Electrical Technician

Electrical Technician God will make the way

Insulation Test and Voltage check for new circuits
24/10/2025

Insulation Test and Voltage check for new circuits

17/09/2025

Excelနဲ့ breaker size ကိုရှာထားတာပါ.၊Siteအကြီးတွေမှာလည်း cable sizeတွေအများကြီးနဲ့ load typeတွေအများကြီးကို Excelနဲ့ လွယ်ကူစွာတွက်ယူနိုင်ပါတယ်..Data Entryထည့်ထားဖို့တော့လိုပါတယ်

ဒီနေ့အလုပ်ထဲမှာ ကြွေပြားမကပ်ခင် ဆွဲထားတဲ့ under groundမှာရှိနေမယ့် cableကြိုးတွေကို Insulation Testလုပ်ပေးတာပါ. သုံးတဲ့ ...
16/09/2025

ဒီနေ့အလုပ်ထဲမှာ ကြွေပြားမကပ်ခင် ဆွဲထားတဲ့ under groundမှာရှိနေမယ့် cableကြိုးတွေကို Insulation Testလုပ်ပေးတာပါ. သုံးတဲ့ meterကတော့ UT501A ပါ၊Insulationတန်ဖိုးတွေကောင်းမကောင်းကို
🔹 >1000 MΩ → Excellent insulation
🔹 100 – 1000 MΩ → Good (new cables)
🔹 10 – 100 MΩ → Acceptable (aged cables)
🔹 1 – 10 MΩ → Borderline (စစ်ဆေးဖို့လို)
🔹 0 – 1 MΩ → Insulation failure တို့ဖြင့်သတ်မှတ်ကြပါ တယ်၊ဒီနေ့တိုင်းတဲ့ Insulationက 5.50 GΩ ရတဲ့အတွက် Cable installation က Passဖြစ်ပါတယ်..

AI သုံးတတ်ရင်လုပ်ငန်းခွင်မှာအတွေ့ကြုံမရှိလည်းအောင်မြင်အောင်လုပ်နိုင်ပြီလား?အဖြေက – ❌ မဖြစ်နိုင်ပါ!AI မှာ ကျွန်တော်တို့သိ...
15/09/2025

AI သုံးတတ်ရင်လုပ်ငန်းခွင်မှာအတွေ့ကြုံမရှိလည်းအောင်မြင်အောင်လုပ်နိုင်ပြီလား?
အဖြေက – ❌ မဖြစ်နိုင်ပါ!
AI မှာ ကျွန်တော်တို့သိချင်တဲ့ knowledgeတွေကိုရှာဖွေနိုင်ပါတယ်၊အလုပ်တွေပြီးဖို့အတွက်ကတော့ကျွမ်းကျင်မှုလုပ်ငန်းအတွေ့ကြုံတွေလိုပါတယ်AI က များသောအားဖြင့် စာအုပ်ထဲက အဖြေပဲပေးနိုင်တယ်။
ဒါပေမယ့် – အတွေ့အကြုံရှိသူ ကတော့
✔ အချိန်မီ ဆုံးဖြတ်တတ်တယ်
✔ အခြေနေကိုကျွမ်းကျင်မှုနဲ့ထိန်းချုပ်နိုင်တယ်
✔ အောင်မြင်တဲ့ result ထုတ်ပေးနိုင်တယ်
AI ကို အားကိုးပြီး လုပ်ငန်းတွေအဆင်ပြေနိုင်ပါတယ်.အလုပ်အောင်မြင်ဖို့အတွက်ကတကယ်ကိုကျွမ်းကျွမ်းကျင်ကျင်လုပ်တတ်ဖို့လိုပါတယ်.AIက လုပ်ငန်းအတွေ့အကြုံ ကိုလုံးဝအစားထိုးလို့မရသေးပါဘူး..

နိုင်ငံခြားဆိုတာအိပ်ချင်နေ​သေးလဲ ထရတယ်။နားချင်​နေလဲ အလုပ်လုပ်ရတယ်။ စားချင်ပေမဲ့လဲအောင့်ထားရတဲ့အခါရှိတယ်။နေမကောင်းလဲ ဆေးသ...
14/09/2025

နိုင်ငံခြားဆိုတာ
အိပ်ချင်နေ​သေးလဲ ထရတယ်။

နားချင်​နေလဲ အလုပ်လုပ်
ရတယ်။ စားချင်ပေမဲ့လဲအောင့်
ထားရတဲ့အခါရှိတယ်။

နေမကောင်းလဲ ဆေးသောက်
အလုပ်ဆင်းရတဲ့ အချိန်တွေရှိတယ်။
အပျော်ဆိုတာရှိချင်ရှိမယ်
အစစ်တော့မဖြစ်နိုင်ဘူး။

မနေချင်လဲ နေနေရသလို
နေချင်လို့ နေနေရတဲ့အခါလဲရှိတယ်။
မိသားစုကိုလွမ်းပေမဲ့
အိမ်မက်တွေကိုပြန်ငှဲ့ရတယ်။

တခါတလေမှာ ပြိုလဲကျချင်ပေမဲ့
အားတင်းပီးပြန်ရပ်တည်ရတဲ့အခါ
တွေလည်းရှိတယ်။
မာနဆ်ိုတာဘာလဲ မသိလောက်အောင်
သီးခံရတဲ့အခါတွေလည်းရှိတယ်။

အလုပ်တစ်ခု မြဲနေဖို့ဆိုတာလည်း
သီးခံနိုင်စွမ်းရှိမှ မြဲတာပါ။
သေချာတာကတော့
ဘယ်လိုတွေပြောပြော
ဘယ်လောက်ခက်ခဲနေပါစေ
နိုင်ငံခြားဆိုတာ
ရောက်လာဖို့ကလည်းခက်ခဲသလို
ပြန်နိုင်ဖို့ကပိုခက်တယ်။

#ဘဝစာပေ #လူငယ်

Insulation Resistance Meter (Megger) ဆိုတာ Electrical system ထဲမှာ Cable insulation အားနည်းသွားတာတွေ၊ ကြိုးတွေပေါက်နေလား...
14/09/2025

Insulation Resistance Meter (Megger) ဆိုတာ Electrical system ထဲမှာ Cable insulation အားနည်းသွားတာတွေ၊ ကြိုးတွေပေါက်နေလားသိရှိရန်၊Moisture ဝင်တာတွေကို စမ်းသပ်ဖော်ထုတ်နိုင်ဖို့ အတွက် Insulation Testကို လုပ်ရပါတယ်။
Insulation meter ကို Cable insulation breakdown စစ်ဆေးရန် Moisture ingress ရှိ/မရှိ စစ်ရန် Pre-commissioning test နဲ့ Periodic Maintenance အတွကိအသုံးပြုပါတယ်. အသုံးပြုပုံ တစ်ဆင့်ပြီးတစ်ဆင့်ကပထမဦးဆုံး Cable ကို breakerချပြီး live မဟုတ်တာ သေချာစမ်းပါ၊Test voltage (250V – 500V) လုပ်ငန်းအတွေ့ကြုံအရ.Control wireတွေကို 250V သုံးပြီး, 230Vနဲ့400V power cableတွေကို 500V နဲ့ Test လုပ်ပါတယ်
၊ Meter နဲ့ တိုင်းပြီး Resistance ကို ဖတ်ပါ (MΩ)၊ရလဒ်တွေကို မှတ်သားပါ၊
📊 Reading တန်ဖိုးအလိုက်
🔹 >1000 MΩ → Excellent insulation
🔹 100 – 1000 MΩ → Good (new cables)
🔹 10 – 100 MΩ → Acceptable (aged cables)
🔹 1 – 10 MΩ → Borderline (စစ်ဆေးဖို့လို)
🔹 0 – 1 MΩ → Insulation failure တို့ဖြစ်ကြပါတယ်

Load currentကိုသိပြီဆိုရင် ရွေးချယ်ရမယ့် breaker size, cable size တွေပြီးတော့ Earth cable size နဲ့ CT standard sizeတွေကိ...
13/09/2025

Load currentကိုသိပြီဆိုရင် ရွေးချယ်ရမယ့် breaker size, cable size တွေပြီးတော့ Earth cable size နဲ့ CT standard sizeတွေကိုပါဖော်ပြထားပေးတဲ့ Chartလေးပါ.

တချို့အလုပ်တွေကအချိန်အတိုအတွင်းပြီးရမှာကို Learning နဲ့ Knowledge လေ့လာသင်ယူမှုတွေမရှိတဲ့အခါ Technical ပိုင်းကိုမလိုက်နိ...
09/09/2025

တချို့အလုပ်တွေကအချိန်အတိုအတွင်းပြီးရမှာကို Learning နဲ့ Knowledge လေ့လာသင်ယူမှုတွေမရှိတဲ့အခါ Technical ပိုင်းကိုမလိုက်နိုင်တဲ့အခါမှာ ပိုပြီးခက်ခက်ခဲခဲ အချိန်ကြာကြာပင်ပန်းရတယ်..

တချို့က Motor control Center (MCC) panelလို့လဲခေါ်ကြတယ်.motor တစ်လုံးပဲ​ဖြစ်ဖြစ်   ​တစ်လုံးထက်ပိုတဲ့ Motorတွေကို Panelတစ...
09/09/2025

တချို့က Motor control Center (MCC) panelလို့လဲခေါ်ကြတယ်.motor တစ်လုံးပဲ​ဖြစ်ဖြစ် ​တစ်လုံးထက်ပိုတဲ့ Motorတွေကို Panelတစ်ခုတည်းကနေ မောင်းတာ ရပ်တာ ပြောင်းပြန်လည်ချင်တဲ့အခါမှာ ဒီလို starterတွေသုံးပြီးမောင်းကြတယ်.Starterရွေးချယ်မှုက နိုင်ငံအလိုက်တော့နည်းနည်းကွာခြားမှုတွေရှိတယ် မြန်မာမှာတော့ 5Hpလောက်ထိပဲ DOL နဲ့မောင်းတာတွေ့ဖူးတယ်.Panelထဲမှာ breaker, fuse တွေ control devicesတွေပါမယ်. Overload, short circuit နဲ့faultsတွေကိုကာကွယ်ပေးတယ်.တချို့ panelတွေမှာဆို meteringနဲ့ alarmsတွေပါ ပါတယ်. အဓိကကတော့ motorအများကြီးကို တစ်နေရာတည်းကနေစနစ်တကျမောင်းချင်ရင် MCC panelတွေကိုသုံးကြတယ်.Starter တွေကတော့ နေရာအလိုက် HP နဲ့ designပေါ်မှုတည်ပြီးကွာခြားမှုတွေရှိပါတယ်

Address

Yangon

Telephone

09423538673

Website

Alerts

Be the first to know and let us send you an email when Electrical Technician posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Electrical Technician:

Share