24/05/2026
မြန်မာနိုင်ငံမှာ မီးသတ်ကုဒ်ကို တလွဲနားလည်ပြီး
“𝗙𝗶𝗿𝗲 𝗛𝗼𝘀𝗲 𝗥𝗲𝗲𝗹 𝗦𝘆𝘀𝘁𝗲𝗺 ဆို 2HP Pump တပ်ရင်ရပြီ” လို့ ပြောနေကြတာတွေ တွေ့ရတော့ စိတ်မကောင်းပါ။
🔥𝗙𝗶𝗿𝗲 𝗣𝗿𝗼𝘁𝗲𝗰𝘁𝗶𝗼𝗻 𝗦𝘆𝘀𝘁𝗲𝗺 မှာ 𝗣𝘂𝗺𝗽 𝗛𝗼𝗿𝘀𝗲𝗽𝗼𝘄𝗲𝗿 (𝗛𝗣) က အဓိက မဟုတ်ပါဘူး။
အဓိက စစ်ရမယ့်အချက်တွေက -
• Required Flow Rate
• Required Pressure / Head
• Building Height
• Pipe Friction Loss
• Most Remote Point Pressure
• Simultaneous Demand တို့ပဲ ဖြစ်ပါတယ်။
♦️Pump HP ဆိုတာက အပေါ်က Requirement တွေကို ဖြည့်နိုင်ဖို့တွက် ထွက်လာတဲ့ Result တစ်ခုပဲ ဖြစ်တယ်။
ဥပမာ -
တချို့ building တွေမှာ 2HP နဲ့မလုံလောက်နိုင်သလို
တချို့နေရာမှာတော့ 2HP ထက်နည်းပြီးတောင် လုံလောက်နိုင်ပါတယ်။
ဒါကြောင့် “Hose Reel ဆို 2HP ပဲ” လို့ သတ်မှတ်ပြောတာက Engineering Design မဟုတ်ဘူး။
Code Requirement ကို Hydraulic Calculation မတွက်ပဲ ခန့်မှန်းပြောနေခြင်းပဲ ဖြစ်တယ်။
🔥Fire Protection System ဆိုတာ လူအသက်နဲ့ ဆိုင်တဲ့ System ဖြစ်လို့
HP နံပါတ်တစ်ခုတည်းကို အလွတ်ကျက်ပြီး Design လုပ်တာထက်
Flow Rate နဲ့ Pressure Requirement ကို အခြေခံပြီး Design လုပ်မှသာ မှန်ကန်တဲ့ Engineering ဖြစ်ပါတယ်။
🔥𝗙𝗶𝗿𝗲 𝗦𝗽𝗿𝗶𝗻𝗸𝗹𝗲𝗿 𝗦𝘆𝘀𝘁𝗲𝗺 𝗗𝗲𝘀𝗶𝗴𝗻 𝗕𝗮𝘀𝗶𝘀
Fire Sprinkler System Design တွင် Fire Pump Horsepower (HP) ကို အခြေခံ၍ System Design ပြုလုပ်ခြင်း မဟုတ်ဘဲ၊ Building Usage, Fire Load နှင့် Occupancy Type အပေါ်မူတည်သော Hazard Classification ဖြင့် Design ပြုလုပ်ရပါသည်။
NFPA 13 Standard အရ Sprinkler System များကို အောက်ပါ Hazard Classification များအလိုက် သတ်မှတ်ထားပါသည်။
• Light Hazard (LH)
• Ordinary Hazard Group 1 (OH-1)
• Ordinary Hazard Group 2 (OH-2)
• Extra Hazard Group 1 (EH-1)
• Extra Hazard Group 2 (EH-2)
Hazard Classification တစ်ခုချင်းစီအတွက် Required Density, Design Area, Water Demand နှင့် Pressure Requirement များ မတူညီကြပါ။
ထို့ကြောင့် Sprinkler System Design တွင် အောက်ပါ အဆင့်များအတိုင်း Hydraulic Calculation ပြုလုပ်ရပါသည်။
Hazard Classification သတ်မှတ်ခြင်း
Design Density နှင့် Design Area သတ်မှတ်ခြင်း
Hydraulic Remote Area Calculation ပြုလုပ်ခြင်း
Required Flow Rate နှင့် Pressure Demand ရရှိခြင်း Result အပေါ်မူတည်၍ Fire Pump Capacity နှင့် Horsepower (HP) ရွေးချယ်ခြင်း
♦️Fire Pump Horsepower (HP) သည် Hydraulic Calculation Result အပေါ်မှ ထွက်ပေါ်လာသော Equipment Capacity ဖြစ်ပြီး၊ System Design Basis မဟုတ်ပါ။
ထို့ကြောင့် Fire Sprinkler System ကို Pump Horsepower အရ သတ်မှတ်တွက်ချက်ခြင်းထက် 𝗛𝗮𝘇𝗮𝗿𝗱 𝗖𝗹𝗮𝘀𝘀𝗶𝗳𝗶𝗰𝗮𝘁𝗶𝗼𝗻 နှင့် 𝗡𝗙𝗣𝗔 𝟭𝟯 𝗛𝘆𝗱𝗿𝗮𝘂𝗹𝗶𝗰 𝗗𝗲𝘀𝗶𝗴𝗻 𝗥𝗲𝗾𝘂𝗶𝗿𝗲𝗺𝗲𝗻𝘁 များအပေါ် အခြေခံ၍ Design ပြုလုပ်ရပါသည်။
Reference: 📖
🔸NFPA 13 – Standard for the Installation of Sprinkler Systems
🔸NFPA 20 – Standard for the Installation of Stationary Pumps for Fire Protection