The Stone from Ruby Land of Myanmar

The Stone from Ruby Land of Myanmar The stone from Ruby land of Myanmar. Hey Fri, this is just a page to share the people. just you make for me that i am expecting from you. just (Like or unlike).

Be Happy With Yourself.
13/04/2022

Be Happy With Yourself.

22/07/2021

ကျောက်ဝယ်မယ်ဆိုရင်

ကျောက်ပဲဝယ်ဝယ် စိန်ပဲဝယ်ဝယ် တန်ဖိုးဖြတ်ဖို့က 4 C ကို ကြည့်ရပါတယ် အဲ့ထဲမှာမှ ဘယ်ဟာ ပိုအရေးကြီးလဲ ပြောပါမယ်

အရင်ဆုံးတစ်ခု ဝန်ခံချင်ပါတယ် အခုရေးမယ့် အကြောင်းအရာဟာ ဘယ်စာအုပ်ထဲမှာမှ မပါပဲ ကျွန်မတစ်ဦးထဲအမြင်နဲ့ အတွေ့အကြုံကို အခြေခံ ရေးသားမှာမို့ အကြိုက်မတူရင် အမြင်မတူနိုင်ပါဘူး လွတ်လပ်စွာ သဘောထားကွဲလွဲလို့ ရပါတယ်

Priority အနေနဲ့ 4 C ထဲမှာ Clearity ကို ကျွန်မအနေနဲ့ ထိပ်ဆုံးမှာထားချင်ပါတယ်

1. Clearity (သန့်ရှင်းမှု)
Clearity ကို သက်သေပြတာ ပွင့်အားပါ ပွင့်အားဆိုတာ ကျေက်တစ်ပွင့်ဟာ ကြည့်လိုက်တာနဲ့ အတွင်းထဲက သွေးကွက်ကလေးတွေ အလင်းပြန်ပြီး လက်နေတာမျိုးပါ နေရောင်ထဲမှာ မီးရောင်အောက်မှာ လှည့်ကြည့်ရင် တဖျပ်ဖျပ်လက်နေတာမျိုးပါ
အဲ့လို ပွင့်အားကောင်းတယ်ဆို အကြမ်းအားဖြင့် ဒီကျောက်ဟာ clear ဖြစ်တယ် သန့်စင်တယ်ပေါ့
တကယ့် သန့်စင်မှုကိုသိဖို့ မီးထိုးကြည့်ပါ မှန်ဘီလူးနဲ့ကြည့်ပါ အဲ့ဒီအခါ များသောအားဖြင့် တွေ့ရမှာက ရှပြစ် ဂေါ် စတဲ့ inclusion များပါ အဲ့ဒီထဲမှာ
- ရှပြစ်ဆိုတာ လက်ခံလို့ရပါတယ် သူကဒေါင်လိုက်ရှိနေမယ်ဆို ပွင့်အားကို မထိခိုက်ပါဘူး ရှိနေမှန်းတောင် ဆန့်ကျင်ဘက်မျက်နှာပြင်ကနေ မီးထိုးကြည့်မှ ထင်ရှားတာပါ သာမာန်မျက်စိနဲ့လဲ မြင်ရပါတယ် ကန့်လန့်ဖြစ်နေရင်တော့ ပွင့်အားကို အနှောက်အယှက်ပေးပါတယ် အထည်လုပ်မယ်ဆို စွန်ငုတ်ဖိမယ့်နေရာနားမှာ အပြစ်ရှိရင် သတိထားရပါတယ် ပန်းတိမ်ဆရာ မကျွမ်းကျင်ရင် ပဲ့သွားနိုင်လို့ပါ
- ဂေါ် ဆိုတာ star ဖြစ်စေတဲ့ rutile inclusion ပါ လုံးချောတွေမှာ star ruby star sapphire ပီပီပြင်ပြင် ဖြစ်စေတဲ့ ခြောက်ကြိုးထွက်တဲ့ ဂေါ်ကလွဲရင် တာပလာသွေးတဲ့ ကျောက်တွေမှာ ဂေါ်ပါတာ ကျွန်မကတော့ သိပ်မကြိုက်ပါဘူး (တာပလာဆိုတာ အကွက်ချသွေးတာပါ) ပွင့်အားကို အထိခိုက်ဆုံးက ဂေါ်ပါ ဂေါ်ရှိတဲ့ကျောက် ဂေါ်ရှိတဲ့ အခြမ်းလုံးဝမပွင့်ပါဘူး
ချွန်းမှာ ဂေါ်ရှိရင် တစ်ပွင့်လုံးမပွင့်တော့ပါဘူး
ဒါပေမယ့်လဲ Inclusion ဆိုတာ မရှိမကောင်း ရှိမကောင်းပါ တွင်းထွက်စစ်မှန်ကြောင်း ထွက်ရှိရာဒေသနဲ့ မီးဖုတ်ပြုပြင်ထားခြင်း ရှိမရှိတို့ကို inclusion ကြည့်ပြီးခွဲခြားနိုင်ပါတယ် ဒါပေမယ့် များနေရင်လဲ clearity နဲ့ တန်ဖိုးကိုလျော့ကျစေပါတယ်
precious stone ဖြစ်တဲ့ ပတ္တမြား နီလာ corundum တွေမှာ clearity ဟာ 50% နဲ့ အထက်လောက်ဆိုရင်ကို လက်ခံလို့ရပါတယ် ရှားပါးတာရော ဈေးကြီးတာရောကြောင့်ပါ
Semi precious stone တွေမှာတော့ သန့်စင်နေမှသာ ပိုဝယ်သင့်ပါတယ်

2. Cutting(ကျောက်သွေးကွက်)
ကျောက်သွေးလက်ရာဟာ အင်မတန်အရေးကြီးပါတယ် ကျောက်ကောင်းတစ်ပွင့်ဟာ လက်ရာကြောင့် ပိုလှသွားနိုင်သလို လက်ရာကြောင့်ပဲ ပျက်စီးသွားနိုင်ပါတယ် ပွင့်အားပေါ်မှာလဲ သက်ရောက်မှုရှိပါတယ် လက်ရာလှမှ သွေးကွက်မှန်မှ ပွင့်ပွင့်လှလှလေးရမှာပါ
4C ထဲမှာ ကိုယ်ပြု ပြင်ပြောင်းလဲလို့ရတဲ့ တစ်ခုတည်းသော အရာလဲဖြစ်ပါတယ်
cutting အမျိုးအစားပေါင်းအများ ကြီးရှိပါတယ် အတွေ့ရများတာကတော့
- round cut -ပတ္တမြား နီလာ အပါအဝင် အများဆုံးတွေ့ရတဲ့ cutting ပါ
- brilliant cut -စိန်လို ချွန်းကိုအချွန်လေးသွေးတာပါ weight အရမ်းလျော့စေတာကြောင့် ကျောက်အသေးလေးတွေမှာပဲ သွေးလေ့ရှိပါတယ် round cut ထက် ပွင့်အားပိုကောင်းပါတယ်
- cushion cut -လေးထောင့်ပုံလေးပါ အမာရောင်စုံတွေ spinel တွေသွေးတာများပါတယ်
- emerald cut မြကွက်- လေးထောင့်လေးကို ထောင့်အချွန်လေးတွေပါ ကူရှင်က ထောင့်လုံးပါတယ်
- Mixed cut - ကျောက်သွေးပုံ နှစ်မျိုးသုံးမျိုး ရောပြီးသွေးထားတာမျိုးပါ များသောအားဖြင့်တန်ဖိုးကြီး ကျောက်တွေမှာ ကျောက်အရိုင်းပုံအရ အလေးချိန် အများဆုံးတင်နိုင်မယ့် ပုံကို သွေးတာပါ
cutting ဟာ weight နဲ့ ပြောင်းပြန်အချိုးကျပါတယ် cutting ကို perfect ဖြစ်အောင်ယူလေ ကျောက်သေးလေပါပဲ ဒါကြောင့် တန်ဖိုးကြီးကျောက်တွေမှာ cutting လှလို့ ပိုသွားမယ့်ဈေးနဲ့ weight လျော့သွားလို့ လျော့သွားမယ့်ဈေး မကာမိရင် cutting perfect မဖြစ်တာလဲ လက်ခံလို့ရပါတယ်
semi precious stone တွေကတော့ cutting မလှဘူးထင်ရင် ပြင်သာသွေးလိုက်ပါ

3. Carat (အလေးချိန် ကာရက်)
ကာရက်ကတော့ ရှင်းပါတယ် အရည်အသွေးတူတဲ့ ကျောက်တွေမှာ carat များရင် တန်ဖိုးများမယ် carat နည်းရင် တန်ဖိုးနည်းမယ်ပေါ့ ဒါလဲ အရည်အသွေးတူမှပါ
အရည်အသွေးညံ့ရင်တော့ 3ct လဲ 1ct ထက်ဈေးနည်းနိုင်ပါတယ်
1ct လှလှလေးတစ်ပွင့်ကို သိန်းငါးဆယ်ဆိုရင် ဒီအရည်အသွေးအတိုင်း 2 ct ကို သိန်းတစ်ရာပေါ့ ဆိုတာကတော့ တော်တော်လွဲမှားတဲ့ အတွေးအခေါ်ပါ
အဆများစွာ ဈေးကွာပါတယ်

4. Colour (အရည်)
ကာလာက အရေးမကြီးဘူးလား ruby မှာဆို pigeon blood, sapphire မှာဆို valvet blue တို့က ကာလာနဲ့ခွဲတာ မဟုတ်လား ဘာကြောင့်နောက်ဆုံးမှာထားတာလဲ ??
အဲ့လိုမေးလာရင် အရေးကြီးတာပေါ့ အရေးကြီးလို့ကို နောက်ဆုံးမှာထားတာပါ ဘာလို့လဲဆို ကာလာရောပွင့်အားရော ကောင်းတဲ့ကျောက်မျိုး ကျွန်မ မဝယ်နိုင်လို့ပါ ဒါကြောင့် ကျွန်မ တစ်ဦးထဲ အမြင်လို့ ကြိုပြောထားပါတယ် ကျွန်မ အနေနဲ့ ကာလာနဲ့ပွင့်အားကို တစ်မျိုးပဲ ဦးစားပေးနိုင်တာကြောင့် ပွင့်အားကိုပဲ ရွေးပါတယ်
ဈေးကွက်ထဲမှာလဲ ပွင့်အားကောင်းပြီး pink ဖြစ်နေတဲ့ ruby ဟာ red ဖြစ်ပြီး မပွင့်တဲ့ ruby ထက် ဈေးပိုများလေ့ ရှိပါတယ်
အရှင်းဆုံးပြောရရင် fall in love at first sight ကိုပေးတာ စင်သန့်ပွင့်နေတဲ့ ကျောက်လေးတွေပါ ဒီထဲမှာမှ ကာလာလေးပါ ကောင်းလိုက်ရင် ဆိုဖွယ်ရာမရှိပေါ့
များသောအားဖြင့် နားမလည်တဲ့ သူတွေက ပတ္တမြားဆို နီမှ နီလာဆိုပြာမှ ဆိုပြီး ကာလာတစ်ခုထဲ ကွက်ကြည့်ပြီး ပွင့်အားမရှိတဲ့ ကျောက်တွေ ဝယ်တတ်ကြပါတယ် မဝယ်နဲ့ မပြောပါဘူး ဒီကျောက်က ဟိုကျောက်လောက်မနီပဲ ဘာလို့ဈေးပိုများတာလဲ ဆိုတာ ယှဉ်ပြတာပါ
ဒါကြောင့် ကျွန်မကတော့ ကာလာကို သိပ်ဦးစားမပေးပဲ pink ပဲဖြစ်ဖြစ် light blue ပဲဖြစ်ဖြစ် ပွင့်ပွင့်လေးတွေ ပိုကြိုက်ပါတယ်

အခုပို့စ်က ဘယ်လိုကျောက်ဆိုဝယ် ဘယ်လိုကျောက်ဆို မဝယ်နဲ့ ပြောတာမဟုတ်ပါဘူး ဈေးနှုန်းယှဉ် ကြည့်ဖို့ပါ ကျောက်ဆိုတာ GIA စိန်လို website ထဲမှာ ပေါက်ဈေးရှာလို့ မရတဲ့ အမျိုးမို့ compare လုပ်လို့ရအောင်ပါ
ပေါက်ဈေးမရှိ ဖြစ်ချင်တိုင်းဖြစ်နေတာတော့ မဟုတ်ပါဘူး သူ့တန်ဖိုးနဲ့သူ compare လုပ်ပြီး ဈေးနှုန်းမှန်းကြည့်လို့ရတယ်ဆိုလိုတာပါ + or - ရာခိုင်နှုန်း အနည်းငယ်တော့ ဈေးသတ်မှတ်တာ ကွာနိုင်ပါတယ် အကြီးပိုင်းတွေဆို % အနည်းငယ်မကပါဘူး cos they are never identical just similar ပါ

ဒါကြောင့် အကြံပေးချင်တာ များများကြည့်ပါ ပြီးမှ နည်းနည်းဝယ်ပါ
ကျွန်မလဲ လေ့လာဆဲပါ အမှားပါနိုင်ပါသေးတယ် များလားနည်းလား လာတိုင်ပင်ကြတာအတွက် အကြံပေးတာ မှားနိုင်ပါတယ် ဖုန်းထဲက ပုံပဲ ကြည့်ပြောရတော့ ပိုလို့တောင် မမှန်ပါဘူး အကြိုက်လဲ မတူနိုင်ပါဘူး ဒါကြောင့် ကိုယ်တိုင် စဉ်းစားဆုံးဖြတ်လို့ ရအောင် သိသလောက်လေး ရေးပေးလိုက်တာပါ
လူကိုယုံလို့ ကျောက်လေးအရမ်းကြိုက်လို့ ဈေးကလဲ ကိုယ်နိုင်တဲ့ ဈေးမို့ဆို မျက်စိမှိတ်ဝယ်ချင်တယ်ဆိုလဲ ဝယ်လိုက်ပါ ပြီးရင်မေ့ထားလိုက်ပါ တန်မတန်လိုက်မေးရင်တော့ ဆယ်ယောက်မေး ဆယ်မျိုး ကြားရမှာပါ

ဒါကြောင့် ဘယ်သူ့ဆီကပဲဝယ်ဝယ် ကျောက်ကို ကြိုက်ဖို့ပဲလိုပါတယ်

မူရင်းရေးသားသူအားကျေးဇူးတင်စွာဖြင့် Copy ကူးမျှဝေပါသည်။

Credit # Thae Ei san
photo .internet

Diamond Ring
03/02/2020

Diamond Ring

IT IS OLD.BUT IT IS ONE MORE LIGHT OF LINKIN PARK.
12/05/2018

IT IS OLD.BUT IT IS ONE MORE LIGHT OF LINKIN PARK.

"One More Light" music video directed by Joe Hahn & Mark Fiore. "It has been incredibly emotional to work on this, and especially to watch it. I feel that by...

it is old but there have something.
24/02/2017

it is old but there have something.

06/10/2016
Peridot ကျောက်မျက်ရတနာအကြောင်း သိကောင်းစရာPeridot (ပြောင်ခေါင်းစိမ်း)ကို ဟာဝိုင်အီ ကျွန်းမှာ အများဆုံးတွေ့ရှိရပြီး အမေရိ...
17/08/2016

Peridot ကျောက်မျက်ရတနာအကြောင်း သိကောင်းစရာ

Peridot (ပြောင်ခေါင်းစိမ်း)ကို ဟာဝိုင်အီ ကျွန်းမှာ အများဆုံးတွေ့ရှိရပြီး အမေရိကန်၊ သြစတြေးလျ၊ ဘရာဇီး၊ တရုတ်၊ ကင်ညာ၊ မက္ကဆီကို၊ နော်ဝေ၊ ပါကစ္စတန်၊ ဆော်ဒီ၊ ဗီယက်နမ်၊ သီရိလင်္ကာနှင့် မြန်မာနိုင်ငံ အစရှိသည်များမှာ ရှာဖွေတူးဖော်တွေ့ရှိနိုင်သော ကျော်ကြားတဲ့ အဖိုးတန်ကျောက်မျက်ရတနာ တစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ Peridot သည် မိုးကုတ်မြို့နယ် ပြောင်ခေါင်းကျေးရွာရှိ ကျောက်တွင်းများမှ ထွက်ရှိသောကြောင့် ပြောင်ခေါင်းစိမ်း လို့ ခေါ်ဆိုကြကြောင်း သိရပါတယ်။ Peridot က August လမှာ မွေးဖွားသူတွေ ဆောင်ထားသင့်တဲ့ ကျောက်မျက်ရတနာတစ်ခုဖြစ်ရုံသာမက မင်္ဂလာနှစ်ပတ်လည် ၁၆ နှစ်ပြည့်ကို ကိုယ်စားပြုထားတဲ့ ကျောက်မျက်ရတနာလည်း ဖြစ်ပါတယ်။ ရွှေရတု ငွေရတု ကို လူအများသိထားသလိုပဲ မင်္ဂလာနှစ်ပတ်လည် ၁၆ နှစ်ပြည့်ကိုတော့ Peridot ရတု လို့ ခေါ်ဆိုနိုင်ပါတယ်။

ခင်မင်မှု၊ ရင်းနှီးမှုကို တိုးပွားစေပြီး လွတ်လပ်တဲ့ စိတ်ကူးစိတ်သန်းတွေ ဖြစ်ပေါ်လာစေတဲ့ ကျောက်မျက်ရတနာတစ်ခု ဖြစ်သလို ပျော်ရွှင်မှုတွေ သယ်ဆောင်ပေးခြင်း၊ အောင်မြင်မှုတွေ ဆောင်ကျဉ်းပေးခြင်း၊ အမြင်အာရုံကောင်းမွန်စေခြင်း၊ ချစ်ခြင်းကိုဖြစ်ပေါ်စေခြင်း စတဲ့ ဂုဏ်သတ္တိတွေကိုလည်း ပိုင်ဆိုင်ထားပါတယ်။

Peridot ကို ရွှေနဲ့ကွပ်ပြီး လက်စွပ်အဖြစ်ဝတ်ဆင်မယ်ဆိုရင် ကံကောင်းခြင်းတွေနဲ့ တွေ့ဆုံရနိုင်ခြင်း၊ စိတ်နှလုံးအေးချမ်းတည်ငြိမ်မှုကို ပေးစွမ်းပြီး ရန်အနှောင့်အယှက် အတိုက်အခံများမှ လျော့ပါးကင်းဝေးစေခြင်း စတဲ့ အစွမ်းသတ္တိတွေရရှိလာလိမ့်မယ်လို့ ရှေးလူတွေက ယုံကြည်ခဲ့ကြပါတယ်။ ညာဘက်လက်မှာ ဝတ်ဆင်ထားရင် ပိုထူးခြားတယ်လို့လည်း လေ့လာမှတ်သား၇ပါတယ်။ Egypt တို့ ကိုးကွယ်တဲ့ နေမင်းကို ကိုယ်စားပြုတဲ့ ကျောက်မျက်ရတနာဖြစ်တာကြောင့် အီဂျစ်နိုင်ငံသားတွေက Peridot ကိုအထွဋ်အမြတ်ထားခဲ့တယ်လို့လည်း မှတ်သားရပါတယ်။

Peridot မှာ အရောင်အဆင်း သိပ်မများလှပါဘူး။ စိမ်းဝါရောင် အရောင်နဲ့သာ တွေ့ရှိရပြီး ပါဝင်တဲ့ သတ္ထုအချိုးအစားပေါ် မူတည်ပြီး အရောင် အနုအရင့်သာ ကွာပါတယ်။ အဝါရောင်များတဲ့ စိမ်းဝါရောင်ကနေ အညိုဘက်နည်းနည်းသမ်းတဲ့ စိမ်းဝါရောင် အထိ အရောင်အနုအရင့်ကွဲပြားပါတယ်။ တန်ဖိုးအမြင့်ဆုံး၊ အလှဆုံးအရောင်ကတော့ Dark olive-green (သံလွင်စိမ်းရင့်ရောင်) ဖြစ်ပါတယ်။

Source >> Internet

Spinel ကျောက်မျက်ရတနာအကြောင်း သိကောင်းစရာSpinel ကျောက်ကို မြန်မာလို အညံ့ပန်းလို့ ခေါ်ဆိုကြပြီး Cubic Crystal System နဲ့ ဖ...
16/08/2016

Spinel ကျောက်မျက်ရတနာအကြောင်း သိကောင်းစရာ

Spinel ကျောက်ကို မြန်မာလို အညံ့ပန်းလို့ ခေါ်ဆိုကြပြီး Cubic Crystal System နဲ့ ဖွဲ့စည်းထားပါတယ်။ အရည်အသွေးကောင်းတဲ့ Spinel တွေကို ကမ္ဘာမြေ နေရာတော်တော်များများမှာ တွေ့မြင်ရပြီး Spinel ကျောက်ရဲ့မာကြောမှုအဆင့်ကတော့ ၈ ဖြစ်ပါတယ်။

၁၈ ရာစု မတိုင်ခင်ကတော့ ပတ္တမြားနဲ့ Spinel ကို တူညီတယ်ဆိုပြီး Spinel ကို ပတ္တမြားလို့ပဲ ခေါ်ဆိုခဲ့ကြပါတယ်။ နောက်ပိုင်း နည်းပညာပိုင်းဆိုင်ရာ ပိုမိုဖွံ့ဖြိုးတိုးတက်လာတဲ့နောက်မှာတော့ ပတ္တမြားနဲ့ ဆင်တဲ့ကျောက် Spinel လို့ ပြောင်းလဲခေါ်ဆိုလာကြပါတယ်။

Spinel ကျောက်မျက်ရတနာက အရောင်အသွေးအတော်စုံလင်တဲ့ကျောက်ဖြစ်ပြီးတော့ အခြားကျောက်မျက်ရတနာတွေနဲ့ ခွဲခြားရ ခက်ခဲလေ့ရှိတာမို့ ကျောက်မျက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များမှသာ ခွဲခြားနိုင်လေ့ရှိပါတယ်။ လိမ္မော်ရောင်၊ စိမ်းပြာရောင်၊ အနီရင့်ရောင်၊ ပန်းရောင်အရင့်၊ ခရမ်းနုရောင်၊ အပြာရောင်၊ ခရမ်းရင့်ရောင်၊ အဖြူရောင် စတဲ့အရောင်ရှိတဲ့ Spinel ကျောက်တွေကိုသာ Jewel လုပ်တဲ့နေရာမှာ အသုံးပြုကြပါတယ်။ အဖြူရောင် Spinel တွေကတော့ ပျောက်ကွယ်လုနီးပါး ရှားပါးသွားပြီလို့ သိရပါတယ်။

အရောင်အမျိုးအစားကွဲပြားသွားရတဲ့ အဓိကအကြောင်းအရင်းကတော့ ကျောက်မျက်ထဲမှာ ပါဝင်တဲ့ သတ္တုတွေရဲ့ အချိုးအစားကြောင့် ဖြစ်ပါတယ်။ Chromium သတ္တပါဝင်မှု အချိုးအစား နည်းရင် အနီ၊ ပန်းရောင် စတဲ့ အရောင်တွေ ဖြစ်လာပြီး Chromium ပါဝင်မှုများလာလေ အနီရောင် ရင့်လာလေ ဖြစ်ပါတယ်။ လိမ္မော်ရောင်၊ ခရမ်းနုရောင် Spinel တွေကတော့ Iron နဲ့ Chromium ရောနှောပါဝင်နေတယ်ဆိုတာကို သက်သေပြနေပါတယ်။ Iron ပါဝင်မှုများလာရင်တော့ ခရမ်းရောင် နဲ့ အပြာရောင် Spinel ကျောက်တွေဖြစ်ပေါ်လာပါတယ်။ Cobalt ပါဝင်မှု ပမာဏ များလေလေ အပြာရောင်တောက်တောက် Spinel တွေ ဖြစ်ပေါ်လာလေလေဖြစ်ပါတယ်။

Spinel ကို လက်ဝတ်ရတနာအဖြစ် ပြုလုပ် ဝတ်ဆင်မယ်ဆိုရင် အဆစ်အမြစ်တွေ၊ အရိုးနဲ့ ပက်သက်တဲ့ ဒဏ်အားလုံးကို အမြန်သက်သာစေတဲ့အပြင် သက်လုံအားကောင်းစေခြင်း၊ ဘော်ဒီ weight ထိန်းပေးစေခြင်း စတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေတယ်လို့ ယုံကြည်ကြပါတယ်။ ဒါ့အပြင် August လမှာ မွေးဖွားသူတွေ အနေနဲ့လည်း ဝတ်ဆင်ထားသင့်တဲ့ Birthstone လေးလည်း ဖြစ်နေပါတယ်။

Source >> Internet

22/06/2016
Look
27/04/2016

Look

Address

Yangon
951

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Alerts

Be the first to know and let us send you an email when The Stone from Ruby Land of Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category