02/07/2021
သင်ရိုးမပြီးပြတ်သေးပဲ ရပ်သွားရတဲ့
သင်တန်းအချို့ ရှိပါတယ်။
ဖြစ်ပျက်ခဲ့တဲ့ အခြေအနေ
အကြောင်းအမျိုးမျိုးကြောင့်
သင်တန်းဆရာများ တကွဲတပြား
ဖြစ်ကုန်ကြပါတယ်။
ကျနော်တို့ တတ်နိုင်သလောက်
ပြန်လည်စုစည်းခဲ့ပေမယ့်
တချို့ သင်တန်းဆရာတွေက
သေလား ရှင်လား မသိရလောက်အောင်
အခုချိန်ထိ အဆက်အသွယ်
လုံးဝ ပြတ်တောက်သွားခဲ့ပါတယ်။
အဲ့ဆရာတွေသင်တဲ့ အတန်းအတွက်
ကျနော်တို့ လုပ်ပေးနိုင်တာက
ရက်ကိုတွက်ပြီး သင်တန်းကြေး
ပြန်အမ်းပေးတာပဲ ဖြစ်ပါတယ်။
တချို့ဆရာတွေက အဝေးတနေရာရာမှာပါ။
အကြောင်းအမျိုးမျိုးကြောင့် ရန်ကုန်ကို
မလာနိုင်တော့ပါ။
အဲ့လို ဆရာတွေအတန်းကိုတော့
သတ်မှတ်ချိန်အတွင်း Online ကနေ
ဆက်တက်ဖို့ စီစဉ်ပေးနိုင်ပါတယ်။
လက်ရှိအချိန်မှာ
သင်တန်းကော ရုံးခန်းကော
အကန့်အသတ်မရှိ ပိတ်ထားပါတယ်။
Management Team က လူတွေပါ
တကွဲတပြား ဖြစ်ကုန်ကြလို့ပါ။
Certificate ထုတ်တာနဲ့ တခြားကိစ္စတွေကိုတော့
တတ်နိုင်သမျှ အဆင်ပြေအောင်
ဆောင်ရွက်ပေးနေပါတယ်။
ဒါပေမယ့် နှောင့်နှေး ကြန့်ကြာမှုတွေတော့
ရှိနိုင်ပါတယ်။
ဒါကြောင့်
အခက်အခဲတွေကို နားလည်ပေးမယ်လို့
မျှော်လင့်မိပါတယ်။
သင်တန်းနဲ့ ရုံးခန်း
ဘယ်တော့ ပြန်ဖွင့်မလဲဆိုတာကတော့
——— မသေချာတော့ပါဘူး။