကြံဉာဏ်နှင့် အကူအညီများကို ရယူရန် လိုအပ်ပါသည်။

Sayar Jack
3/8/2026
Ref: How to Build a Construction Company

ဆောက်လုပ်ရေးစီမံကိန်းများတွင် လုပ်ကိုင်နေကြသောအင်ဂျင်နီယာများ၊ မန်နေဂျာများ၊ ကန်ထရိုက်တာများအတွက် Planning နှင့် Schedul...
29/07/2026

ဆောက်လုပ်ရေးစီမံကိန်းများတွင် လုပ်ကိုင်နေကြသော
အင်ဂျင်နီယာများ၊ မန်နေဂျာများ၊ ကန်ထရိုက်တာများအတွက်
Planning နှင့် Scheduling ကို အခြေခံမှစပြီး
စနစ်တကျလေ့လာရမည့် သင်တန်း။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Construction Project Scheduling
and Controlling (Online-Class)
========================

သင်ကြားရမည့် ဘာသာရပ်များ
==================
(1) Overview of Project Management Basics
(2) Scheduling Principles & Practices
(3) Creating a Project Schedule Using Microsoft Project Software

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

သင်ကြားရမည့်အကြောင်းအရာများ (အသေးစိတ်)
============================

Part -(1)
Overview of Project Management Basics
===============================
- What is Project?
- Project Life Cycle
- Project Initiation Factors
- The Importance of Project Management
- Primary Objectives of Project Management
- How to Achieve the Primary Objectives

Part -(2)
Scheduling Principles & Practices
==========================
- Checklists
- Daily To-Do Lists
- Bar Chart Method
- Critical Path Method
- Work Breakdown Structure(WBS)
- Determining Durations
- Calculating Floats
- Using leads and Lags
- Reviewing and Analysing the Schedule
- Monitoring and Control the Schedule
- Updating the Schedule
- Forecasting and Balancing Cash Flow
- Resource loading and leveling
- Schedule Risk Management
- Creating Working Calendar
- Creating Project Reports
- Practice Questions

Part -(3)
Creating a Project Schedule Using Microsoft Project Software
=======
- Microsoft Project Software (2019 version)

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

(Course Benefits)
~~~~~~~~~~~
သင်တန်းပြီးဆုံးတဲ့အခါ Management အခြေခံသဘောတရားများကို နားလည်တတ်ကျွမ်းပြီး လုပ်ငန်းခွင်မှာ ပြန်လည်အသုံချနိုင်ပါမယ်။
Microsoft Project Software ကို အသုံးပြုပြီး Schedule တစ်ခုကို Computer နဲ့ ကျွမ်းကျင်စွာ ရေးဆွဲနိုင်ပါမယ်။
Hand Scheduling ရေးဆွဲချင်သူများအတွက်လည်း စာရွက်ပေါ်မှာ
Schedule တစ်ခုကို စနစ်တကျ ရေးဆွဲတတ်သွားပါမယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

(တက်ရောက်သင့်သူများ)
~~~~~~~~~~~
Site Engineers၊ Project Engineers၊ QC Engineers၊
Quantity Surveyors၊ Contractors (ကန်ထရိုက်တာများ)၊
Management Level ကို တာဝန်ယူလုပ်ဆောင်နေကြသူများ၊
ပြည်တွင်း/ပြည်ပ တက္ကသိုလ်များမှ Engineering Students များ၊
Construction Management ကို စိတ်ပါဝင်စားသူများ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

(သင်ကြားမည့်ပုံစံ)
~~~~~~~~
[ Recorded Videos Class ]

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

သင်တန်းစမည့်ရက် ။ ။ (10. 8. 2026)
သင်တန်းကြာချိန် ။ ။ (1.5 - months)
သင်တန်းကြေး ။ ။ (90,000) Kyats

ဆက်သွယ်ရန်။ ။ 09-440236564 ( ☎ )

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Trainer Profile
===========
Sayar Jack
B.E (Civil), PTU, Pyay
Prof, Dip: Construction Project Management (UK), Dip: Project Management (UK),
Certificate in PMP Exam Preparation Course (Project Management Institute, USA).

(သင်တန်းကြးကို -
KBZ-Bank Account
CB-Bank Account
AYA-Bank Account
KBZ Pay Account
တို့မှ ပေးသွင်းရပါမည်။)

Bar Bending Schedule Online-Class (Batch - 71)တန်းခွဲအသစ်ဖွင့်လှစ်ပါပြီ။  ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~👷 သင်ကြားမည့်ပ...
29/07/2026

Bar Bending Schedule Online-Class (Batch - 71)
တန်းခွဲအသစ်ဖွင့်လှစ်ပါပြီ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

👷 သင်ကြားမည့်ပုံစံ
~~~~~~~~~~

[ Recorded Videos Class ]

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

👷 သင်ကြားရမည့် သင်ခန်းစာများ
~~~~~~~~~~~~~~~~

- Fundamental Theories of Structure
- Drawings and Design Specifications
- Footing Cutting Length
- Column Cutting Length
- Beam Cutting Length
- Slab Cutting Length
- Stair Cutting length
- Stirrups/Ties Cutting Length
- Site Knowledges & Practices
- Site Problems & issues

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အရင်ဦးဆုံး တွက်ချက်မှုကိုမလေ့လာခင်မှာ Engineer တိုင်းသိထားရ
မည့် Fundamental Structural Theories and Concepts ကို လေ့လာသင်ယူရပါမည်။

ဒီအဆင့်သည် Civil Engineer တစ်ယောက် (မသိမဖြစ်)
နားလည်တတ်ကျွမ်းထားရမည့်အပိုင်း ဖြစ်သည်။

(RC အဆောက်အဦးတစ်လုံး ဖြစ်ပေါ်လာခြင်းမှစ၍
Structural Member တစ်ခုချင်းစီအကြောင်းကို
ACI-Code သတ်မှတ်ချက်နဲ့အညီ အသေးစိတ်လေ့လာရပါမည်။)

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Site Engineers များအနေနဲ့ လုပ်ငန်းခွင်မှာ လုပ်ကိုင်ရမည့်
Structural Members တွေဖြစ်တဲ့ Beam, Column, Slab, Footing, Stair တွေရဲ့ Design Calculations ကို
ကိုယ်တိုင်တွက်ချက် လေ့လာသင်ယူရပါမည်။

(ဒီအဆင့်ကို လေ့လာပြီးရင် Member size တွေကို ကိုယ်တိုင်ရွေးချယ်တတ်သွားမည်၊ လိုအပ်တဲ့ Rebar တွေကို တွက်ချက်တတ်သွားမည်။)

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Structural Member တစ်ခုချင်းစီရဲ့ Rebar Detailing အကြောင်းတွေကို ACI-Code သတ်မှတ်ချက်တွေနဲ့အညီ
လေ့လာရပါမည်။

Ordinary Moment Resisting Frame, (OMRF)
Intermediate Moment Resisting Frame, (IMRF)
Special Moment Resisting Frame, (SMRF)
အကြောင်းကို အသေးစိတ်လေ့လာပြီး၊ Frame တစ်ခုချင်းစီ၏
အားနည်းချက်/ အားသာချက်များအကြောင်းကိုပါ သိရှိနားလည်ပါမည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Drawing နှင့် Structural Design Specifications
များကို ကျွမ်းကျင်ပိုင်နိုင်စွာ ဖတ်နိုင်အောင် လေ့လာသင်ယူရပါမည်။

(Drawing ကိုကျွမ်းကျင်စွာ ဖတ်နိုင်မည့်အပြင်၊ မပြည့်စုံသော Drawing တစ်ခုကို လုပ်ငန်းခွင်မှာ တွေ့ကြုံရတဲ့အခါ
Structure Concepts အရ ထည့်သွင်းစဥ်းစားရမည့်အချက်များကိုပါ နားလည်တတ်ကျွမ်းသွားပါမည်)။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Drawing ကိုနားလည်တတ်မြောက်ပြီးရင် Structural members တွေဖြစ်တဲ့ Footing , Column , Beam , Slab , Stair တွေနဲ့ Stirrups/ Ties တွေအတွက် Bar Bending Schedule
ရေးဆွဲခြင်းကို (Site Photos) များနဲ့ လေ့လာပြီး တွက်ချက်ရပါမည်။

Footing Types:
~~~~~~~~~
(Isolated, Combined, Strip, Strap, Pile, Mat)
Column Types:
(Rectangular, Square, Round)
Beam Types:
(Main beam, Secondary beam, Cantilever beam)
Slab Types:
(One-way slab, Two-way slab)
Stair Types:
(Quarter-turn stair, Close-well stair, Single flight)
Stirrups/Ties Types:
(Column, Beam)

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

👷 သင်တန်းပြီးဆုံးတဲ့အခါ ဘာတွေတတ်မြောက်သွားမလဲ
~~~~~~~~~~~~~~~~~~~~~~~~~~

# Site Engineers များ လုပ်ငန်းခွင်မှာ လုပ်ကိုင်ရတဲ့လုပ်ငန်းများကို
ဘာကြောင့်လုပ်ကိုင်ရတယ်ဆိုတဲ့ (Why?) ကို နားလည်သွားပါမယ်။

# နည်းစနစ်တကျ ဘယ်လိုလုပ်ကိုင်ရတယ်ဆိုတဲ့ (How?) ကို
နားလည်သွားပါမယ်။

# Drawing နှင့် Design Specs; တွေကို ကျွမ်းကျွမ်းကျင်ကျင် ဖတ်တတ်သွားပါမယ်။

# Structure Theory တွေကို အခြေခံကျကျ နားလည်တတ်မြောက်ပြီး လုပ်ငန်းခွင်မှာ နည်းစနစ်ကျကျ ပြန်လည်အသုံးချတတ်သွားပါမယ်။

# အဆောက်အဦးတစ်ခုလုံးကို ကုန်ကျစရိတ် အနည်းဆုံးဖြစ်အောင် စဉ်းစားပြီး ယုံကြည်မှုရှိရှိနဲ့ Bar Bending Schedule ဆွဲခြင်းကို လုပ်ငန်းခွင်မှာ ပြန်လည် အသုံးချနိုင်သည်အထိ တတ်မြောက်သွားပါမယ်။

# လက်တွေ့ လုပ်ငန်းခွင်မှာ ကြုံတွေ့ရတတ်တဲ့ အမှားတွေနဲ့ / အလေးထား စစ်ဆေးပေးရမယ့် လုပ်ငန်းစဉ်တွေကို သိရှိတတ်မြောက်သွားပါမယ်။

# မတူညီတဲ့ background က သင်တန်းသားတွေနဲ့ အတူတက်ရောက်သင်ကြားရတဲ့ အတွက် Construction Knowledges တွေပိုရရှိလာပါမယ်

# သင်ခန်းစာတွေအပြင် လက်တွေ့ လုပ်ငန်းခွင်က အကြောင်းအရာတွေကိုပါ သင်တန်းချိန် (သို့) သင်တန်းချိန် ပြင်ပမှာပါ ဆရာ နဲ့ ဆွေးနွေးခွင့်ရတဲ့အတွက် မိမိရဲ့ နားလည်တတ်ကျွမ်းမှုတွေ တိုးတက်လာပါမယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

👷 ဘယ်သူတွေတက်ရောက်သင့်လဲ
~~~~~~~~~~~~~~~~

# လုပ်ငန်းခွင် ဝင်ရောက်ရန် ပြင်ဆင်နေတဲ့ Engineers များ

# Structural Theories များကို နားလည်တတ်ကျွမ်းပြီး
Rebar Detailing ကို လုပ်ငန်းခွင်မှာ နည်းစနစ်ကျကျ ပြန်လည် အသုံးချလိုသော Site Engineer များ

# လုပ်ငန်းခွင်ဝင်ရောက်နေသော Site Engineer များ

# ပြည်တွင်း/ပြည်ပတက္ကသိုလ်များမှ အင်ဂျင်နီယာ ကျောင်းသား/သူ များ

# Quantity Surveyor ( QS) engineer များ

# Quality Control (QC) engineer များ

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

သင်တန်းစမည့်ရက် ။ ။ (9. 8. 2026)
သင်တန်းကြာချိန် ။ ။ (1.5)-months
သင်တန်းကြေး ။ ။ (89,500) Kyats

ဆက်သွယ်ရန် ။ ။ 09-440236564 ( ☎ )

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Trainer Profile
~~~~~~~~~
Sayar Jack
B.E (Civil), PTU, Pyay
Prof, Dip: Construction Project Management (UK), Dip: Project Management (UK),
Certificate in PMP Exam Preparation Course (Project Management Institute, USA).

(သင်တန်းကြးကို -
KBZ-Bank Account
CB-Bank Account
AYA-Bank Account
KBZ Pay Account
တို့မှ ပေးသွင်းရပါမည်။)

Address

No. (48), Baya Thokedi Street, Tamwe Township
Yangon

Opening Hours

Monday 09:00 - 20:00
Tuesday 09:00 - 20:00
Wednesday 09:00 - 20:00
Thursday 09:00 - 20:00
Friday 09:00 - 20:00
Saturday 09:00 - 20:00
Sunday 09:00 - 20:00

Telephone

+959440236564

Website

Alerts

Be the first to know and let us send you an email when Sayar Jack- Effective Engineering posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Sayar Jack- Effective Engineering:

Shortcuts

Share