Htet Mingalar Construction Services

Htet Mingalar Construction Services ''Customer's satisfaction is our priority''

“Simplicity is the key“ 🏡 🔑 အရိုးရှင်းဆုံးက အဓိက သော့ချက်ပါပဲခင်ဗျာ။Architecture နဲ့ Structure Design ကို မေတ္တာဖြင့် ဆွ...
17/02/2025

“Simplicity is the key“ 🏡 🔑

အရိုးရှင်းဆုံးက အဓိက သော့ချက်ပါပဲခင်ဗျာ။

Architecture နဲ့ Structure Design ကို

မေတ္တာဖြင့် ဆွဲပြီး PAE စနစ်ဖြင့် တွက်ချက်

ဆောက်လုပ်ပေးထားတဲ့

တောင်ဒဂုံ၊ ၁၉ ရပ်ကွက်၊ ပုလဲလမ်းထဲက

အလှဆုံးအိမ်လေး ကို ခံစားကြည့်ကြပါဦး။

သေချာလေးကြည့်ရင် စေတနာ မေတ္တာတွေပါ

တွေ့မြင်ရပါလိမ့်မယ် ခင်ဗျာ။

ဒီလိုမျိုး အိမ်လေးတွေဆောက်လုပ်ချင်တယ်ဆို

Page Messenger မှာပဲ ဖြစ်ဖြစ်

09754570619 ကို ဖုန်းဆက်ပြီးပဲ ဖြစ်ဖြစ်

Viber ကနေပဲ ဖြစ်ဖြစ်

အသေးစိတ် စုံစမ်းမေးမြန်းနိုင်ပါတယ် ခင်ဗျာ။

Page Link

https://www.facebook.com/share/1A362qppiX/?mibextid=wwXIfr

အိမ်၁လုံးဆောက်တာကို လုပ်ငန်းစဉ် အဆင့်ဆင့်နဲ့ ရှင်းပြပါလား ဆရာ။🥹အိမ်၁လုံးဆောက်တာမှာ လုပ်ငန်းစဉ်တွေ အနေနဲ့ .....(1) Pre-co...
14/11/2024

အိမ်၁လုံးဆောက်တာကို လုပ်ငန်းစဉ် အဆင့်ဆင့်နဲ့ ရှင်းပြပါလား ဆရာ။🥹

အိမ်၁လုံးဆောက်တာမှာ လုပ်ငန်းစဉ်တွေ အနေနဲ့ .....

(1) Pre-construction planning

(2) Site preparation

(3) Earthwork excavation

(4) Foundation work

(5) Framing

(6) Mechanical, electrical and plumbing MEP systems

(7) Finishing work

(8) Final inspection and occupancy ရယ်လို့ ရှိတယ်ဗျ။😎

ဆရာကလဲ ဘိုလိုတွေ လုပ်ပြန်ပြီ၊ ကျွန်တော်တို့ နားလည်အောင် ပြောပါဗျာ။🥴

ပြောမှာပါဗျ၊ တစ်ချို့က အဲလို အင်းဂလိပ်လိုတွေနဲ့ စပြောလိုက် လူရှိန်တယ် ဆိုလို့ အဟဲ။ 😃

လူရှိန်ဖို့ မလိုဘူး ဆရာရဲ့၊ နားလည်ဖို့ပဲ လိုတာ။😏

ဟုတ်ပါပြီဗျာ။ နံပါတ်(၁)က ပရီ .. အဲလေ .. ယောင်လို့၊ ဆောက်လုပ်ရေးအကြိုစီစဉ်မှုလုပ်ငန်းများ ဆိုပါတော့။ အဲဒီထဲ အိမ်ပုံစံ Archi ဒီဇိုင်းတွေ ဆွဲရမယ်ဗျာ၊ အိမ်ဆောက်မိန့်တင်ရမယ်။ လိုအပ်ရင် soil test အဲ .. မြေသားစမ်းတာတွေ လုပ်ရမယ်။ Structural design ခိုင်ခန့်မှုတွက်ချက်မှု၊ cost estimate ကုန်ကျငွေတွက်ချက်မှု၊ MEP ဒီဇိုင်းတွေကို ကြိုလုပ်ထားရမယ်။ အဲ့ MEP ကဘာလဲဆိုတာ အနောက်မှာဆက်ရှင်းပြမယ်။ ဘိုလိုလေးတွေတော့ နည်းနည်းညှပ်ပြောမယ်ဗျာ။ လုံးဝမပါရင်လဲ ရင်ထဲ ဟာတာတာကြီး။😐

ရပါတယ် ဆရာရယ်။🤭

ဒုတိယက site preparation ဆိုက်ပြင်ဆင်တာပေါ့။ အဓိကကတော့ site clearing ဆိုက်ရှင်းလင်းတာပါပဲ။ အဆောက်အအုံဟောင်းရှိရင် ဖျက်မယ်၊ အပင်တွေ အမှိုက်တွေ ရှင်းမယ်၊ လိုအပ်ရင် မြေမျက်နှာပြင်ညီအောင်ညှိမယ်။ လုပ်ငန်းခွင်အတွက် site တဲ ဆောက်ရမယ်။ လုပ်ငန်းခွင်မှာ သုံးဖို့ ရေ နဲ့ မီး စီစဉ်ရမယ်။ ရေက စည်ပင်ရေလိုင်း ရှိရင်ရှိ၊ မရှိရင် tube well တူးရမယ်။ မီးအတွက် မီးမီတာ ရှိရမယ်၊ မရှိရင် မီးစက် ၁လုံး စီစဉ်ထားရမယ်။ ဒီအပိုင်းမှာ မိရိုးဖလာထုံးတမ်းစဉ်လာအရ မြေသန့်တာ၊ ပန္နက်ရိုက်တာတွေ လုပ်လို့ ရမယ်။🧐

ပြီးရင် နံပါတ်(၃)က မြေတူးတာပဲ။ တည်ဆောက်မယ့် အဆောက်အအုံရဲ့ ဖောင်ဒေးရှင်းအတွက် မြေတူးရပါမယ်။ မြေတူးရာမှာ မြေအခြေအနေပေါ်မူတည်ပြီး လုပ်ဆောင်ရတာတွေ အမျိုးမျိုး ရှိမယ်။ ဥပမာ မြေတူးလို့ မြေပြိုတယ်ဆို မြေကာနံရံတွေ လုပ်ရမယ်။ မြေအောက်ရေ ရှိလို့ ရေထွက်တာ၊ မိုးတွင်းကြီး လုပ်ငန်းစလို့ မိုးရွာတာမှာ ရေစုတ်စက်နဲ့ ရေစုတ်ထုတ်ရတာတွေလဲ ရှိမယ်။ အဲဒါကို ဗွက်လည်တယ်လို့ ခေါ်တယ်။ ဒီအဆင့်ကို အရပ်အခေါ်ကတော့ မြေသားလုပ်ငန်းရယ်လို့ ဆိုပါတော့။🙂

မြေတူးပြီးရင် ဖောင်ဒေးရှင်းတွေ ချရမှာပေါ့။ ဖောင်ဒေးရှင်းဆိုတာမှာ ရိုးရိုး isolated footing တိုင်ဖိနပ်ရယ် ဆိုရင်တော့ ကိစ္စမရှိပေမယ့် combined footing တွေ mat foundation တွေဆို လုပ်ဆောင်ရမှာတွေက များပြီ။ မြေကြီးက သိပ်ညံ့လွန်းလို့ pile ဖောင်ဒေးရှင်းဆို နာဖို့သာ ပြင်ပေတော့။😭

ဖောင်ဒေးရှင်းပြီးရင် အဆောက်အအုံ အပေါ်ပိုင်းတွေ လုပ်ရမယ်။ ကြုံတုန်းပြောရရင် မြေကြီးအောက် ဖောင်ဒေးရှင်းအပိုင်းကို sub-structure ရယ်လို့ ခေါ်ပြီး မြေကြီးအပေါ် အဆောက်အအုံပိုင်းကို super-structure ရယ်လို့ ခေါ်သဗျ။ အဲဒီ super-structure ရဲ့ ဖရိမ်ပိုင်းပေါ့။ အဲဒီဖရိမ်ထဲ တိုင်တွေ ထုတ်တွေ ကြမ်းခင်းပြင်တွေ လှေကားတွေ နံရံတွေ ပါမှာပေါ့။ အဲဒါကို အရပ်ခေါ်ကတော့ အကြမ်းထည်လို့ ခေါ်သဗျ။ အဲဒီထဲမှာ တံခါး၊ပြူတင်းတွေ တပ်လို့ ရမယ်။😎

ဖရိမ်ပိုင်း အကြမ်းထည် ပြီးတာမှာ ခင်ဗျားတို့ သိထားတဲ့ ရေလိုင်း မီးလိုင်း ဆိုပါတော့။ ‌ရှေ့မှာပြောခဲ့တဲ့ MEP ဆိုတာ တကယ်တမ်း ပြောရရင် အဲဒီထဲ ရေလိုင်း မီးလိုင်းတွေသာမက အပူပေး၊ အအေးပေးစနစ်တွေ၊ ဓါတ်လှေကားပါရင် ဓါတ်လှေကား၊ CCTV ကင်မရာတွေ၊ fire fighting မီးသတ်စနစ်တွေ စတာတွေလဲ ပါသေးတယ်။ ဒီဇိုင်းလုပ်ကတည်းက ထည့်စဥ်းစားထားရင် အကောင်းဆုံးပေါ့ဗျာ။👍

အဲဒါတွေ ပြီးရင်တော့ finishing ဆိုတဲ့ အချောကိုင် လုပ်ငန်းတွေပေါ့ဗျာ။ နံရံအားလုံး နားတွေရှိရင် 🎵🎶 .. အဲဗျာ သီချင်းတွေ ယောင်ဆိုမိပြီ၊ sorry .. နံရံအားလုံး အချောကိုင်တာ၊ ဆေးသုတ်တာ၊ ကြွေပြားကျောက်ပြားကပ်တာ၊ ကြမ်းခင်းတွေ ခင်းတာ၊ မျက်နှာကျက်တွေ ဆင်တာ၊ လိုအပ်ရင် အတွင်းပိုင်းအလှဆင်တာ၊ နံရံကပ်ဗီရိုတွေလို ပရိဘောဂတွေရော ဆိုပါတော့။ လုံခြုံရေးအရ သံပန်း၊ သံတံခါးတွေ တပ်တာတွေလဲ ပါမယ်။ အဲဒီ finishing အပိုင်းမှာ အိမ်ရှင် လိုချင်တာတွေ စိတ်တိုင်းမကျတာတွေ များရင် များသလို လုပ်ဆောင်ရတာတွေ များမယ်။😤

အားလုံးပြီးပြီဆိုမှ နောက်ဆုံးအဆင့်က လူနေထိုင်ခွင့်တင်၊ သက်ဆိုင်ရာက သေသေချာချာ စစ်ဆေးပြီး လိုအပ်တာရှိရင်လဲ ပြင်ဆင်ပေါ့။ ပြီးရင် ခွင့်ပြုမိန့်ရ လူတွေ နေထိုင်ကြ။ အဲဒီမှာ နေတဲ့လူတွေ အားလုံး ပြေးထွက်လာပြီး ဟေး .. လို့အော်ပြီး တစ်ပြိုင်ထဲခုန်၊ ပြီးပါပြီ စာတန်းထိုး။✍️

(ဆရာကြည်သာမြင့်ရေးသားသည်)



ဆောက်လုပ်ရေးနဲ့ ပတ်သက်တဲ့ ဗဟုသုတလေးတွေကို ထပ်ဖတ်ချင်တယ်ဆိုရင်တော့ 𝐏𝐚𝐠𝐞 လေးကို 𝐋𝐢𝐤𝐞 & 𝐅𝐨𝐥𝐥𝐨𝐰 လုပ်ခဲ့ဖို့ မမေ့ပါနဲ့နော်🙋‍♀️🙋‍♂️

လူကြီးမင်းတို့အနေဖြင့် အိမ်ဆောက်ဖို့အတွက်

အဘက်ဘက်က အမျိုးမျိုးတွေးပြီး

စဥ်းစားနေပြီ ဒါဆိုရင်တော့ .....💁‍♂️💁‍♂️💁‍♂️

သင့်တင့်သောစျေးနှုန်း ပြည့်ဝသော

အရည်အသွေး ကျွမ်းကျင်လုပ်သား

ဝန်ထမ်းများဖြင့်မှန်ကန်မြန်ဆန်စွာ

ဆောက်လုပ်ပေးနေတဲ့ HTET Mingalar

Civil Engineering Services ကိုဆက်သွယ်ပြီး

Free Consultation လုပ်လို့ရပါတယ်။🤗🤗

ဆက်သွယ်လိုပါက ☎

09.754570619

09. 681501837

(phone or viber)

သို့ အချိန်မရွေး ဆက်သွယ်၍ အားမနာတမ်း

မေးမြန်း စပ်စု စုံစမ်း နိုင်ပါတယ် ခင်ဗျာ။😬

HTET Mingalar Civil Engineer Services

page နဲ့ Messenger မှာလဲ ဆက်သွယ်လို့ရပါတယ် 💯

HTET Mingalar Civil Engineering Services ကအိမ်တွေပဲ ဆောက်တာလားဆိုတော့မဟုတ်ပါဘူးခင်ဗျာ။လမ်းတွေလဲ ခင်းပါတယ်။ Road Construc...
14/11/2024

HTET Mingalar Civil Engineering Services က

အိမ်တွေပဲ ဆောက်တာလားဆိုတော့

မဟုတ်ပါဘူးခင်ဗျာ။

လမ်းတွေလဲ ခင်းပါတယ်။

Road Constructionနဲ့ပတ်သက်လို့ ထူးထူးခြားခြား

အတွေ့အကြုံရစေခဲ့တဲ့ Project တစ်ခုကို mention

ရမယ်ဆိုရင် နိုင်ငံတကာအဆင့်မှီ သီလဝါလမ်းမ

ကြီးနဲ့ သန်လျင်တံတားသစ် စီမံကိန်းအတွက်

Underground Cable Laying လုပ်ခဲ့တာပါပဲ။

မြန်မာတစ်နိုင်ငံလုံးက လမ်းတွေကိုလဲ

အဲ့လို အဆင့်အတန်းမှီစေချင်မိပါသေးတယ်။

ကိုယ်မမှီရင်တောင် နောင်လာနောက်သားတွေ

အတွက်ပေါ့။

ပူးပေါင်းဆောင်ရွက်မှုဆိုတာ လမ်းအသစ်ခင်းပြီးမှ

ပြန်ခွဲထွင်းပြီး cable laying လုပ်တာမဟုတ်ဖူးနော်။

ဟဲဟဲ ဒီလောက်ပါပဲ။

လမ်းမကြီးဘေးက လူသွားလမ်း စင်္ကြန် Pavement

Block စီတုန်းက ပုံတွေလဲ

ပြန်ရှာလို့ ရခဲ့ရင် ထပ်တင်ပါဦးမယ်။

💁🏻 အိမ် အကြမ်းထည်ဆိုသည်မှာ==========================🧑🏻‍💻အကြမ်းထည်ဆိုတာ Foundation ကစလို့အမိုးမိုးပြီးတဲ့အထိ Structure ကိ...
14/11/2024

💁🏻 အိမ် အကြမ်းထည်ဆိုသည်မှာ
==========================

🧑🏻‍💻အကြမ်းထည်ဆိုတာ Foundation ကစလို့အမိုး

မိုးပြီးတဲ့အထိ Structure ကိုယ်ထည်ကြီးနဲ့ အုတ်စီ၊

ပလာစတာချောပြီးအဆင့်ပါဗျ။

အဆောက်အဦးအဟောင်းဖျက်တာ Site Clearing

လုပ်တာမပါဝင်ပါ။

ရေ၊မီး၊ဆေး၊ကြွေပြား၊ပါကေး၊ မျက်နှာကြက်၊

မှန်အလူမီနီယံလုပ်ငန်းတွေလဲ အကြမ်းထည်ဈေး

မှာ မပါတဲ့အပြင် ကျည်းဘောင်ထောင်၊

တံခါးရွက်တပ်၊ Topping လုပ်ငန်းများ ဘာတစ်ခုမှ

မပါဝင်ပါဘူး။

Structure ကိုယ်ထည် Frame ကြီး နဲ့ အုတ်စီ ချော

တာဘဲပါပါတယ်။ ကျည်းဘောင်ထောင်၊

တံခါးရွက်တပ်၊ Topping လောင်း၊ လှေကားချော

စတဲ့ လုပ်ကွက်ဟူသမျှ Extra Work လို့ခေါ်ပါ

တယ်။အပိုထပ်တိုးလုပ်ငန်းပေါ့။

🙄အိမ်ဆောက်ပါတယ်ဆို တခါးရွက်တို့

ကျည်းဘောင်တို့ တော့ ပါမှာဘဲလေ ❗️ဆိုတော့

ကာ❗️

🧑🏻‍💻ကျွန်းတံခါး၊ပျဉ်ကတိုးတံခါးUPVC တံခါး၊

အလူမီနီယံ ၊Mild_Steel မျိုးစုံ ရှိတယ်။

မှန်ထည့်ချင်ထည့်မယ်။ ဖန်ဘလောက်တုံးလဲ

တပ်လို့ရတာဘဲ။ပစ္စည်းတန်ဖိုး၊ပစ္စည်း

အရည်အသွေး၊ပစ္စည်းအမျိုးအစား နဲ့ တပ်ဆင်ခ

တွေက မတူညီဘူး။စျေးဖြတ်ရတာ အတိုးအလျော့

နဲ့ အာရုံစားတယ်။

အဲ့တော့ သေချာတဲ့ Structure ကိုယ်ထည်နဲ့ အုတ်စီ

ချောဘဲ အကြမ်းထည် ဈေးဖြတ်တယ်။ Septic

Tank၊ Ground Tank၊ Overhead Tank၊ Apron and

drain၊ ခြံစည်းရိုးတို့ဆိုတာ Extra Work ပါ။

အကြမ်းထည် P.A.E rate (ခေါ် ) Plinth Area

Estimate ရဲ့ တစ်ပေပတ်လည်ဈေးနှုန်းမှာ

လုံးဝပါဝင်ပါဘူးခင်ဗျာ။

🙄အိမ်သာခွက်တောင် ထည့်တပ်မပေးဘူးလား ??

🧑🏻‍💻ဗမာထိုင် ၊ဘိုထိုင် ၊ကော်ခွက် ကြိုက်ရာလာ

Extra Work။ လုပ်ငန်းပိုင်းကိုအကန့်တွေ

တကန့်စီ သွားလို့ရတော့ ဖြတ်ချင်သလိုဖြတ်

အပ်ချင်သလိုအပ်လို့ရပါတယ်။

အိမ်ရှင်အနေနဲ့ ကိုယ်တပ်ဆင် ထည့်သွင်းချင်တဲ့

ပစ္စည်းတန်ဖိုး၊အရည်အသွေးကအစ စဉ်းစား

ရွေးချယ်ချိန်ပိုရတော့ အဆင်ပြေစေပါတယ်။

🧑🏻‍💻အရှုပ်ထဲမှာ ရှင်းအောင်လုပ်နေရတာမျိူးပေါ့။ မ

လုပ်ခင်ထဲက ရှုပ်တာက ရှင်းလို့ရတယ်၊လုပ်ပြီးမှ

ရှင်းရင် ရှင်းမကောင်းတော့ဘူး။ငြင်းခုန်စရာမလိုတဲ့

သဘောပေါ့။ ကိုယ်လဲ ခံရပါများတော့ သိသွားပါ

ပြီ။😅

🧑🏻‍💻အချောထည်ဆိုတာက ရေလုပ်ငန်း၊မီးလုပ်ငန်း၊

ဆေးလုပ်ငန်း၊ကြွေပြားလုပ်ငန်း၊ပါ​ကေးလုပ်ငန်း၊

မျက်နှာကျက်လုပ်ငန်း ပြတင်းပေါက်တွေထိ

အပြီးအစီးပြုလုပ်ပေးတာကို ပြောတာပါ။အဲဒီ

အပိုင်းမှာလဲ အသုံးပြုပစ္စည်းရဲ့ တန်ဖိုး၊အမျိုး

အစား၊ဒီဇိုင်းအလိုက် တပ်ဆင်ခဆိုတာဈေးအမျိုး

မျိုးထပ်ရှိသေးပါတယ်။

🧑🏻‍💻အကြမ်းထည်မှာ ရှင်းလင်းသွားအောင်ဖြတ်ပြီး

မှ အချောထည်ကို ကိုယ်လိုချင်တဲ့ ဒီဇိုင်းနဲ့ အသုံးပြု

ချင်တဲ့ ငွေကြေး၊ ပစ္စည်းအရည်အသွေး၊တန်ဖိုး၊

အမျိုးအစား အားလုံးတစ်ခုချင်းစီလိုက်ပြီး

တိတိကျကျ ပါဝင်အောင် တိုင်းတာတွက်ချက်

ဒီဇိုင်းလုပ်ပြီးမှ ဆက်လက်လုပ်ဆောင်လို့ ရပါ

တယ်။

အားလုံး အဆင်ပြေ ပျော်ရွှင်ကြပါစေ🙏🏘🏠🍀

မူရင်းရေးသားသူအား Crd ပေးပါသည်။

HTET Mingalar Civil Engineering Services

Address

Yangon

Telephone

+959754570619

Website

Alerts

Be the first to know and let us send you an email when Htet Mingalar Construction Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Htet Mingalar Construction Services:

Share