Three Swallows Construction Co., Ltd.

Three Swallows Construction Co., Ltd. မြန်မာပြည်အနှံ့ စိတ်ကူးအိပ်မက်များကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနေသော ပျံလွှားသုံးကောင်ဆောက်လုပ်ရေး

ပျံလွားသုံးကောင် ဆောက်လုပ်ရေးအဖွဲ့သည် ဆောက်လုပ်ရေးလုပ်ငန်းအတွင်း အတွေ့အကြုံနှင့် အရည်အချင်းရှိသော လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်အင်ဂျင်နီယာအဖွဲ့များဖြင့် ဆောက်လုပ်ရေးဝန်ဆောင်မှုအမျိုးမျိုးကိုစီမံကိန်းအစ မှအဆုံးအထိ အမြန်ဆုံးပြီးမြောက်အောင် ဝန်ဆောင်မှုပေးလျှက်ရှိပါသည်။
ပျံလွှားသုံးကောင် ဆောက်လုပ်ရေးကုမ္မဏီလီမိတက်အနေဖြင့် အထပ်မြင့် အဆောက်အဉီများ၊အဆင့်မြင့်လုံးချင်းအိမ်ရာများ၊ကုန်ပစ္စည်းသိုလှောင်ရုံ

များနှင့် အရောင်းပြခန်းများ၊ဗိသုကာဒီဇိုင်းရေးဆွဲခြင်းနှင့် လမ်းတံတားစီမံကိန်းများကိုအဓိကထားလုပ်ဆောင်လျက်ရှိပြီး အလုပ်အပ်နှံသူစိတ်တိုင်းကျဖြစ်စေရန်အကောင်းဆုံးဝန်ဆောင်မှုပေးလျက်ရှိပါသည်။

10/08/2026

🏗️Slab Concrete လောင်းခြင်းဟာ အဆောက်အဦးတစ်ခုရဲ့ အရေးကြီးဆုံး Structural လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါတယ်။

Concrete လောင်းပြီးသွားတဲ့အခါ ပြန်ပြင်ရန် ခက်ခဲပြီး ကုန်ကျစရိတ်လည်း မြင့်မားနိုင်တာကြောင့် မလောင်းမီ မဖြစ်မနေ စစ်ဆေးသင့်တဲ့ အချက်တွေကို ဒီ Video လေးမှာ ပြောပြပေးထားပါတယ်

📌 𝐘𝐚𝐧𝐠𝐨𝐧 - အမှတ် (၃၆၃) ၊ ဗညားဒလလမ်း၊ တာမွေမြို့နယ်။
📌 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 - အမှတ် (𝗔-9) ၊ (၇၇) လမ်း၊ (၃၁) လမ်းနှင့် (၃၂) လမ်းကြား၊ ချမ်းအေးသာဇံမြို့နယ်။

🏡အိမ်မဆောက်ခင် သိထားသင့်တဲ့ Drawing (3) မျိုးအိမ်ဆောက်တာ ပုံလေးတစ်ပုံရှိရင် လုံလောက်ပြီလို့အများစုကထင်နေတတ်ကြတယ်။ တကယ်တမ...
08/08/2026

🏡အိမ်မဆောက်ခင် သိထားသင့်တဲ့ Drawing (3) မျိုး

အိမ်ဆောက်တာ ပုံလေးတစ်ပုံရှိရင် လုံလောက်ပြီလို့အများစုကထင်နေတတ်ကြတယ်။

တကယ်တမ်း အိမ်တစ်လုံးကို အရည်အသွေးကောင်းဖို့ဆိုရင် Drawing (3) မျိုးက မရှိမဖြစ် လိုအပ်ပါတယ်။

အဲဒီအရာတွေက ဘာတွေဖြစ်မလဲ ... ❓

📐Architectural Drawing

အိမ်ရဲ့ မျက်နှာစာနဲ့ နေထိုင်မှုကို အသားပေးရေးဆွဲတဲ့ Drawing ဖြစ်ပြီး Floor Plan, Front / Side Elevation, Section, Door & Window Layout, Room Size နဲ့ Space Planning အစရှိတာတွေ ပါဝင်ပါတယ်။

အတိုချုပ်ပြောရရင် အိမ်က ဘယ်လိုပုံစံဖြစ်လာမလဲ ဆိုတာကို ဒီ Drawing က ပြောပြတာ ဖြစ်ပါတယ်။

🏗️Structural Drawing

အိမ်ကို ခိုင်ခံ့အောင် ထိန်းထားတဲ့ အရိုးအဆစ် တွေကို ရေးဆွဲတဲ့ Drawing ဖြစ်ပြီး Foundation, Footing, Column, Beam, Slab, Reinforcement (သံချောင်း) Detail အားလုံးကို တိတိကျကျ ဖော်ပြထားပါတယ်။

Architectural Drawing က လှပမှုကို ဖန်တီးပေးရင် Structural Drawing ကတော့ အိမ်ရဲ့ လုံခြုံမှုနဲ့ ခိုင်ခံ့မှု သက်တမ်းကို အာမခံပေးတဲ့ အဓိကအစိတ်အပိုင်း ပဲဖြစ်ပါတယ်။

⚡🚿M&E Drawing (Mechanical, Electrical & Plumbing)

အိမ်ထဲက အသုံးပြုမှုအားလုံးကို အသက်သွင်းပေးတဲ့ Drawing ဖြစ်ပြီး မီးလိုင်း, Switch / Socket Placing, Lighting Layout, ရေပိုက်လိုင်း, အညစ်အကြေး၊ ရေစနစ်, Air-con နေရာ စတာတွေ ပါဝင်ပါတယ်။

ဒီ Drawing မရှိဘဲ ဆောက်မယ်ဆိုရင် နောက်ပိုင်းမှာ နံရံဖောက်ရတာ၊ ကြမ်းခင်းပြန်ခွာရတာ၊ ကုန်ကျစရိတ် ထပ်တိုးရတာ တွေ ဖြစ်နိုင်ပါတယ်။

ဒီ Drawing (3) မျိုး ပြည့်စုံမှသာ အိမ်တစ်လုံးက အရည်အသွေးပြည့်ဝပြီး ရေရှည်တန်ဖိုးရှိတဲ့ အိမ်တစ်လုံး ဖြစ်လာမှာပါ။

အိမ်ဆောက်တဲ့အခါ နောင်တရမယ့် အမှားတွေကို ကြိုတင်ကာကွယ်နိုင်ဖို့ Drawing (3) မျိုးကို မဖြစ်မနေ ရင်းနှီးမြုပ်နှံသင့်ပါတယ်။

အိမ်ဆောက်ဖို့ စဥ်းစားနေတယ်ဆိုရင်တော့ Three Swallows Construction ကအခုလို Drawing တွေကနေ စပြီး လူနေထိုင်နိုင်တဲ့အထိ ဆောင်ရွက်ပေးနေပြီဆိုတာ မမေ့လိုက်ပါနဲ့နော်

📞Hotline No – 09769780444, 09769780555 ကို ဆက်သွယ်အပ်နှံနိုင်ပါတယ်💯

🏡အိမ်ဟောင်းကို Three Swallows နဲ့အတူ အသစ်ဖြစ်စေမယ်အိမ်ဆိုတာ မိသားစုရဲ့ နှစ်ရှည်အမှတ်တရတွေကို သိမ်းဆည်းထားတဲ့ နေရာတစ်ခုပါ...
06/08/2026

🏡အိမ်ဟောင်းကို Three Swallows နဲ့အတူ
အသစ်ဖြစ်စေမယ်

အိမ်ဆိုတာ မိသားစုရဲ့ နှစ်ရှည်အမှတ်တရတွေကို သိမ်းဆည်းထားတဲ့ နေရာတစ်ခုပါပဲ။

ဒါ‌ပေမယ့် အချိန်ကြာလာတာနဲ့အမျှ အိမ်ဟာ ပျက်စီးမှုတွေ ရှိတတ်ပါတယ်✨

ဒီပျက်စီးမှုတွေကြောင့် အမှတ်တရတွေနဲ့ အိမ်ဟောင်းကို စွန့်ပစ်လိုက်စရာမလိုပါဘူး။

Three Swallows Construction ရဲ့ Renovation & Decoration Service မှာဆိုရင် အိမ်ဟောင်းကနေ ပိုကောင်းတဲ့ အရည်အသွေး၊ ပိုခမ်းနားတဲ့ Design၊ သေသပ်တဲ့ လက်ရာနဲ့ အသစ်တစ်လုံးလို ပြန်လည် ပြောင်းလဲနိုင်ပါတယ်📌

Three Swallows Construction မှာဆိုရင်

👉Renovation Service အတွက် Structural Repair, Flooring & Ceiling, Wall & Paint, MEP (Electrical & Plumbing), Water Proofing စတဲ့ Service တွေကို ရရှိနိုင်ပြီး
👉Decoration Service အတွက် Finishes, Furniture, Lighting, Soft Furnishings, Final Styling Service တွေကို ရရှိနိုင်ပါတယ်။

🏡 စိတ်ကူးထဲကအတိုင်း အိမ်ကို Upgrade လုပ်ဖို့ဆိုရင် Three Swallows Construction က အကောင်းဆုံး လက်တွဲဖော်ဖြစ်ဖို့ အသင့်ရှိနေပါတယ်။

အိမ်ဟောင်းကို အသစ်တဖန် အသက်သွင်းဖို့အတွက်

✉️Page Messenger ကနေဖြစ်ဖြစ်
📞Hotline No – 09769780444, 09769780555 ကိုဖြစ်ဖြစ် အခုပဲ ဆက်သွယ်စုံစမ်းလိုက်တော့‌နော်💯

📌 𝐘𝐚𝐧𝐠𝐨𝐧 - အမှတ် (၃၆၃) ၊ ဗညားဒလလမ်း၊ တာမွေမြို့နယ်။
📌 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 - အမှတ် (𝗔-9) ၊ (၇၇) လမ်း၊ (၃၁) လမ်းနှင့် (၃၂) လမ်းကြား၊ ချမ်းအေးသာဇံမြို့နယ်။

04/08/2026

ဒုတိယကြိမ်မြောက် ပျံလွှားသုံးကောင်နဲ့အတူ ယုံကြည်စွာ လက်တွဲခဲ့တဲ့
Morning တီး‌ဟောက်(စ်) အား ကျေးဇူး အထူးတင်ရှိပါတယ်ခင်ဗျာ😍

📱𝟬𝟵 𝟳𝟲𝟵 𝟳𝟴𝟬 𝟰𝟰𝟰
📱𝟬𝟵 𝟳𝟲𝟵 𝟳𝟴𝟬 𝟱𝟱𝟱
💫ရန်ကုန် - အမှတ်-၃၆၃၊ ဗညားဒလလမ်း၊ တာမွေမြို့နယ်။
💫မန္တလေး- အမှတ်-𝗔𝟵၊ ၇၇ လမ်း၊ ၃၁ နှင့် ၃၂ ကြား၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့

03/08/2026

မန္တလေးမြို့မှာ မကြာခင်ဆောက်လုပ်မည့် ၂ ထပ်ဂိုထောင်အသစ် (Steel Structure) စီမံကိန်းအတွက် မြေသန့်တရားနာပွဲကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ 🙏

ယခုလို မင်္ဂလာရှိသော အစပြုမှုမှတစ်ဆင့် လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ပြီး ဘေးကင်းလုံခြုံသော အဆောက်အဦတစ်ခုအဖြစ် အောင်မြင်စွာ ပြီးစီးနိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။

📱𝟬𝟵 𝟳𝟲𝟵 𝟳𝟴𝟬 𝟰𝟰𝟰
📱𝟬𝟵 𝟳𝟲𝟵 𝟳𝟴𝟬 𝟱𝟱𝟱
💫ရန်ကုန် - အမှတ်-၃၆၃၊ ဗညားဒလလမ်း၊ တာမွေမြို့နယ်။
💫မန္တလေး- အမှတ်-𝗔𝟵၊ ၇၇ လမ်း၊ ၃၁ နှင့် ၃၂ ကြား၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့

🏗️ အိမ်မက်တွေကို အကောင်အထည်ဖော်ဖို့ ယုံကြည်စိတ်ချရတဲ့ လက်တွဲဖော်အဆောက်အဦးတစ်ခုဆိုတာ Design လှနေရုံနဲ့ ပြီးပြည့်စုံတာ မဟု...
02/08/2026

🏗️ အိမ်မက်တွေကို အကောင်အထည်ဖော်ဖို့ ယုံကြည်စိတ်ချရတဲ့ လက်တွဲဖော်

အဆောက်အဦးတစ်ခုဆိုတာ Design လှနေရုံနဲ့ ပြီးပြည့်စုံတာ မဟုတ်ပါဘူး။ ခိုင်ခံ့ရမယ်။ လုံခြုံရမယ်။ နှစ်ရှည် တည်တံ့ရမယ်။ ဒါအပြင် ကုန်ကျစရိတ်ကိုလည်း ထိန်းသိမ်းနိုင်ရပါမယ်။

ဒီအရာတွေကို ဆုံးဖြတ်ပေးတာကတော့ ဘယ် Construction Company နဲ့ လက်တွဲမလဲ ဆိုတဲ့ ရွေးချယ်မှုပါပဲ။

Construction Partner အရွေးမှားသွားတဲ့အခါ အဆောက်အဦးရဲ့ အရည်အသွေးမပြည့်မီတာ၊ သတ်မှတ်ထားတဲ့ Budget ထက် ကုန်ကျစရိတ် ပိုတာ၊ ရေရှည်မှာ ပျက်စီးမှုတွေ၊ပြဿနာတွေ ကြုံတွေ့ရတာနဲ့ လုံခြုံမှုအပေါ် စိုးရိမ်နေရတာတွေ ဖြစ်နိုင်ပါတယ်။

ဒါဟာ ငွေကြေးဆုံးရှုံးမှုတင် မဟုတ်ပါဘူး။ အိမ်မက်တစ်ခုလုံးကိုပါ ထိခိုက်စေနိုင်ပါတယ်။

Three Swallows Construction မှာဆိုရင် အဆောက်အဦးကို ဆောက်ပေးရုံတင်မဟုတ်ဘဲ ယုံကြည်မှုကိုပါ တည်ဆောက်ပေးနေပါတယ်။

✅ Engineering Standards တွေအတိုင်း အသေးစိတ်ဂရုစိုက် တည်ဆောက်ပေးတယ်။
✅ အရည်အသွေးမြင့် Materials တွေနဲ့ လက်ရာသေသပ်မှုကို ဦးစားပေးတယ်။
✅ ကုန်ကျစရိတ်ကို ပွင့်လင်းမြင်သာစွာ စီမံပေးတယ်။
✅ ရေရှည်ခိုင်ခံ့ပြီး စိတ်ချယုံကြည်နိုင်တဲ့ အဆောက်အဦးအဖြစ် ဖန်တီးပေးတယ်။

Three Swallows Construction နဲ့ဆောက်လုပ်တာဟာ အဆောက်အဦးတစ်ခုအပြင် မိသားစုရဲ့ အနာဂတ်၊ ရင်းနှီးမြှုပ်နှံမှုရဲ့ တန်ဖိုးနဲ့ စိတ်အေးချမ်းမှုကိုပါ ရရှိမှာဖြစ်ပါတယ်။

အိမ်မက်တွေကို အကောင်းဆုံးလက်ရာနဲ့ အကောင်အထည်ဖော်ချင်တယ်ဆိုရင်တော့ Three Swallows Construction ကလူကြီးမင်းအတွက်ပါပဲ။

✉️ Page Messenger မှတစ်ဆင့် ဆက်သွယ်နိုင်သလို
📞 Hotline – 09 769 780 444, 09 769 780 555 သို့လည်း ဆက်သွယ်စုံစမ်းနိုင်ပါတယ်

📌 𝐘𝐚𝐧𝐠𝐨𝐧 - အမှတ် (၃၆၃) ၊ ဗညားဒလလမ်း၊ တာမွေမြို့နယ်။
📌 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 - အမှတ် (𝗔-9) ၊ (၇၇) လမ်း၊ (၃၁) လမ်းနှင့် (၃၂) လမ်းကြား၊ ချမ်းအေးသာဇံမြို့နယ်။

🌕 ဝါဆိုလပြည့် ဓမ္မစကြာနေ့ဝါဆိုလပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တိုင်းအတွက် အလွန်မင်္ဂလာရှိတဲ့ နေ့ထူးနေ့မြတ်ပဲ ဖြစ်ပါတယ်။ ထိုနေ့မှ...
29/07/2026

🌕 ဝါဆိုလပြည့် ဓမ္မစကြာနေ့

ဝါဆိုလပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တိုင်းအတွက် အလွန်မင်္ဂလာရှိတဲ့ နေ့ထူးနေ့မြတ်ပဲ ဖြစ်ပါတယ်။

ထိုနေ့မှာ မြတ်စွာဘုရားရှင်ဟာ ဗောဓိဉာဏ်တော်ရရှိပြီးနောက် ပထမဆုံးအကြိမ် ဓမ္မစကြာတရားတော်ကို မိဂဒါဝုန်တော၌ ပဉ္စဝဂ္ဂီရဟန်းငါးပါးအား ဟောကြားတော်မူခဲ့ပါသည်။

ထိုအခါမှစ၍ ဗုဒ္ဓသာသနာ စတင်
ထွန်းကားလာခဲ့ပါတယ်။

ဒီနေ့မှာ ဗုဒ္ဓဘာသာဝင် သူတော်ကောင်းအပေါင်းနှင့်တကွ မြန်မာနိုင်ငံသူ/နိုင်ငံသားအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံကြစေဖို့ Three Swallows Construction မိသားစုမှ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်🙏

🌕မင်္ဂလာရှိသော ဝါဆိုလပြည့်နေ့လေးကို
ပိုင်ဆိုင်နိုင်ကြပါစေ

အိမ်ဆောက်မယ်ဆို ဘာကိုအရင် တွေးမိကြလဲ❓ လူအများစုက အိမ်ဆောက်ဖို့ စဥ်စားလိုက်တိုင်း ဘယ်လို Design ဆောက်မယ်၊ ဘယ်နှစ်ထပ်ဆောက်...
28/07/2026

အိမ်ဆောက်မယ်ဆို ဘာကိုအရင် တွေးမိကြလဲ❓

လူအများစုက အိမ်ဆောက်ဖို့ စဥ်စားလိုက်တိုင်း ဘယ်လို Design ဆောက်မယ်၊ ဘယ်နှစ်ထပ်ဆောက်မယ်၊ Budget ဘယ်လောက်လိုမယ်ဆိုတာကိုပဲ အရင်တွေးမိတတ်ကြတယ်။

ဒါပေမယ့် အိမ်ဆောက်ဖို့အတွက် ပထမဆုံး စဥ်းစားရမှာက “ဘယ်လိုနေထိုင်မှာလဲ” ဆိုတာပါပဲ။ ကိုယ့်ရဲ့ နေထိုင်မှုပုံစံကို အခြေခံပြီး အသေးစိတ် Plan ချမှသာ ဆောက်လုပ်ပြီးတဲ့အခါ ပြီးပြည့်စုံတဲ့ အဆင်ပြေမှုကို ရရှိမှာပါ📌

အိမ်ဆောက်တယ်ဆိုတာ စိတ်ကူးကနေစတင်တဲ့ အရာတစ်ခုကို နှစ်ရှည်တည်တံ့အောင် ပုံဖော်ရတာဆိုတော့ ရေရှည်နေထိုင်တဲ့အခါမှာ အဆင်ပြေနေဖို့အတွက် နေထိုင်မှုပုံစံနဲ့ ကိုက်ညီအောင် အသေးစိတ် ဆွေးနွေးတိုင်ပင် အစီအစဥ်ချဖို့ လိုအပ်ပါတယ်🏡✨

Three Swallows Construction မှာဆိုရင် အိမ်မဆောက်ခင်မှာ အသေးစိတ်ဆွေးနွေးပြီး တိကျတဲ့ Plan နဲ့ စနစ်တကျ အကောင်အထည်ဖော်ပေးနေတာကြောင့် အိမ်ဆောက်ဖို့ စဥ်စားနေရင် ဆက်သွယ်လိုက်တော့နော်📞

လူကြီးမင်းတို့လည်း အိမ်ဆောက်မယ်ဆိုရင် အရင်ဆုံး ဘာကိုစဥ်းစားမိလဲ ဆိုတာ
💬 Comment မှာ ဖြေခဲ့ဦးနော်

🏡အဟောင်းကို အသစ်ပြန်ပြောင်းပေးမယ့် Renovation Service🏡အိမ်ဆိုတာ အမှတ်တရတွေကို ဖန်တီးသိမ်းဆည်းရာ နေရာတစ်ခုပါပဲ။ ဒါပေမယ့် ...
27/07/2026

🏡အဟောင်းကို အသစ်ပြန်ပြောင်းပေးမယ့် Renovation Service

🏡အိမ်ဆိုတာ အမှတ်တရတွေကို ဖန်တီးသိမ်းဆည်းရာ နေရာတစ်ခုပါပဲ။

ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ နံရံကွဲတာ၊ ရေစိမ့်တာ၊ အခန်းဖွဲ့စည်းပုံနဲ့ မကိုက်ညီတာ၊ Design ဟောင်းသွားတာတွေ ဖြစ်လာနိုင်ပါတယ်။

ဒီလို ပျက်စီးမှုတွေကြောင့် အိမ်ကိုဖြိုဖျက်ပစ်လိုက်ဖို့ မလိုပါဘူး။ အမှတ်တရတွေနဲ့ ပြန်လတ်ဆတ်လာအောင် Renovation Service နဲ့အသက်သွင်းလို့ ရပါတယ်။

အဲ့ဒီ့အတွက် Renovation Service ကောင်းကောင်းကို ရှာနေတယ်ဆိုရင်တော့ Three Swallows Construction ကအမှန်ကန်ဆုံး ‌ရွေးချယ်မှုပါပဲ💯

Three Swallows Construction မှာဆိုရင် ဟောင်းနွမ်းနေတဲ့ နေရာတွေကို Modern Design နဲ့စိတ်တိုင်းကျ ပြုပြင်နိုင်ပြီး ပျက်စီးမှုတွေနဲ့ ဖုံးလွှမ်းနေတဲ့ အမှတ်တရတွေကို ပြန်လည်ရှာဖွေနိုင်ပါတယ်။

အရည်အသွေးနဲ့ လက်ရာကို အသေးစိတ် ဂရုစိုက်ဆောင်ရွက်ပေးနေတဲ့အပြင် Budget နဲ့ ကိုက်ညီမယ့် Renovation Solution ကိုလည်း အတူညှိနှိုင်း အဖြေရှာပေးပါတယ်။

အတိတ်က အမှတ်တရတွေကို အိမ်အဟောင်းနဲ့အတူ မပျောက်ဆုံးရစေဖို့ Three Swallows ရဲ့ Renovation Service နဲ့အတူ ပြန်လည်အသက်သွင်းလိုက်ပါ။

လူကြီးမင်းရဲ့ အိမ်အတွက် အသေးစိတ် ဆွေးနွေးချင်တယ်ဆိုရင် Hotline No – 09769780444, 09769780555 ကိုဆက်သွယ်လိုက်တော့နော်📞

ရန်ကုန်မြို့အတွင်း အခန်းပေး၊ အခန်းယူ တည်ဆောက်လိုသူ မြေပိုင်ရှင်များအတွက် ကျွန်တော်တို့ ပျံလွှားသုံးကောင် ဆောက်လုပ်ရေး (T...
24/07/2026

ရန်ကုန်မြို့အတွင်း အခန်းပေး၊ အခန်းယူ တည်ဆောက်လိုသူ မြေပိုင်ရှင်များအတွက် ကျွန်တော်တို့ ပျံလွှားသုံးကောင် ဆောက်လုပ်ရေး (Three Swallows Construction) မှအကျိုးတူပူးပေါင်းရန် ဖိတ်ခေါ်ပါတယ်။

⚡️တာမွေ၊ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ တောင်ဥက္ကလာ၊ သင်္ဃန်းကျွန်း မြို့နယ်များမှ မြေပိုင်ရှင်များအနေဖြင့် ပျံလွှားသုံးကောင်ဆောက်လုပ်ရေး (Three Swallows Construction) နဲ့

အကျိုးတူလက်တွဲပြီး အထပ်မြင့်တိုက်ခန်းများ၊ Mini Condo များ တည်ဆောက်လိုပါက အောက်ဖော်ပြပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။

📱𝟬𝟵 𝟳𝟲𝟵 𝟳𝟴𝟬 𝟰𝟰𝟰
📱𝟬𝟵 𝟳𝟲𝟵 𝟳𝟴𝟬 𝟱𝟱𝟱

📌 𝐘𝐚𝐧𝐠𝐨𝐧 - အမှတ် (၃၆၃) ၊ ဗညားဒလလမ်း၊ တာမွေမြို့နယ်။
📌 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 - အမှတ် (𝗔-9) ၊ (၇၇) လမ်း၊ (၃၁) လမ်းနှင့် (၃၂) လမ်းကြား၊ ချမ်းအေးသာဇံမြို့နယ်။

Address

No. 363, Banyardala Road, Tamwe Township
Yangon
11211

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959791759777

Alerts

Be the first to know and let us send you an email when Three Swallows Construction Co., Ltd. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Three Swallows Construction Co., Ltd.:

Shortcuts

Share