K T Z.Construction Co.Ltd

K T Z.Construction Co.Ltd K T Z Construction Co.Ltd မှ‌ နွေးထွေးစွာကြိုဆိုပါတယ် ခဗျာ နေရာဒေသမရွေးဆောက်လုပ်ပေးပါတယ်

30/12/2024
အကြမ်းလေး
07/09/2024

အကြမ်းလေး

02/08/2024
16x35 အိမ်လေး
15/07/2024

16x35 အိမ်လေး

 #မရိုးမဆန်းလေး 18x45 RC သုံးထပ် ဒီဇိုင်းလေး #အိမ်ပုံစံဒီဇိုင်းလှလှလေးနဲ့မှဆောက်ချင်တယ်ဆို_KTZ_နဲ့ဆောက် #လုပ်ငန်းတူ_page...
12/07/2024

#မရိုးမဆန်းလေး

18x45 RC သုံးထပ် ဒီဇိုင်းလေး
#အိမ်ပုံစံဒီဇိုင်းလှလှလေးနဲ့မှဆောက်ချင်တယ်ဆို_KTZ_နဲ့ဆောက်

#လုပ်ငန်းတူ_page_account_များတွင်_ကူးယူဖော်ပြခွင့်မပြုပါခင်ဗျာ

K T Z Co.,Ltd
Office - ရွှေပြည်သာမြို့။

Office phone: 09686836966( 9 AM to 5 PM )

Mobile : 09686836966 ( Viber ) 📲
09788843572
Email : [email protected]
Facebook : K T Z Construction Co.,Ltd -
Management

You dream, we build 🏠




#အိမျု

 #ကွန်ကရစ်တွက်နည်း********************♦ “1:3:6 အချိုး “ကွန်ကရစ် ဘိလပ်မြေ ၁၃ အိတ်ခန့် + သဲကျင်းဝက်+ ကျောက် ၁ ကျင်း♦ “ 1:2...
09/07/2024

#ကွန်ကရစ်တွက်နည်း
********************
♦ “1:3:6 အချိုး “
ကွန်ကရစ် ဘိလပ်မြေ ၁၃ အိတ်ခန့် + သဲကျင်းဝက်+ ကျောက် ၁ ကျင်း

♦ “ 1:2:4 အချိုး “
ကွန်ကရစ် ဘိလပ်မြေ ၁၈ အိတ်ကျော်ခန့်+ သဲကျင်းဝက် + ‌ေ ကျာက် ၁ ကျင်း

♦ “1: 1-1/2 အချိုး “
ကွန်ကရစ် ဘိလပ်မြေ ၂၅ အိတ်ခန့် + သဲကျင်းဝက်+ ေ ကျာက် ၁ ကျင်း

♦ “1:4 အချိုး"
ဘိလပ်မြေ ၃အိတ် + သဲ တမတ်သာသာ(ကျင်း) ခန့်
(၄ လက်မခွဲ အုတ်စီခြင်း နဲ့ ကြွေပြားကပ်ရာမှာ အသုံးများပါတယ်)

✅Plastering အတွက်ဆိုရင်တော့ တစ်ကျင်း စာ
ဘိလပ်တစ်အိတ်ခွဲ သုံးပေးပါတယ်

ကြွေပြားကပ်ဖို့ဆိုရင်တော့💠
>>ဘိလပ်မြေနဲ့ကပ်မယ် ဆိုရင် ဘိလပ်မြေ တအိတ်ခွဲ နဲ့ သဲ ၃အိတ်ခန့်

>> ကြွေပြားကပ်ကော်နဲ့ ကပ်မယ်ဆိုရင်တော့✴
ကြွေပြားကပ်ကော် ၂အိတ်ခွဲ ခန့်
သုံးပေး ရပါမယ်ရှင်။


ပန္နက်ရိုက်ခြင်း သိမှတ်စရာများ****************************ရှေးထုံးကိုလည်း မပါယ်နဲ့ ဈေးသုံးကိုလည်းမလွယ်နဲ့ တဲ့အိမ်ဆောက်တဲ...
08/07/2024

ပန္နက်ရိုက်ခြင်း သိမှတ်စရာများ
****************************
ရှေးထုံးကိုလည်း မပါယ်နဲ့ ဈေးသုံးကိုလည်းမလွယ်နဲ့ တဲ့
အိမ်ဆောက်တဲ့အခါ ပန္နက်ရိုက် မင်္ဂလာအတွက် နေ့နံသား ရွေးပုံသိမှတ်စရာပါ
မြန်မာ့ရိုးရာထုံးတမ်းအစဉ်အလာအရ ကတော့....ပန္နက်ရိုက်တာကို ပန္နက်တော်တင်မင်္ဂလာလို့လဲ ခေါ်ကြတယ်။

တနင်္ဂနွေသားသမီးအိမ်ဆောက်ရင်...
ကြာသပတေးသားကကြိုးရင်းကိုင်ပြီး သောကြာသားက ကြိုးဖျားကိုင်ရမယ်။
ပန္နက်တံက အင်သား၊ ပန္နက်ရိုက်မဲ့တုတ်က ကံ့ကော်သားဖြစ်ရမယ်။
(စနေသားက ပန္နက်ရိုက်ရမယ်)

တနင်္လာသားသမီးအိမ်ဆောက်ရင်...
သောကြာသားကကြိုးရင်းကို ကိုင်ပြီး စနေသားကကြိုးဖျားကိုင်ရမယ်။
ပန္နက်တံက ကံ့ကော်သား၊ ရိုက်မဲ့တုတ်က ဇီးသားဖြစ်ရမယ်။
(တနင်္ဂနွေသားက ပန္နက်ရိုက်ရမယ်)

အင်္ဂါသားသမီးအိမ်ဆောက်ရင်...
စနေသားက ကြိုးရင်းကိုကိုင်ပြီး တနင်္ဂနွေသားက ကြိုးဖျားကိုကိုင်ရမယ်။
ပန္နက်တံက ဇီးသား၊ ပန္နက်ရိုက်မဲ့တုတ်က ဝါးရင်းသားဖြစ်ရမယ်။
(တနင်္လာသားက ပန္နက်ရိုက်ရမယ်)

ဗုဒ္ဓဟူးသားသမီးအိမ်ဆောက်ရင်...
တနင်္ဂနွေသားက ကြိုးရင်းကိုကိုင်ပြီး တနင်္လာသားက ကြိုးဖျားကိုကိုင်ရမယ်။
ပန္နက်တံက ဝါးရင်းသား၊ ပန္နက်ရိုက်မဲ့တုတ်က သပြေသားဖြစ်ရမယ်။
(အင်္ဂါသားက ပန္နက်ရိုက်ရမယ်)

ကြာသပတေးသားသမီးအိမ်ဆောက်ရင်...
တနင်္လာသားက ကြိုးရင်း ကိုင်ပြီး အင်္ဂါသားက ကြိုးဖျားကိုင်ရမယ်။
ပန္နက်တံက သပြေသား၊ ပန္နက်ရိုက်မဲ့တုတ်က သိဟိုဠ်သားဖြစ်ရမယ်။
(ဗုဒ္ဓဟူးသားက ပန္နက်ရိုက်ရမယ်)

သောကြာသားသမီးအိမ်ဆောက်ရင်..
အင်္ဂါသားက ကြိုးရင်းကိုင်ပြီး ဗုဒ္ဓဟူးသားက ကြိုးဖျားကိုင်ရမယ်။
ပန္နက်တံက သိဟိုဠ်သား၊ ပန္နက်ရိုက်မဲ့တုတ်က ထန်းသားဖြစ်ရမယ်။
(ကြာသပတေးသားက ပန္နက်ရိုက်ရမယ်)

စနေသားသမီးအိမ်ဆောက်ရင်...
ဗုဒ္ဓဟူးသားက ကြိုးရင်းကိုင်ပြီး၊ ကြာသပတေးသားက ကြိုးဖျားကိုင်ရမယ်။
ပန္နက်တံက ထန်းသား၊ ပန္နက်ရိုက်မဲ့တုတ်က အုန်းသား၊ အင်သားဖြစ်ရမယ်။
(သောကြာသားက ပန္နက်ရိုက်ရမယ်)

နေ့နံတွေကွဲသွားတာက အိမ်ဆောက်မဲ့သူရဲ့ နေ့နံကိုမူတည်ပြီး ပဉ္စပွတ်၊ ဆပွတ်၊ အမြစ်၊ အညွန့်ဖြစ်တဲ့ နေ့နံသားနဲ့ ပန္နက်တံ၊ ပန္နက်ရိုက်တုတ်တွေကိုပါရွေးသွားခြင်းပါ။ မြန်မာ့ရိုးရာ ထုံးတမ်းအစဉ်အလာအရကတော့ ပန္နက်ရိုက်ရမဲ့နေ့တွေကို ...သောမနနေ့ရက်တွေဖြစ်တဲ့ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာနေ့တွေဖြစ်ရမယ်။ ရက်ရာဇာ သို့မဟုတ် အမြိတ္တစုတ်ရက်တွေနဲ့လည်း တိုက်ရမယ်လို့ ရေးသားဖော်ပြထားကြပါတယ်။


2ထပ်အဆောင်လေးပါခဗျ အဆောင်ဆောက်ချင်တဲ့လူကြီးမင်း များ အတွက်
05/07/2024

2ထပ်အဆောင်လေးပါခဗျ အဆောင်ဆောက်ချင်တဲ့လူကြီးမင်း များ အတွက်

Address

Yangon

Website

Alerts

Be the first to know and let us send you an email when K T Z.Construction Co.Ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share