HU Myanmar Business Group Co., Ltd

HU Myanmar Business Group Co., Ltd Government Tender, Construction, Production, Excavation, Quarrying and Trading

ခြံထောင့်မှာခိုကြဖို့...
16/04/2024

ခြံထောင့်မှာခိုကြဖို့...

2023-2024 Financial Year,Ministry of Education, Department of Basic Education (Head Office), Nay Pyi Taw.Tender opening ...
23/08/2023

2023-2024 Financial Year,
Ministry of Education, Department of Basic Education (Head Office), Nay Pyi Taw.
Tender opening ceremony for construction of a basic school that needs to be rebuilt due to natural disasters.

အမိုးဧရိယာတွက်ချက်နည်း✅ အမိုးဧရိယာ တွက်တဲ့အခါ အဓိကကတော့ အမိုးမိုးမဲ့ ခေါင်မိုးရဲ့ Projection Area ကိုသိဖို့ လိုအပ်ပါတယ်၊...
18/07/2023

အမိုးဧရိယာတွက်ချက်နည်း

✅ အမိုးဧရိယာ တွက်တဲ့အခါ အဓိကကတော့ အမိုးမိုးမဲ့ ခေါင်မိုးရဲ့ Projection Area ကိုသိဖို့ လိုအပ်ပါတယ်၊ Projection Area ဆိုတာက အမိုးအနားတွေ ရေးဆွဲထားတဲ့ မြေကြီးပေါ်က အတိုင်းအတာ ဧရိယာဖြစ်ပြီးတော့ ရေပြင်ညီ ဧရိယာလို့လည်း တချို့ကခေါ်ကြပါတယ်။

ဥပမာ - ပေ ၂၀ ပေ ၃၀ အဆောက်အဦး အတွက် အမိုး ၂ ပေခွဲ လိုအပ်မည်ဆိုပါက အမိုးရဲ့ Projection Area က ၂၄ ပေ ၃၄ပေ = ၈၁၆ စတုရန်းပေရှိပါတယ်။

(Floor Plan ရှိရင် တွက်ချက်ရ ပိုပြီးတော့ လွယ်ကူပါတယ်)

✅ နောက်ထပ် ခေါင်မိုးနဲ့ ပတ်သက်ပြီး သိထားရမဲ့ အချက် အလက်တွေကတော့ Roof Pitch, Degree နှင့် Slope Factor တို့ပဲဖြစ်ပါတယ်။

✅ Roof Pitch ဆိုတာက ခေါင်မိုးရဲ့ အစောင်းကို ပြင်ညီ ၁၂လက်မမှာ အစောင်း ဘယ်နှစ်လက်မ တတ်သွား သလဲဆိုတာ ကို သတ်မှတ်ခြင်း ဖြစ်ပါတယ်။

ဥပမာ - 1:12,2:12,3:12,....... စသဖြင့်

✅ Trigonometry အရ ပြင်ညီ အလျားက Adjacent နီးစပ်အနား ခေါင်အမြင့်က Opposite မျက်နှာချင်းဆိုင် အနားဖြစ်ပါတယ်၊ အသုံးများတဲ့ 22.5 Degree တို့ 30 Degree တို့ဆိုတာတွေက 5:12 နှင့် 7:12 တွေပဲဖြစ်ပါတယ်။

✅ O A O A H H H H A O A O သီအိုရီဆိုအရ 5:12 သည် မျက်နှာချင်းဆိုင်ထောင့် ၂၂.၅ ဒီဂရီ လောက် ရပါတယ်၊ ထို့အတူ 7:12 သည်လည်း Calculator မှာ SHIFT >tan-1 နှင့် 7/12 ကို လျာလိုက်ရင် ၃၀ ဒီဂရီလောက် ရပါတယ်၊ ဒါတွေကတော့ ခေါင်မိုးရဲ့ စောင်းထောင့် Degree တွေပဲဖြစ်ပါတယ်။

✅ နောက်ထပ်လိုအပ်တာကတော့ Slope Factor ဖြစ်ပါတယ်၊ ရေပြင်အညီ ဘယ်လောက်ရှိရင် ခေါင်မိုးစောင်း ဘယ်လောက်ရှိသလဲဆိုတဲ့ မြောက်ဖော်ကိန်း ကို Slope Factor လို့ခေါ်ပါတယ်။

✅ ထောင့်မှန်ခံအနားကို နီးစပ် အနားနှင့် စားခြင်းဖြင့် Secant အချိုးရပါတယ်၊ Secant ဆိုတာက Cosine နှင့် Reciprocal ဖြစ်ပါတယ်၊ Reciprocal ဆိုသည်မှာ ၁ ကို အဲဒီ့ တန်ဖိုးနှင့် စားခြင်းကို ခေါ်ဆိုခြင်းဖြစ်ပါတယ်၊ Calculator အရ ဆိုလျှင် Cosine ရဲ့ Reciprocal ရှာရပါတယ်။

ဥပမာ - ခေါင်မိုး အစောင်း ၃၀ ဒီဂရီ မှာ Roof Projection Area က 816 sq.ft ရှိတယ်ဆိုရင် cos 30 က 0.866 ဖြစ်ပါတယ်။

✅ Secant 30 လိုချင်ရင်တော့ cos 30 ရဲ့ Reciprocal အပြန် အလှန် ကိန်းက 1.1547 ရပါမယ်၊ အခု တွက်ထားပေးတာကတော့ 30 Decreer Slope Roof ရဲ့ Slope Factor ပဲဖြစ်ပါတယ်၊ 8181.1547 = 942.2356 sq.ft ရတဲ့ အမိုးစောင်း ဧရိယာကို Yellow Book မှာ ကြည့်လိုက်လျှင် အမိုးပြား၊ အမိုးရိုက်သံ၊ လက်သမားနှင့် အလုပ်သမား စတာတွေကို ရပါလိမ့်မယ်။

✅ အသုံးများတဲ့ အမိုးတွေကတော့ Gable Roof မြင့်မိုရ်ပိတ်ပါတဲ့ ၂ ဖက်ချ ခေါင်နှင့် Hip Roof လေး ဘက်ချ ခေါင်တို့ဖြစ်ပါတယ်၊ Gable ဖြစ်ဖြစ် Hip ပဲဖြစ်ဖြစ် ပုံစံမတူပေမဲ့ ခေါင်းမိုး Pitch (သို့မဟုတ်) Degree တူလျှင် ဧရိယာ အတူတူပဲဖြစ်ပါတယ်။

crd;

2023-2024 Financial Year, Attending the tender opening ceremony for Yangon Regional General Administration Department.
17/06/2023

2023-2024 Financial Year, Attending the tender opening ceremony for Yangon Regional General Administration Department.

2023-2024 Financial Year,Ministry of Education, Department of Basic Education (Head Office), Nay Pyi Taw.Tender opening ...
31/05/2023

2023-2024 Financial Year,
Ministry of Education, Department of Basic Education (Head Office), Nay Pyi Taw.
Tender opening ceremony for construction projects of Great-12.

2023-2024 Financial Year, Attending the tender accepting ceremony for Yangon Regional General Administration Department.
16/05/2023

2023-2024 Financial Year, Attending the tender accepting ceremony for Yangon Regional General Administration Department.

01/05/2023
(1)- Footing ကျင်းတိုင်းမှာ hardcore ရိုက်ဖို့ လိုပါသလားဖြေ- မလိုပါဘူး၁- Footing ကျင်း အနက်ကို ပိုပြီးတူးမိရင်တော့ Hardc...
24/04/2023

(1)- Footing ကျင်းတိုင်းမှာ hardcore ရိုက်ဖို့ လိုပါသလား
ဖြေ- မလိုပါဘူး
၁- Footing ကျင်း အနက်ကို ပိုပြီးတူးမိရင်တော့ Hardcore သုံးပြီးသာ ပြန်ဖြည့်ရပါမယ်၊
၂- footing တစ်ကျင်းတည်းမှာတင် တစ်ခြမ်းပျော့ တစ်ခြမ်းမာ ဆိုသလိုမျိုး (တစ်စိတ်တပိုင်း ကျောက်ဖျာခံနေသလိုမျိုး) ကြုံလာရင် engineering adjustment နဲ့ hardcore သုံးရပါမယ်၊

(2)- Rectangular footing တွေမှာ အတို/အရှည် ဘယ်ဘားကို အောက်က ထားရပါမလဲ
ဖြေ- အတိုဖက်ကို အောက်ကထားတာကတော့ ရှေးရိုး conservative နည်းလမ်းပဲ ဖြစ်ပါတယ်၊ အရှည်ကို အောက်ကထားလည်း ရပါတယ်၊ designer မှန်သမျှ d ကို အပေါ်ကသာ ယူပြီး တွက်ကြလေ့ ရှိတာမို့ design သဘောအရတော့ ထူးခြားချက် မရှိပါဘူး

(3)- Column တိုင်တွေမှာ rebar ရဲ့ ဘဲခြေထောက်ကို အလျား ဘယ်လောက်ထားရပါမလဲ၊ အဖျားမှာ 180 hook ကွေးဖို့ရော လိုပါသလား
ဖြေ- ဘဲခြေထောက် ၁၅ အရှည်ကို နှစ်သက်ပါတယ်၊ 180 hook ကွေးကတော့ လုံးဝ မလိုအပ်ပါဘူး

(4)- footing ဇကာတွေမှာ 180 hook ကွေး မထည့်ဘဲထားလို့ ရတယ်ဆိုတာ ဟုတ်ပါသလား
ဖြေ- ၅ပေပတ်လည်ထက် ကျော်တဲ့ footing တွေမှာ ဘာ hook ကွေးမှ လိုအပ်လေ့ မရှိပါဘူး၊ footing ကြီးကြီးငယ်ငယ် 180 hook ကတော့ မသုံးသင့်ပါ၊ ထည့်ချင်ရင်တောင်မှ 90 ကျင်တွယ်ကွေးသာလျှင် ထည့်သင့်ပါတယ်

(5)- Column သံချောင်းတွေကို အောက်မှာပဲ ပုလင်းကွေးချိုးပေးထားရမှာလား၊ အပေါ်က လာဆက်ကာမှ ပုလင်းကွေး ကွေးပြီး ဆက်လို့ ရပါသလား၊
ဖြေ- အပေါ်ကျမှ ချိုးလည်း ရပါတယ်

(၆)- Column မှာ သံတွေ ဆက်ရင် အမြဲပဲ floor ထောက် ဆက်ခွင့် ရှိပါသလား၊ အလယ်မှာပဲ ဆက်ရမယ် 50% ပဲ ဆက်ရမယ်ဆိုတာရော ဟုတ်ပါသလား၊
ဖြေ- SMRF ဆိုရင်တော့ အလယ်မှာပဲ Lo တွေ ရှောင်ပြီး ဆက်ရပါမယ်၊ 50% ပဲ ဆက်ရမယ်ဆိုတာတော့ မဟုတ်ပါ၊ 100% ဆက်ခွင့် ရှိပါတယ်၊ ပုံမှန်ကတော့ (SMRF မှ မဟုတ်ရင်) floor ထောက် ဆက်တာသည်သာလျှင် အကောင်းဆုံးပါပဲ

အပိုင်း (၂)

- Footing ကျင်းတိုင်းမှာ hardcore ရိုက်ဖို့ လိုပါသလား
ဖြေ- မလိုပါဘူး
၁- Footing ကျင်း အနက်ကို ပိုပြီးတူးမိရင်တော့ Hardcore သုံးရပါမယ်၊
၂- footing တစ်ကျင်းတည်းမှာတင် တစ်ခြမ်းပျော့ တစ်ခြမ်းမာ ဆိုသလိုမျိုး (တစ်စိတ်တပိုင်း ကျောက်ဖျာခံနေသလိုမျိုး) ကြုံလာရင် engineering adjustment နဲ့ hardcore သုံးရပါမယ်၊

Hardcore ဆိုတာသည် အဓိကအားဖြင့်
(က) စူးစူးနစ်နစ် ကျလာမယ့် Concentrate Loading ( or point load) တွေကို ညီညာစွာဖြန့်ဝေ (distribution) လုပ်ပေးနိုင်ဖို့ နဲ့
(ခ) လိုချင်တဲ့ level အမြင့် ရနိုင်ဖို့အတွက် မြေကြီးအစား ပြန်လည်ဖြည့်တင်းရာမှာ သုံးစွဲရတဲ့ ပစ္စည်း ဖြစ်ပါတယ်၊
Engineered infill materials လို့ ခေါ်ပါတယ်၊
RC footing တွေမှာတော့ load distribution ကို footing pad က လုပ်ပေးနေပြီမို့ Hardcore မလိုအပ်ပါဘူး။

Hardcore ကို ကားလမ်းခင်းရာမှာ base ၊ sub base တွေအနေနဲ့ သော်လည်းကောင်း၊ ကြမ်းခင်း slab တွေရဲ့အောက်မှာ level backfilled အနေနဲ့သော်လည်းကောင်း အဓိက သုံးစွဲကြရပါတယ်၊ Concrete နဲ့ဆင်သော်လည်း တွဲဆက်ရာ ကော် (Cement, Asphalt) ထည့်သွင်း သုံးစွဲမထားတဲ့ unbound mixture ဖြစ်ပါတယ်၊ ကြမ်းခင်း RC slab တွေရဲ့ အောက်မှာ ခင်းတဲ့အခါ Hardcore မှာ သုံးရမယ့် maximum Aggregate size ကို 2.5(63mm) သတ်မှတ်လေ့ ရှိကြသလို 6 သို့မဟုတ် 8 တစ်လွှာစီ compaction ပေးဖို့ သတ်မှတ်ထားပါတယ်။

Hardcore ဆိုတာသည် အင်ယာဆိုင်ရာ ပြန်ဖြည့်ပေးသော engineered infill materials များ ဖြစ်တာနဲ့အညီ
၁- Footing ကျင်း အနက်ကို ပိုပြီးတူးမိရင်တော့ Hardcore သုံးရပါမယ်၊
၂- footing တစ်ကျင်းတည်းမှာတင် တစ်ခြမ်းပျော့ တစ်ခြမ်းမာ ဆိုသလိုမျိုး (တစ်စိတ်တပိုင်း ကျောက်ဖျာခံနေသလိုမျိုး) ကြုံလာရင် engineering adjustment နဲ့ hardcore သုံးရပါမယ်၊
သည့်အတွက်လည်း drawing တွေမှာ လိုရမယ်ရ ထည့်ဆွဲပေးထားလေ့ ရှိကြပါတယ်၊
မှတ်ချက်။ ။ footing ကျင်းထဲမှာ ဗွက်လည်နေတဲ့အခါ ကျောက်ကြီးနဲ့ သဲကြပ်ထားသော backfill မျိုးနဲ့ ပြန်ဖြည့်လေ့ ရှိကြပါတယ် (အရပ်ခေါ် hardcore လို့ သာ ခေါ်နေကြပေမယ့် ဒါသည် hardcore အစစ်တော့ မဟုတ်ပါဘူး၊ engineering adjustment နဲ့ ပြန်ဖြည့်တဲ့ infilled material တစ်မျိုးသာလျှင် ဖြစ်ပါတယ်)

-Rectangular footing တွေမှာ အတို/အရှည် ဘယ်ဘားကို အောက်က ထားရပါမလဲ
ဖြေ- အတိုဖက်ကို အောက်က ထားတာကတော့ ရှေးရိုး conservative နည်းလမ်းပဲ ဖြစ်ပါတယ်၊ အရှည်ကို အောက်ကထားလည်း ရပါတယ်၊ designer မှန်သမျှ d ကို အပေါ်ကသာ ယူပြီး တွက်ကြလေ့ ရှိတာမို့ design သဘောအရတော့ ထူးခြားချက် မရှိပါဘူး

Rectangular footing တွေကို design တွက်ကြတဲ့အခါမှာ one way shear အတွက်ရယ် punching shear လို့ခေါ်တဲ့ two ways shear အတွက်ရယ်ကနေပဲ footing ထု thickness h ထွက်လာလေ့ ရှိပါတယ်၊ Bending moment အတွက်ကတော့ Isolated square footing တွေလိုပါပဲ minimum flexural steel က သာလျှင် Control ဖြစ်နေလေ့ ရှိပါတယ်၊

အဓိက အကျဆုံးကတော့ flexural steel အတွက် effective depth d တွက်ကြတဲ့ အချိန်မှာ မည်သည့် designer မဆို top steel ရဲ့ center က နေသာလျှင် ယူပြီး (d အသေးနဲ့ သာလျှင်) နှစ်ဖက်စလုံးအတွက် တစ်မျိုးတည်းသာ တွက်လေ့ ရှိကြပါတယ်၊
သည့်အပြင် textbook များအရ shorter steel အတွက် band width အတွင်းမှာ spacing စိပ်ပေးရမည် ဖြစ်သော်လည်းပဲ မည်သည့် designer မဆို spacing တစ်မျိုးတည်းသာ သုံးပါတယ်၊ စိပ်မပေးပါဘူး၊ သည့်အတွက် cover ဖြစ်အောင် အတိုကို အောက်ကထားပြီး d ပိုလာစေတာကတော့ ကျနော် နှစ်သက်တဲ့ နည်းလမ်းပါ၊ သို့သော် ဘယ်ဖက် အောက်က ထားထား သိပ်ပြီးမထူးခြားပါဘူး၊

-Column တိုင်တွေမှာ rebar ရဲ့ ဘဲခြေထောက်ကို အလျား ဘယ်လောက်ထားရပါမလဲ၊ အဖျားမှာ 180 hook ကွေးဖို့ရော လိုပါသလား
ဖြေ- ဘဲခြေထောက် ၁၅ အရှည်ကို နှစ်သက်ပါတယ်၊ 180 hook ကွေးကတော့ လုံးဝ မလိုအပ်ပါဘူး

Structural theory အရ ဘဲခြေထောက် ထည့်ဖို့ ကန့်သတ်ထားတာမျိုး မရှိပါ၊ မထည့်လည်း ရပါတယ်၊ textbook တွေမှာကလည်း footing pad ထဲ တိုက်ရိုက် column သံ ဆင်ဖို့ တွက်လေ့ မရှိကြဘဲ footing ထဲကနေ dowel steel ထုတ်ထားဖို့သာလျှင် ပိုင်းပြီး တွက်ကြတာပါ၊ သို့သော် column steel ကို မတ်နေအောင် ထောင်ဖို့ တည်ငြိမ်အောင် ထားနိုင်ဖို့ လိုအပ်တာကြောင့် ဘဲခြေထောက် ထည့်သင့်ပါတယ်၊ ကျနော်ကတော့ ဘဲခြေထောက်အရှည် ၁၅ ကို နှစ်သက်ပါတယ်၊ စံပြု drawing တွေမှာတော့ 450mm (18) ၊ 300mm( 12) စသည်ဖြင့် နှစ်မျိုးစလုံး ပြသထားပြီး 450mm ကို အင်ယာအများစုက နှစ်သက်ကြပါတယ်၊

-footing ဇကာတွေမှာ 180 hook ကွေး မထည့်ဘဲထားလို့ ရတယ်ဆိုတာ ဟုတ်ပါသလား
ဖြေ- ၅ပေပတ်လည်ထက် ကျော်တဲ့ footing တွေမှာ ဘာ hook ကွေးမှ လိုအပ်လေ့ မရှိပါဘူး၊ footing ကြီးကြီးငယ်ငယ် 180 hook ကတော့ မသုံးသင့်ပါ၊ ထည့်ချင်ရင်တောင်မှ 90 ကျင်တွယ်ကွေးသာလျှင် ထည့်သင့်ပါတယ်

Footing သံဇကာလိုအပ်ချက်ကို တွက်ကြတဲ့ အခါမှာ column တိုင်ရဲ့ အစပ်ကနေ critical section ဖြတ်ယူပြီး moment တွက်ရပါတယ်၊ development length လို့ ခေါ်တဲ့ )ကွန်ကရိရဲ့ ကုပ်အားအရ ကွန်ကရိထဲ သံချောင်းမြှုပ်ထားရမယ့်) အလျားကို တွက်ကြတဲ့အခါမှာလည်း အဆိုပါ critical section ကနေသာလျင် စပြီး တိုင်းရတာပါ၊ သုံးလေ့ ရှိကြတဲ့ သံ size တွေအရ Ld သည် အကြမ်းဖျင်း ပြောရရင် 2-0 ဝန်းကျင် ရှိပါတယ်
သည့်အတွက်လည်း ၅ ပေပါတ်လည်အထက် ကျယ်တဲ့ footing တွေသည် development length လုံလောက်နေလေ့ ရှိတတ်ကြပါတယ်၊ hook လိုအပ်လေ့ မရှိပါဘူး၊ footing သံဇကာရဲ့ hook လို/မလို ဆိုတာသည် critical section ကနေ တိုင်းတာထားတဲ့ Anchorage length အပေါ် မူတည်ပါတယ်။

-Column သံချောင်းတွေကို အောက်မှာပဲ ပုလင်းကွေးချိုးပေးထားရမှာလား၊ အပေါ်က လာဆက်ကာမှ ပုလင်းကွေး ကွေးပြီး ဆက်လို့ ရပါသလား၊
ဖြေ- အပေါ်ကျမှ ချိုးလည်း ရပါတယ်

အောက်ကပဲ ချိုးချိုး အပေါ်ကချိုးချိုး အပြင်အစွန်ဖက်ကို ရောက်နေတဲ့ steel သည် သူ့ရဲ့ development length ( splice length) ကုန်သည်အထိ အတွင်းက လာပူးထားတဲ့ steel အပေါ်ကို ဝင်ကူပြီး ထမ်းပေးနေရမှာပါ၊

Minimum 1:6 သို့မဟုတ် လုပ်နေကျ 1:9 ချိုးထားတဲ့ ပုလင်းကွေးသည် အောက်ကနေ ချိုးထားရင် beam ထဲ ရောက်နေနိုင်ပါတယ်၊ တစ်နည်းအားဖြင့် 1:6 slope မပြည့်ရင်တောင်မှ beam က (beam ရဲ့ stirrup တွေ အပါအဝင်) column steel ရဲ့ အတွန့်အခေါက် direction ပြောင်းလဲမှုအပေါ် ဝင်ကူပြီး ထမ်းပေးနေနိုင်ပါတယ်၊ ပုလင်းကွေးမှားရင် အမှားခံပါတယ်၊
သို့သော် အပေါ်က ပုလင်းကွေးချိုးရင် (အောက်က အဖြောင့်အတိုင်းသာ တက်ခဲ့ရင်) လည်း အောက်ကတည်းက development length ပြည့်စုံစွာ ကုပ်အားရပြီးသား steel တွေသည် column သားရဲ့ အပြင်ဖက်အစွန်းတွေမှာ d များများရနေတာမို့ moment style လို့ ခေါ်ကြတဲ့အထိ တစ်ချို့က ကြိုက်ကြပါတယ်၊ စံdrawing တွေထဲမှာ နှစ်မျိုးစလုံး ပါပါတယ်၊ ကျနော့်အတွေ့အကြုံအရတော့ အတူတူပါပဲ၊ မထူးခြားပါဘူး၊ အပေါ်က ပုလင်းကွေးနဲ့ လာဆက်တာကတော့ လုပ်ရကိုင်ရ ပိုလွယ်ပါတယ်

-Column မှာ သံတွေ ဆက်ရင် အမြဲပဲ floor ထောက် ဆက်ခွင့် ရှိပါသလား၊ အလယ်မှာပဲ ဆက်ရမယ် 50% ပဲ ဆက်ရမယ်ဆိုတာရော ဟုတ်ပါသလား၊
ဖြေ- SMRF ဆိုရင်တော့ အလယ်မှာပဲ Lo တွေ ရှောင်ပြီး ဆက်ရပါမယ်၊ 50% ပဲ ဆက်ရမယ်ဆိုတာတော့ မဟုတ်ပါ၊ ပုံမှန်ကတော့ (SMRF မှ မဟုတ်ရင်) floor ထောက် ဆက်တာသည်သာလျှင် အကောင်းဆုံးပါပဲ

50% ပဲ ဆက်ဖို့ဆိုရင် အဆက်နေရာ လွှဲရပါမယ်၊ အဆက် ၂ နေရာ ပေါ်ပါမယ်၊ အဆက်နေရာတိုင်းသည် stirrup or tie ကွင်းတွေ စိပ်ပေးဖို့ လိုအပ်ပါတယ်၊ သည့်အတွက် 50% ပဲ ဆက်နိုင်ရင် ပိုကောင်းပေမယ့် stirrup ကိုလည်း လိုက်လံ စိပ်ပေးနိုင်ဖို့ လိုပါမယ်၊ ACI BS က ကန့်သတ်မထားပါဘူး၊ အိမ်နီးချင်းနိုင်ငံ ဖြစ်တဲ့ အိန္ဒိယကတော့ Code နဲ့ ကန့်သတ်ပြီး တားမြစ်ခဲ့ဖူးပါတယ်၊ သို့သော် 2016 မှာတော့ 100% ဆက်လည်း ရပါတယ် 50% ပဲ ဆက်နိုင်ရင် ပိုကောင်းပါတယ် လို့ IS code ကို ပြန်လည် ပြင်ဆင်ခဲ့ပါတယ်။

Floor ထောက် ဆက်တာနဲ့ ပတ်သက်ရင်တော့ အခြေခံ ပျော့ပြောင်းမှု ductility factor ဖြစ်တဲ့ Response modification factor ကို 8 အထိ မြှင့်တင်ကာ ဘေးတိုက် သက်ရောက်နိုင်အားအပေါ် အဆောက်အဦ အလေးချိန်ရဲ့ ရှစ်ပုံတစ်ပုံစာပဲ ခံနိုင်အောင်၊ ဝါးပင်လိုမျိုး ယိမ်းနွဲ့နေအောင် တွက်ထားရတဲ့ SMRF မှာတော့ တိုင်အခြေ အစပ်တွေမှာ ဆက်ခွင့်မပြုပါဘူး၊ ပျက်ချင်းပျက်ရင် အလယ်မှာပဲ ပျက်ဆီးခွင့် သေချာစေရပါမယ်

ကျန်တဲ့ R=3 OMRF
R=5 IMRF ဆိုပြီး တင်းတင်းရင်းရင်း တွက်ထားရင်တော့ အလယ်မှာ အားကောင်းနေရပါမယ်၊ Critical buckling အများဆုံး ဖြစ်နိုင်တဲ့ အလယ်မှာ မဆက်သင့်ပါဘူး၊ Floor ထောက်ပဲ ဆက်သင့်ပါတယ်၊
သို့သော် မည်သည့် အဆက်မှန်သမျှ (beam ပဲ ဖြစ်ဖြစ် column ပဲ ဖြစ်ဖြစ်) အဆက်နေရာမှာ stirrup စိပ်ပေးခြင်း lapping length လုံလောက်စေခြင်းတို့ ရှိထားမယ် သံလည်း မကြပ်ဘူးဆိုရင် မည်သည့် နေရာမှာ ဆက်ဆက် ဆက်လို့ရပါတယ် အထူးတလည် ဘာမှ မထူးခြားတတ်ပါဘူး။



Vibration Damper... ဆိုတာဘာများပါလဲ?အကျဉ်းချုပ်...ရေကန်ထဲကို ခဲလုံးပစ်လိုက်တဲ့ခါ လှိုင်းတွန့်လေးတွေ ဖြစ်သွားပါတယ်... ကျယ...
22/04/2023

Vibration Damper... ဆိုတာဘာများပါလဲ?

အကျဉ်းချုပ်...

ရေကန်ထဲကို ခဲလုံးပစ်လိုက်တဲ့ခါ လှိုင်းတွန့်လေးတွေ ဖြစ်သွားပါတယ်... ကျယ်ပြန့်တဲ့ရေပြင်ဆိုရင်တော့ လှိုင်းလေးတွေဟာ အချိန်အတိုင်းအတာတစ်ခုမှာ ပြန်လည်ငြိမ်သက်သွားမှာပါ...

ဒါက ဥပမာပေးတာပါ... ဗို့အားမြင့်ဓာတ်အားလိုင်းတွေမှာလည်း လေတိုက်တဲ့အခါ လျှပ်ကူးကြိုးတွေဟာလည်း လှုပ်ရမ်းတုန်ခါမှုဖြစ်ပါတယ်... တုန်ခါမှုဆိုတာလည်း ပုခက်လွှဲနေသလိုပါပဲ...

လိုင်းတလျှောက် တာဝါတိုင် နှစ်တိုင်ကြား ခေါက်တုန့်ပြန် တုန်ခါတယ်လို့ ဆိုလိုတာပါ... တုန်ခါမှုတွေကြောင့် တာဝါတိုင်ကို ထိခိုက်စေနိုင်သလို လျှပ်ကူးကြိုးတွေကိုလည်း ထိခိုက်ပျက်စီးစေပါတယ်...

ဒီလိုတုန်ခါမှုကြောင့် ထိခိုက်ပျက်စီးမှုတွေ မဖြစ်ရလေအောင် vibration damper ကို တပ်ဆင်ထားရပါတယ်...

Vibration damper က တုန်ခါမှုတွေကို ပျက်ပြယ်စေပါတယ်...

20/02/2023

တံတားတည်ဆောက်ရာမှာ "ကြောင်လမ်း" ဆိုတာဘာလဲ...

For the Ministry of Education Department of Basic Education (Yangon), the work for the financial year 2022-2023 has been...
05/02/2023

For the Ministry of Education Department of Basic Education (Yangon), the work for the financial year 2022-2023 has been completed

အသံလုံခန်း(cavity room) တည်ဆောက်ပုံအသံလုံ အစည်းဝေးခန်းမများ၊ home theatre (အိမ်တွင်းရုပ်ရှင်ရုံ)၊ karaoke lounge (ကာရာအိ...
12/12/2022

အသံလုံခန်း(cavity room) တည်ဆောက်ပုံ

အသံလုံ အစည်းဝေးခန်းမများ၊ home theatre (အိမ်တွင်းရုပ်ရှင်ရုံ)၊ karaoke lounge (ကာရာအိုကေ သီချင်းဆိုခန်း)၊ music studio (သီချင်းအသံသွင်းခန်း) စတဲ့ အသံလုံခန်းများတည်ဆောက်ပုံကို အကြမ်းဖျင်းတင်ပြပါမယ်။

အသံလုံခန်းဆိုတာ နံရံတစ်ခုကို အုတ်နဲ့စီပြီး 50 mm (၂")ခြားပြီး နောက်ထပ်နံရံတစ်ခု ထပ်စီထားတဲ့ လေဟာနယ်အုတ်ရိုးဖြစ်တယ်။ နံရံ ၂ ခုရဲ့ကြားကို rock wool (glass wool) လို့ခေါ်တဲ့ ဖန်စဖျင်ကို ထည့်ရတယ်။glass wool ဆိုတာ နိုင်ငံခြားကတင်သွင်းရတဲ့ ၂ "ထု ဖျင်လိပ်ဖြစ်တယ်။မီးလုံးဝမလောင်ဘဲ လက်အိပ်မပါဘဲကိုင်ရင် အနည်းငယ်ယားယံတတ်တယ်။

ဒီ့ထက်အသံလုံချင်ရင် မျက်နှာကြက်ကိုပါ ၂ ထပ်ပြုလုပ်ရတယ်။အဲဒီ ၂ ခုကြားမှာလည်း glass wool ကိုသာထည့်ပေးရတယ်။

cold storage များကိုတော နံရံ ၄ ဘက်စလုံး၂ ထပ်၊ မျက်နှာကြက်လည်း ၂ ထပ် ဖြစ်ပြီးကြမ်းခင်းကိုပါ ၂ ထပ်ပြုလုပ်ရပါတယ်။ နောက်ဆုံးအဝင်တံခါးကိုလည်း ready made ၂ ထပ်ကိုမှာယူတတ်ဆင်ရတယ်။ ပြထားတဲ့ပုံမှာ နံရံ ၂ ထပ်စီနည်းကို ပြထားတာဖြစ်တယ်။

လိုအပ်သည်များ ဆရာများဖြည့်စွက်ပေးကြပါရန်။

crd;
DaYinKauk_Construction
knowledge_sharing

Address

No(89-B), Neik Ban(8) Street, Royal Thiri Condominium, Insein Township
Yangon

Opening Hours

Monday 10:00 - 16:00
Tuesday 10:00 - 16:00
Wednesday 10:00 - 16:00
Thursday 10:00 - 16:00
Friday 10:00 - 16:00

Telephone

+959779032720

Website

Alerts

Be the first to know and let us send you an email when HU Myanmar Business Group Co., Ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to HU Myanmar Business Group Co., Ltd:

Share