14/08/2026
Project Budget နှင့် S-Curve အကြောင်း
Cost Estimate တွက်ပြီးရင် Project Budget ဘယ်လိုဖြစ်လာသလဲ?
ရှေ့ပိုစ့် မှာ QS Engineer တစ်ယောက်အနေနဲ့ BOQ ကနေ Cost Estimate တွက်ပုံကို ပြောခဲ့ပါတယ်။
ဒါပေမယ့် Cost Estimate = Project Budget မဟုတ်ပါဘူး။ Cost Estimateဆိုတာ
လုပ်ငန်းတစ်ခုချင်းစီအတွက် ကုန်ကျမယ့် စရိတ်ကို ခန့်မှန်းထားတာပါ။
Project Budget ကျတော့ အဲဒီ Estimate တွေကို စုစည်းပြီး Contingency Reserve ထည့်ကာ Project တစ်ခုလုံးအတွက် သုံးစွဲမယ့် ငွေပမာဏကို သတ်မှတ်ထားခြင်းဖြစ်ပါတယ်။
အဲဒီနောက် Budget ကို Project Schedule အလိုက် လစဉ်ဘယ်လောက်သုံးမလဲ ဆိုတာ ခွဲဝေလိုက်ရင် Time-Phased Budget / Cost Baseline ဖြစ်လာပါတယ်။
အလွယ်မှတ်ရန်
Cost Estimate
⬇️
+ Contingency Reserve
⬇️
Project Budget / Cost Baseline
(Contingency Reserve အပြင် Management Reserve ကိုပါ ထပ်ပေါင်းလိုက်ရင်တော့ Total Project Budget ဖြစ်ပါတယ်။)
S-Curve ဆိုတာ?
Cost Baseline ကို လအလိုက် စီစဉ်ပြီး Cumulative Cost အနေနဲ့ Graph ဆွဲလိုက်ရင် S-Curve ရရှိပါတယ်။ အင်္ဂလိပ်အက္ခရာ "S" ပုံစံနဲ့တူလို့ S-Curve လို့ခေါ်ကြတာပါ။
Project အစပိုင်းမှာ အသုံးစရိတ်နည်းပြီး၊ Construction progress တက်လာတဲ့အချိန်မှာ အသုံးစရိတ် များပြီး မြန်မြန်တက်လာကာ Project အဆုံးပိုင်းမှာ ပြန်လျော့သွားတာကို S-Curve ကိုကြည့်ပြီး သိနိုင်ပါတယ်။
Site Engineer / Project Engineer အတွက် အရေးကြီးတာက Budget တစ်ခုရှိရုံနဲ့ မပြီးပါဘူး။ ဘယ်လမှာ ဘယ်လောက်သုံးမယ်? ဆိုတာ သိထားမှ Project Cost ကို ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။
ဒါကြောင့်
Estimate ➡️ Budget ➡️Cost Baseline ➡️ S-Curve
ဆိုတဲ့ process ကိုနားလည်ထားဖို့ အရေးကြီးပါတယ်။
ဆွေလှိုင်ဦး(မြို့ပြ ၂၀၀၄)