26/05/2024
#လှေကားဝေနည်းး"
******************
အမြင့် 11' ပေ ရှိမယ်။ တစ်ဝက် ဝက်လိုက် ။ 5'6" ကျန်မယ် ။(5'6"မွာ landing ခွေးကတက်ခုံရှိရမယ် ၊ အ ပေါ်ကို ဆက်တက်ဖို့ အတွက်လေ။)
5'6"ကို လက်မ ပြောင်းလိုက်။ 5.5×12 = 66"လက်မ ထွက်တယ်နော် ။ ဟုတ်ပြီ ။
ရိုးရာ အရ လှေကားကို 'မ' ထားမယ် ။ ဆယ့်တစ်မီးငြိမ်းတို့ ဘာတို့ညာတို့နဲ့ 11 ထစ် ဝေကြည့်မယ်။
အကျော်က11ထစ်လိုချင်ရင်12နဲ့စားရပါမယ်။ အနင်းကတော့အထစ်ရေနဲ့စားရပါမယ်။
ဒါကြောင့် အ စောက 66"လက်မကို 12နဲ့ စားး။ 66÷12=5.5"
လက်မ ပေါ့။ ဒါဆို အ ကျော် 5.5" လက်မ ဖြစ်ပြီ ။(အဲ့ဒါကိုတော့ မင်းက တော် အတက်လို့ ခေါ်တယ်)
အထစ်နဲ့အ ကျော် အတိုင်းအတာ ရျပီ။ အနင်း ဘယ်နှစ်လက်မလဲ စဉ်းစားမယ် ။
အခန်း အကျယ် 14'ပေ 8" လက်မ
landing (ခွေးကတက်)က 5'
လှေကားဝေ ဖို့ ကျန်တဲ့အကျယ်က
14'8"-5'= 9'8" ကျန်တယ် နော် ။
9'8" ကို လက်မ ပြောင်းလိုက် ။ 116 "လက်မ ရပါတယ်။
အနင်း အကျယ်ကို လိုချင် ရင်
လှေကားဝေမယ့် အကျယ်ကို
အထစ် အ ရေအတွက်နဲ့ စား
116"÷ 11 = ??? ဒါဆို ok ပြီ ။
အားလုံးဘဲအဆင်ပြေကြပါစေ🙏