Future Land By Myat

Future Land By Myat သင့်ရဲ့ အိမ်မက်တွေကို ကျနုပ်တို့နဲ့ အတူ အကောင်အထည်ဖော်ပါ

အိမ်ဆောက်တော့မယ်ဆို Future Land By Myat ကိုသတိရလိုက်ပါနော်ခေတ်မှီ ဆန်းသစ်တဲ့ design တွေနဲ့ ခိုင်ခံ့တဲ့ အိမ် လိုချင်ရင် ဆ...
17/06/2024

အိမ်ဆောက်တော့မယ်ဆို Future Land By Myat ကိုသတိရလိုက်ပါနော်
ခေတ်မှီ ဆန်းသစ်တဲ့ design တွေနဲ့ ခိုင်ခံ့တဲ့ အိမ် လိုချင်ရင် ဆက်သွယ်လိုက်တော့နော်

🙏ဗုဒ္ဓံ           🙏ဓမ္မံ           🙏သံဃံ #သိန်း {1100} သိန်းဝန်းကျင်နဲ့ဆောက်လို့ရမည်နှစ်ထပ်အိမ်လေးပါလူကြီးမင်းတို့၏ ပင်ပ...
17/06/2024

🙏ဗုဒ္ဓံ 🙏ဓမ္မံ 🙏သံဃံ
#သိန်း {1100} သိန်းဝန်းကျင်နဲ့ဆောက်လို့ရမည်နှစ်ထပ်အိမ်လေးပါ

လူကြီးမင်းတို့၏ ပင်ပန်းမူတို့ဖြေဖျောက်ရာ၊ နားခိုရာ ၊ ချစ်ရသော မိသားစု တို့ ဆုံစည်းရာ ၊ တစ်နေ့တာရဲ့ အစပြုရာ၊ စသည်တို့၏ ဘုံဗိမ္မာန်လေးဖြစ်သော နေအိမ်လေးအား ကျွန်မတို့ FUTURE LAND BY MYAT Construction & decoration မှ ကောင်းမွန်သောအရည်အသွေးနှင့် ဆန်းသစ်သော ဒီဇိုင်းတို့ဖြင့် စိတ်ကူးထဲက နိဗ္ဗာန်ဘုံလေးအား
ကျေးလက်ဒေသဖြစ်စေ တောင်ပေါ်ဒေသလေးဖြစ်စေ

လူကြီးမင်း၏(20'×60')မြေပေါ်မှာဆောက်လို့ရမယ့် (2)ထပ်အိမ်လေးပါခင်ဗျာ အိမ်အကျယ်ဝန်းလေကတော့(18'×45')ဖြစ်ပြီး ခန်းနားတယ်တယ်သောနှစ်ထပ်အိမ်လေးပါ

မှတ်ချက်။ ။အိပ်ခန်းများအား တိုင်ပင်ဆွေးနွေးနိုင်ပါတယ်
Design and Planများကိုလည်း အင်ဂျင်နီယာနှင့် အိမ်ရှင်သဘောကျ ညှိနိူင်းဆွဲပေးပါတယ်****

လူကြီးမင်းတို့ အဆင်သင့် အပြီးအစီး စိတ်ချမ်းသာစွာ နေထိုင် မည့် အိမ်လေးကို RC.SS ကြိုက်နှစ်သက်ရာ ရွေးလျယ် ဆောက်လုပ်နိုင်ပါတယ်
"RC... သိန်း 1300 ဝန်းကျင်
"SS... သိန်း 1100 ဝန်းကျင်
မှတ်ချက်။ ။အဆောက်ဦးများကို လူကြီးမင်းများရဲ့ခြံကွက်ပေါ်မူတည်ပြီး ချုံ့နိုင် ချဲ့နိုင်ပါတယ်

ပါဝင်မှု

အိပ်ခန်း အခန်းဖွဲ့များ တိုင်ပင်ဆွေးနွေးနိုင်

(Living Room- Kitchen+ Dinning Room)

ရေ

မီး

ဆေး ( ပတ်တီး 2 ကုပ် ရှီလာ 1 ကုပ်ဆေး2ကုပ်)( ဆေးရောင်များကို အိမ်ရှင်စိတ်တိုင်းကျ ထည့်သွင်းပေးပါ့မည်)

မျက်နှာကြက် ( ဒီဇိုင်းဆန်းလေးများ)

အောက်ကြမ်းခင်း ( ကြွေပြား)

Maindoor (ကျွန်းသစ်)

အိပ်ခန်းတံခါး (ကျွန်းသစ်)

ပြတင်းပေါက် (pvc)

အိမ်သာရေချိုးခန်း (ဘိုထိုင်၊ရေဗန်း ၊ နံရံ5 ပေကြွေပြားကပ်ပေးခြင်း)

မှတ်ချက် ။ ။ ထည့်ဝင်ပစ္စည်းများ စာချုပ်တွင်ထည့်သွင်းချုပ်ဆိုပြီး တိုင်ပင်ဆွေးနွေးနိုင် ပါသည်

ငွေပေးချေမှု

မိတ်ဆွေအနေနဲ့လုပ်ငန်းအပ်နှံရာတွင်လဲ ငွေပေးချေမှုကို အဆင်ပြေစေနိုင်ရန် ကျွန်မတို့ဘက်အား (9) ရစ်ခွဲပီးပေးဆောင်နိုင်ပါတယ်ရှင့်

ငွေပေးချေမှု (9) ရစ်

စာချုပ်သည့်နေ့ 5%
လူရောက် ပစ္စည်း ချမည့်နေ့ 30 % ဖောင်ဒေးရှင်း ပြီးသည့်နေ့ 10% တိုင်ထောင်စ သည့်နေ့ 10% အုတ်စီ၊အချော စသည့်နေ့ 15% အမိုးဒိုင်းစဝင်သည့်နေ့ 10% မျက်နှာကျက် စသည့်နေ့ 5% ရေမီးဆေး စဝင်သည့်နေ့ 10% အိမ်ရှင် ကိုအိမ်အပ်သည့်နေ့ 5%

စာချုပ်ချုပ်ဆိုမှုမှာလဲ ပါဝင်ပစ္စည်းများ ၊ ဆောက်လုပ်ချိန် များကိုလဲ ထည့်သွင်းချုပ်ဆိုသွားမှာဖြစ်ပြီး စာချုပ်ပါအတိုင်းအတိအကျအသုံးပြုပေးသွားမှာပါရှင့်

အသေးစိတ်အချက်အလက်တွေကိုဆွေးနွေးတိုင်ပင်အကြံပေးချင်ပါက page messenger မှ ဆက်သွယ်နိုင်သလိုအောက်ပါဖုန်းနံပါတ်ကိုလဲစုံစမ်းမေးမြန်းနိုင်ပါတယ်

ဆက်သွယ်ရန် -
☎️09 456 826 056

သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ် ခင်ဗျာ
လူကြီးမင်း၏ စိတ်ကူးအိမ်မက်များကို ဖန်တီးပေးနိုင်ရန် အမြဲကြိုးစားလျက်ပါ
Future Land By Myat 🙏🙏🙏🙏🙏

အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ-------------------------------------------အိမ်တစ်လုံးကို အလှဆင်တဲ့အခါမှာ ...
17/06/2024

အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
-------------------------------------------

အိမ်တစ်လုံးကို အလှဆင်တဲ့အခါမှာ
အရောင်ရွေးချယ်မှုက အဓိကကျပါတယ်။ လတ်ဆတ်ပြီး
စိတ်ခံစားမှုကို ပြောင်းပေးနိုင်တဲ့ အိမ်သုတ်ဆေးအရောင်တွေဟာ
သင့်အခန်းရဲ့ ဒီဇိုင်းနဲ့ သင့် Mood ကိုပါ လုံးဝအသစ် ဖြစ်သွားစေမှာပါ။

ကိုယ့်အိမ်ထဲက အခန်းတွေ ဆေးသုတ်ဖို့ စဉ်းစားနေရင်
ဒီဆေးရောင်တွေကို ဒီအခန်းတွေမှာ မသုတ်ဖို့ ကျွမ်းကျင်သူတွေက အကြံပေးထားပါတယ်။

(၁) အိပ်ခန်းကို အနီနဲ့ ခရမ်းရောင်ဆေး မသုံးပါနဲ့

အနီရောင်ကို ကြိုက်တယ်ဆိုရင်တောင် သင့်အိပ်ခန်းနံရံကို
အနီရောင် မသုတ်ပါနဲ့လို့ House Wire တည်ထောင်သူ
ဂျီနီဗာ အာရွန်က ပြောပါတယ်။လူ့ဦးနှောက်ဟာ အနီရောင်ကို
သွေးလို့ မှတ်ယူထားပြီး အန္တရာယ်နဲ့ တွဲမှတ်ထားတာပါ။
ဒီတော့ အခန်းထဲမှာ အနီရောင်ကို မြင်ရခြင်းဟာ
နှလုံးခုန်နှုန်းကို မြန်စေပြီး အိပ်လို့မရဖြစ်စေပါတယ်။
ခရမ်းရောင်ဆေးသုတ်ထားတဲ့ အိပ်ခန်းမှာ အိပ်သူတွေဟာ
ပျမ်းမျှ တစ်နေ့ကို ၅ နာရီ ၅၆ မိနစ်ပဲ အိပ်ပျော်တယ်လို့
လေ့လာချက်တွေက ပြောပါတယ်။ နောက်တစ်ခုက
ခရမ်းရောင်ခန်းထဲမှာ အိပ်ခြင်းဟာ အိပ်မက်ဆိုးတွေလည်း မက်နိုင်ခြေပိုများတယ်လို့ ဆိုပါတယ်။

(၂) ရေချိုးခန်းနဲ့ Home Office မှာ အဖြူရှောင်ပါ

နံရံဖြူဖြူတွေဟာ ရေချိုးခန်းနဲ့ အလိုက်ဖက်ဆုံးထဲမှာ ပါပါတယ်။
အဖြူရောင်ဟာ ကြည့်လိုက်ရင် အသစ်စက်စက်လို့ မြင်စေရပေမယ့်
နံရံဖြူတွေဟာ အစွန်းပေရင် မြင်လွယ်တဲ့ ပြဿနာ ရှိပါတယ်။
သိပ်ပြီး ရေချိုးခန်းကို ခဏခဏ သန့်ရှင်းရေးမလုပ်နိုင်ရင် အဖြူမသုံးသင့်ပါဘူး။

အိမ်ကို ရုံးလုပ်နေရသူတွေအတွက် စိတ်ပိုပြီး
သက်တောင့်သက်သာ ရှိချင်ရင် အလုပ်လုပ်နေတဲ့
အခန်းနံရံကို အဖြူဆေးမသုတ်ဖို့ MyRoofingPal ရဲ့
လုပ်ငန်းလည်ပတ်မှု ဒါရိုက်တာ ကော်တနီကီးန်က ဆိုပါတယ်။
အဖြူက မျက်လုံးကြိမ်းပြီး ဒဏ်ဖြစ်စေလို့ ကွန်ပျူတာနဲ့
တစ်နေကုန် အလုပ်လုပ်သူတွေအတွက် မကောင်းဘူးလို့ သူမက ပြောတာပါ။

(၃) အပြင်နံရံနဲ့ ဧည့်ခန်းကို အညိုမသုံးနဲ့

The Golden ရဲ့ အိမ်ဒီဇိုင်းကျွမ်းကျင်သူနဲ့ အယ်ဒီတာ
ဆန်ဝစ်တိတ်ကာကတော့ သင့်အိမ်ပြင်ပနံရံမှာ
အညိုဆေး ဘယ်တော့မှ မသုံးဖို့ ဆိုပါတယ်။ အညိုရောင်ဟာ
သင့်အိမ်ရဲ့ တန်ဖိုးကို ကျဆင်းစေပြီး တစ်ဆင့်ပြန်ရောင်းရင်
ဈေးကောင်းမရ ဖြစ်တတ်လို့ပါတဲ့။

ဧည့်ခန်းမှာ အနက်ရောင်ပြေးတို့ အညိုတို့ကို
မသုံးသင့်တာက အခန်းကို ကျဉ်းသွားတယ်ထင်စေလို့ပါ။
နဂိုကတည်းက ဧည့်ခန်းသေးရင် ပိုပြီး သေးသွားတယ်လို့တောင် ထင်စေရနိုင်လို့ ဖြစ်ပါတယ်။

(၄) မီးဖိုချောင်မှာ မီးခိုးရောင် အရင့်ပြေး ရှောင်ပါ

မီးခိုရောင်ဟာ စိတ်ဓါတ်ကျခြင်း ၊ ဆုံးရှုံးခြင်းနဲ့
မဖော်ရွေခြင်းတွေ ဖြစ်စေတဲ့ အရောင်လို့ ဆိုပါတယ် ။
ပြတင်းပေါက်မရှိတဲ့ မီးဖိုးချောင်သေးသေးတွေဆို
မီးခိုးရောင် သုတ်ထားရင် ပိုပြီး စိတ်ကျဉ်းကြပ်စေနိုင်ပါတယ်။

(၅) ဘယ်အခန်းမှာမှ အစိမ်းနဲ့ အညိုစပ် မသုံးနဲ့

အရောင်အစပ်အဟပ်ကလည်း အရေးကြီးပါတယ်။
အစိမ်းနဲ့ အညိုကာလာနှစ်ရောင်စပ်ပြီး ထွက်လာတဲ့
Opaque Couche ဆိုတဲ့ အရောင်ကတော့ ဘယ်အခန်းမှာမှ
မသုံးသင့်တဲ့ အရောင်လို့ ဆိုပါတယ်။ ဒီအရောင်ကို
ရုပ်အဆိုးဆုံးအရောင်လို့တောင် ခေါ်ကြလို့ ဖြစ်ပါတယ်။
အိမ်အပြင်ဘက် နံရံတွေမှာ မသုံးဘဲ ရှောင်သင့်တဲ့
အရောင်က အဝါရောင်ဖြစ်ပြီး အိမ်ကို တန်ဖိုးလျော့စေတာကြောင့်လို့ ဆိုပါတယ်။

17/06/2024

Address

Saga Street
Yangon

Telephone

+959456826056

Website

Alerts

Be the first to know and let us send you an email when Future Land By Myat posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Future Land By Myat:

Share